Knowledge Warriors’ သတင်းတို စုစည်းမှု ( 5.12.2023 )
စစ်ရေး သတင်းများ စုစည်းမှု ( ၁၃ ပုဒ် )
နိုင်ငံရေး သတင်းများ စုစည်းမှု ( ၁၇ ပုဒ် )
စစ်ကောင်စီ ဘက်က သာမန်ပြည်သူကို ရည်ရွယ်/ရောနှော တိုက်ခိုက်သော သတင်းများစုစည်းမှု ( ၂ ပုဒ် )
🟧🟧🟧
စစ်ရေး သတင်းများ စုစည်းမှု ( ၁၃ ပုဒ် )
1.
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်တပ်စွဲနေကြောင်း ဒီးမော့ဆိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
(KhitThit)
5.12.2023 (Yesterday)
Ref> https://m.facebook.com/story.php?story_fbid=710465181181091&id=100066528465996&mibextid=Nif5oz
……
2.
သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မ ရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်၊
ဗဟန်းနှင့် သာကေတတွင်လည်း ဗုံးပေါက်ကွဲသံများကြားရ။
(KhitThit)
5.12.2023 (9:15AM)
Ref> https://m.facebook.com/story.php?story_fbid=710321414528801&id=100066528465996&mibextid=Nif5oz
……
3.
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army KRA အဖွဲ့ တာဝန်ခံက ပြောသည်။ ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
(People’s Spring)
5.12.2023 (10:10AM)
Ref> https://m.facebook.com/story.php?story_fbid=689370109928451&id=100065664033865&mibextid=Nif5oz
……
4.
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား ချင်းဒေသကာကွယ်ရေးတပ် (CDF)
မင်းတပ် ရဲဘော်များက ပြောက်ကျားတိုက်ခိုက်မှု လုပ်ဆောင်နေသကဲ့သို့ CDF မင်းတပ်အနေဖြင့် အခြားတော့ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းပြီးလည်းစစ်ကောင်စီတပ်ကို တိုက်ခိုက် လျက်ရှိနေသည်ဟု ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။
(People’s Spring)
5.12.2023 (10:55AM)
Ref> https://m.facebook.com/story.php?story_fbid=689359139929548&id=100065664033865&mibextid=Nif5oz
……
5.
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကန်စွန်းမနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တိုက်ခိုက်မှုကြောင့်
စစ်ကောင်စီတပ်သားများ ကျဆုံးမှုများနှင့် လက်နက်ခဲယမ်းရရှိမှုများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။
(People’s Spring)
5.12.2023 (11:10AM)
Ref> https://m.facebook.com/story.php?story_fbid=689345716597557&id=100065664033865&mibextid=Nif5oz
……
တနင်္သာမြို့နယ်၊ ထုံခါကျေးရွာရှိ စစ်ကောင်စီ အကျဥ်းစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော်သူးလေတပ်မတော် KTLA TCJF တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။
(People’s Spring)
5.12.2023 (11:35AM)
Ref> https://m.facebook.com/story.php?story_fbid=689335506598578&id=100065664033865&mibextid=Nif5oz
……
7.
ကိုးကန့်ဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှာ လေကြောင်းအားသာချက်ကိုသုံး၍ တန်ပြန် တိုက်ခိုက်သည်မှလွဲ၍ အခြားသောမြေပြင်မှစစ်ကူများ ကိုးကန့်ဒေသတွင်းသို့ မတိုးချဲ့နိုင်တော့ကြောင်း MNDAA က ယမန်နေ့ကထုတ်ပြန်။
(People’s Spring)
5.12.2023 (12:15PM)
Ref> https://m.facebook.com/story.php?story_fbid=689295529935909&id=100065664033865&mibextid=Nif5oz
……
8.
မုန်းမြို့သိမ်းတိုက်ပွဲတွင် လေယာဉ်ဖြင့် တပ်ကူလာသည့် စစ်ကောင်စီတပ် ခလရ ၈၄ မှ ဗိုလ်မှူးအဆင့်ရှိသူ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချအညံ့ခံ။
(AyeyarWaddy Times)
5.12.2023 (3:15PM)
Ref> https://m.facebook.com/story.php?story_fbid=679877444281278&id=100067770862498&mibextid=Nif5oz
……
9.
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ
ရဲတပ်ဖွဲများမှ ပြည်သူရင်ခွင်သို့ ခိုလှုံလာသည့် CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EROs) များ တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
(AyeyarWaddy Times)
5.12.2023 (3:30PM)
Ref> https://m.facebook.com/story.php?story_fbid=679872674281755&id=100067770862498&mibextid=Nif5oz
……
10.
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကနေ ရန်ကုန်မြို့ကို ကား ၇ စီးဖြင့်ထွက်ခွာလာတဲ့ အကြမ်းဖက်
စစ်ကောင်စီ တပ်မ (၄၄) ရဲ့ ရန်သူစစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရပါတယ်။ ရန်သူတပ်ဖွဲ့ရဲ့ ၃ ပွင့်၊ဗိုလ်ကြီး ၁ ဦးအပါအဝင် ရန်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ KYAIKHTO REVOLUTION FORCF (KRF) မှ ဒီဇင်ဘာ ၄ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထား။
(Public Voice Television)
5.12.2023 (4:10PM)
Ref> https://m.facebook.com/story.php?story_fbid=699356808956888&id=100066477263515&mibextid=Nif5oz
……
11.
မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းနဲ့ မဟာမိတ်တပ်ရင်းများပူးပေါင်းပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုကိုပြုလုပ်ခဲ့တယ်လို့ အမှတ်(၁)
စစ်ဒေသ၊မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းမှ ဒီဇင်ဘာ ၄ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
(Public Voice Television)
5.12.2023 (4:55PM)
Ref> https://m.facebook.com/story.php?story_fbid=699275895631646&id=100066477263515&mibextid=Nif5oz
……
12.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်နှင့် မူဆယ်မြို့နယ်တို့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်နေကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်က ပြောသည်။ လောက်ကိုင်မြို့
တောင်ဘက် တုန်းချိန်အနီးရှိ လေးမျက်နှာစေတီကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၃ ရက်မှစတင်ကာ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
(The Irrawaddy)
5.12.2023 (5:30PM)
Ref> https://m.facebook.com/story.php?story_fbid=751590857014104&id=100064895881172&mibextid=Nif5oz
……
13.
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပုလဲ
ဂန့်ဂေါကားလမ်းမဘေးရှိ ရေမျက်နီရဲကင်းစခန်းသိမ်းတိုက်ပွဲ ၂ ရက်ကြာတဲ့အထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်က မနက် ၈ နာရီကနေ ညနေ ၃ နာရီကျော်တဲ့အထိ လေကြောင်းပစ်ကူမှု ၃ ကြိမ်ထက်မနည်း စခန်းပတ်လည်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
(မြေလတ်အသံ)
5.12.2023 (6:30PM)
Ref> https://www.facebook.com/100064688198788/posts/748250274007906/?mibextid=Nif5oz
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
🟧🟧🟧
5.12.2023
နိုင်ငံရေး သတင်းများ စုစည်းမှု ( ၁၇ ပုဒ် )
1.
ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင်မြို့နယ်ထဲမှာ
၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူသုံးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU ဗဟိုက ဒီနေ့မှာ ဖော်ပြပါတယ်။ ကျေးရွာထဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျေးရွာ ၃၁ ရွာက ပြည်သူတွေ ထွက်ပြေးခဲ့ရတာလို့ KNU က ဆိုပါတယ်။
(People’s Spring)
5.12.2023 (9:30AM)
Ref> https://m.facebook.com/story.php?story_fbid=689400919925370&id=100065664033865&mibextid=Nif5oz
……
2.
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ Non CDM များ ဒီဇင်ဘာ ၂၄ရက် နောက်ဆုံးထား အလင်းဝင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြီးနောက် ၁၀၂ ဦး အလင်းဝင်ရောက်လာခဲ့သည်။
ယနေ့ (ဒီဇင်ဘာ၅ရက်) အထိ ပထမအကြိမ်တွင် Non CDM ၁၀၂ ဦးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(People’s Spring)
5.12.2023 (9:55AM)
Ref> https://m.facebook.com/story.php?story_fbid=689396996592429&id=100065664033865&mibextid=Nif5oz
……
3.
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ပြန်လာသော စစ်ဘေးရှောင်ပြည်သူအချို့အား မန္တလေးတိုင်း မိတ္ထီလာမြို့တွင် စစ်အုပ်စုက ယာဥ်စစ်ဆေးမှုအကြောင်းပြပြီး ဖမ်းဆီးငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။လောက်ကိုင်မြို့မှပြန်လာသည့် စစ်ရှောင်ပြည်သူ များသည် ကိုးကန့်ဒေသတွင်းနှင့် လားရှိုးမြို့များအပါအဝင် လမ်းတလျှောက်၌ စစ်ကောင်စီဂိတ်များက ဖုန်းများသိမ်းယူခြင်း၊ ပိုက်ဆံတောင်းခြင်းများ ကြုံတွေ့ခဲ့ရကြောင်း စစ်ရှောင်ပြည်သူများထံမှ
သိရသည်။
(People’s Spring)
5.12.2023 (11:50AM)
Ref> https://m.facebook.com/story.php?story_fbid=689312919934170&id=100065664033865&mibextid=Nif5oz
……
4.
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ နောက်ဆုံးလက်ကျန်အထူးအယူခံအမှု ခုနစ်မှုကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
(Mizzima)
5.12.2023 (12:50PM)
Ref> https://m.facebook.com/story.php?story_fbid=684646357142959&id=100067928020493&mibextid=Nif5oz
……
5.
စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများ ၀န်ပိုထမ်းနေရသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နို၀င်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ အိမ်နီးချင်းနိုင်ငံများ၏ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင် ကြောင်း၊ ၎င်းတို့၏ သဘောထားများကိုလည်း ဆန်းစစ်လေ့လာနေရန် အစိုးရအဖွဲ့ကို ယာယီသမ္မတက ပြောသည်။
(Mizzima)
5.12.2023 (1:00PM)
Ref> https://m.facebook.com/story.php?story_fbid=684627250478203&id=100067928020493&mibextid=Nif5oz
……
6.
နိုင်ငံအနှံ့တိုက်ပွဲဖြစ်ပွားမှုများပိုမိုကျယ်ပြန့်လာချိန်တွင် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ
၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့်
စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုလာသည်။
လက်နက်ကိုင်အဖွဲ့များကို မိုက်တွင်းနက်နေ
ကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝေဖန်ခဲ့ပြီး ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက အဆိုပါ ဒဏ်ကို ဒေသရှိပြည်သူများကသာခံစားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
(Mizzima)
5.12.2023 (1:35PM)
Ref> https://m.facebook.com/story.php?story_fbid=684613563812905&id=100067928020493&mibextid=Nif5oz
……
7.
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေး ၁၀၂၇ တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေကြောင်း BPLA တာဝန်ခံ မောင်ဆောင်းခက မဇ္ဈိမကို ပြောသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အပစ်စဉ် (၆) ခုမြောက်အတွက် သင်တန်းသားသစ်များ ခေါ်ယူနေခြင်းဖြစ်ပြီး သင်တန်းကာလ အနည်းဆုံး သုံးလဝန်းကျင် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(Mizzima)
5.12.2023 (1:50AM)
Ref> https://m.facebook.com/story.php?story_fbid=684583117149283&id=100067928020493&mibextid=Nif5oz
……
8.
KNDF ဒုစစ်ဦးစီးချုပ် မာဝီ ကို ၁၁.၁၁ စစ်ဆင်ရေးအတွင်း စိုးရိမ်ဒဏ်ရာ ရထားကြောင်း သတင်းမှားဖြန့်၊ သတင်းဟာ ရုပ်သံဖိုင်အဟောင်းနဲ့ ဖြန့်ဝေထားတဲ သတင်းမှားဖြစ်ပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ မာဝီကိုယ်တိုင် ပြောပါတယ်။
(Mizzima)
5.12.2023 (2:10PM)
Ref> https://m.facebook.com/story.php?story_fbid=684543803819881&id=100067928020493&mibextid=Nif5oz
……
9.
မြန်မာပဋိပက္ခမှာ ပိတ်မိနေတဲ့ နိုင်ငံသား ၃၃၈ ဦးကို ဗီယက်နမ် ကယ်ထုတ်။
(ဧရာဝတီတိုင်းမ်)
5.12.2023 (2:55PM)
Ref> https://m.facebook.com/story.php?story_fbid=679896394279383&id=100067770862498&mibextid=Nif5oz
……
10.
ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဝင်းအတွင်း
နေထိုင်သူက PDF အသွင်ဆောင်၍ PDF သတင်းများကို စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ သတင်းရောင်း၊ အသက် ၂၂ နှစ်ဝန်းကျင်ရှိ
ကိုဥက္ကာဆိုသူဖြစ်ပြီး ပြင်ဦးလွင်မြို့ DSA စစ်တက္ကသိုလ်ဝင်းအတွင်း နေထိုင်သူဖြစ်ကာ ၎င်း၏ ဖခင်ဖြစ်သူမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး ဝင်းရှိန် ဖြစ်ကြောင်း တပ်တွင်သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
(AyeyarWaddy Times)
5.12.2023 (3:55PM)
Ref> https://m.facebook.com/story.php?story_fbid=679566120979077&id=100067770862498&mibextid=Nif5oz
……
11.
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ထွေအုပ်အရာရှိ
၄ ဦးကို ရက္ခိုင့်တပ်တော် (အေအေ) ဖမ်းဆီးပြီးနောက် မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ သေနတ်တွေနဲ့ အဆက်မပြတ်
ပစ်ဖောက်နေပြီး မြို့ခံတွေကို ဖမ်းဆီးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
(DVB)
5.12.2023 (5:15PM)
Ref> https://m.facebook.com/story.php?story_fbid=747804684044577&id=100064451569209&mibextid=Nif5oz
……
12.
ကရင်ပြည်နယ် ကရင်လူငယ်များက ဦးဆောင်ပြီး ကရင်လူငယ် တွေ့ဆုံဆွေးနွေးပွဲ (Karen Youth Consultation) တစ်ရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဌာနချုပ် မူအေပူမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ကရင်လူငယ်အစည်းအရုံး (KYO) အပါအဝင် ကရင်လူငယ်အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့က လူငယ်ခေါင်းဆောင် ၈၅ ဦး တက်ရောက်ခဲ့ပြီး KNU ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောလှထွန်း၊ ကော်မတီဝင် ပဒိုစောကလယ်စေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုပိုပိုထူးအောင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)က စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေတို့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
(Burma VJ)
5.12.2023 (5:50PM)
Ref> https://www.facebook.com/100064760958738/posts/744595104375848/?mibextid=Nif5oz
……
13.
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွှေရင်အေးကျေးရွာမှာ ဒီဇင်ဘာ ၄ ရက်ညက လက်နက်ကြီးကျပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် ဒေသခံရွာသား ၄ ဦး ဒဏ်ရာရကာ ရွာသားတွေကို ၂၄ နာရီအတွင်း ရွာကထွက်သွားဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားကြောင်း အဲဒီကျေးရွာသားတွေက ပြောပါတယ်။
(DVB)
5.12.2023 (6:15PM)
Ref> https://www.facebook.com/100064451569209/posts/747826660709046/?mibextid=Nif5oz
……
14.
မွန်ပြည်နယ်၊ ရန်ကုန် မော်လမြိုင် အာရှကားလမ်းမပိုင်းကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်၍ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။ အဆိုပါ ကားလမ်းမပိုင်းရှိ လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။
(AyeyarWaddy Times)
5.12.2023 (6:55PM)
Ref> https://www.facebook.com/100067770862498/posts/679959174273105/?mibextid=Nif5oz
……
15.
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်၀န်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၃၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူများသည် PDF များဖြစ်သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထားပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများကတော့ ဖမ်းဆီးခံရသူများမှာ အရပ်သားဒေသခံများသာဖြစ်ကြောင်း ပြောဆိုသည်။
(Mizzima)
5.12.2023 (7:10PM)
Ref> https://www.facebook.com/100067928020493/posts/684717347135860/?mibextid=Nif5oz
……
16.
စစ်ကောင်စီကဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်မပြုခဲ့ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။
(Mizzima)
5.12.2023 (7:35PM)
Ref> https://www.facebook.com/100067928020493/posts/684723810468547/?mibextid=Nif5oz
……
17.
နိုင်ငံခြားငွေရရှိမှုနည်းပါးနေကာ အသုံးစရိတ်လိုအပ်သောစစ်ကောင်စီက အများပြည်သူများထံမှ အခွန်ရရှိရေးအတွက် နယ်ပယ်အလိုက် အခွန်တိုးချဲ့ ကောက်မည်ဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့ကပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား။
(AyeyarWaddy Times)
5.12.2023 (7:55PM)
Ref> https://www.facebook.com/photo.php?fbid=680015300934159&set=a.583120797290277&type=3&mibextid=Nif5oz
🟧🟧🟧
5.12.2023
စစ်ကောင်စီ ဘက်က သာမန်ပြည်သူကို
ရည်ရွယ်/ရောနှော တိုက်ခိုက်သော သတင်းများစုစည်းမှု ( ၂ ပုဒ် )
1.
ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က နေအိမ်များကို ပစ်မှတ်ထား ဗုံးကျဲနေ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ။
(KhitThit)
5.12.2023 (8:10AM)
Ref> https://m.facebook.com/story.php?story_fbid=710445694516373&id=100066528465996&mibextid=Nif5oz
……
2.
ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၃၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ။
(KhitThit)
5.12.2023 (8:55AM)
Ref> https://m.facebook.com/story.php?story_fbid=710424317851844&id=100066528465996&mibextid=Nif5oz
🟧🟧🟧
ဒီ ( Knowledge Warriors’ သတင်းတို စုစည်းမှု ) အစီအစဉ် မှာ
တော်လှန်ရေး နဲ့ ပက်သက်တဲ့ သတင်း တွေကို စုစည်းပြီး
အကျဉ်းချုံး ပြန်လည် မျှဝေပေးဖို့ ရည်ရွယ်ပါတယ် …
👉 သတင်း ပြတ်နေတဲ့ ရဲဘော်တွေ
အချိန်တို အတွင်း သတင်း တွေ ပြန်လိုက်နိုင်အောင် …
👉 အင်တာနက် မရတော့တဲ့ ဒေသတွေက မိတ်ဆွေတွေကို
သတင်းတွေ လှမ်းပြောပြချင်တဲ့ သူတွေ လည်း
လိုတိုရှင်း ပြောပြရာမှာ ကိုးကားနိုင်အောင် …
ဒီလို စီစဉ် ပေးဖြစ်တာပါ ။
👉 အချိန်တိုအတွင်း
သတင်း / အယူအဆများများ
ခြုံဖတ်ချင်တဲ့
( လိုအပ်ရင် မူရင်းကိုပါ
တစ်ခါတည်း သွားလေ့လာချင်တဲ့ )
ပြည်သူတွေ အတွက်လည်း ရည်ရွယ်ပါတယ် ။
Facebook မှာ ဆိုရင်တော့
ဒီ Page ( 👉 https://www.facebook.com/KnowledgeWarriors.mm 👈 ) မှာ
နေ့စဉ် ည ၈ နာရီ ဝန်းကျင် မှာ တင်ပေးနေပါတယ် ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်