စူဇကာစစ်ဆင်ရေး တကျော့ပြန်လာပြီ ( မင်းကိုနိုင် )

စူဇကာစစ်ဆင်ရေး တကျော့ပြန်လာပြီ 

၁၉၆၈မှာ မဆလာလုပ်ငန်းကအစ ဖွဲနုဆန်ကြမ်းမကျန်  ကုန်စည် အမျိုးအစား၄၅၀ကျော်အာဏာသိမ်းစစ်တပ်ကထိမ်းချုပ်လိုက်ပါတယ်။

အာဏာသိမ်းရမ်ကားမှုအကျိုးဆက်ကုန်ဈေးနှုန်းပြဿနာတက်တော့

ကိုယ့်အမှားကိုယ်ဝန်မခံပဲ

သူတပါးကိုလွှဲချ ထောင်ထဲပို့ခဲ့တာပါ

အမည်ပေးလိုက်ပုံက ‘ဝိသမလောဘသားတွေ’တဲ့

သူတို့လုပ်လို့ ပျက်တာ တဲ့

အခုဘယ်နေ့ဘယ်သူ ဘယ်အဖွဲ့အဖမ်းခံရပြန်ပြီ၊နားစွင့်ရင်း ငုတ်တုတ်ထိုင်စောင့်နေကြရပါပြီ ။

ခေတ်ပျက်သူဌေးတွေ အိပ်မပျော်သောညများပေါ့ ၊

ကိုယ့်ဒေါ်လာငွေတောင် ကိုယ်ကြိုက်သလိုမသုံးရ

အမိန့်တွေထုတ်နေတာဟာ လူမိုက်ဆံဆံ

လုယက်ယူနေတာပါပဲ 

‘စီးပွားပဲကွာ  ပြန်ရှာယူရတယ်’မတွေးနဲ့  

ကုန်စုံဆိုင်ကပြန်စ ကြိုးစားလုပ်၊စီးပွားပြန်ဖြစ်၊

ဈေးမီးရှို့ ဆိုင်ခန်း ပြန်လု ထပ်အနိုင်ကျင့်ဦးမှာပဲ

ခေတ်ဟောင်းစူဇကာစစ်ဆင်ရေးတုံးက သူကြွယ်တွေ ရင်ထုအော်ငိုရူးမတတ်ခံခဲ့ကြတာ သိမှီသူတွေ မမေ့နိုင်စရာပါ

အခုခေတ်ပျက်သူဌေးတွေလည်း ညအိပ်မရဲ ၊

မိုးမလင်းသေးဘူး ဂေါက်ကွင်းသွား (ရိုက်ချင်စိတ်ရှိလို့မဟုတ် အိမ်လာခေါ်မှာစိုးလို့)ရှောင်နေရ 

ဟိုတုန်းကစစ်တပ်က စစ်ဆင်ရေးနာမည်တပ် ပြောင်(ဗြောင်) လုပ်တာနဲ့ ခုစစ်တပ်က ခိုးကြောင်ခိုးဝှက်ဖမ်းတာ ဒါပဲကွာတယ်

စူဇကာနဲ့ဆက်တိုက် ဆင်ဖြူတော်စစ်ဆင်ရေးဆိုတာကပ်လိုက်လာခဲ့သေးတယ် (မှတ်မိသူတွေဝိုင်းဖြည့်ပေးဖို့လိုပါမယ်) 

နောက်ဆက်တွဲ       (ဒီမတရားမှုတွေ ဖေါ်ထုတ်ရေးကြမယ်လို့ယူဆရသူ )သတင်းစာဆရာတွေစာရေးဆရာတွေရှေ့ဆုံးကအဖမ်းခံကြရတာပါ ကြေးမုံဦးသောင်းကအစ ဦးလောရုံအဆုံးမကျန်စေခဲ့ရ။

အခုလည်းဘယ်နယ်ပါယ်မှသက်သာမယ်မထင်နဲ့လို့

ကြိမ်ဖန်များစွာသတိပေးခဲ့ကြပါပြီ။ပြည်သူ့ဆန့်ကျင်မှု ၊တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးဘက်သားများစံနစ်ကျအားထုတ်မှုတွေ နဲ့စစ်ကျွန်မခံတိုက်ပွဲပေါင်းစုံကြောင့် ဘဏ္ဍာရေး ဆိုင်ရာနိုင်ငံတကာအရေးယူမှုတွေက ဝိုင်းကြီးချုပ် လာနေတာပါ

စစ်ရေးဘက်မည်းနေတုန်း ဘဏ္ဍာရေးခံတပ်ပြိုသွားတဲ့ဖက်ဆစ်ဟာ အရင်လိုသီချင်းလုပ်ဆိုပြီးမျက်နှာပြောင်လို့မရတော့တာ ကိုယ်တိုင်အသိဆုံးပါ

သူ့ကိုချက်ကောင်းထပ်ထိတိုင်းနီးရာဓားတရမ်းရမ်းမည်းဦးမှာမို့ လောင်စာဆီ၊လူသုံးကုန်နဲ့ ကောက်ပဲသီးနှံ ကုန်သည်တွေပါ လွတ်မယ်မဟုတ်ပါ

ဒီအချိန်မျိုးမှပြည်သူ့တော်လှန်ရေးဘက်အတူမလိုက်ရင် လည်စင်းခံစောင့်နေတာနဲ့အတူတူပါပဲ

မလုပ်ရဲတာဘာမှမရှိဘူးဆိုသူထံက ဘယ်ဟာတော့မလုပ်လောက်ပါဘူးလို့ ဘယ်တော့မှ မတွေးမိပါစေနဲ့

#မင်းကိုနိုင်

၃၁/၈/၂၃



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်