“အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ

“အဖြူကို အမည်းဆိုးကြသူများ”

◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။

ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။

တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံတွေမှာတော့ ထောင်ဆိုတာကို ပြုပြင်ပေးတဲ့ဘက်၊ လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် လုပ်ပေးတဲ့ဘက်ကို ချဉ်းကပ်လာကြတယ်။ ဒါမှ ထပ်ကျူးလွန်ဖို့ အခွင့်အရေးနည်းမယ်ပေါ့။ ကျွန်တော်တို့လို နိုင်ငံမျိုးကျတော့ ထောင်ထဲ ရောက်လာရင် နှိပ်စက်ပေးရမယ်။ သမပေးရမယ်။ အဆင်မပြေအောင် ထားရမယ်။ ဒါမှ ကြောက်ပြီး ထပ်မကျူးလွန်ရဲမှာ ဆိုတာမျိုး ယူဆတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာ ပြောတာ မဟုတ်ဘူးနော်။ သာမန်အကျဉ်းသားတွေကိုကအစ ဒီလိုပဲ သဘောထားတယ်။ တိုင်းပြည်ကိုက မတိုးတက်တာလည်း ပါတယ်။ အပြင်က လူတွေတောင် ငတ်နေမှတော့ ထောင်ထဲက လူတွေကို နိုင်ငံတော်စရိတ်နဲ့ ဘယ်လိုကောင်းကောင်းကျွေးမလဲ။ ထားတော့။ ဇာတ်လမ်းအကြောင်း ပြန်ဆက်မယ်။

◾️ဒီကားထဲမှာလည်း အဲဒီအယူအဆ ၂ ခုကို ထောင့်ပေါင်းစုံထဲကနေ ပြသွားတယ်လို့ မြင်မိပါတယ်။ 

တောင်ကိုရီးယားရဲ့ ဥပဒေအရ ၁၄ နှစ်အောက်ဆို Juvenile Act နဲ့ စီရင်တယ်။ ကလေးသူငယ်မှုခင်းအဖြစ်ပေါ့။ ထောင်မကျဘူး။ ပြုပြင်ရေးစခန်းတွေဆီ ပို့တယ်။ တချို့ကလေးတွေက အဲဒါကို လက်တစ်လုံးခြား လုပ်တယ်။ ထောင်မှ မကျတာပဲ ဆိုတာမျိုးနဲ့ ခပ်ပေါ့ပေါ့ သဘောထားတယ်။ ပြစ်မှုတွေ ကျူးလွန်တယ်။ 

ဒီအခါ ပြည်သူတချို့က ဒီဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုလာကြတယ်။ ပြင်းထန်တဲ့ အပြစ်ပေးမှ မှတ်မယ်ပေါ့လေ။ 

လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ အဲဒီပြဿနာ ရှိတယ်။ ပြောရရင် သူတို့ထောင်က မြန်မာပြည်က အိမ်တချို့ထက်တောင် သာသေးတယ်။ လူ့အခွင့်အရေးက အပြည့်အဝရတယ်။ ဒါပေမဲ့ သူတို့ သတ်လိုက်တဲ့သူကတော့ ပြန်မရှင်တော့ဘူး။ သက်ငယ်မုဒိမ်းဆို ကျူးလွန်ခံရတဲ့ ကလေးက တစ်ဘဝစာ ဒဏ်ရာတွေနဲ့။ ကျူးလွန်သူကကျ ထောင်ထဲမှာ အေးဆေးနေပြီး နှစ်ပြည့်တော့ ပြန်ထွက်လာတယ်။ ဒါဟာ ဘယ်လိုမှ မတရားဘူးလို့ တချို့က မြင်ကြတယ်။

မင်းသမီးက အဲဒီလို ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးဖို့ဘက်ကို စိတ်အားပိုထက်သန်တယ်။ (ဘာကြောင့်လဲဆိုတာတော့ ဇာတ်ကားထဲကျမှ ကြည့်။) အနည်းဆုံးတော့ ဒီကလေးတွေဟာ သူတို့လုပ်လိုက်လို့ ထိခိုက်သွားရတဲ့သူတွေရဲ့ နာကျင်မှုကို ကိုယ်ချင်းစာတတ်သွားမှ ဖြစ်မယ်လို့ မှတ်ယူတယ်ပေါ့။ 

◾️တရားသူကြီးတွေကြားထဲမှာကို ဒီအမြင် ၂ ခုက ကွဲနေတယ်။ အဓိကဇာတ်ဆောင် မင်းသားကတော့ မေတ္တာနဲ့ စောင့်ရှောက်တဲ့ဘက်က။ 

သုတေသနစစ်တမ်းတွေအရ အဲဒီလို ပြစ်ဒဏ်ကို တိုးမြှင့်လိုက်လို့ မှုခင်းလျော့ကျသွားတာထက် သူတို့ကို လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် လုပ်ပေးတာက ပိုထိရောက်တယ်လို့ ဆိုတယ်။ 

သူကိုယ်တိုင်သည်လည်း တစ်ချိန်က အဖေကို ပြန်သတ်ခဲ့တဲ့ ကလေးပြစ်မှုကျူးလွန်သူ ဖြစ်ခဲ့ဖူးတယ်။ အဲဒါကို ကိုင်တွယ်တဲ့ တရားသူကြီးကြောင့်သာ လမ်းမှန်ပေါ် ရောက်လာရင်း ခု သူကိုယ်တိုင်ပါ တရားသူကြီးတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ဒါကြောင့် သူကျ မေတ္တာတရားကို ယုံတယ်။

သူတို့ဆီက စနစ်က ကလေးပြစ်မှုကျူးလွန်သူတွေ ပြုပြင်ရေးစခန်းက ထွက်လာပြီးရင် တရားသူကြီးဆီကို ပုံမှန်ဆက်သွယ်ရတယ်။ တရားသူကြီးတစ်ယောက်ကို ကလေး ၄ ယောက်၊ ၅ ယောက် စသဖြင့် Assign ချထားတာပေါ့။ သူတို့က ကလေးတွေကို ပုံမှန် Monitor လုပ်တယ်။ အလုပ်ရပြီလား၊ ကျောင်းတက်နေပြီလား၊ ဘာအခက်အခဲတွေ ရှိလဲ စသဖြင့်ပေါ့။

သူငယ်ငယ်တုန်းက အဲဒီလို သူ့အတွက် Assign ချခံရတဲ့ တရားသူကြီးက တကယ့်ကို မေတ္တာနဲ့ စောင့်ရှောက်ပေးခဲ့တာကို သူ မမေ့ဘူး။ ဒါကြောင့် သူ့အလှည့်ကျတော့လည်း အဲဒီအတိုင်းပဲ ပြန်လုပ်ပေးတယ်။

ဒီလိုကလေးတွေဆိုတာက ၁၀၀ မှာ ၉၉.၉ ယောက်ဟာ ဆိုးရွားတဲ့ ငယ်ဘဝ၊ အဆင်မပြေတဲ့ မိသားစု အခြေအနေတွေ ရှိကြတယ်။ ဒီလိုပြစ်မှုကျူးလွန်သူဘဝကို ရောက်ချင်လို့ ရောက်ခဲ့ကြတာ မဟုတ်ဘူး။ မေတ္တာတရားတွေ၊ ဂရုစိုက်မှုတွေကို တစ်ခါလေးမှတောင် မခံခဲ့ရဖူးတဲ့သူတွေ ဖြစ်တယ်။ အရိုင်းဆန်တယ်။ လောကကြီးကို အမြင်စောင်းနေသူတွေ ဖြစ်တယ်။ ကိုယ်ရှင်သန်ဖို့သာ အဓိကလို့ ရိုက်သွင်းခံထားရတဲ့သူတွေ ဖြစ်တယ်။ ဒီတော့ မေတ္တာနဲ့ စောင့်ရှောက်ခြင်းကသာ အဖြေဖြစ်မယ်လို့ ယူဆတယ်ပေါ့။

ဒီချဉ်းကပ်မှုရဲ့ အားနည်းချက်ကတော့ အင်မတန် စိတ်ရှည်ရတယ်။ သည်းခံရတယ်။ နားလည်မှု ပေးရတယ်။ ကိုယ့်ပါ ပြန်လှည့်သွား၊ ပတ်သွားတာတွေ ကြုံရတယ်။ 

၂ ခုလုံးမှာ အကောင်းအဆိုး ရှိကြတာပဲ။ အဲဒါကို ဘက်ပေါင်းစုံက ပြသွားတာ အတော်မိုက်တယ်။ 

◾️နောက်တစ်ခါ။ ကျူးလွန်သူကလေးတွေရဲ့ ခံစားချက်ကိုလည်း ဖော်ပြတယ်။

ဒီကလေးတွေဟာ မေတ္တာသိပ်ငတ်တယ်။ ဒီတော့ တရားသူကြီးတွေဆီက မေတ္တာတရားနဲ့ ယုံကြည်မှုကို ရတဲ့အခါ ဒါကို အဆုံးရှုံးမခံနိုင်တော့ဘူး။ ကောင်းအောင်နေတယ်။ ပြစ်မှုထပ်မကျူးလွန်မိအောင် ကြိုးစားကြတယ်။

သို့သော် လူတွေကတော့ ခွဲခြားဆက်ဆံတယ်။ ပစ္စည်းတစ်ခုခု ပျောက်တာနဲ့ သူတို့ကို အရင်စစွပ်စွဲတာမျိုးတွေ လုပ်တယ်။ 

နောက်ပြီး ကလေးကလေးချင်း အနိုင်ကျင့်ကြတာ။ ဥပမာ ဒီကလေးက ရန်ပြန်ဖြစ်လို့ မရဘူး။ ဖြစ်တာနဲ့ တစ်ခါထောင်ကျထားဖူးတာမို့ သူ့ကို ပိုဆူမယ်။ ကျောင်းထုတ်မယ်။ ဒါဆို တရားသူကြီးက စိတ်ပျက်သွားမှာ စိုးတယ်။ ဒီတော့ ကြိတ်မှိတ်သည်းခံတယ်။ အဲဒီလို သည်းခံနေတာ သိတော့ တခြားကလေးတွေက ပိုအနိုင်ကျင့်ရော။

အဲဒီမှာ ဆင်းရဲချမ်းသာ ကွာဟမှုကိုလည်း ပြသွားတယ်။ တကယ်တော့ ဒီကလေးတွေပဲ ပြစ်ဒဏ်ကျူးလွန်နေတာတော့ မဟုတ်ဘူး။ ချမ်းသာတဲ့ ကလေးတွေလည်း လုပ်တာပဲ။ ဒါပေမဲ့ သူတို့ကျ ထောင်မကျဘူး။ ဘာမှလည်း မဖြစ်ကြဘူး။ ဆိုလိုတာက ထောင်ကျဖူးတယ်ဆိုပြီး ခွဲခြားဆက်ဆံနေကြပေမဲ့ မကျဖူးတဲ့သူတိုင်းကလည်း ကောင်းနေကြတာ မဟုတ်ဘူးပေါ့။ 

◾️အပေါ်မှာ ပြောခဲ့သလို၊ ဒီကလေးတွေမှာ မိဘက စွန့်ပစ်သွားတာ၊ ဂရုစိုက်မခံရတာ၊ အကြမ်းဖက်ခံရတာတွေ ရှိတယ်။ လူမှုအသိုင်းအဝိုင်းကလည်း ပစ်ပယ်ထားတယ်။ ဒီလိုနဲ့ ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာကြတယ်။ 

It takes a village to nurture a child ဆိုတဲ့ စကားလိုပဲ၊ ဒီကလေးတွေ ခုလို ပြစ်မှုကျူးလွန်နေတာ အားလုံးမှာ တာဝန်ရှိတယ်။ မင်းသမီးပြောတဲ့စကားအတိုင်းဆို တကယ်တမ်း အပြစ်ရှိတာ ကလေးတွေ မဟုတ်ဘူး။ “ဒီလူမှုအသိုင်းအဝိုင်းတစ်ခုလုံးက တရားခံပဲ” တဲ့။

ကိုယ့်နိုင်ငံအနေနဲ့ စဉ်းစားရင်လည်း ကလေးတွေ ကော်ရှုနေတာ၊ ပိုက်ဆံလာတောင်းလို့ မပေးရင် ကားတွေကို အချွန်နဲ့ ခြစ်သွားတာ၊ ဒီလိုကိစ္စလေးတွေကစလို့ ခိုးမှု၊ လုမှု၊ လူသတ်မှု၊ အားလုံးသော အမှုအခင်းတွေဟာ ကျွန်တော်တို့နဲ့ ဆိုင်တယ်။ နိုင်ငံက မတိုးတက်လို့၊ ဆင်းရဲနေလို့ ဖြစ်တဲ့ကိစ္စပဲ။ ကလေးတွေကိုပဲ အပြစ်ထိုင်တင်နေ၊ ထောင်ထဲပို့နေရုံနဲ့ မပြီးဘူး။ 

ဒါကြောင့်လည်း တော်လှန်ရေး အောင်မြင်ဖို့ လိုအပ်တယ် ပြောတာပါ။ တကယ်တော့ ဆင်းရဲမွဲတေမှုဟာ ကလေးသူငယ်အရေးမှ မဟုတ်ပါဘူး၊ အရာအားလုံးအတွက် တရားခံပဲလေ။ 

◾️ဒီဇာတ်ကားကြည့်ပြီးတော့ ဆရာမင်းကျော်ရေးတဲ့ “အဖြူကို မည်သူအနက်ဆိုးသနည်း” ဆိုတဲ့ စာအုပ်ကိုလည်း သတိရမိတယ်။ အဲဒီထဲမှာလည်း ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေရဲ့ ဘဝဇာတ်လမ်းတွေကို ရေးပြထားတယ်။ မဆလခေတ်ကပေါ့။ ကလေးထောင်အဖြစ် သတ်မှတ်တုန်းကဆို အထဲမှာ နှိပ်စက်တာတွေက ပိုဆိုးတယ်။ နောက်ပိုင်း ပြုပြင်ရေးစခန်းအနေနဲ့ ပြောင်းလဲတော့မှ နည်းနည်းသက်သာသွားတယ်။ 

ဒါတောင် ကလေးတွေဟာ အပြင်ပြန်ရောက်သွားလည်း မိသားစုက လက်မခံ၊ ပညာက မတတ်၊ စောင့်ရှောက်မဲ့သူက မရှိ၊ အလုပ်အကိုင်က ရှားတော့ ဒီအလုပ်တွေပဲ ပြန်ပြန်လုပ်ရင်း ဒီနေရာပဲ ပြန်ပြန်ရောက်လာကြရတာ များတယ်။ နှိပ်စက်တာတွေက ကြောက်သွားဖို့ မပြောနဲ့။ ဘဝကို မထူးဇာတ်ပါ ခင်းကြတော့တာ။ လက်ရဲဇက်ရဲတွေပါ ပိုဖြစ်လာကြတော့တာ။

ဒါကြောင့် ကျွန်တော်ကတော့ မေတ္တာတရားကို ယုံတယ်။ ပြုပြင်ရေးကို ယုံတယ်။ ဒီကလေးတွေကို လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် ကူညီပေးခြင်းအားဖြင့် ဒီလိုအမှုအခင်းတွေ လျော့နည်းသွားလိမ့်မယ်လို့ မြင်တယ်။ တိုင်းပြည်တိုးတက်လာတာနဲ့အမျှ၊ ချမ်းသာလာတာနဲ့အမျှ မီးပွိုင့်တွေမှာ စပယ်ပန်း ရောင်းနေရတဲ့ ကလေးတွေ၊ တောင်းစားနေတဲ့ ကလေးတွေ၊ ကော်ရှူနေတဲ့ ကလေးတွေလည်း တစ်စထက်တစ်စ ပိုနည်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

◾️တကယ်တော့ ကလေးတစ်ယောက် ပြစ်မှုကျူးလွန်တာဟာ အဲဒီကလေးရဲ့ အနီးဆုံးမိဘတွေကနေစလို့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတစ်ခုလုံးအလယ်၊ အုပ်ချုပ်သူအစိုးရအဆုံး အားလုံးမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။

ဉာဏဗလ

၃၀.၆.၂၀၂၃


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2



, , ,
  • “ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )

    (စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…

    ,
  • ကလစ်အကြောင်းသိကောင်းစရာ – ကိုဇင်ဇေ

    ကလစ်အကြောင်းသိကောင်းစရာ ( သူများတွေကို စည်းရုံး ၊ ပြန်သင်ပေးချင်သူတွေ အတွက်အကိုးအကားလေး တစ်ခု ရစေချင်လို့ တင်ပေးတာပါ ။ ) 📌 ( ၁ )ပထမဆုံး အဆင့်က ကလစ် ဖြစ်ဖို့ဗျ … အလွယ်ဆုံး တစ်နည်းနည်းသာ အရင် သင်ပေးလိုက် ။ Website ကြည့်တာ ၊ ယူကျု ကြည့်တာဆို တအားလွယ်တာပဲဟာ ။ Apps တွေ Games တွေမှာလည်း ကလစ်ရ လွယ်တာတွေ ရှိပါ့ ။ အဲ့ဒါတွေကို အများကြီး ပြုံ မိတ်ဆက်မပေးသေးပဲတစ်ခု လောက်ပဲ သေချာ မိတ်ဆက်ပေး – သင်ပေးလိုက်ပါ ။ အဲ့နည်းကနေ ဝင်ငွေတွေ ဘယ်လိုရပြီးဘယ်လောက်တောင် လှုပြီးသွားပြီဆိုတာသက်ဆိုင်ရာ Page…

    , ,
  • Post 85 – စကစ လော်ဘီတွေ အင်တိုက်အားတိုက် ဝိုင်းတွန်းခဲ့ကြတဲ့ မယ်ပြိုင်ပွဲ ( ကိုဇင်ဇေ )

    အဲ့ဒီပွဲ အကြောင်း ရေးဖြစ် ၊ သတိပေးဖြစ်ခဲ့တဲ့ ကျွန်တော့် Posts တွေကို( နောက်ဆုံး က နေ စပြီး – အရင်ဆုံး တင်တဲ့ အထိ ) ပြန်စုပေးထားလိုက်တာပါ ။နောက်လည်း ဒါမျိုးတွေ ထပ်လုပ်လာကြဦးမှာ ။မြန်မာနိုင်ငံကြီး သာယာနေပါပြီ ၊ ပုံမှန် လည်ပတ်နေပါပြီ ၊နိုင်ငံသူ နိုင်ငံသားတွေ ပျော်ရွှင်နေကြပါပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့ပေါ့ ။ဒီတော့ အဲ့အခါကျရင်လည်း အခြေအနေနဲ့ ပွဲရဲ့ သက်ရောက်မှုပေါ် မူတည်ပြီးကျွန်တော်တို့ က ပြောစရာ ရှိတာ ထပ်ပြောဖြစ်ပါဦးမယ် ။အဲ့အတွက် အကိုးအကား ကျန်အောင် စုထားပေးလိုက်တာပါ ။ ပဉ္စမ Post တော်၊လှန်ရေး ဘက်က ရပ်တည်ပါတယ် ဆိုပြီးမယ် ပြိင်ပွဲ ကို သွားရွ…

    , ,
  • Post 84 – မျိုးချစ်စိတ်ကို အခြေပြုပြီး နိုင်ငံရေး ကစားကွက်ဖော်တဲ့ အကြောင်း ( Ko Fury )

    တချို့တွေ Miss ပွဲကို အားပေးနေတာတွေ့တော့တစ်ချိန်က အခရာကျတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပြောခဲ့တာကို ကောင်းကောင်း သတိရမိတယ် သာမန် ဗိုလ်ချုပ်တော့မဟုတ်ဘူးရာထူးအားဖြင့် မကြီးလှပေမဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာအဓိက နေရာက ပါတယ်။အရေးပါ အရာရောက်တယ်ဆိုပါတော့…ဒီနေ့ သိထားတဲ့ (စကစ) စစ်တပ်မှာသူဖန်တီးခဲ့တဲ့ ခြေရာလက်ရာဟောင်းတွေကိစ္စအကြောင်းအရာတွေ များတယ် သူပြောခဲ့တာက ဒီလိုဗျ.. နိုင်ငံတစ်နိုင်ငံ နဲ့ စစ်တိုက်နေရသလိုမျိုးချစ်စိတ် ၊ အမျိုးသားစိတ် ပြင်းထန်စေတဲ့ပြိုင်ပွဲ နှစ်ခု ရှိတယ် ။ ဒီနှစ်ခု ကို လိုသလို အသုံးချပြီးအစိုးရတွေက လူထုစည်းရုံးရေး ၊ ကိုယ်ဘက်ပါရေးလုပ်ရတာပဲဗျ ။ ပြည်သူတွေသိပ်ကို Serious ဖြစ်စေတဲ့ ပြိုင်ပွဲနှစ်ခုပေါ့ အဲဒါက ဘောလုံးပွဲ နဲ့ မယ်ပြိုင်ပွဲ တနည်းအားဖြင့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ နဲ့မယ် စကြ၀ဠာ ပြိုင်ပွဲကိုပြောတာ ဒီပြိုင်ပွဲတွေက…

    , ,
  • Post 83 – မဟာအင်အားကြီးတို့ယှဉ်ပြိုင်ခြင်း နှင့် မြန်မာ ( Myoset Min )

    (၁) အဆက်အစပ်များ ဘာသာရေးကျမ်းပြုဆရာကြီး ဆရာဦးရွှေအောင်က တင်စားပြီးရေးတာရှိပါတယ်။ လောကမှာ လူတယောက်ယောက်လုပ်တဲ့ ကောင်းမှုတွေမှာ အဲ့ဒီလူတယောက်ထဲ အပေါ် သက်ရောက်တာမဟုတ်ဘဲ ပတ်ဝန်းကျင်တခုလုံး၊ တလောကလုံးကို သူ့နည်းသူ့ဟန်သက်ရောက်တယ်လို့တင်စားခဲ့ဖူးတယ်။ ကမ္ဘာကြီးမှာလဲ အင်အားကြီးနိုင်ငံကြီးတွေ လှုပ်ရှားတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး အပေါ် သက်ရောက်ပါတော့တယ်။ ၁၉ ရာစု နဲ့ ၂၀ရာစု အလယ်ပိုင်းအထိ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးတွေစတင်ရာဟာ ဥရောပတိုက်ဖြစ်ခဲ့တယ်။ ဥရောပဟာ Great Power လို့ခေါ်တဲ့ မဟာအင်အားကြီးနိုင်ငံတွေရှိခဲ့တယ်။ ဥရောပမှာဖြစ်တဲ့ စစ်ဟာ ကမ္ဘာကြီးကို အမြဲသက်ရောက်တယ်။  အင်အားကြီးနိုင်ငံတွေ စစ်ဖြစ်ပြီးသွားကြရင် နှစ်ဖက်လုံးအင်အားချည့်နဲ့ပြီး ကမ္ဘာ့အင်အားကြီးအဆင့်ကနေ လျော့ကျသွားလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ ဗြိတိသျှအင်ပါယာရဲ့ နေရာကို အမေရိကန်က ရယူလိုက်ပါတယ်။  တချိန်ထဲမှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ အပြိုင် မဟာအင်အားကြီး ဖြစ်လာပြီး အင်အား…

    ,
  • Post 82 – ဟားမက်စ်တွေရဲ့ တုန့်ပြန်မှုဟာ မှန်ခဲ့သလား ( Myoset Min )

    ပါလက်စတိုင်းတွေရဲ့ အဖိနှိပ်ခံရမှုဟာ ယနေ့ ဟားမက်စ်တွေရဲ့ တုန့်ပြန်မှုကို ဖြစ်စေခဲ့တာရဲ့ အဓိက အကြောင်းတရားပါ။ သို့သော် သူတို့ရဲ့ တုန့်ပြန်မှုမှန်တယ်လို့ မဆိုအပ်ပါ။ အမျိူးသမီးတွေ၊ ကလေးသူငယ်တွေ၊ လက်နက်မဲ့ အရပ်သားတွေ သတ်ဖြတ်ခံရ၊ မုဒိမ်းကျင့်ခံရတာတွေ အတွက် ဆင်ခြေပေးလို့မရပါ။ အစ္စရေးရဲ့ ဂျူးမဘသ နေတန်ယာဟုဟာ တကယ့် ဇာတ်ရှုပ်ကောင်ဖြစ်တာမှန်တယ်။ အစ္စရေးလ်စစ်တပ်ရဲ့ ကန့်သတ်ဖိနှိပ်မှုတွေ ပါလက်စတိုင်းပြည်သူတွေ ခံရတာမှန်တယ်။ အစ္စရေးလ်က ပြန်လက်စားချေတဲ့အခါ ပထမဆုံး ဒုက္ခရောက်တာ ပါလက်စတိုင်းပြည်သူတွေဖြစ်တယ်။ ပါလက်စတိုင်းပြည်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေဟာလဲပဲ ဆင်ခြေပေးဖို့မရှိဘူး။ ပါလက်စတိုင်းတွေဖက်က ဟားမက်စ်တွေဟာ မူဆလင်မဘသတွေ ဖြစ်ပြီး၊ အစ္စရေးလ်ဖက်က ဂျုးမဘသတွေဖြစ်နေတယ်။ မဘသဆိုတဲ့ အုပ်စုတွေရဲ့ သဘောက သူတပါးရဲ့ ဘာသာရေးကို မရှိစေချင်ဘူး။ လူမျိူးမတူရင် ကိုယ့်ထက်တဆင့်နှိမ့်တယ်လို့ မြင်ချင်တယ်။ ပိုဆိုးဝါးတဲ့ကောင်တွေဆိုရင် လူမျိူးတုန်းသတ်ဖြတ်တဲ့…

  • Post 81 – အတွင်းထဲက အလှတရား – Inner Beauty- ( ဒေါက်တာ ဖြိုးသီဟ )

    “အတွင်းထဲက အလှတရား (Inner Beauty)” ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ ဘယ်တော့မဆို တစ်ပန်းသာလေ့ ရှိပါတယ်။ ဒါကို Pretty Privilege လို့ ခေါ်တယ်။ ဖျော်ဖြေရေး နယ်ပယ်တင်ကမဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး ဘာသာရေးအထိပါ ဒီအကျိုးကျေးဇူးကို ခံစားကြရတယ်။ ရုပ်ရည်က ကြည့်ကောင်းနေရင် ပိုယုံကြည်ခံရတယ်။ အထင်ကြီးလွယ်တယ်။ လုပ်တာ ကိုင်တာ တော်မယ်၊ သပ်ရပ်မယ်၊ စိတ်ကောင်းရှိမယ်၊ ရိုးသားမယ် စသဖြင့် အကောင်းတွေချည်း အထင်ခံရတယ်။ ဒီတော့ အလုပ်လျှောက်ရင် ပိုလွယ်တယ်။ အလုပ်လုပ်ရင် ပိုအဆင်ပြေတယ်။ (ဟိုရက်က ဒေးဗစ်ဘက်ခမ်းအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်တော့ အဲဒီတစ်ချက်ကို အထင်အရှား တွေ့ရတယ်။) တစ်ဖက်မှာလည်း အဲဒီအားသာချက်ကြောင့်ပဲ ပြဿနာတွေ ရှိလာတတ်တယ်။ ဥပမာ အလကားနေရင်း မျှော်လင့်ချက်…

    , ,

10 responses to ““အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ”

  1. ဇာတ်လမ်းတွဲကိုတော့မကြည့်ရသေးပါဘူး🙂
    Thank you ပါ🥰

    Like

  2. ဇာတ်လမ်းတွဲလေးရှာကြည့်တာ ကောင်းတယ်တော့် ကျမလဲမေတ္တာနဲ့ပြုပြင်ပေးခြင်းကို သာ၍နှစ်သက်ပါတယ် မေတ္တာတရားကအနိူင်ရစမြဲပါ။ လူတွေ (ကြီးငယ်မဟူ)လိုနေတာချစ်ခြင်းမေတ္တာပါ။

    Like

Leave a comment