နေပူကျဲမှာ ရေခဲပန်းပု ထုသလို ( ဦးမင်းကိုနိုင် )

မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှု နေပူထဲတွင် ရေခဲပန်းပု ထုသလိုဖြစ်နေပြီး အရေးယူမည့် ယန္တရား မရှိ၍ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟု ဦးမင်းကိုနိုင်ပြော

“လွယ်သလား ခက်သလားရာမ အာဏာလုသိမ်းပြီး ခုတော့ထင်သလိုလွယ်ရဲ့လား” ဟု မင်းအောင်လှိုင်နှင့်စစ်တပ်ကို မေးခွန်းထုတ်

ရန်ကုန်၊ မေ ၁၀

မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှုသည် နေပူထဲတွင် ရေခဲ ပန်းပု ထု သကဲ့သို့ အရာမထင် ဖြစ်နေပြီး အရေးယူမည့် ယန္တရားမရှိ၍ မည်သည့် ထိရောက်မှုမှ မရှိနိုင်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။

မေလ ၉ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပလျက်ရှိပြီး ယင်းအစည်းအဝေးများတွင် မြန်မာ့အရေး ဖြေရှင်းရန် အချက်က အဓိက ဆွေးနွေးရသည့် အကြောင်းအရာဖြစ်လာလျက်ရှိကြောင်း သိရှိရသည်။

ဦးမင်းကိုနိုင်က မြန်မာ့အရေးအတွက် အဖြေရှာရန် အာဆီယံ၏ ကြိုးပမ်းမှုသည် ထိရောက်မှု မရှိသည်ကို မြင်တွေ့ရကြောင်း၊ အာဆီယံသည် အလိမ်ခံနေရကြောင်း၊ အာဆီယံအနေဖြင့် မိမိ၏လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း အောက်ပါအတိုင်း ပြောဆိုသွားသည်။

“လွယ်သလားခက်သလားရာမ … အဲလိုပဲမေးလိုက်ပေါ့
အာဏာလုသိမ်းပြီး ခုတော့ထင်သလိုလွယ်ရဲ့လား။
ပြည်သူကဒီနေ့အထိဘက်ပေါင်းစုံကဆန့်ကျင်တာ အာဆီယံလည်းသိနေတာပဲ။
အဖွဲ့ဝင်ဖြစ်ပြီးအစည်းအဝေးတက်ခွင့်မပေးတော့ဘူး
တော်လှန်ရေးကဘက်ပေါင်းစုံအားကောင်းလာ၊
စကစ ဘက်ပေါင်းစုံထိခိုက်လာ၊
သံတမန်ရေး ပါ အလဲအကွဲရှုံးတာ။

အာဆီယံအစည်းအဝေးတက်ခွင့်ပြုခဲ့တုန်းက
လွယ်လွယ်ကတိပေး လွယ်လွယ်ကတိဖျက်ခဲ့တာ ၊
ကမ္ဘာကျော်လိမ်ခဲ့တာအာဆီယံလည်း အိမ်စာကြေ လောက်ပါပြီ
ခက်တာက အာဆီယံမှာအရေးယူဖို့ယန္တရားမရှိဘူး။
အရေးမယူရင်တော့ဘာထုတ်ပြန်ကြေငြာသည်ဖြစ်စေ
ထိရောက်မှာမဟုတ်ဘူး၊

ထိပ်သီးအစည်းအဝေးမတိုင်ခင် စကစ အားကိုးတကြီးခေါ်သူတွေကလည်း
အာဆီယံမဟုတ်ဘူး ဆိုတာ အာဆီယံတွေးမိကောင်းပါရဲ့။
ASEAN ကိုယ်တိုင်လည်း ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ပြန်လည်သုံးသပ်ဖို့လိုပါပြီ,။

1.5 trackတို့ တရုတ် ခရီးစဉ်တို့ပေါ်ပေါက်လာတာဟာ
တနည်းအားဖြင့် အာဆီယံ 5 points အလုပ်မဖြစ်ဘူးဆိုတာ ညွှန်ပြနေတာပဲ၊။
စကစ ငြိုငြင်မှာ ကို စိုးရိမ်လို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို
အဓိက stakeholders တွေအဖြစ် အတိအလင်း မဆက်ဆံရဲသရွေ့ကတော့
သူတို့ရဲ့ ကြိုးပမ်းချက်တွေဟာ နေပူကျဲမှာ ရေခဲပန်းပု ထုသလိုနေမှာပဲ။”


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။