ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • “တော်လှန်ခရီးသည်” ( ကို တေဇာဆန်း )

    “တော်လှန်ခရီးသည်” အောင်စိတ်နဲ့ချီတက်တဲ့ ခရီးဟာ အောင်ဖို့ ခရီး၊ အောင်ပွဲခရီးပဲ။ ဒီမှာဆိုလိုတဲ့ အောင်စိတ်ဆိုတာကဒီတော်လှန်ခရီး ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ကြာမြင့်ပါ‌စေ၊မဖြစ်မနေ အဆုံးထိ လျှောက်မယ်။အာဏာရှင်စနစ် ပျက်သုဉ်းသည်ထိ၊ ခရီးဆုံးပန်းတိုင် ရောက်သည်ထိ လျှောက်မယ်၊နိုင်သည်အထိ တိုက်မယ်၊ဒါ့အပြင် ဒီပွဲဟာ ငါတို့ မုချ နိုင်လည်း နိုင်မယ့်ပွဲဆိုတာကိုခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်တဲ့စိတ်ပဲ။ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။ အရေးတော်ပုံ အောင်ရမည်။

    Read more

  • သို့ . . . တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် ( ကို တေဇာဆန်း )

    အခုချိန်မှာ ကျနော်တို့ မြန်မာပြည်သူတွေအနေနဲ့အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကို အထူးတိုက်တွန်း၊ အသိပေးလိုတာ ရှိလာပါတယ်။ ဒါကတော့ တရုတ်အစိုးရအနေနဲ့မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အထူးအလေးထားဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို လုံးဝ ကိုယ်စားမပြုပါဘူး။ မင်းအောင်လှိုင်ဟာ မြန်မာ့ခေါင်းဆောင် လုံးဝ မဟုတ်ပါဘူး။ဒင်းတို့ဟာ စစ်ရာဇဝတ်ကောင်တွေ၊ ဖက်ဆစ်အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်သွားရမယ့်အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတွေခေတ်မှာပဲ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာအပြောမဟုတ်ဘဲ လက်တွေ့ကျကျ ကောင်းမွန်ခဲ့ကြတယ်။ အစိုးရချင်းသာမက နှစ်နိုင်ငံ ပြည်သူ-ပြည်သူချင်းပါအပြန်အလှန် ချစ်ကြည်ရင်းနှီးခဲ့ကြတဲ့ သာဓကကောင်းများစွာ ရှိပါတယ်။တရုတ်-မြန်မာ နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဆိုတာ ဒီအကြမ်းဖက် စစ်အုပ်စုနဲ့တော့ ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။…

    Read more

  • ဗုံးခိုကျင်း ( တော်လှန်ရေဘဲ )

    ဗုံးခိုကျင်း… … … …(For Public Safety Knowledge Sharing)ခုတလော ဗုံးအရမ်းကျဲနေတာရော.. လိုင်းပေါ်မှာတင်တဲ့ဗုံးခိုကျင်းပုံတွေက လိုအပ်ချက်ရှိနေတာကြောင့်ရော ရေးပါတယ်.. လေကြောင်းရန်ကာကွယ်ရေးအတွက် Brief Report အသေးလေး အရင်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ…ပထမဆုံး ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲ ဆိုတာ အရင် ဆုံးဖြတ်ရပါမယ်.. ဗုံးဘေးမှာကျရင် မသေအောင်ဆိုရင်တော့ အမိုးအကာသိပ်အမာကြီးလုပ်ဖို့မလိုဘဲကျင်းသာပီပီပြင်ပြင်တူးဖို့ လိုပါတယ်…ကိုယ့်တစ်ရပ်လောက်ဆို လုံလောက်ပါတယ်… ဗုံးတည့်တည့်ကျတာကိုခံနိုင်အောင်အထိ ဆိုရင်တော့ သေချာလုပ်ရပါမယ်..အကောင်းဆုံးကတော့ သံကူကွန်ကရစ်ပါ..စက်အမြောက်ဒဏ်လောက်ဆို သံကူကွန်ကရစ် ၁ ပေ ထူဖို့လိုပါတယ်..မြေကျစ်ဆိုရင် ၄ ပေ ထူဖို့လိုပါတယ်…(လက်နက်ငယ်.. RPG.. ၄၀/၆၀ ဗုံးသီးတွေက အရည်အသွေးကောင်းတဲ့ကွန်ကရစ် ၁ ပေကို မဖောက်ပါ)ဒီအမျိုးအစားကိုပဲတတ်နိုင်ကြတာများပါတယ်..ဒီအမျိုးအစားဟာ အရည်အသွေးကောင်းအောင်လုပ်ပြီး မြေတွေ ကျောက်တွေ သစ်တွေ အပေါ်မှာထပ်ပိုးဖုံးထားရင် ဗုံးဒဏ်တောင် အထိုက်အလျောက် ခံနိုင်ပါတယ်…ဘန်ကာအနေနဲ့လဲ သုံးနိုင်ပါတယ်.. ပေါင်…

    Read more

  • နေပူကျဲမှာ ရေခဲပန်းပု ထုသလို ( ဦးမင်းကိုနိုင် )

    မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှု နေပူထဲတွင် ရေခဲပန်းပု ထုသလိုဖြစ်နေပြီး အရေးယူမည့် ယန္တရား မရှိ၍ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟု ဦးမင်းကိုနိုင်ပြော “လွယ်သလား ခက်သလားရာမ အာဏာလုသိမ်းပြီး ခုတော့ထင်သလိုလွယ်ရဲ့လား” ဟု မင်းအောင်လှိုင်နှင့်စစ်တပ်ကို မေးခွန်းထုတ် ရန်ကုန်၊ မေ ၁၀ မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှုသည် နေပူထဲတွင် ရေခဲ ပန်းပု ထု သကဲ့သို့ အရာမထင် ဖြစ်နေပြီး အရေးယူမည့် ယန္တရားမရှိ၍ မည်သည့် ထိရောက်မှုမှ မရှိနိုင်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ မေလ ၉ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပလျက်ရှိပြီး ယင်းအစည်းအဝေးများတွင် မြန်မာ့အရေး ဖြေရှင်းရန် အချက်က…

    Read more

  • ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ ( ဦးမင်းကိုနိုင် )

    “ပြည်သူလူထုရဲ့ ကြွေးကြော်သံက နောက်တစ်ခုကျန်သေးတယ်လေ။မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ ဒါလည်းသိပ်ပြီးတော့ မှန်တယ်။ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ။ ပုဂ္ဂိုလ်ကို ပြောတာမဟုတ်ဘူးဗျ။ တရားဗျ။ တရားစီရင်ဖို့ကျန်တယ်ဆိုတာကို ပြောတာ။ ပြည်သူဆီမှာ အဲဒီ အမှန်တရားကို စီရင်ခွင့်ရှိရမယ်။ ဒီအလှည့်ကျန်သေးတယ်” By ရန်ကုန်ခေတ်သစ်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ရာ ၂ နှစ်ကျော်ကာလတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စစ် တပ် က လေ ကြောင်း ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုး သမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကလေးငယ်များ ပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများ…

    Read more

  • မိန်းမပျိုလေး ကနေပြီ— 🇨🇳 🇮🇳🇹🇭 ( မရွှေမိုး-ကိုရီးယား )

    မိန်းမပျိုလေး ကနေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယက ကွန်ဂရက်ပါတီအကြောင်းနဲ့ စ ရပါမယ်—ကွန်ဂရက်ပါတီကို မြန်မာပြည်သူလူထုရဲ့မိတ်ဆွေလို့ ပြောနိုင်ပါတယ်။ ကွန်ဂရက်ပါတီ (Indian Congress party— INC) ဖြစ်လာဖို့ အစပျိုးခဲ့သူကတော့ ‘မဟတ္တမ ဂန္ဒီ’ပါ။ ဗိုလ်ချုပ်အောင်ဆန်း သေနတ်နဲ့ အလုပ်ကြံခံရပြီး နောက်တစ်နှစ် ၁၉၄၈ မှာ မဟတ္တမ ဂန္ဒီလည်း သေနတ်နဲ့ လုပ်ကြံခံရတယ်။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသူက ဂျဝါဟာလာနေရူး— သူက ‘မဟတ္တမ ဂန္ဒီ’ ကို အားကျလေးစားပြီး လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့သူ၊ သူကလည်း ကွန်ဂရက်ပါတီကပဲ..။ နေရူးက သခင်အောင်ဆန်း၊ သခင်နုတို့ နဲ့အလွန်ရင်းနှီးပါတယ်။ သူတို့ လွတ်လပ်ရေးအတူကြိုးပမ်းခဲ့တယ်၊ ဒီမိုကရေစီ တကယ်ယုံကြည်ကြတယ်။ 🇨🇳 🇮🇳🇹🇭…

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?