Post 82 – ဟားမက်စ်တွေရဲ့ တုန့်ပြန်မှုဟာ မှန်ခဲ့သလား ( Myoset Min )

Image from The New York Times

ပါလက်စတိုင်းတွေရဲ့ အဖိနှိပ်ခံရမှုဟာ ယနေ့ ဟားမက်စ်တွေရဲ့ တုန့်ပြန်မှုကို ဖြစ်စေခဲ့တာရဲ့ အဓိက အကြောင်းတရားပါ။

သို့သော် သူတို့ရဲ့ တုန့်ပြန်မှုမှန်တယ်လို့ မဆိုအပ်ပါ။ အမျိူးသမီးတွေ၊ ကလေးသူငယ်တွေ၊ လက်နက်မဲ့ အရပ်သားတွေ သတ်ဖြတ်ခံရ၊ မုဒိမ်းကျင့်ခံရတာတွေ အတွက် ဆင်ခြေပေးလို့မရပါ။

အစ္စရေးရဲ့ ဂျူးမဘသ နေတန်ယာဟုဟာ တကယ့် ဇာတ်ရှုပ်ကောင်ဖြစ်တာမှန်တယ်။ အစ္စရေးလ်စစ်တပ်ရဲ့ ကန့်သတ်ဖိနှိပ်မှုတွေ ပါလက်စတိုင်းပြည်သူတွေ ခံရတာမှန်တယ်။

အစ္စရေးလ်က ပြန်လက်စားချေတဲ့အခါ ပထမဆုံး ဒုက္ခရောက်တာ ပါလက်စတိုင်းပြည်သူတွေဖြစ်တယ်။ ပါလက်စတိုင်းပြည်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေဟာလဲပဲ ဆင်ခြေပေးဖို့မရှိဘူး။

ပါလက်စတိုင်းတွေဖက်က ဟားမက်စ်တွေဟာ မူဆလင်မဘသတွေ ဖြစ်ပြီး၊ အစ္စရေးလ်ဖက်က ဂျုးမဘသတွေဖြစ်နေတယ်။

မဘသဆိုတဲ့ အုပ်စုတွေရဲ့ သဘောက သူတပါးရဲ့ ဘာသာရေးကို မရှိစေချင်ဘူး။ လူမျိူးမတူရင် ကိုယ့်ထက်တဆင့်နှိမ့်တယ်လို့ မြင်ချင်တယ်။ ပိုဆိုးဝါးတဲ့ကောင်တွေဆိုရင် လူမျိူးတုန်းသတ်ဖြတ်တဲ့ အဆင့်အထိ ရောက်လာရော။

တချိန်က ဂျာမန်မဘသက ဟစ်တလာ။ ဂျုးတွေကိူ မုန်းလွန်းလို့ သတ်ခဲ့တယ်။ ဂျပန်မဘသက ဖက်ဆစ်။ မြန်မာပြည်ထဲ တရုတ်ပြည်ထဲ ကျူးကျော်တဲ့ အချိန် ကျူးလွန်လိုက်တဲ့ မုဒိမ်းမှုတွေ။ အခု လက်ရှိ မြန်မာပြည်စစ်ကောင်စီတပ်ဟာ ဖက်ဆစ်လက်ထွက်ပေပဲ။ “တပ်မတော်သည်အမျိုးသားရေးကိုသစ္စာမဖောက်” ဆိုပြီး ကျူးလွန်လိုက်တဲ့ မုဒိမ်းမှုတွေ။ ပြည်သူတွေအပေါ်သာမက သူတ်ို့တဖွဲ့ထဲက လူတွေရဲ့ ဇနီး သမီးပါမချန် လုပ်နေကြတာ။

လူကို လူလို အသိအမှတ်ပြုမှု၊ သူတပါးကိုးကွယ်မှုကို အသိအမှတ်ပြုမှုဆိုတဲ့ အရာတွေဟာ မဘသတွေမှာမရှိဘူး။

ဟားမက်စ်တွေက ဂျူးပြည်သူတွေကို တိုက်ခိုက်တော့ မြန်မာပြည်ထဲက မူဆလင် မဘသတွေက လက်ခမောင်းခတ် ပို့စ်တွေတင်နေကြတယ်။ မြန်မာပြည်ထဲက ဖက်ဆစ်တွေ နှိပ်ကွပ်နေလို့ တပြည်လုံး ခွေးဖြစ်နေရတဲ့ အခြေအနေကို မေ့ပုံပေါ်ပါတယ်။

ဂျူးတွေဖက်က ဂျူးမဘသ၊ ပါလက်စတိုင်းတွေဖက်က မူဆလင် မဘသတွေ တဖက်စီရှိနေကြတဲ့ အချိန် ပထမဆုံး ထိခိုက်တာဟာ နှစ်ဖက်က ပြည်သူတွေပဲ ဖြစ်တယ်။

အခု မြန်မာပြည်အိမ်နီးချင်း အိန္ဒိယက မိုဒီလဲ ဟင်ဒူမဘသပဲ။

ဂျူးရော ပါလက်စတိုင်းရော သူတို့ မျိူးနွယ်စု ရှင်သန်နေဖို့ မဘသ အတွေးအခေါ်က မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်ကြပုံပေါ်တယ်။

မဘသ အတွေးအခေါ်ဆိုတာ ရှေးယခင်ကတည်းက ကိုယ့်အုပ်စုနဲ့ မျိူးနွယ်ရှင်သန်ဖို့ ရှိခဲ့တဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။ ကိုယ့် Kingdom ရှင်သန်ဖ်ို့ အမျိူးချစ်အောင် တချိန်လုံး သင်နေရတယ်။ ကိုယ့်အမျိုးအနွယ်က ဘယ်လို ကြီးမြတ်ကြောင်း တချိန်လုံး ဝါဒမှိုင်းတိုက်နေရတယ်။ ဒါတွေနဲ့ ကြီးလာတဲ့ လူတွေဟာ သူများ အမျိုးဆို အထင်သေးတတ်ရော။ ဥပမာ လက်နဲ့ ထမင်းစားတဲ့ အာရှသားတွေကို ဥရောပသားတွေက အထင်သေးသလိုပေါ့။

လူဟာ အဆင့်မြင့်လာတဲ့အခါ အတွေးအခေါ်တွေ အဆင့် မြင့်လာတယ်။

“လူတိုင်းဟာ ကိုယ်စီတန်ဖိုးရှိကြတယ်၊ လူဟာ မွေးလာကတည်းက တန်းတူဖြစ်တယ်” ဆိုတဲ့ အတွေးအခေါ်တွေ ထွက်လာတယ်။ လူအချင်းချင်း စာနာရမယ်ဆိုတဲ့အရာတွေ ထွက်လာတယ်။ ဒီလို တန်းတူညီမျှတဲ့ အတွေးအခေါ်ကို “Egalitarianism”

လို့ခေါ်တယ်။

ဒီ အတွေးအခေါ်တွေကို အဆင့်မြင့်ဒဿနတွေမှာတွေ့ရတယ်။ ကွန်မြူနစ်သဘောတရားတွေမှာ လူမျိုးဘာသာ ခွဲခြားမှုတွေကို လုံးဝဆန့်ကျင်ပြီး တန်းတူ ဆက်ဆံတာ၊ လူတွေ လွပ်လပ်တာကို သဘောတရားပိုင်းအရ ရည်စူးထားတယ်။ ဒီအရာကို ဖော်ဆောင်ဖို့ ရည်စူးတဲ့ နည်းလမ်းတွေ အကုန်လုံးက ဗဟိုချုပ်ကိုင်မှုနဲ့သွားတဲ့အခါ ပြဿနာတွေတက်တယ်။

ဗုဒ္ဓဘာသာမှာဆိုရင် ဗုဒ္ဓက သမုတိနယ်မှာ ဇာတ်စံနစ်နဲ့ ခွဲခြားတာကို ပယ်တယ်။ ဆင်းရဲ ချမ်းသာခွဲခြားတာကို ပယ်တယ်။ လူသာမက ခံစားနာကျင်တတ်တဲ့ တိရစ္ဆာန်တွေကိုပင်လျှင် ကိုယ်ချင်းစာပါ လို့ သင်တယ်။ ဗုဒ္ဓဝါဒက သင်တဲ့ အရာက လူအချင်းချင်းကြားထဲက Egalitarianism ကိုပါ ကျော်သွားတယ်။ နာကျင်တတ်၊ ကြောက်တတ်၊ ခံစားတတ်တဲ့ သက်ရှိတွေအထိပါ အကျူံးဝင်သွားတယ်။ ဗုဒ္ဓဘာသာ မဘသ တွေက ဒါတွေ နားလည်တဲ့ အဆင့်တော့ ရှိပေမယ်မထင်ဘူး။

လစ်ဘရယ်လ်ဝါဒမှာဆိုရင် လူအချင်းချင်းအပေါ် လေးစားမှုရှိဖို့အတွက် ဥပဒေနဲ့ကာကွယ်ထားတယ်။ ဥပဒေမှာ ကျောသားရင်သား လုံးဝမခွဲခြားရဘူး ( equal before the law)၊ လူတိုင်းဟာ တန်းတူညီမှိတယ်။ တဖွဲ့နဲ့တဖွဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆက်ဆံရတယ်။

အစဉ်အလာအရ ကြည့်ရင် မဘသ အတွေးအခေါ်ဟာ တိရစ္ဆာန်ဆန်တဲ့ အကြမ်းစား Survival အတွေးအခေါ် ဖြစ်တာတွေ့ရလိမ့်မယ်။

တန်းတူညီမျှရေး အတွေးအခေါ်တွေက အဆင့်မြင့်တယ်။ ကျင့်သုံးဖို့ ဉာဏ်ပညာနဲ့ ရင့်ကျက်မှုလိုတယ်။

ယနေ့ ဂျူးမဘသနဲ့ မူဆလင် မဘသတွေ ပြဿနာဖြစ်တဲ့ ဖြစ်စဉ်ဟာ ရှေးခေတ်တုန်းက စစ်ပွဲတွေနဲ့ သဘာဝ အတူတူပဲ ဖြစ်တယ်။

လူဟာ တိရစ္ဆာန်မျိူးစိတ် ဖြစ်တာမို့ ဒီ အုပ်စုစိတ်ကနေ ဆင်းသက်လာတဲ့ အကြမ်းစား မဘသ အတွေးအခေါ်ကို အမြဲတစေ ပယ်လို့မရဘူး။ Civilisation ကြီးတွေ ထပ်ဆင့်ပြောင်းလဲတိုးတက်သွားရင်တော့ တမျိူးပေါ့လေ။ ဒုတိယ ကမ္ဘာစစ်ကြီးကို ကြည့်ရင် စစ် ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲ စီးပွားရေးကျဆင်းမှုကြီးနဲ့ မဘသ အတွေးအခေါ်တွေက နောက်ကွယ်က ပါနေတာတွေ့ရလိမ့်မယ်။

Myoset Min


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်