Author: Spring Reader
-
Post 80 – ရှုံးနိမ့်တတ်အောင်လည်း သင်ယူပါ ( ဉာဏဗလ )
“ရှုံးနိမ့်တတ်အောင်လည်း သင်ယူပါ” ဒီတစ်ခါ ရေးချင်တာကတော့ Chhichhore ဆိုတဲ့ အိန္ဒိယ ဟာသဇာတ်ကားအကြောင်း။ တက္ကသိုလ် ကျောင်းသားဘဝကို လွမ်းတဲ့သူတွေ၊ ပြန်လိုချင်တဲ့သူတွေ၊ အဲဒီအရွယ်တုန်းက စာတွေထဲမှာပဲ နစ်ပြီး ပြည့်ပြည့်၀၀ မပျော်ရ၊ မသောင်းကျန်းလိုက်ရသူတွေ ကြည့်သင့်တဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းက ဒီလိုပါ။ ကောင်လေးတစ်ယောက်က နည်းပညာတက္ကသိုလ် ဝင်ခွင့်ဖြေတယ်။ သူ့မိဘတွေက ကွာရှင်းထားတယ်။ သူကတော့ အဖေနဲ့ အတူနေတာပေါ့။ စာမေးပွဲရလဒ် ထွက်တဲ့နေ့ကျ သူ့သားနဲ့ ဘယ်လိုတွေ အောင်ပွဲခံမယ် ဆိုပြီး အဖေက ပြင်ဆင်ထားတယ်။ အောင်ကိုအောင်မှာ သေချာတယ်ပေါ့လေ။ တကယ့်တကယ် ရလဒ်ထွက်လာတော့ ဝင်ခွင့်မရဘူး။ အဲဒီမှာတင် အရှုံးသမားလို့ ပြောခံရမှာ ရှက်တဲ့စိတ်၊ အဖေ့ကို မျက်နှာပူတဲ့စိတ်နဲ့ ဒီကောင်လေးက တိုက်ပေါ်က ခုန်ချပြီး သူ့ကိုယ်သူ သတ်သေလိုက်ရော။ ဆေးရုံပို့ချိန်…
-
Post 79 – မျက်လှည့်ဆန်တဲ့ အခိုက်အတန့်တွေ ( ဉာဏဗလ )
“မျက်လှည့်ဆန်တဲ့ အခိုက်အတန့်တွေ” Super 30 တဲ့။ အိန္ဒိယက သင်္ချာဆရာ အာနန်ကူးမားရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ Biographical Drama ဖြစ်ပါတယ်။ အဲဒီကားကို ကြည့်ပြီး ဘဝအဓိပ္ပါယ် ဆိုတာ ဘာလဲ သေချာစဉ်းစားမိသွားတယ်။ ဒီလူက သင်္ချာသိပ်တော်တယ်။ ဒါပေမဲ့ နိုင်ငံတကာကနေ ဘွဲ့တွေ တသီတတန်း ရထားတာတော့ မဟုတ်ဘူး။ ဒါဖြင့် ဘာလို့ နာမည်ကြီးရတာလဲ ဆိုတော့ အဲဒီ Super 30 အစီအစဉ်ကြောင့်။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေထဲက အယောက် ၃၀ ကို ရွေးပြီး တက္ကသိုလ်ဝင်ခွင့်ရအောင် နှစ်စဉ်လေ့ကျင့်သင်ကြားပေးတယ်။ မပြည့်စုံကြတဲ့ ကလေးတွေမို့ ကျောင်းအိပ်ကျောင်းစားကို ခေါ်ထားရတာ။ ဘယ်သူ့ဆီကမှလည်း အထောက်အပံ့ မယူဘူး။ အခကြေးငွေယူပြီး ဖွင့်ထားတဲ့ သင်္ချာကျောင်းရဲ့ ဝင်ငွေနဲ့ ဒီအစီအစဉ်ကို…
-
Post 78 – အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ ( ဉာဏဗလ )
“အားနည်းမှုက အားသာချက် ပြန်ဖြစ်သွားတဲ့အခါ” ဒီတစ်ခါတော့ Nayattu ဆိုတဲ့ ရုပ်ရှင်အကြောင်း ပြောပြချင်ပါတယ်။ အိန္ဒိယဇာတ်ကား။ ကြည့်ပျော်ရှုပျော် လှလှပပတွေ မပါဘူး။ ဒါပေမဲ့ တွေးစရာတွေတော့ အများကြီး ရစေလိမ့်မယ်။ မရည်ရွယ်ဘဲနဲ့ တရားခံပြေး ဖြစ်သွားတဲ့ ရဲ ၃ ယောက်ရဲ့ အကြောင်းပါ။ အဲဒီမြို့မှာ လူဆိုးခေါင်းဆောင်တစ်ယောက် ရှိတယ်။ ရွေးကောက်ပွဲလုပ်ရင် သူ့ရဲ့ ထောက်ခံမှုရမှ ဒီမြို့မှာ ဒီပါတီက အနိုင်ရမှာဆိုတော့ အမတ်တွေ၊ ဝန်ကြီးတွေကအစ သူ့ကို မထိရဲကြဘူး။ တစ်ရက်တော့ ဒီအထာတွေ သိပ်မနပ်သေးတဲ့ ရဲတစ်ယောက်က ဒီလူ့ကို ဖမ်းလာတယ်။ အချုပ်ထဲ ထည့်တယ်။ အကောင်ဆိုတော့ နောက်တော့လည်း ပြန်လွှတ်ပေးလိုက်ရတာပေါ့လေ။ ဒါပေမဲ့ ရန်စတော့ ရှိသွားတာပေါ့။ ဖြစ်ချင်တော့ တစ်ညမှာ ခုနက ရဲအပါအဝင် ၃…
-
Post 77 – ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ( ကိုတေဇာစန်း )
ဖက်ဆစ်၀င်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ကလေးမြို့ ပင်မသပိတ်အင်အားစု ကလေးဒေသ လူထုတိုက်ပွဲရဲဘော်များဟာ ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲနဲ့ပတ်သတ်ပြီး ပြည်သူလူထုအကြား ပိုမို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိကြစေဖို့၊ ပူးပေါင်းပါဝင်ကြစေဖို့ စည်းရုံးဟောပြောမှုတွေကို ဆက်တိုက်ဆောင်ရွက်နေကြပါတယ်။ Photos Credit to Original Sources လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။ ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း…
-
Post 76 – ထုံပေပေနှလုံးသားနဲ့လူ ( လင်းနစ် )
တော်လှန် ဂီတ အနုပညာသမား တစ်ယောက် ဖြစ်တဲ့ ကိုလင်းနစ် ရဲ့ သီချင်း အသစ်လေးကိုနားထောင်ကြည့်စေချင်လို့ တင်ပေးလိုက်ပါတယ် ။ ထုံပေပေနှလုံးသားနဲ့လူ ❤️🩹 တစ်စုံတစ်ယောက်ကို နောက်ထပ်ချစ်ဖို့မလိုချင်တော့ဘူး ❤️🩹 တစ်စုံတစ်ယောက်ကို မုန်းတီးရင်းနဲ့မပူလောင်ချင်ဘူး ❤️🩹 ခံစားချက်များအေးခဲ နာကျင်တာမသိဘူး ❤️🩹 ဒီဘဝကို ငြီးငွေ့စိတ်ပျက် ရှင်သန်နေသူ CHO:[ ထုံပေပေနှလုံးသားနဲ့လူ ထုံပေပေနှလုံးသားနဲ့လူ အရာရာကိုအရှုံးပေးထားနှင့်သူ ယုံကြည်ရာမဲ့ လမ်းပျောက်နေခဲ့သူ ] ❤️🩹 မျှော်လင့်ချက်များပြည့်လည်း မပျော်ရွှင်တော့ဘူး ❤️🩹 အို..ရှုံးနိမ့်ခြင်းများအတွက် ငိုမနေတော့ဘူး ❤️🩹 ကိုယ်နားမလည်ခြင်း…
-
Post 75 – ကိုယ့်ကိုယ်ကိုယ် လေးစားမှု ( ဒေါက်တာ ဖြိုးသီဟ )
🔳 တော်လှန်ရေးမှာ ပါဝင်ဖို့ဆိုတာ ရွေးချယ်ခွင့် မဟုတ်ဘူး။ တာဝန်ဖြစ်တယ်။ PRF ရဲ့ tagline အတိုင်း ပြောရရင်ပေါ့။ ဘာလို့ဆိုတော့ မနိုင်ရင်လည်း ဒုက္ခရောက်ကြမှာချင်း တူသလို၊ နိုင်သွားရင်လည်း ခု နေသာသလို နေနေတဲ့သူတွေက ဝင်မခံစားဘဲ နေမှာမဟုတ်ဘူး။ အဲဒီလိုလည်း နေလို့ မရသလို၊ နေလည်း မနေစေချင်ဘူး။ ဒီတိုင်းပြည်နယ်နိမိတ်အတွင်း ရှိနေပြီး ဒီနိုင်ငံသား ဖြစ်နေမှတော့ ကောင်းအတူ ဆိုးအတူပဲ။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတုန်းမှာ ပါဝင်ဖို့ဟာ တာဝန်ဖြစ်တယ်လို့ ပြောတာ။ 🔳 အဲဒီမှာမှ လူသိများ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ Social Influencer စတဲ့ Public Figure တွေကတော့ ပိုအရေးကြီးတယ်။ လူထုကလည်း ပိုမျှော်လင့်သလို၊ သူတို့ရဲ့…
-
Post 74 – ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ် ( ဉာဏဗလ )
“ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ အရေးကြီးတယ်” 🔳 တိုင်းပြည်အခြေအနေက စစ်ဖြစ်နေတဲ့အချိန် ဆိုတော့လည်း ရုပ်ရှင်ကြည့်ရင် စစ်ကားတွေ ပိုအကြည့်များလာတယ်။ စစ်ရဲ့ အနိဌာရုံတွေ မြင်ရသလို၊ စစ်ပွဲတွင်းက စိတ်ဓါတ်ကြံ့ခိုင်မှုတွေကိုလည်း အတုယူရတယ်။ တခြားသမိုင်းသင်ခန်းစာ ယူစရာတွေလည်း အများကြီးပါပဲ။ အဲဒီထဲကမှ Hacksaw Ridge ဆိုတဲ့ ဇာတ်ကားအကြောင်း ပြောပြချင်တယ်။ 🔳 ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့ရတဲ့ မင်းသားကြီး မဲလ်ဂစ်ဆင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာ ဆိုတော့ ပိုစိတ်ဝင်စားမိတယ်။ နောက်ပြီး တကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတာ။ စစ်ကားဖြစ်တဲ့အပြင် Biographical Film ဆိုတော့ မကြည့်ဘဲနဲ့ကို မနေနိုင်တော့ဘူး။ ကြည့်ရကျိုးလည်း နပ်ခဲ့ပါတယ်။ သေနတ်မှန်လို့၊ ဗုံးထိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားတာတွေကို ရိုက်ပြထားတာမှ ရှင်းလွန်းလို့…
-
Post 73 _ ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ ( ဉာဏဗလ )
“ဦးနှောက်တွေကို ဆေးထားလိုက်တဲ့အခါ” 🔳 Black Mirror ဆိုတဲ့ Sci-Fi Series က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရှေ့မှာလည်း တစ်ပုဒ်ရေးခဲ့ဖူးတယ်။ သူက တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုစီပဲ။ အဆက်အစပ် မရှိဘူး။ ဇာတ်လမ်းတွဲ အရှည်ကြီးတွေလို မဟုတ်ဘူး။ အင်မတန် တိုးတက်လာတဲ့ နည်းပညာရဲ့ နောင်အနာဂတ်မှာ လူသားတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကို စိတ်ကူးကောင်းကောင်းနဲ့ ရိုက်ပြထားတာ။ ဟိုရက်ကလည်း Cost of Living ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖြစ်တယ်။ ၁၉၅၀ ကျော်လောက်က စိတ်ကူးယဉ် သိပ္ပံဝတ္ထုတွေကို ရေးခဲ့တဲ့ Robert Scheckely ရဲ့ လက်ရာကောင်းတစ်ခု။ ခုကာလနဲ့ တွက်ရင် နှစ် ၇၀ ဝန်းကျင်ရှိပြီ။…
-
စူဇကာစစ်ဆင်ရေး တကျော့ပြန်လာပြီ ( မင်းကိုနိုင် )
စူဇကာစစ်ဆင်ရေး တကျော့ပြန်လာပြီ ၁၉၆၈မှာ မဆလာလုပ်ငန်းကအစ ဖွဲနုဆန်ကြမ်းမကျန် ကုန်စည် အမျိုးအစား၄၅၀ကျော်အာဏာသိမ်းစစ်တပ်ကထိမ်းချုပ်လိုက်ပါတယ်။ အာဏာသိမ်းရမ်ကားမှုအကျိုးဆက်ကုန်ဈေးနှုန်းပြဿနာတက်တော့ ကိုယ့်အမှားကိုယ်ဝန်မခံပဲ သူတပါးကိုလွှဲချ ထောင်ထဲပို့ခဲ့တာပါ အမည်ပေးလိုက်ပုံက ‘ဝိသမလောဘသားတွေ’တဲ့ သူတို့လုပ်လို့ ပျက်တာ တဲ့ အခုဘယ်နေ့ဘယ်သူ ဘယ်အဖွဲ့အဖမ်းခံရပြန်ပြီ၊နားစွင့်ရင်း ငုတ်တုတ်ထိုင်စောင့်နေကြရပါပြီ ။ ခေတ်ပျက်သူဌေးတွေ အိပ်မပျော်သောညများပေါ့ ၊ ကိုယ့်ဒေါ်လာငွေတောင် ကိုယ်ကြိုက်သလိုမသုံးရ အမိန့်တွေထုတ်နေတာဟာ လူမိုက်ဆံဆံ လုယက်ယူနေတာပါပဲ ‘စီးပွားပဲကွာ ပြန်ရှာယူရတယ်’မတွေးနဲ့ ကုန်စုံဆိုင်ကပြန်စ ကြိုးစားလုပ်၊စီးပွားပြန်ဖြစ်၊ ဈေးမီးရှို့ ဆိုင်ခန်း ပြန်လု ထပ်အနိုင်ကျင့်ဦးမှာပဲ ခေတ်ဟောင်းစူဇကာစစ်ဆင်ရေးတုံးက သူကြွယ်တွေ ရင်ထုအော်ငိုရူးမတတ်ခံခဲ့ကြတာ သိမှီသူတွေ မမေ့နိုင်စရာပါ အခုခေတ်ပျက်သူဌေးတွေလည်း ညအိပ်မရဲ ၊ မိုးမလင်းသေးဘူး ဂေါက်ကွင်းသွား (ရိုက်ချင်စိတ်ရှိလို့မဟုတ် အိမ်လာခေါ်မှာစိုးလို့)ရှောင်နေရ ဟိုတုန်းကစစ်တပ်က စစ်ဆင်ရေးနာမည်တပ် ပြောင်(ဗြောင်) လုပ်တာနဲ့ ခုစစ်တပ်က ခိုးကြောင်ခိုးဝှက်ဖမ်းတာ…
-
အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့
တော်လှန်ရေးမှာ ကိုယ့်ဘက်ကိုပဲ ဖြည့်နေလို့ မရဘူး။ တစ်ဘက်စီ စီးဝင်နေတဲ့ ငွေကြေးတွေကိုလည်း ဖြတ်တောက်ဖို့ လိုပါတယ်။ ဒါကြောင့် စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ခိုင်းတာ ဖြစ်သလို၊ ခုလို နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာလည်း ပြည်သူလူထုက နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် တောင်းဆိုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အောက်က စာကို အချိန်ပေးဖတ်ပြီး အောက်ဆုံးမှာ ပြထားတဲ့ လင့်ခ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုး ပါဝင်လိုက်ပါ။ 🔳🔳🔳🔳🔳🔳🔳 📣📣📣အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့🛑🛑🛑 (စာဖတ်ရန် ကြာချိန် ၁ မိနစ်) တော်လှန်မိတ်ဆွေများခင်ဗျာ မြန်မာပြည်ကိုစစ်အာဏာရှင်စနစ်မှလွတ်မြောက်ရန် မိတ်ဆွေတို့ တစ်ဦးခြင်း၏လက်မှတ်များကောက်ခံလျက်ရှိပါသည်။ ⚠️⚠️⚠️အကြောင်းအရင်း⚠️⚠️⚠️ စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည်…