Category: Announcement – ကြေညာချက်
-
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ( Video – ကိုတေဇာစန်း )
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေစီးပွားရေး မှန်သမျှကို ပြည်သူ့အားနဲ့ ဖြတ်တောက် ရိုက်ချိုးကြဖို့နဲ့ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းစွာ တည်ဆောက်ပုံဖော်ကြ ဖို့အတွက်ကိုတေဇာစန်းရဲ့ တိုက်တွန်းပြောကြားချက် ကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ “ဖြတ်တောက်” ရိုက်ချိုးကြ။ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းအောင် “တည်ဆောက်” ပုံဖော်ကြ။ ဘဏ္ဍာရေးတိုက်ပွဲ၊ လူထုတရပ်လုံး ဆင်နွှဲကြလော့ . . . #PVTV #financial_warfare #ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက် PVTV ရဲ့ Youtube Channel မှာတိုက်ရိုက် သွားကြည့် အားပေးဖို့လည်း တိုက်တွန်းလိုက်ပါရစေ ။Channel Link > https://www.youtube.com/@PVTVMyanmar <
-
နွေဦး ဖတ်စာ
ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ … နွေဦး အတွက် ရည်ရွယ်တာပါ ။နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေသယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။ နွေဦး ဖတ်စာမှာကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။ လာပါ …ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ…