ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
စစ်အတွင်းက အမျိုးသမီးများ ( ဉာဏဗလ )
“စစ်အတွင်းက အမျိုးသမီးများ” 🔳 Women at War ဆိုတဲ့ ပြင်သစ်ဇာတ်လမ်းတွဲကို ကြည့်ရင်း လက်ရှိ ကျွန်တော်တို့တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့လည်း ချိန်ထိုးပြီးတော့ စဉ်းစားကြည့်မိတယ်။ (Mini-series လို့ ပြောရမယ်။ အပိုင်း ၈ ပိုင်းပဲ ပါပါတယ်။) အဓိကဇာတ်ဆောင် အမျိုးသမီး ၄ ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာ။ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်ပြည်မှာ မတူကွဲပြားတဲ့ ဘဝတွေနဲ့ ရှင်သန်ရပ်တည်ရင်း စစ်အတွင်းမှာ ပါဝင်ဖြစ်ခဲ့ကြတဲ့သူတွေပေါ့။ စစ်ရဲ့ အနိဌာရုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ ဒီကြားထဲကမှ သူတို့ရဲ့ ရုန်းကန်မှုတွေကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ 🔳 ပထမတစ်ဦးက ပြည့်တန်ဆာ အမျိုးသမီး။ သူ့သားကလေးနဲ့ ဟိုးငယ်ငယ်ကတည်းက ကွဲသွားတယ်။ အခု ရှေ့တန်းမှာ စစ်သားအဖြစ် ရှိနေတာ သတင်းရလို့
-
ငယ်ဘဝက ဆင်းရဲခဲ့ရင် ( ဒေါက်တာ ဖြိုးသီဟ )
“ငယ်ဘဝက ဆင်းရဲခဲ့ရင်” 🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။ 📌 ၁။ သိမ်ငယ်စိတ် အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။ အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက
-
ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )
သင်္ခေပ နုမောဒနာတရားတော်မြတ်ဟူသည်ကား – (၁) မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့။ Not to do any sin or any evil. (၂) ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ To do good. (၃) မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ။ To purify one mind. လက်သုံးချောင်းဆရာတော် လို့ နာမည်ကြီးသွားတဲ့ “ကျောက်မဲဆရာတော်” ရဲ့ တရား။ ဖျာတန်းကို မီးဟုန်းဟုန်း ထစေသော တရား။ “ကုသိုလ်တော် ဘုရား” ကို ပုံတူကူးချပြီး “အကုသိုလ် ဘုရား” တည်လိုက်တဲ့ “အဆစ်တို” လက်အုပ်မချီနိုင်၊ သာဓုမခေါ်နိုင်ပဲ ကြက်လည်လိမ်သလို ဖြစ်သွားစေတဲ့ တရား။ အဆစ်တို ရဲ့ ဘုရားက ထူးခြားတယ်။ နိုင်ငံသားတွေ ကိုယ်တိုင်တောင် ဝင်ကြေးပေးပြီးမှ
-
လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )
“လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ်” ◽️The Best of Enemies တဲ့။ သိပ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့သူတွေ၊ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ထားတဲ့ ကားတွေဆို သိပ်သဘောကျတယ်။ ဒီဇာတ်ကားက အဲဒီလိုပဲ။ လူဖြူ – လူမည်း ပြဿနာ ဖြစ်ကြရင်း နောက်ပိုင်းမှာ တစ်သက်တာ မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ လူဖြူအမျိုးသားနဲ့ လူမည်းအမျိုးသမီးတို့ရဲ့ ဇာတ်လမ်း။ ◽️အမေရိကန် ပြည်တွင်းစစ်အကြောင်း သိကြမယ် ထင်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ မြောက်ပိုင်းနဲ့ ဆက်ထားထားချင်တဲ့ တောင်ပိုင်းနဲ့ တိုက်ကြတာ။ မြောက်ပိုင်းက အနိုင်ရသွားတယ်။ ကျွန်စနစ်လည်း ချုပ်ငြိမ်းသွားတယ်။ သို့သော် ဒါမျိုးက Social change ဖြစ်တယ်။ ဥပဒေအရ ဖျက်သိမ်းလိုက်ပါပြီ ဆိုတိုင်း အကုန်လုံး
-
သတင်းတို စုစည်းမှု ( ၈-၈-၂၀၂၃ )
Knowledge Warriors Page 👈 မှာတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီးည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။Page link 👉 https://www.facebook.com/knowledgewarriors.mm/ ၁။သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီး ညနေ ၃ နာရီ ဝန်းကျင်အထိ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိထားကြောင်း SSPP က ထုတ်ပြန်ထားသည်။(KhitThit) 8.8.2023 (Yesterday)Ref>https://www.facebook.com/100066528465996/posts/644733171087626/?mibextid=Nif5oz ၂။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဘက်သို့
-
ခွေးတွေ ခွေးဖြစ်စေဖို့ လမ်းအားလုံး နေပြည်တော်သို့ ( ပန်ဆယ်လို )
ပြီးခဲ့တဲ့နှစ်က ရန်ကုန်ထဲမှာ ဒက်ဒက် ဒက်ဒက်တွေ အဖြစ်များနေတုန်းကUG မောင်လေး အချို့နဲ့ စကားပြောဖြစ်တယ်။ဒီလို ခွေးကင်းတွေကို ဝင်ဒက်ဒက်တာကပြည်သူတွေအတွက် မိုတီအနေနဲ့ကတော့ အရမ်းကောင်းတယ်။ အက်ရှင်ကား ကြိုက်ကြတဲ့ အချိန်ကိုး။ ဒါပေမယ့် ဒီလို ခွေးကင်းက လေးတန်းမအောင် ကုန်းတံတားနား ကော်ရှူနေရင်း ပေါ်တာမိလို့စစ်ထဲရောက်လာတဲ့ ကောင်စားမျိုးတွေကို ဝင်ဒက်ဒက်တာကခွေးကြီးတွေအတွက် ထမင်းစားတောင် မပျက်ဘူးလို့။ဒါမျိုးကောင်တွေ ဘယ်နှကောင်ယူမလဲ ပြန်မေးမှာလို့။ ဒီခွေးလောကရဲ့ ဥပဒေသက ရှင်းရှင်းလေးပဲ။သူတို့ထိုင်ခုံမလှုပ်သရွေ့ အောက်ခြေခွေးတွေ ဘာဖြစ်နေနေ အေးဆေးပဲ။ဒါကြောင့် ဒီကောင်တွေကို တုန်လှုပ်စေမယ့် ပစ်မှတ်တွေကို Target ထားရမယ်လို့။ ဒါဆိုရင်တော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ် အမရေတဲ့။ သူပြောတာလည်းမှန်တာကိုး။ နေပြည်တော်ဆိုတာက ခွေးလောကရဲ့ လွတ်မြောက်နယ်မြေ ဖြစ်နေတာကိုး။မနှစ်က ဒီအချိန်မှာတော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ်ဆိုတာ ရွဲ့တဲ့တဲ့စကား ဆန်တယ်။
NEWSLETTER
We’ll work on it. Maybe?