ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
Post 78 – အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ ( ဉာဏဗလ )
“အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ” ဒီတစ်ခါတော့ Nayattu ဆိုတဲ့ ရုပ်ရှင်အကြောင်း ပြောပြချင်ပါတယ်။ အိန္ဒိယဇာတ်ကား။ ကြည့်ပျော်ရှုပျော် လှလှပပတွေ မပါဘူး။ ဒါပေမဲ့ တွေးစရာတွေတော့ အများကြီး ရစေလိမ့်မယ်။ မရည်ရွယ်ဘဲနဲ့ တရားခံပြေး ဖြစ်သွားတဲ့ ရဲ ၃ ယောက်ရဲ့ အကြောင်းပါ။ အဲဒီမြို့မှာ လူဆိုးခေါင်းဆောင်တစ်ယောက် ရှိတယ်။ ရွေးကောက်ပွဲလုပ်ရင် သူ့ရဲ့ ထောက်ခံမှုရမှ ဒီမြို့မှာ ဒီပါတီက အနိုင်ရမှာဆိုတော့ အမတ်တွေ၊ ဝန်ကြီးတွေကအစ သူ့ကို မထိရဲကြဘူး။ တစ်ရက်တော့ ဒီအထာတွေ သိပ်မနပ်သေးတဲ့ ရဲတစ်ယောက်က ဒီလူ့ကို ဖမ်းလာတယ်။ အချုပ်ထဲ ထည့်တယ်။ အကောင်ဆိုတော့ နောက်တော့လည်း ပြန်လွှတ်ပေးလိုက်ရတာပေါ့လေ။ ဒါပေမဲ့ ရန်စတော့ ရှိသွားတာပေါ့။ ဖြစ်ချင်တော့ တစ်ညမှာ ခုနက ရဲအပါအဝင် ၃
-
Post 77 – ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ( ကိုတေဇာစန်း )
ဖက်ဆစ်၀င်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ကလေးမြို့ ပင်မသပိတ်အင်အားစု ကလေးဒေသ လူထုတိုက်ပွဲရဲဘော်များဟာ ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲနဲ့ပတ်သတ်ပြီး ပြည်သူလူထုအကြား ပိုမို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိကြစေဖို့၊ ပူးပေါင်းပါဝင်ကြစေဖို့ စည်းရုံးဟောပြောမှုတွေကို ဆက်တိုက်ဆောင်ရွက်နေကြပါတယ်။ Photos Credit to Original Sources လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။ ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း
-
Post 76 – ထုံပေပေနှလုံးသားနဲ့လူ ( လင်းနစ် )
တော်လှန် ဂီတ အနုပညာသမား တစ်ယောက် ဖြစ်တဲ့ ကိုလင်းနစ် ရဲ့ သီချင်း အသစ်လေးကိုနားထောင်ကြည့်စေချင်လို့ တင်ပေးလိုက်ပါတယ် ။ ထုံပေပေနှလုံးသားနဲ့လူ ❤️🩹 တစ်စုံတစ်ယောက်ကို နောက်ထပ်ချစ်ဖို့မလိုချင်တော့ဘူး ❤️🩹 တစ်စုံတစ်ယောက်ကို မုန်းတီးရင်းနဲ့မပူလောင်ချင်ဘူး ❤️🩹 ခံစားချက်များအေးခဲ နာကျင်တာမသိဘူး ❤️🩹 ဒီဘဝကို ငြီးငွေ့စိတ်ပျက် ရှင်သန်နေသူ CHO:[ ထုံပေပေနှလုံးသားနဲ့လူ ထုံပေပေနှလုံးသားနဲ့လူ အရာရာကိုအရှုံးပေးထားနှင့်သူ ယုံကြည်ရာမဲ့ လမ်းပျောက်နေခဲ့သူ ] ❤️🩹 မျှော်လင့်ချက်များပြည့်လည်း မပျော်ရွှင်တော့ဘူး ❤️🩹 အို..ရှုံးနိမ့်ခြင်းများအတွက် ငိုမနေတော့ဘူး ❤️🩹 ကိုယ်နားမလည်ခြင်း
-
Post 75 – ကိုယ့်ကိုယ်ကိုယ် လေးစားမှု ( ဒေါက်တာ ဖြိုးသီဟ )
🔳 တော်လှန်ရေးမှာ ပါဝင်ဖို့ဆိုတာ ရွေးချယ်ခွင့် မဟုတ်ဘူး။ တာဝန်ဖြစ်တယ်။ PRF ရဲ့ tagline အတိုင်း ပြောရရင်ပေါ့။ ဘာလို့ဆိုတော့ မနိုင်ရင်လည်း ဒုက္ခရောက်ကြမှာချင်း တူသလို၊ နိုင်သွားရင်လည်း ခု နေသာသလို နေနေတဲ့သူတွေက ဝင်မခံစားဘဲ နေမှာမဟုတ်ဘူး။ အဲဒီလိုလည်း နေလို့ မရသလို၊ နေလည်း မနေစေချင်ဘူး။ ဒီတိုင်းပြည်နယ်နိမိတ်အတွင်း ရှိနေပြီး ဒီနိုင်ငံသား ဖြစ်နေမှတော့ ကောင်းအတူ ဆိုးအတူပဲ။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတုန်းမှာ ပါဝင်ဖို့ဟာ တာဝန်ဖြစ်တယ်လို့ ပြောတာ။ 🔳 အဲဒီမှာမှ လူသိများ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ Social Influencer စတဲ့ Public Figure တွေကတော့ ပိုအရေးကြီးတယ်။ လူထုကလည်း ပိုမျှော်လင့်သလို၊ သူတို့ရဲ့
-
Post 74 – ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ် ( ဉာဏဗလ )
“ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ်” 🔳 တိုင်းပြည်အခြေအနေက စစ်ဖြစ်နေတဲ့အချိန် ဆိုတော့လည်း ရုပ်ရှင်ကြည့်ရင် စစ်ကားတွေ ပိုအကြည့်များလာတယ်။ စစ်ရဲ့ အနိဌာရုံတွေ မြင်ရသလို၊ စစ်ပွဲတွင်းက စိတ်ဓါတ်ကြံ့ခိုင်မှုတွေကိုလည်း အတုယူရတယ်။ တခြားသမိုင်းသင်ခန်းစာ ယူစရာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ Hacksaw Ridge ဆိုတဲ့ ဇာတ်ကားအကြောင်း ပြောပြချင်တယ်။ 🔳 ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ရတဲ့ မင်းသားကြီး မဲလ်ဂစ်ဆင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာ ဆိုတော့ ပိုစိတ်ဝင်စားမိတယ်။ နောက်ပြီး တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတာ။ စစ်ကားဖြစ်တဲ့အပြင် Biographical Film ဆိုတော့ မကြည့်ဘဲနဲ့ကို မနေနိုင်တော့ဘူး။ ကြည့်ရကျိုးလည်း နပ်ခဲ့ပါတယ်။ သေနတ်မှန်လို့၊ ဗုံးထိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားတာတွေကို ရိုက်ပြထားတာမှ ရှင်းလွန်းလို့
-
Post 73 _ ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ ( ဉာဏဗလ )
“ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ” 🔳 Black Mirror ဆိုတဲ့ Sci-Fi Series က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရှေ့မှာလည်း တစ်ပုဒ်ရေးခဲ့ဖူးတယ်။ သူက တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုစီပဲ။ အဆက်အစပ် မရှိဘူး။ ဇာတ်လမ်းတွဲ အရှည်ကြီးတွေလို မဟုတ်ဘူး။ အင်မတန် တိုးတက်လာတဲ့ နည်းပညာရဲ့ နောင်အနာဂတ်မှာ လူသားတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကို စိတ်ကူးကောင်းကောင်းနဲ့ ရိုက်ပြထားတာ။ ဟိုရက်ကလည်း Cost of Living ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖြစ်တယ်။ ၁၉၅၀ ကျော်လောက်က စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေကို ရေးခဲ့တဲ့ Robert Scheckely ရဲ့ လက်ရာကောင်းတစ်ခု။ ခုကာလနဲ့ တွက်ရင် နှစ် ၇၀ ဝန်းကျင်ရှိပြီ။
NEWSLETTER
We’ll work on it. Maybe?