ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့ ( ဉာဏဗလ )

    “ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့” ခုပြောမဲ့ဇာတ်ကားက ကိုယ့်အရွယ်နဲ့ဆို မကြည့်သင့်တဲ့ကားလို့ တချို့က ပြောကြမယ်။ တကယ်တော့ ကလေးက သူ့အသက်နဲ့ မကိုက်သေးတဲ့ ဇာတ်လမ်းမျိုးသာ မကြည့်သင့်တာပါ။ အရွယ်ရောက်ပြီးသား လူကတော့ ကလေးတွေ ကြည့်တဲ့ဇာတ်ကားမျိုး မကြည့်ရဘူးလို့ မရှိပါဘူး။ တစ်ခါတလေတော့လည်း ဘဝက မွန်းကြပ်ပါတယ်။ လူအမျိုးမျိုးနဲ့ တွေ့ကြုံရ၊ ပတ်သက်ရတယ်။ လူယုတ်မာတွေ၊ လူလိမ်တွေဆို ကိုယ်တိုင် ကြုံတာ မပြောနဲ့၊ သူများပြန်ပြောတာ ကြားရုံနဲ့ကို စိတ်ကုန်တယ်။ အခု တစ်တိုင်းပြည်လုံး ဒုက္ခကြုံနေရတာလည်း လူယုတ်မာတွေ၊ တစ်ဖို့တည်းသမားတွေကြောင့်ပဲမို့လား။ သူတို့တင်လားဆိုတော့ မဟုတ်ဘူး။ ဒီလူတွေကို တော်လှန်နေပါတယ် ဆိုတဲ့သူတွေထဲမှာလည်း အရောင်ကိုယ်စီနဲ့။ တစ်ခါ တစ်ခါဆို လောကကြီးကိုတောင် စိတ်ကုန်လာမိတယ်။ လူတွေနဲ့ ဝေးဝေးမှာပဲ နေချင်တော့တယ်။ ဒီလို ခံစားချက်မျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။

    Read more

  • သတင်းတို စုစည်းမှု ( 4.8.2023 )

    👉 Knowledge Warriors Page 👈 မှာတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီးည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။Page link 👉 https://www.facebook.com/knowledgewarriors.mm/ ၁။ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကော်သူး လေအုပ်ချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင်၂ ဦး သေဆုံးကာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။(KhitThit) 4.8.2023

    Read more

  • Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )

    Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ်။ပထမတပိုင်းကတော့ အနုပညာအပိုင်း။ နောက်တပိုင်းကတော့ နိုင်ငံရေး။ အနုပညာ..“Good art serves people. Great art inspires other artists to make more arts. ကောင်းသောအနုပညာတွေကလူတွေကိုအလုပ်ကျွေးပြုတယ်။ ကြီးမားတဲ့အနုပညာတွေက တခြားသောအနုပညာသည်တွေကို အနုပညာတွေဆင့်ပွါးဖန်တီးဖို့တွန်းအားပေးတယ်။”ဒါကျနော့်ရဲ့ယုံကြည်မှုပါ။ Oppenheimer ကတော့ကြီးမားတဲ့အနုပညာဖန်တီးမှုတခုပါ။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ရင်ထဲမှာဆို့တက်လာတယ်။ ပါဝင်သူတွေအကုန်လုံးအတွက်ပြီးတော့ ရုပ်ရှင်အနုပညာအတွက် ဂုဏ်ယူပီတိဖြစ်တဲ့စိတ်ကဖြစ်တယ်ထင်ပါတယ်။ သရုပ်ဆောင်တွေရဲ့သူတို့တာဝန်ယူထားတဲ့ character အတွက်အပြည့်အဝ commitment ပေးထားတာတွေ၊ ဇာတ်ညွှန်းကိုနက်နက်နဲနဲနားလည်တာတွေ၊ ဒါရိုက်တာရဲ့အံ့ဩစရာကောင်းတဲ့တင်ဆက်မှုတွေ၊သမိုင်းကိုပြတဲ့နေရာမှာ ဇာတ်ကောင်တွေကိုလူသားဆန်ဆန်ပြသနိုင်မှုတွေ စသည်ဖြင့်အကုန်လုံးပါပဲ။ ဒီ့ထက်ပိုမပြောတော့ပါဘူး။ကြည့်ရတာလွယ်တဲ့ရုပ်ရှင်ထဲမှာတော့မပါပေမယ့် အားလုံးကြည့်သင့်ပါတယ်။ နောက်တပိုင်းကတော့ နိုင်ငံရေး..ရုပ်ရှင်ကြည့်နေရင်းဘာသဘောပေါက်လာလဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးဟာရှုပ်ထွေးတယ်။ဘာကရှိတာထက်ပိုပြီးရှုပ်ထွေးစေလဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံ့အရေးဆိုတာထက် နိုင်ငံရေးထဲမှာပါနေတဲ့သူတွေဟာလူတွေဖြစ်တဲ့အလျောက် flaw တွေရှိကြတယ်။အဲဒီထဲမှာမှ ပါဝါရှိတဲ့သူတွေဟာ မနာလိုတတ်တာတို့ ကိုယ်ကျိုးကြည့်တာတို့ နိုင်ငံရေးလက်ဦးမှုလိုချင်တာတို့ရှိလာပြီဆိုရင် အသင်းတူခြေထိုးတတ်ကြတယ်။အဲလိုဖြစ်ပြီဆိုရင် နိုင်ငံရေးဟာလိုတာထက်အများကြီးပိုပြီးရှုပ်ထွေးသွားပါတယ်။

    Read more

  • အမေ့ဆီက အမုန်းများ ( ဉာဏဗလ )

    “အမေ့ဆီက အမုန်းများ” ◾️ဒီတစ်ပတ် ပြောပြချင်တာကတော့ Qala ဆိုတဲ့ ဘောလီးဝုဒ် ရုပ်ရှင်ကား။ ဖိုဝါဒ၊ စိတ်ပညာနဲ့ မိဘအုပ်ထိန်းမှုတို့ကို ပေါင်းစပ်ဖော်ပြထားတဲ့ ဒရမ်မာဇာတ်ကား ဖြစ်တယ်။ Qala ဆိုတာ အဲဒီဇာတ်ကားထဲက မင်းသမီးရဲ့ နာမည်ပေါ့။ အမြွှာလေး မွေးလာတယ်။ ယောက်ျားလေးဖြစ်သူက ဆုံးသွားတယ်။ မိန်းကလေးဖြစ်တဲ့ Qala ကပဲ အသက်ရှင်တယ်။ အဲဒီလိုအမြွာတွေမှာ တစ်ယောက်က အာဟာရတွေကို အများကြီး ယူပစ်လိုက်ရင် နောက်တစ်ယောက်က အဲ့ဒီလို ဆုံးသွားတတ်တယ် ဆိုတဲ့ ဆရာဝန်ရဲ့ ပြီးစလွယ်မှတ်ချက်စကား ကြားအပြီးမှာ အမေဖြစ်သူရဲ့ သမီးအပေါ် အမုန်းတရားက စတော့တာပဲ။ ◾️သူတို့အဖေကလည်း နာမည်ကျော် အဆိုတော်။ ဆုံးသွားပြီ။ ဒီအခါ အမေက အဖေ့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းချင်တယ်။ ဖြစ်ချင်တော့ သားက သေသွားပြီး

    Read more

  • မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )

    ~ ဇော့်ရဲ့ရှေ့မှာ မြင်နေရတာ ~ မဲ .. တဲ့အရာလေးတစ်ခုကို ~ လှိုင်ကတော့ ဖြူတယ်ဆိုရင် ~ ဖြူလိုက်မယ် လှိုင့်အကြိုက်လိုက်ကာ ~ လှိုင့်ဘောပဲပေါ့ .. လှိုင်ရယ် လှိုင်ရယ် ~ မဲ့ရွဲ့ပြီး သီချင်းစာသားကို ညည်းလိုက်မိတယ်။သူကလည်း တင်ခတုပ္ပတ္တိဉာဏ် ရွှင်တယ်လို့ တပ်ထဲမှာ နာမည်ကျော်သူ။သူ့‌လောက်တောင် မဖြူ၊ မဲတူးနေတဲ့ ဆင်အလေအပေကို “ရဌနန္ဒ” ဆိုလား ဘွဲ့ပေးပြီးဆင်ဖြူတော်လို့ လိမ်ပြီး ဦးတော်လုပ်ခိုင်းတာကို သူမကြည်။ဆင်ကြည့်တော့ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ယောင်ဘူး။သူ့လောက် ဗလောင်းဗလဲ ပြောတတ်တဲ့ ကောင်တောင် ဒီဆင်အမဲကြီးကို ဆင်ဖြူလို့ ပြောမထွက်။ ဇော်မဲလုံးဆိုတာ အချာဘင်မဟုတ်။ ရင်ခွင်မှီ အရပ်ရှိတဲ့ မိန်းမကို ရထားတာ။ရင်ခွင်မှီဆိုတာ မဲလုံးက မှီရတာ။ဒေါင်ဟက်ဟက် မိန်းမကြီးကို ရထားတော့ မဲလုံးရဲ့

    Read more

  • မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )

    “မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။” “ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်” “ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?