ကလစ်အကြောင်းသိကောင်းစရာ – ကိုဇင်ဇေ

ကလစ်အကြောင်းသိကောင်းစရာ

( သူများတွေကို စည်းရုံး ၊ ပြန်သင်ပေးချင်သူတွေ အတွက်
အကိုးအကားလေး တစ်ခု ရစေချင်လို့ တင်ပေးတာပါ ။ )

📌 ( ၁ )
ပထမဆုံး အဆင့်က ကလစ် ဖြစ်ဖို့ဗျ …

အလွယ်ဆုံး တစ်နည်းနည်းသာ အရင် သင်ပေးလိုက် ။

Website ကြည့်တာ ၊ ယူကျု ကြည့်တာဆို တအားလွယ်တာပဲဟာ ။

Apps တွေ Games တွေမှာလည်း ကလစ်ရ လွယ်တာတွေ ရှိပါ့ ။

အဲ့ဒါတွေကို အများကြီး ပြုံ မိတ်ဆက်မပေးသေးပဲ
တစ်ခု လောက်ပဲ သေချာ မိတ်ဆက်ပေး – သင်ပေးလိုက်ပါ ။

အဲ့နည်းကနေ ဝင်ငွေတွေ ဘယ်လိုရပြီး
ဘယ်လောက်တောင် လှုပြီးသွားပြီဆိုတာ
သက်ဆိုင်ရာ Page က တရားဝင် ထုတ်ပြန်ပေးထားတဲ့
Posts တွေနဲ့ပါ ပြပေးလိုက် ၊ အားရှိသွားအောင် ။
( သက်ဆိုင်ရာ Page , Tele Channel ကိုပါ
သေချာ ညွှန်ပေးထားဖို့ အရေးကြီးပါတယ် ၊
ဒါမှ အဲ့မှာ တခြား ကလစ်ကာတွေကို တွေ့ပြီး သူလည်း အားရှိတာပေါ့ ၊
ပြီးတော့ Page / Tele Channel က တရားဝင် ထုတ်ပြန်တာတွေကို ဖတ်ကျင့်လည်း ရတာပေါ့ဗျာ ။ )

တကယ်လို့ အချိန်ရရင်
ဘာကြောင့် ဝင်ငွေ ရတယ် ဆိုတာပါ ရှင်းပြပေး ၊
ဒါမှ ရေရှည် နည်းမှန် လမ်းမှန် ကလစ်တတ်ဖို့ အခြေခံ ခိုင်မှာ ။

လိုအပ်ရင်
( စစ်ဆေးတာမျိုးခံရတဲ့ အခါ အဆင်ပြေအောင် )
ဖျက်နည်းတွေပါ သင်ပေးထားပါဦး …
Safety / Security First ပေါ့ဗျာ ။
( ကွန်ပြူတာ သင်ရင်
ပထမဆုံးနေ့မှာ ကတည်းက
ပိတ်နည်းပါ တန်း ထည့်သင်ပေးရသလိုပေါ့ )

📌 ( ၂ )
အဲ့ဒါ အဆင်ပြေသွားပြီဆိုမှ
VPN ဆိုတာ အကြောင်း ရှင်းပြ ၊
( Free VPN ကတော့
ပြည်တွင်းမှာဆို
FB သုံးနေရင်ကို သုံးဖြစ်နေမှာပဲ )

Free VPN သေချာ သုံးတတ်ပြီ ဆိုမှ
Premium VPN ဘာလို့ ပြောင်း သုံးသင့်ကြောင်း …
ဘယ်နိုင်ငံတွေ ဘာလို့ ရွေးသင့်ကြောင်း …

Premium VPN ကို
ဘယ်လို ဝယ်ရ – တောင်းရကြောင်း ထပ်သင်ပေး ။

Premium VPN မရလို့
လုံးဝ မကလစ်ပဲနေတာ မျိုးတော့ မဖြစ်ပါစေနဲ့ ၊
ရသေလာက် ကလစ် ပါလေ့စေဦး ၊
အဓိကက အကျင့်လေး ရသွားဖို့ လိုပါတယ် ။

( ဘာသာ စကား သင်ကာစမှာ မှားတိုင်း လိုက်ပြင်ပေးနေရင်
နှုတ်မရဲတော့ သလို
< တစ်ချို့ မသင်တော့ဘူး … ဆိုပြီး ထွက်ကို ပြေးရော > ဖြစ်သွားတတ်တဲ့ သဘောပဲ ။
ဒီတော့ တစ်ခါတလေ
အသံထွက် မှားနေ – သဒ္ဒါ မှားနေလည်း
ခဏတော့ လွှတ်ပေးထားလိုက်ရတယ် ။
လုပ်ချင်စိတ်လေး အညွန့် မကျိုးသွားအောင်ပေါ့ ။
ဒါပေမယ့် အကြာကြီးလည်း မလွှတ်ထားရဘူး ၊
အမှားတွေ စွဲကုန်ရင် ပြင်ရခက်တာကိုး ။
အဓိကက မျှခြေ ကစားဖို့ ပါပဲ ။ )

လောလောဆယ်
ကြော်ငြာ တက်နေသရွေ့ အဆင်ပြေတယ် ၊

ဒါပေမယ့် “ ပို ကောင်းချင်ရင်
မင်း ပို အားစိုက် ကြိုးစားချင်ရင်
ငါ ထပ်သင်ပေး/ပြောပြ စရာတွေ ရှိသေးတယ် .. “ ဆိုတာမျိုးလေး စကား ချန်ထားလိုက်ပေါ့ ။

( Premium VPN မဝယ်နိုင်လို့
တောင်းသုံးမယ် ဆိုလည်း စောင့်ရတတ်တာကိုး )

📌 ( ၃ )
ကလစ်နေရင်း
သူ သိချင် / မေးချင် တာလေးတွေ
ကိုယ် သိစေချင်တာလေးတွေကို
ထပ်ဖြေပေး – ပြောပြ – ညွှန်ပေးပေါ့ ။

ယူကျု ဆို
ကြော်ငြာတွေကို ကျော်သင့်ကြောင်း ၊

“ဝုန်းပေးပါ” လို့ သက်ဆိုင်ရာ Page က ပြောမှသာ
ကြော်ငြာတွေကို နှိပ်ပေးနေသင့်ကြောင်း ၊
( ကိုယ့် သဘောနဲ့ဆို
ကြော်ငြာ အကြိမ် ၂၀ လောက်တက်မှ
တစ်ခါလောက် နှိပ်ပေးတာမျိုးက ယုတ္တိ ရှိပါတယ် ။ )

VPN ချိတ်မိထားလား –
Location ရော ကိုယ်လိုချင်တဲ့ အတိုင်း ဖြစ်နေရဲ့လား
ဘယ်လို စစ်ရမလဲ … ဆိုတာလေးတွေ
ထပ်ပြောပြ ပေါ့ ။

Points တွေက အားရှိအောင် ထည့်ပေးထားတာပဲ ဖြစ်ပြီး
ရတဲ့ ငွေနဲ့ တိုက်ရိုက် အချိုးမကျကြောင်း ၊
Points များများ ရဖို့ ဖိမမဲပဲ
စနစ်တကျ ဘယ်လို လေး လုပ်သင့်ကြောင်း ၊

App တစ်ခုထဲ ကို
Points ၂၀၀ လောက် ရအောင် ကလစ်တာထက်
အဓိက App ကို ၅၀
ဒု ဦးစားပေး App ၂ ခုကို ၂၅ စီ
ကျန်တဲ့ App ၁၀ ခုကို ၁၀ စီ
( အားလုံးပေါင်းက ၂၀၀ ချင်း တူတူ ပဲ )
ကလစ်ပေးသင့်ကြောင်း …
ဒါမှ Apps တွေ ရေရှည် ခံမှာ ဖြစ်ကြောင်း …
စတာတွေလည်း ရှင်းပြပေါ့ဗျာ ။
( App ဆိုတာ အလွယ်ပြောလိုက်တာ …
App , Website or ယူကျု ပေါ့ဗျာ )

Certificate လိုချင်တာကို နားလည်ပေမယ့်
Certificate ကိုပဲ မက်မနေသင့်ကြောင်း …
မြေပြင်က အသက်ပေး တိုက်ပေးနေတဲ့ ရဲဘော်တွေဆို
ဘာ အသိအမှတ်ပြု လက်မှတ်မှ
ရနေတာ မဟုတ်ပဲတောင်
သက်စွန့် စံဖျား တိုက်ပေးနေကြတာမို့
ကိုယ်တွေလို ထောက်ပို့ ကလစ်ကာတွေကလည်း
Certificate ထက်
တကယ် အလုပ် ဖြစ်နေဖို့ကို ပို ဦးစားပေးသင့်ကြောင်း …
သူ လက်ခံနိုင်မယ့် အတိုင်းအတာ အထိ
ရှင်းပြ ပေးထားလိုက်ပါဗျာ ။
( တစ်ချို့က Certificate နဲ့ တင် တိုင်ပတ် ၊
Points ပျောက်တာနဲ့ တင် တိုင်ပတ်နေကြ ၊
ကိုယ်တိုင်လည်း ဆက် မကလစ်သလို
သူများ အချိန်ကို လိုက်ဖြုန်းမိနေကြ တာတွေ ရှိလို့
ဒီ သဘောတရားကို ထည့်ရှင်းပြစေချင်တာပါ ။ )

📌 ( ၄ )
၁-၂-၃ ကို ကျော်ဖြတ်ပြီးလို့
သူလည်း ( ဘယ်သူ ကလစ် ကလစ် မကလစ် –
ငါကတော့ ကလစ်မည် … ဆိုတဲ့ )
အမာခံ ကလစ်ကာ တစ်ယောက် ဖြစ်လာပြီ ဆိုရင်တော့ …

“မင်းကို ငါ ပြောပြ-သင်ပေး ခဲ့သလိုမျိုး
မင်းလည်း မင်း ယုံရတဲ့ သူတွေကို
ပြောပြ-သင်ပေးပါ” ဆိုပြီး
လက်ဆင့်ကမ်း ခဲ့ တော့ပေါ့ဗျာ ။

မကြာခဏတော့
ကလစ်ဖြစ်နေလား …
အဆင်ပြေလား …
ထူးထူး ခြားခြား ဘာဖြစ် ၊ သိချင်တာ ဘာရှိသေးလဲ …
လှမ်း လှမ်း မေးပေးပေါ့ …

စိတ်တူ ကိုယ်တူ ကလစ်ကာ
၅ ယောက် – ဆယ်ယောက်စာ Group လေးတွေ ဖွဲ့ထားပြီး
ကိုယ် နေ့စဉ် ကလစ်ဖြစ်ကြောင်းလေး ပို့ပေးကြ ၊
တလရ အကြောင်း …
တခြား စပ်မိစပ်ရာလေးတွေ ပြောကြရင်
ပို လုပ်ဖြစ် – အားရှိကြမယ် ထင်ပါတယ် ။

ဒါပါပဲဗျာ …

အသုံးဝင်လို ဝင်ငြား အကြံပေးတာပါ ။
ကြိုက်တာ/ကိုက်တာ ယူ – လိုတာ ဖြည့်စွက် သုံးကြပါ ။

ကိုဇင်ဇေ


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။