Post 85 – စကစ လော်ဘီတွေ အင်တိုက်အားတိုက် ဝိုင်းတွန်းခဲ့ကြတဲ့ မယ်ပြိုင်ပွဲ ( ကိုဇင်ဇေ )

အဲ့ဒီပွဲ အကြောင်း ရေးဖြစ် ၊ သတိပေးဖြစ်ခဲ့တဲ့ ကျွန်တော့် Posts တွေကို
( နောက်ဆုံး က နေ စပြီး – အရင်ဆုံး တင်တဲ့ အထိ ) ပြန်စုပေးထားလိုက်တာပါ ။
နောက်လည်း ဒါမျိုးတွေ ထပ်လုပ်လာကြဦးမှာ ။
မြန်မာနိုင်ငံကြီး သာယာနေပါပြီ ၊ ပုံမှန် လည်ပတ်နေပါပြီ ၊
နိုင်ငံသူ နိုင်ငံသားတွေ ပျော်ရွှင်နေကြပါပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့ပေါ့ ။
ဒီတော့ အဲ့အခါကျရင်လည်း အခြေအနေနဲ့ ပွဲရဲ့ သက်ရောက်မှုပေါ် မူတည်ပြီး
ကျွန်တော်တို့ က ပြောစရာ ရှိတာ ထပ်ပြောဖြစ်ပါဦးမယ် ။
အဲ့အတွက် အကိုးအကား ကျန်အောင် စုထားပေးလိုက်တာပါ ။


ပဉ္စမ Post

တော်၊လှန်ရေး ဘက်က ရပ်တည်ပါတယ် ဆိုပြီး
မယ် ပြိင်ပွဲ ကို သွားရွ နေတဲ့ သူတွေ
ဒီမှာ ကြည့်ကြ …

ဒီ ပွဲကို ဘယ်သူတွေက ဘာ ရည်ရွယ်ချက်နဲ့
ခုလောက် လူကြားထဲ ပြန့်အောင် စနစ်တကျ သေချာ လုပ်ခဲ့ကြတယ် …
( လုပ်ငန်း Pages တွေ ၊ လူသိများတဲ့ Pages တွေကိုပါ
Chat ကနေ တကူးတကသွားပြောပြီး Post အတင်း လိုက်တင်ခိုင်း …
မဆိုင်တဲ့ Groups တွေမှာပါ အတင်းလိုက်တင် …
မဲကို ငွေနဲ့ ပေါက်ဝယ် …
ဒါတွေ အင်တိုက်အားတိုက် သေချာ လုပ်သွားကြတာ )

ခုလို ပြန့်သွားတဲ့ သက်ရောက်မှုကနေ
သူတို့ လိုချင်တဲ့ ရလာဒ် ၊
သူတို့ ပြချင်တဲ့ နိုင်ငံ့ ပုံရိပ်က ဘာလဲဆိုတာ
မြင်အောင် ကြည့်ကြ ….

“ ဟိုဘက်ရက်ကွက်က လောင်နေပြီ …. “
“ ပီဒီအဖ် တွေ ငိုနေပြီ “ ဆိုတဲ့ စကားသံတွေ
ဖုံးမနိုင် ဖိမရ လျှံထွက်လာတာတောင်မှ

ကျုပ်တို့က မယ် တွေ ကို အားပေးချင်ရုံပါ
( နောက်ပွဲတွေလည်း အားပေးချင်သေးတာ ) ဆိုရင်

ခင်ဗျားတို့ ေ-ာက်ဦးနှောက်တွေကို
-င်ထဲသာ ထိုးထည့် ထားပလိုက်တော့ …

~ ကိုဇင်ဇေ

Original Facebook Post : https://www.facebook.com/100000576790914/posts/pfbid02ozgxVyKtFJ16YGwHpRmpJvZsdSMm2iTMn4PzSB3LEZB7j3FaqPi5cKhAfYnH1fDzl/?mibextid=SaVZm5


စတုတ္ထ Post

ခုပွဲရော ၊ နောက်ပွဲတွေရော
သွားပြိုင်ကြမယ့် မယ်မင်းကြီးမတွေ …

ဒီ မယ် ပြောတဲ့ စာသားလေး တစ်ချို့
ခိုးကျက်ထားလို့ ရအောင် တင်ပေးတာ …

It’s not a time to celebrate.
I am mourning with my people. လောက်တော့
အပိုင် ကျက်ထားပေါ့ …

ပြီးတော့မှ …
Although I am mourning with my people ,
the show must go on , right? ဘာညာ
( ရင်ထဲ တကယ် မရှိပဲလည်း )
လူကြားကောင်းအောင် ပြင်ပြောချင် ပြင်ပေါ့ … 🥴

~ ကိုဇင်ဇေ

Facebook Post : https://www.facebook.com/100000576790914/posts/pfbid02aa8YV9pZu1konUByKATD2x2n6Y2Dc41s6T6AARkiQQccZS5Xqkffdn3kRqaae241l/?mibextid=SaVZm5


တတိယ Post

မင်းတို့ ရွထနေတဲ့ Posts တွေကို
ငါတို့ ကျော်ခွသွားပေးနေရတာ များပြီလေ …

ငါတို့ တစ်ခါတလေ ဖောင်းထုတာလည်း
မင်းတို့ ( မခံနိုင်ရင် ) ကျော်ခွသွားပေါ့ … ဟ …

ရိုးရိုးလေးကို …
ဘာတွေ လာလာ လောင်နေကြတာလဲ 😅😅

••၊••

ဒါတောင် ငါတို့ဘက်က
အသက်တွေ ၊ ဘဝ တွေ ရင်းထားရတာ …

မင်းတို့က
အပျော်လေး နည်းနည်း လျှော့ရရုံပါကွာ …

( ခုချိန် ထိမှ )
ဒီလောက်လေးတောင် အမြင်မတူ ၊
သည်းခံ – မပါဝင်ပေးချင်ရင်လည်း
တူအောင် ၊ ပါဖြစ်အောင်
မစည်းရုံးချင်တော့ပါဘူး …

••|••

🌙 🥚 ကြားနေ တွေ ကို
စိတ်ရှည်ရှည်နဲ့ စည်းရုံးချင်သပါ့ဆိုလည်း
( တကယ် စေတနာ မှန်ရင် )
ကိုယ့်ဘာသာပဲ ရအောင် စည်းရုံးကြပါ ၊
ကျုပ်တော့ လာ မစည်းရုံးခိုင်းပါနဲ့ ။

ကိုယ့် အလုပ် ကိုယ်လုပ်ကြတာပေါ့ …
ဟုတ်ပြီလား …

~ ကိုဇင်ဇေ

Facebook Post : https://www.facebook.com/100000576790914/posts/pfbid0s16iJrY8HQ2BjxTSBdhSnwB2tXe8JDr3affDZfsMv9CdCdGR6vMKhiomCpm4KZxdl/?mibextid=SaVZm5


ဒုတိယ Post

မေ့နေမှာ စိုးလို့ ဝင် သတိပေးရုံလေးပါ …
ဘယ့်နဲ့ လာ လောင်နေကြတာလဲ… 🥴

ဘာလို့လဲ…
ငါတို့ ဘက်က တော်၊လှန်ရေးရဲဘော်တွေ ကြိုးစားနေကြတာက

မင်းတို့ နီနီ ကြိုးစားနေတဲ့ ကိစ္စလောက် အရေးမကြီးလို့လား …

🟧
မင်းတို့ မယ် အကြောင်း မင်းတို့ အမွှန်းတင်နေကြရင်း …
ဒီ ( အာဏာရူးတွေ ဖိနှိပ် ၊ ရက်စက်ထားတဲ့ ) ကိစ္စပါ
နိုင်ငံတကာက လူ တစ်ချို့ သိသွား ၊ သတိရသွားတော့ …

ငါတို့ နိုင်ငံ အတွက် ပို မကောင်းဘူးလား …

မင်းတို့ အတွက် ၊ မင်းတို့ နီနီ အတွက် ဘာများ ထွေထူး နစ်နာသွားလို့လဲ …

🟧
( ကိုယ့် နိုင်ငံမှာ အကြီးအကျယ် ဖြစ်နေတဲ့ )
လန ကိုင် အာဏာရူး တော်၊လှန်၊ရေးအတွက် မပြောနဲ့ …

စ-စ်ဘေးရှောင် ၊ ဒုက္ခသည်တွေ အတွက်တောင်
ငွေ မထုတ်ချင်တဲ့ သူတွေက

ဒီလို ကိစ္စမျိုးကျ
ငွေနဲ့ ပေါက်ပြီး မဲ ဝယ် နေကြတာ …
မင်းတို့ မရှက်ပေမယ့် …
ငါတော့ ရှက်တယ်ဟ …

( လူတစ်ယောက်ကို တစ်မဲ မသတ်မှတ်ပဲ
ပိုက်ဆံ သုံးတိုင်း မဲ ထပ်ထပ်ပေးလို့ရအောင် လုပ်ထားတဲ့ လုပ်စား စနစ်ကြီးကို
မင်းတို့မို့ သဘောကျကြတယ် 🥴 )

ဒီတော့ ဝင် သတိပေးရတာပေါ့ …

🟧
ငါတို့ ဝင် သတိပေးတာ မြင်မိချိန်မှာ
မင်းတို့ ရှက်တတ်သေးရင် ကို မဆိုးပါဘူး …

ရှက်တတ်ပြီး ရှက်ရမ်းရမ်းရုံမဟုတ်ပဲ
ထိန်းသိမ်း ပြင်ဆင် နိုင်ရင်တော့ … အကောင်းဆုံးပေါ့ …

လူ ပီသ ကြစမ်းပါ ကွာ …

~ ကိုဇင်ဇေ

Facebook Post : https://www.facebook.com/100000576790914/posts/pfbid02NKW21dQAqbn4SyS89QnybWHrLfsoc3QuyUgC9f8yDWZByfpVKu7ejGmEYBHbNbRNl/?mibextid=SaVZm5


ပထမ ဆုံး စတင်ခဲ့တဲ့ Post

သိပ် အရေးကြီး နေတဲ့ မယ် ပြိုင်ပွဲ
( Miss Grand International ) ကို
ကျွန်တော်တို့
တော်၊လှန်၊ရေး ဘက်က လူတွေလည်း
ဝင် မန့် ပေးကြရအောင် …
( တော်၊၊လှန် အကောင့်နဲ့တော့ မန့်ပါ ၊
မန့်တဲ့ သူတွေကို လိုက်ဖမ်းဖို့ မြှောက်ပေးတာမျိုး
လုပ်ရင် လုပ်ကြဦးမှာကိုး )

ကျွန်တော် မန့်ပေးခဲ့တဲ့ ပုံနဲ့ စာကို ဒီ Post ရဲ့ ကွန်းမန့်မှာ ချပေးထားပါတယ် ။

နိုင်ငံတကာ ကို ပါ သိစေချင်တာမို့
AAPP က ရေးထားတဲ့ အင်္ဂလိပ်လို စာသားကိုပဲ
အညွှန်းစာသားနဲ့ ခေါင်းစဉ်လေး နည်းနည်းဖြည့်ပြီး မန့်ပေးထားလိုက်ပါတယ် ။

ဖြည့်စွက် ။
🟧
“မသိလို မသိငှား … ( ဒါမှမဟုတ် )
ကြိုးစား ပန်းစား လျစ်လျူရှုနေကြတဲ့ လူတွေ အတွက်ပါ” ဆိုပြီး …

အာဏာသိမ်းပြီး ကတည်းကနေ
ခုချိန်ထိ သေ-ဆုံး ၊ အကျဉ်းကျ ၊ သေဒဏ် ချခံထားရသူ အရေအတွက် တွေ ပါဝင်တဲ့
AAPP ရဲ့ စာသား တွေကို လိုက်မန့်ပေးလိုက်တာပါ ။

Facebook Post : https://www.facebook.com/100000576790914/posts/pfbid02dSnWeRYebHos9n7DHVyVT1e3Abq37tVYCPy1yWB1XLqseZuKGCazi6C3u4X7R28yl/?mibextid=SaVZm5

>>>

Just in case you don’t know …. ( or for some of you who are trying really hard to ignore … )

👉
“What’s happening in Myanmar”

( Updated 24 October 2023 )
Since the February 1, 2021 coup, a total of (4,155) people, including pro-democracy activists and civilians have been killed by the junta and pro-military groups during the Spring Revolution. In addition to the total fatality figure, AAPP has documented around (500) deceased persons whose names are unknown and still need to be verified.
Since the coup, a total of (25,337) people have been arrested by the junta in relation to its seizure of power, (19,616) are currently in detention, (7,826) of whom are serving sentences.

There are a total of (120) post-coup death row prisoners as of October 24, 2023. (119) people have been sentenced in absentia, of whom (43) have been sentenced to death. This makes a total of (163) people who have been sentenced to death. (5,721) people have already been released.
These are the numbers verified by AAPP. The actual numbers are likely much higher.

Source :
👉
https://www.facebook.com/100064413112571/posts/713264614163969/?mibextid=SaVZm5 👈



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


One response to “Post 85 – စကစ လော်ဘီတွေ အင်တိုက်အားတိုက် ဝိုင်းတွန်းခဲ့ကြတဲ့ မယ်ပြိုင်ပွဲ ( ကိုဇင်ဇေ )”

Leave a comment