
ခင်ဗျားကို ကျနော်ပြောမယ်….. ခင်ဗျားဟာ Facebook ပေါ်က ငပိန်း
ကျနော်လည်း ဒီလိုတော့မပြောချင်ပါဘူး။
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ခင်ဗျားက သိပ်ပိန်းလွန်းနေတယ်။
ခင်ဗျားကို ကျနော် G-mail ခေတ်ကတည်း မပြောချင်လို့ကြည့်နေတာ။ မီးလောင်ဒဏ်ရာနဲ့ကလေးပုံလေးတွေ ရုပ်ပျက်ဆင်းပျက်ဒဏ်ရာရနေတဲ့ပုံတွေ ကျနော့်ဆီ Forward လုပ်လုပ်နေတာ။ အဲ့လိုလုပ်ရင် Google က မေးတစ်စောင် 1$ လှုတယ်ဆိုပြီး ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သူတော်ကောင်းကြီးထင်နေတယ်။ ကျနော်တို့လို traumatophobia (ဒဏ်ရာအနာတရကြောက်ရွံ့တဲ့ရောဂါ) သမားတွေက ဒုက္ခတွေရောက်လို့ ။ နောက်ပြီး အဲ့လိုတွေ Forward လုပ်လို့ google ကပိုက်ဆံတစ်ပြားမှမပေးဘူးဆိုတာလည်း ခင်ဗျားက သိမယ့်ပုံမပေါ်ဘူး။ ဘယ်သိမလဲ ခင်ဗျားက ငပိန်းကိုး။
G-mail, G-talk ကနေ ဒီဘက်ခေတ် Facebook ရောက်လို့ ခင်ဗျားပိန်းတာလျော့သွားမလားမှတ်တယ် ပိုသာဆိုးလာတော့တာပဲ။ ခင်ဗျားက ပိန်းရုံတင်မကဘူး မေ့တတ်ပုံလည်းရတယ်။ G-mail ခေတ်က forward လုပ်ရင် 1$ လှုပေးမယ်ဆိုတဲ့ ရုပ်ပျက်ဆင်းပျက်ပုံတွေ FB ပေါ်ရောက်လာပြီး 1 Like 1$, 1 Comment 2$, 1 Share 5$ ဆိုပြီး ငပိန်းဖမ်းတဲ့ပို့စ်တွေတက်လာပြန်တော့ ခင်ဗျားက အားရဝမ်းသာတွေ Like လိုက် Share လိုက် လုပ်နေပြန်ရော။ ကျနော့်ခမျာတော့ မောင်ပိန်း Like this မောင်ပိန်း comment on this မောင်ပိန်း share this ဆိုတဲ့ ရုပ်ပျက်ဆင်းပျက်ပုံတွေကြားမှာ အလူးအလဲပဲ။ FB ကလည်း အဲ့လို Like comment share တွေအတွက် တစ်ပြားမှမလှုဘူးဆိုတာ ခင်ဗျားသိမယ့်ပုံမပေါ်ဘူး။ ဘယ်သိမလဲ ခင်ဗျားက ငပိန်းကိုး။ အဲ့လိုမပေးဘဲ ဘာလို့အဲ့ Post တွေ တင်နေကြလဲလို့ ခင်ဗျားအထွန့်တက်မေးသေးတာ။ ခင်ဗျားကြားဖူးမလားတော့မသိဘူး The dark knight ထဲကစကား တစ်ခွန်း Some men just want to watch the world burn တဲ့။ ခင်ဗျားနားလည်အောင်ပြောရရင်တော့ တစ်ချို့လူတွေက သူများဒုက္ခရောက်တာကို ကြည့်ပြီးပျော်ချင်တာမျိုးကိုပြောတာ။ ခင်ဗျားတို့လို ငပိန်းတွေကို အသုံးချပြီး ရုပ်ပျက်ဆင်းပျက်ပုံတွေ Share ခိုင်းပြီး ကျနော်တို့လို traumatophobia ရောဂါရှိတဲ့လူတွေကို ဒုက္ခပေးချင်တာမျိုး။ခင်ဗျားကိုရှင်းပြရတာ အတော်လည်း လက်ပေါက်ကပ်တဲ့ကိစ္စပဲ။ ရှင်းသာပြနေရတာ နားရောလည်ရဲ့လားမသိဘူး။
FB သုံးပါးဝလာရင် ခင်ဗျားပိန်းတာ လျော့သွားလောက်မယ် ကျနော်ကထင်ခဲ့သေးတာ။ခွေးထက်မိုက်ခဲ့တာပေါ့ဗျာ။
ခင်ဗျားပိန်းတာတွေက ဒီလောက်နဲ့မရပ်သေးဘူး။ Nasa ကသတင်းထုတ်ပြန်လို့ (ခင်ဗျားတစ်ခါမှမကြားဖူးတဲ့နာမည်နဲ့ရောင်ခြည်တွေ ထုတ်လွှတ်မှာမို့) ဒီညဖုန်းတွေမသုံးကြနဲ့ဆိုလည်း ခင်ဗျားယုံလိုက်တာပဲ။ FB က အကောင့်တွေဖျက်သိမ်းမှာမို့ Active ဖြစ်ကြောင်းပြဖို့ ဒီစာကို ၂၅ယောက်ပို့ဆိုလည်း ပို့လိုက်တာပဲ။FB ဘယ်နှစ်နှစ်ပြည့်မို့ ဒီစာကိုဘယ်နှစ်ယောက် Forward လုပ်ရင် ဖုန်းဘေလ်ပေးမယ်ဆိုတာတောင် ခင်ဗျားယုံသေးတာပဲ။ ကဲ ခင်ဗျား ဘယ်လောက်ပိန်းလဲဆိုတာ။
ကျန်သေးတယ် ခင်ဗျားပိန်းချက်တွေပြောရရင် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်မယ်။ ခေါင်းဆယ်လုံးနဲ့မြွေပုံတို့ သတ္တဝါတွေမိတ်လိုက်နေတဲ့ပုံတို့ ဘာမှန်းညာမှန်းမသိတဲ့ပုံတွေ Share ရင် ပိုက်ဆံဝင်မယ်ဆိုတဲ့ပုံတွေလည်း Share လိုက်တာပဲ။ ဝါးတားတားလုပ်ထားတဲ့ Sexy ပုံတွေအောက်မှာ 7 လို့မန့်ရင် ကြည်သွားမယ်ဆိုရင်လည်း မန့်လိုက်တာပဲ။ #Love လို့မန့်လိုက်ရင် ကာထားတာဖယ်သွားမယ်ဆိုလည်း မန့်လိုက်တာပဲ။အဲ့လိုမန့်လို့ ခင်ဗျား ဘယ်နှစ်ခါများမြင်ချင်တာ မြင်ရဖူးလို့လဲ။ မသေမချင်းမှတ်ထား FB တင်ပြီးသမျှ ဓာတ်ပုံအောက်မှာ ဘာမန့်မန့် ဓာတ်ပုံကိုမပြောင်းလဲစေဘူး။ ဝါးတာလည်း ကြည်မလာဘူး။ ကာထားတာလည်း ဖယ်မသွားဘူး။ အဲ့လိုတွေလျှောက်မန့်နေလို့ ခင်ဗျားနှာဘူး ငပိန်းဆိုတာပဲလူသိသွားတာအဖတ်တင်တယ်။နောက်လျှောက်မမန့်နဲ့ စေတနာနဲ့ပြောတာ။နောက်ပြီး တစ်လတစ်ခါ ထီပေါက်တယ် ဖုန်းဘေလ်ပေးမယ်ဆိုတဲ့ ပို့စ်တွေအောက်မှာလည်း ခင်ဗျားဖုန်းနံပါတ်ဝင်ရေးနေပြန်ရော။အဲ့လိုတွေ မလုပ်ခင် သူတို့ပြောတာတွေက အမှန်ဟုတ်ပါ့မလား? ဒီမက်ဆေ့ချ်ကို ငါ Forward လုပ်သင့်သလား? ဒီကွန်းမန့်ကို ငါရေးသင့်သလား? Like သင့်သလား Share သင့်သလား ခင်ဗျားတစ်ခါမှမစဉ်းစားမိဘူးလား? ဘယ်စဉ်စားမလဲ ခင်ဗျားကပိန်းတာကိုး။ ပိန်းလို့ မစဉ်းစားတာလား မစဉ်းစားလို့ ပိန်းတာလား မသေချာဘူး။
ခုလည်းကြည့်။ Jayden K Smith ကိစ္စတို့ ၁၁ရက်နေ့ ဂျီလတ်တို့ ဂျီဖတ်တို့ ကိစ္စတို့ ခင်ဗျား Forward လုပ်နေတုန်းပဲ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် FB သုံးနေရတာကို သူများအသုံးချခံ ငပိန်းကြီး မဖြစ်ချင်စမ်းပါနဲ့ဗျာ။ နောက်ဆိုဆင်ခြင်ပေါ့ ဟုတ်ပြီလား။
ကဲ ပြောရင်းဆိုရင်းနဲ့ ခင်ဗျားထပ်ပိန်းဦးမယ်။ ကျနော့်ကိုဆဲမလို့မှတ်လား? အဲ့လိုဆဲရင် ခင်ဗျားငပိန်းမှန်း လူသိသွားမှာပေါ့။ ခင်ဗျား Forward ပို့ထားတာတွေ မန့်ထားတာတွေ ကဘယ်သူမှ သတိထားမိလိုက်မှာမဟုတ်ဘူး။ ဒီအောက်မှာလာဆဲမှ ခင်ဗျားငပိန်းမှန်းလူသိကုန်မှာ။ ဘယ်လိုလုပ်ရမလဲ ဟုတ်လား။ ကျနော်ပြောပြမယ်။
“ဟုတ်ပဗျာ ကျနော့်အကောင့်ထဲမှာလည်း အဲ့လိုငပိန်းတွေအများကြီးပဲအစ်ကိုရေ” ဘာညာနဲ့ မန့်သွား မကျေနပ်သေးရင် ငပိန်းတွေဖတ်ဖို့ ဘာညာဆိုပြီး ခပ်တည်တည်နဲ့ သူလိုကိုယ်လို Share လို့ရသေးတယ်။ ခက်တယ် ခင်ဗျားကိုပြောရတာ အတော်လက်ပေါက်ကပ်တယ်။ နောက် သိပ်မပိန်းနဲ့ဗျာ ပြောချင်တာ ဒါပဲ။
လင်းနစ်
9.9.2017
Pm 2:45
သရော်စာဖြစ်ပါသည်။ တစ်ချို့သောပိန်းကွက်များ စာရေးသူကိုယ်တိုင် ပြုလုပ်ဖူးကြောင်းဝန်ခံအပ်ပါသည်။ ဤကားစကားချပ် ။ ။
One response to “ခင်ဗျားဟာ Facebook ပေါ်က ငပိန်း(ငပြိန်း) – လင်းနစ်”
🧠
LikeLike