Author: Spring Reader
-
လူတွေကို ချစ်တတ်လာအောင် လေ့ကျင့်ပါ ( ဉာဏဗလ )
“လူတွေကို ချစ်တတ်လာအောင် လေ့ကျင့်ပါ” 🔳 A Beautiful Day in the Neighborhood တဲ့။ ဒီဇာတ်ကားကလည်း Feel-good movie လေးပါပဲ။ မင်းသားကြီး Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုပေါ့။ သူကပဲ အဲဒီလိုကားတွေ ရွေးရိုက်တာလား၊ သူနဲ့ လိုက်လို့ပဲ ကမ်းလှမ်းကြတာလား၊ သူရိုက်လိုက်လို့ပဲ ကောင်းကုန်တာလားတော့ မပြောတတ်ဘူး။ Forest Gump, Catch Me If You Can, The Green Mile, The Terminal, Saving Private Ryan, A Man Called Otto စသဖြင့် ရင်ထဲ တစ်ခုခု ကျန်စေခဲ့တဲ့ ဇာတ်ကားကောင်းတွေ အတော်များတယ်။…
-
စမတ်ကျကျ တွမ်ဖား နှင့် ဆိုဆိုက်မစ်ရှင် ကဏ္ဍ ( ကျူးလိပေါင် သတင်းစဉ် )
“Edge of Tomorrow” ရုပ်ရှင်ထဲမှာ မင်းသားက “တွမ်ခရုစ်”။ သူ့တာဝန်က ဆိုက်ဝါး တာဝန်ခံ။ ရှေ့တန်းမှာ ဂြိုလ်သားတွေကို ဘယ်လို လက်နက်တွေနဲ့ ဘယ်လိုနှံတာပေါ့လေ။ သူကိုယ်တိုင်လည်း စစ်ဝတ်စုံကို စမတ်ကျကျ အမြဲဝတ်တာပေါ့။ တကယ်တော့ သူတို့ တိုက်နေတဲ့ ပွဲက Suicide Mission၊ တဖြုန်ဖြုန်ကေး၊ ပြန်မလာလမ်း ဖြစ်နေတာ။ ရှေ့တန်းက စစ်သားတွေက အတုံးအရုံးဘေမက် သူက ပျော်ပျော်ပဲ။ ပျော်မှာပေါ့ နောက်ကနေ ဆိုင်းတီး အာချောင် အဆင့်ကိုး။ စစ်သားကုန်ခါနီးလာတော့ သူ့ကို ရှေ့တန်းလွှတ်ဖို့လုပ်တာကို ဇွတ်ငြင်း၊ ဖွပစ်မယ် ဘာညာလုပ်လို့ ဇွတ် ဖမ်းချုပ်၊ လက်ထိပ်ခတ် အပွင့်အခက်ဖြုတ် ပုခုံးတုံးလုံးနဲ့ ဒီမိုးရှင်း လုပ်ပစ်ပြီးမှ ရှေ့တန်းပို့ပစ်ရတာ။ အဆစ်တိုရဲ့ စစ်တပ်မှာလည်း လာပြီ။…
-
ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖြစ်စေဖို့ ( ဉာဏဗလ )
“ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖြစ်စေဖို့” 🔳 ဒီတစ်ခါလည်း Feel-good movie တစ်ခုအကြောင်း ထပ်ရေးချင်ပါတယ်။ နာမည်က “The Fundamentals of Caring” တဲ့။ Duchenne Muscular Dystrophy (DMD) လို့ ခေါ်တဲ့ ထူးဆန်းတဲ့ ကြွက်သားရောဂါတစ်ခု ခံစားနေရတဲ့ ကောင်လေးနဲ့၊ သူ့ကို ပြုစုပေးတဲ့ အမျိုးသားတစ်ယောက်ကြားထဲက ဇာတ်လမ်းလေး။ ရယ်လည်း ရယ်ရတယ်။ ကြည်နူးစရာလည်း ကောင်းတယ်။ 🔳 အရင်ဆုံး ဆေးပညာဗဟုသုတလေး စပြောမယ်။ ဇာတ်လမ်းများ ကြည့်ဖြစ်ရင် ပိုနားလည်တာပေါ့။ အဲဒီရောဂါက မျိုးဗီဇကြောင့် ဖြစ်တာပါ။ ယောက်ျားလေးတွေမှာပဲ အဖြစ်များတယ်။ X Chromosome မှာ ပြဿနာ ဖြစ်တာပေါ့။ မိန်းကလေးတွေမှာ ဖြစ်တာတော့ သိပ်ရှားတယ်။ ကြွက်သားဆဲလ်တွေအတွက် လိုအပ်တဲ့…
-
The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း ( BBC ဆောင်းပါး )
The PDF Game အကြောင်း BBC က ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဘာသာစကား အခက်အခဲ ရှိသူတွေလည်း ဖတ်နိုင်အောင်ရယ်၊ ဂိမ်းဆော့ရင်း တော်လှန်ကြတဲ့သူတွေလည်း အားတက်ကြရအောင် ရည်ရွယ်ပါတယ်။ ဘာသာပြန်သူ – ဒေါက်တာ ဖြိုးသီဟ ၂၉.၈.၂၀၂၃ 🔷 ️🔷️ 🔷 ️🔷️ 🔷️ 🔷️ 🔷️ “The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း” 🔳 ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် သူငယ်ချင်းဖြစ်သူနဲ့ သူ့အမျိုးသမီး ကိုယ်ဝန်သည်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီအချိန်ဟာ ကိုတွတ်အနေနဲ့ သူ့ရဲ့ နည်းပညာကျွမ်းကျင်မှုကို အသုံးချပြီး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့…
-
စစ်အတွင်းက အမျိုးသမီးများ ( ဉာဏဗလ )
“စစ်အတွင်းက အမျိုးသမီးများ” 🔳 Women at War ဆိုတဲ့ ပြင်သစ်ဇာတ်လမ်းတွဲကို ကြည့်ရင်း လက်ရှိ ကျွန်တော်တို့တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့လည်း ချိန်ထိုးပြီးတော့ စဉ်းစားကြည့်မိတယ်။ (Mini-series လို့ ပြောရမယ်။ အပိုင်း ၈ ပိုင်းပဲ ပါပါတယ်။) အဓိကဇာတ်ဆောင် အမျိုးသမီး ၄ ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာ။ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်ပြည်မှာ မတူကွဲပြားတဲ့ ဘဝတွေနဲ့ ရှင်သန်ရပ်တည်ရင်း စစ်အတွင်းမှာ ပါဝင်ဖြစ်ခဲ့ကြတဲ့သူတွေပေါ့။ စစ်ရဲ့ အနိဌာရုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ ဒီကြားထဲကမှ သူတို့ရဲ့ ရုန်းကန်မှုတွေကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ 🔳 ပထမတစ်ဦးက ပြည့်တန်ဆာ အမျိုးသမီး။ သူ့သားကလေးနဲ့ ဟိုးငယ်ငယ်ကတည်းက ကွဲသွားတယ်။ အခု ရှေ့တန်းမှာ စစ်သားအဖြစ် ရှိနေတာ သတင်းရလို့…
-
ငယ်ဘဝက ဆင်းရဲခဲ့ရင် ( ဒေါက်တာ ဖြိုးသီဟ )
“ငယ်ဘဝက ဆင်းရဲခဲ့ရင်” 🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။ 📌 ၁။ သိမ်ငယ်စိတ် အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။ အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက…
-
ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )
သင်္ခေပ နုမောဒနာတရားတော်မြတ်ဟူသည်ကား – (၁) မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့။ Not to do any sin or any evil. (၂) ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ To do good. (၃) မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ။ To purify one mind. လက်သုံးချောင်းဆရာတော် လို့ နာမည်ကြီးသွားတဲ့ “ကျောက်မဲဆရာတော်” ရဲ့ တရား။ ဖျာတန်းကို မီးဟုန်းဟုန်း ထစေသော တရား။ “ကုသိုလ်တော် ဘုရား” ကို ပုံတူကူးချပြီး “အကုသိုလ် ဘုရား” တည်လိုက်တဲ့ “အဆစ်တို” လက်အုပ်မချီနိုင်၊ သာဓုမခေါ်နိုင်ပဲ ကြက်လည်လိမ်သလို ဖြစ်သွားစေတဲ့ တရား။ အဆစ်တို ရဲ့ ဘုရားက ထူးခြားတယ်။ နိုင်ငံသားတွေ ကိုယ်တိုင်တောင် ဝင်ကြေးပေးပြီးမှ…
-
လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )
“လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ်” ◽️The Best of Enemies တဲ့။ သိပ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့သူတွေ၊ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ထားတဲ့ ကားတွေဆို သိပ်သဘောကျတယ်။ ဒီဇာတ်ကားက အဲဒီလိုပဲ။ လူဖြူ – လူမည်း ပြဿနာ ဖြစ်ကြရင်း နောက်ပိုင်းမှာ တစ်သက်တာ မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ လူဖြူအမျိုးသားနဲ့ လူမည်းအမျိုးသမီးတို့ရဲ့ ဇာတ်လမ်း။ ◽️အမေရိကန် ပြည်တွင်းစစ်အကြောင်း သိကြမယ် ထင်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ မြောက်ပိုင်းနဲ့ ဆက်ထားထားချင်တဲ့ တောင်ပိုင်းနဲ့ တိုက်ကြတာ။ မြောက်ပိုင်းက အနိုင်ရသွားတယ်။ ကျွန်စနစ်လည်း ချုပ်ငြိမ်းသွားတယ်။ သို့သော် ဒါမျိုးက Social change ဖြစ်တယ်။ ဥပဒေအရ ဖျက်သိမ်းလိုက်ပါပြီ ဆိုတိုင်း အကုန်လုံး…
-
သတင်းတို စုစည်းမှု ( ၈-၈-၂၀၂၃ )
Knowledge Warriors Page 👈 မှာတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီးည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။Page link 👉 https://www.facebook.com/knowledgewarriors.mm/ ၁။သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီး ညနေ ၃ နာရီ ဝန်းကျင်အထိ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိထားကြောင်း SSPP က ထုတ်ပြန်ထားသည်။(KhitThit) 8.8.2023 (Yesterday)Ref>https://www.facebook.com/100066528465996/posts/644733171087626/?mibextid=Nif5oz ၂။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဘက်သို့…
-
ခွေးတွေ ခွေးဖြစ်စေဖို့ လမ်းအားလုံး နေပြည်တော်သို့ ( ပန်ဆယ်လို )
ပြီးခဲ့တဲ့နှစ်က ရန်ကုန်ထဲမှာ ဒက်ဒက် ဒက်ဒက်တွေ အဖြစ်များနေတုန်းကUG မောင်လေး အချို့နဲ့ စကားပြောဖြစ်တယ်။ဒီလို ခွေးကင်းတွေကို ဝင်ဒက်ဒက်တာကပြည်သူတွေအတွက် မိုတီအနေနဲ့ကတော့ အရမ်းကောင်းတယ်။ အက်ရှင်ကား ကြိုက်ကြတဲ့ အချိန်ကိုး။ ဒါပေမယ့် ဒီလို ခွေးကင်းက လေးတန်းမအောင် ကုန်းတံတားနား ကော်ရှူနေရင်း ပေါ်တာမိလို့စစ်ထဲရောက်လာတဲ့ ကောင်စားမျိုးတွေကို ဝင်ဒက်ဒက်တာကခွေးကြီးတွေအတွက် ထမင်းစားတောင် မပျက်ဘူးလို့။ဒါမျိုးကောင်တွေ ဘယ်နှကောင်ယူမလဲ ပြန်မေးမှာလို့။ ဒီခွေးလောကရဲ့ ဥပဒေသက ရှင်းရှင်းလေးပဲ။သူတို့ထိုင်ခုံမလှုပ်သရွေ့ အောက်ခြေခွေးတွေ ဘာဖြစ်နေနေ အေးဆေးပဲ။ဒါကြောင့် ဒီကောင်တွေကို တုန်လှုပ်စေမယ့် ပစ်မှတ်တွေကို Target ထားရမယ်လို့။ ဒါဆိုရင်တော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ် အမရေတဲ့။ သူပြောတာလည်းမှန်တာကိုး။ နေပြည်တော်ဆိုတာက ခွေးလောကရဲ့ လွတ်မြောက်နယ်မြေ ဖြစ်နေတာကိုး။မနှစ်က ဒီအချိန်မှာတော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ်ဆိုတာ ရွဲ့တဲ့တဲ့စကား ဆန်တယ်။…