Author: Spring Reader
-
နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၅ ============ အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။ ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။ ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည်…
-
“အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ
“အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။…
-
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” ◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။ တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ယေဘုယျအားဖြင့် ယောက်ျားတွေနဲ့သာ သက်ဆိုင်တယ်လို့…
-
“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – တယ်လီကျန်းမာ
“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” ပြောပြချင်လို့ပါဗျာ…. မိုးလေးဖွဲဖွဲ ရွာနေတဲ့ ညနေခင်းတစ်ခုမှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့…. စိတ်ရှုပ်ထွေးပြီး အလိုမကျနေတဲ့ မျက်နှာလေးနဲ့ မိုးရွာထဲ ခပ်သုတ်သုတ် လမ်းလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ကို စပြီးသတိထားမိကတည်းက…. ဝန်ခံပါရစေ…..ကျွန်တော် စိတ်လှုပ်ရှားသွားခဲ့မိတာပါ။ ထီးပါမလာတဲ့အချိန် ရွာချလာတဲ့ မိုးစက်တွေကြောင့် သူ့မျက်နှာဟာ စိတ်တိုနေပုံကျပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်ဆိုးနေတဲ့ စူစူပုပ်ပုပ် မျက်နှာလေးက ချစ်စရာလေးဗျာ…. ထားပါတော့လေ… ဒါနဲ့ပဲ သူ့နောက်ကို နောက်ယောင်ခံလိုက်…သူ ဘယ်သူလဲ… ဘယ်မှာနေလဲဆိုတာ စုံစမ်း…ယောင်္ကျားကြိုက်တော့ စိုက်စိုက်လိုက် ဆိုသလို သူ့အချစ်ကိုရဖို့ ပိုးပန်းရတော့တာပေါ့။ ပိုးရင်းပန်းရင်း ကျွန်တော်သိလာရတာကတော့ သူဟာ ရိုးသားပြီး စိတ်ဓာတ်မာကျောတယ်။ ချစ်ဖို့ကောင်းပြီး အရာရာကို လွယ်လွယ်အလျှော့မပေးတတ်ဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေအပေါ် ဂျီကျတတ်ပေမယ့် ဖြူစင်ရိုးသားသူတစ်ယောက်ဆိုတာရယ်… နောက်ပြီး သူဟာ…
-
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။ ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။ ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။ လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။…
-
တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ – ကို မင်းကိုနိုင်
| တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ | ◼️အကြမ်းဖက်စစ်ကောင်စီဟာ အရှုံးပေါင်းများစွာနဲ့ အဘက်ဘက်က ပြိုကျလာတာကို တွေ့ရမှာဖြစ်တာကြောင့် ပြည်သူ့အလှည့်ရောက်ပြီဆိုတာကို မြဲမြဲကြီးယုံကြည်ထားပြီး “တညီတည်းရုန်းကြဖို့ အချိန်ရောက်ပြီ” လို့ ဦးမင်းကိုနိုင်က The Voice of Spring ကို အခုလို ပြောပြပါတယ်။ အပြည့်အစုံကို 👇 ( On Facebook ) https://fb.watch/lm0_qIMXKi/
-
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်…
-
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” ◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။ ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။ ◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊…
-
နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၄ “ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့” “ဟာ လုပ်လာပြန်ပြီနော်” တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။ “ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ” မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။ “ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ” ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။ “အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့” ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။ “ဟာ Energy Bar…
-
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။ “ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ” ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း “ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ” ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။ အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး…