
တော်လှန်ရေးမှာ ‘ခလုတ်တိုက်တယ်’ဆိုတာ အလုပ်တခုလား၊ ကဲ— ပြော…။
‘ခလုတ်တိုက်တယ်’ ဆိုတာ ဘယ်သူမှမဖြစ်ချင်တဲ့ကိစ္စလို့ မှတ်သားခဲ့ဖူးတာ၊ အမှားကြီးမှားခဲ့ပေါ့။
🪨
ဟုတ်တယ်— တချို့က မတော်တဆမဟုတ်ဘူး..။
တွေ့ရာမြင်ရာကို ‘အဲ့ဒါခလုတ်ပဲ’ ဆိုပြီး တမင်ကြီးဝင်တိုက်နေတာ။ အတိုက်ခံရသူက ဘလိုင်းကြီးခံရတာ။
ပြီးတော့ သူကပဲ နာတယ်လို့အော်ကြသေး၊ ပြီးရင် လဲကျပြ၊ ဘေးက ဝိုင်းထူပေးကြသနားကြ၊ အားပေးကြ..။
အံမယ်—သူကပဲအားတင်းပြီး ပြန်ထ၊ ခလုတ်ကို ထပ်ပြေးတိုက်၊ ခမျာ နေ့စဉ်နဲ့အမျှ ခလုတ်တိုက်နေရတာ အလုပ်တစ်ခု။
🪨
‘ခလုတ်တိုက်ကြသူများ’ပေါ်လာတဲ့အခါ ‘ခလုတ်ဖန်တီးပေးသူများ’ လည်းပေါ်လာတယ်။
Facebook အကောင့်အတုတွေနဲ့ရော အပြင်မှာလက်တွေ့ရော။
‘ အမရေ ဟိုဘက်မှာခလုတ်ထင်တယ်ဗျ’
‘ ဦးလေးရေ ဟိုနားက လူက ခလုတ်နဲ့တူလိုက်တာ၊ တိုက်ချင်စရာကြီးရှင့်’
‘မောင်လေးရေ ဟိုကောင်မ ခလုတ်နော်၊ မောင်လေးကို တမင်တိုက်အောင် ဂျိုထောင်နေတာ’
‘ ညီမရေ— အကို့အထင်တော့ အဲ့ဟာ ခလုတ်ဖြစ်လာတော့မယ် အခုကတည်းက ရှင်းထားမှကွ ‘
🪨
‘ခလုတ်တိုက်ကြသူများ’ က သူ့ ပရိတ်သတ်ကို ပြောနေကျစကားတွေရှိတယ် —
‘အမုန်းခံပြီး မင်းတို့ကို ကာကွယ်ပေးတာပါကွာ’
‘ အမှန်တရားကိုဖေါ်ထုတ်တာ’
‘ မင်းတို့မမြင်တာတွေ ငါမြင်လို့ အနာခံလုပ်နေတာ’
‘ ဒီမိုကရေစီဆို— ဒါတောင်ပြောခွင့်မရဘူးလား’
‘ ကောင်းစေချင်လို့ပါ’
🪨
ကောင်းစေချင်တဲ့ စေတနာနဲ့ဆို တကယ့်ခလုတ်တွေရှာပြီး နောက်လူတွေ ဒုက္ခမရောက်အောင် ပြည်သူ့အားနဲ့ ဝိုင်းမ၊ လမ်းဘေးရောက်အောင်ရွှေ့ပြီးရှင်းပေးရမှာ၊။
ပြီးတော့ အဲ့ခလုတ်ကို လမ်းဘေးမှာ ထာဝရ ထားခဲ့ရမှာ..။
🪨
အခုဟာက ‘ခလုတ်’ လို့စွပ်စွဲပြီး သူတို့ကပဲ ဘေးကပြေးပြီး ဝင်တိုက်လိုက်၊ အနောက်ကပြေးပြီး ဝင်တိုက်လိုက်၊ အရှေ့ကပြေးပြီး ဝင်တိုက်လိုက်..။
ဟိုက ‘ခလုတ်’ မဟုတ်တော့ ရှောင်တယ်၊ အနာခံတယ်၊ သွေးထွက်ရင် ဆေးထည့်ပြီး လုပ်စရာရှိတာ ပုံမှန်ဆက်လုပ်နေတယ်..။
🪨
အဲ့တော့ ‘ခလုတ်တိုက်သူ’ တွေက ဒေါသထွက်လာပြီး စုဝေးသွားကြပြီး ‘ခလုပ်တိုက်ကြသူများ’ဖြစ်သွားတာ။အဲ့တာကို ‘third party’ လို့ခေါ်တယ်။
စေတနာနဲ့ဆို— အဲ့လိုခလုတ်တိုက်နေမယ့်အစား NUG ထက်ပိုကောင်းတဲ့ အစုအဖွဲ့ကြီးဖန်တီးပြီး စစ်အုပ်စုကို အပြတ်ဖြိုပစ်၊ ၊ NUG ကိုလမ်းဘေးမှာထားခဲ့ပါလို့ အကြံပေးပါရစေ။
ဒီအတိုင်းဆက်လုပ်နေရင် ခလုတ်တိုက်သူတွေရော ခလုတ်အဖြစ် အသတ်မှတ်ခံရတဲ့ NUG ရော ဘာအကျိုးမှမရှိဘူး။
နာကျင်၊သွေးထွက်၊ပျက်စီး၊ရှေ့ဆက်မရ၊နှေးကွေးသွားမှာပဲ။ နောက်ဆုံး အဲ့နေရာမှာပဲ ဇာတ်သိမ်းသွားလိမ့်မယ်။
တကယ့် ခလုတ် စစ်အုပ်စုကြီးကိုထီးထီးတွေ့နေပါရက်နဲ့မတိုက်ရင် အဲ့ခလုတ်ကြီးက နှစ်ပေါင်းများစွာ လမ်းခလယ်မှာ ပိတ်ပြီး ဆက်ရှိနေဦးမှာပဲ…။
🪨
❝အာ— ဘယ်ကလာ၊ ကျုပ်တို့က NUG ကိုခလုတ်လို့မထင်ပါဘူး ပုပ်နေတဲ့ အပိုင်းတွေရှိလို့ ခလုတ်တိုက်ပြီး ခွါပေးနေရတာပါ ❞
အဲ့တာဆိုလည်း တစ်ခုလုံးကို နာမည်တပ်ပြီး မတိုက်ပါနဲ့။
ငါတို့က သက်တန်းရင့်နေတဲ့ စစ်အာရှင် မိစ္ဆာတွေကိုတောင်မှ ဖယ်ထုတ်ပစ်နေတာ၊ ပြည်သူက ဘောတူရင်၊ ပြည်သူ့အားနဲ့လုပ်ရင် ဘာမဆို အောင်မြင်တယ်။ မအောင်မြင်ဘူးဆို တစ်ခုခုမှားနေလို့..။
ငါတို့ တစ်ခုခုမှားနေလို့ အနှစ် ၇၀ ကျွန်ဖြစ်ခဲ့ကြပြီ၊ သွေးချောင်းစီးနေဆဲ၊ ကလေးငယ်တွေ ငိုနေရဆဲမဟုတ်လား။
NUG ထဲက လုံးဝ ပုပ်နေတာရှိရင် ဖော်ထုတ်၊ နည်းနည်းပုပ်တာလောက်ကတော့ တော်လှန်ရေးပြီးမှ ကန်ထုတ်လိုက်ကြပါ။ မရှိသုံးတော့ အသုံးလိုသေးတယ်မဟုတ်လား။
တော်လှန်ရေးပြီးရင်လည်း အဲ့ NUG ဆိုတာကြီးလည်း ရှိမှာမဟုတ်တော့ပါဘူး။
NUG ထဲမှာအခုကတည်းက ဖျာဦးနေတဲ့သူတွေလည်းရှိမှာပဲလေ။ အဖွဲ့အစည်းတစ်ခုမှာ အားလုံးက မကောင်းနိုင်ဘူး။
တော်လှန်ရေးပြီးလို့ NUG ထဲကလူတွေ အာဏာရူး ဖျာဝင်ခင်းလို့ ခင်ဗျားတို့မကြိုက်ရင် အဲ့အချိန်ကျ သူတို့မထိုင်ခင် အဲ့ဖျာကို ဆွဲထုတ်လိုက်ရုံပဲမဟုတ်လား၊ အခု ဘာဖြစ်နေကြတာလဲ။
🪨
စကစနဲ့ ဒလန်တွေကတော့ အော်ရီဂျင်နယ် ‘ခလုပ်တိုက်ကြသူများ’ပါ။ သူတို့က သူတို့အလုပ်သူတို့လုပ်နေကြတာဖြစ်တယ်။
ပြည်သူတွေကိုသတ်၊ရွာမီးရှို့၊ သူတို့က PDF သတ်ပါတယ်၊ မီးရှို့ပါတယ်လို့ သတင်းအတုနဲ့ ပန်းနုသွေး၊ တရုတ်နဲ့ ရုရှားက ဝိုင်းအားပေး။
ပြည်သူတွေက ခလုတ်မှ မဟုတ်တာကို၊ အတင်းကြီး ခလုတ်ပါ၊ အကြမ်းဖက်သူပါ၊ ရှင်းနေရပါတယ် လုပ်နေတာ။
ဒလန်ကကျတော့ တစ်ယောက်ချင်းလိုက်တိုက်တာ— တော်လှန်ရေးသမားတွေကို အော်ဟစ်၊ ဆဲဆို၊ မတရားပြော၊ သတင်းအမှား ဝါဒဖြန့်နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်..။
🪨
ဟုတ်တယ် — တော်လှန်ရေးမှာ တချို့က ခလုတ်တိုက်တာကို အလုပ်တခုလိုလုပ်နေတယ်။
ရိုးသလား၊ဆန်းသလား ရာမ 😕
🪨🪨🪨
မရွှေမိုး-ကိုရီးယား
May 13th, 2023
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။