Category: Burmese Alphabet – အွန့်အွန့်
-
နွေဦးဖတ်စာ – ၆ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၆ ဂူထဲကို ရေတွေ ဖြတ်စီးနေပြီ။ သို့သော် ရေအရှိန်က အားလျော့လာပြီး ရေလုံးက သေးလာသောကြောင့် ခြေမျက်စိမြုပ်ရုံ အနက်လောက်သာ ကျန်တော့သည်။ ဂူအပြင်ဘက်၌ မုန်တိုင်းစဲသွားဟန် တူ၏။ ယခုအခါ ဂူအတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးမှာ ရေလွတ်ရာသို့ ရွှေ့ပြောင်းရန် မကြိုးစားကြတော့ဘဲ ရေနှင့်အတူ ယှဉ်တွဲနေနိုင်ရန်သာ အားထုတ်နေကြရသည်။ “ဟေ့လူတွေ၊ သေချာကြည့်ကြဦး၊ ရေတွေက စီးနေတယ်နော်” ဆရာဖြိုးက ရုတ်တရက်ပြောလိုက်သဖြင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ ‘ရေပဲ၊ စီးမှာပေါ့၊ ရေစီးတာများ အဆန်းလုပ်နေသေးတယ်’ ဟူသော မျက်နှာပေးများဖြင့် ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း နှုတ်ကမူ အလိုက်သင့်ပင် “ဟုတ်တယ်နော်” ဟူ၍ စကားထောက်ပေးလိုက်ကြသည်။ “ဒီရေတွေ တစ်နေရာရာကို စီးသွားတာပဲ ဖြစ်ရမယ်၊ ကျနော်တို့ လိုက်ကြည့်ကြရအောင်၊ ခါတိုင်း…
-
နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၅ ============ အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။ ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။ ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည်…
-
နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၄ “ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့” “ဟာ လုပ်လာပြန်ပြီနော်” တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။ “ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ” မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။ “ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ” ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။ “အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့” ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။ “ဟာ Energy Bar…
-
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။ “ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ” ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း “ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ” ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။ အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး…
-
နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၃ “ဟေ့လူ၊ ကိုဇင်ဇေ” “ဘာလဲဗျ၊ ဆရာဖြိုး” “ကျုပ်က အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲလို့ပြောနေတာကို ခင်ဗျားက ဘာလို့ အစကတည်းက မဝင်လာရမှာလို့ ပြောရတာလဲဗျ” ဆရာဖြိုးက ရစ်လိုက်ရာ ကိုဇင်ဇေမှာ ဆတ်ခနဲ တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ကြက်ခေါင်းဆိတ်မခံ ပြန်ဖြေလိုက်၏။ “အဲ့ဒီစကားမျိုး ကျုပ် မပြောဘူးနော်၊ ဆရာဖြိုး” “ကျနော်က လှုံ့ဆော်အားပေးနေတာကို ခင်ဗျားက အပျက်ဘက်ကနေ လိုက်ပြောနေတယ်၊ တကယ့်လူပဲ” “ဟာ ဟေ့လူ၊ အဲ့ဒီစကား ကျုပ်မပြောပါဘူးဆို၊ ကျုပ်က ငရဲရောက်မှာတော့ ဆုံးအောင်သာဆက်လျှောက်ဆိုပြီးတော့တောင် ချာချီကြီးစကား ကိုးကားပြောခဲ့သေးတာနော်” “လက်ပူးလက်ကြပ်မိနေတာတောင် ခင်ဗျားက ငုံတာဥ လုပ်နေတာလား ကိုဇင်ဇေ” “ရေခဲချောင်း အာ ဘာ မုန်လာဥမှ မလုပ်ပါဘူးဗျ၊…
-
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet ) “ကိုကို ထတော့လေ” ချိုသာညင်းပြောင်းသော အသံသေးသေးလေးကြောင့် ကိုလင်းထက်အောင် အိပ်ရာမှ နိုးလာလေသည်။ ချစ်စဖွယ်မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြုံးပြနေသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည်။ “ကိုကိုကလည်း၊ သိပ်အိပ်ပုတ်တာပဲ၊ ထတော့လေ၊ ဘရိတ်ဖတ်စ် စားကြမယ်၊ ကော်ဖီလည်းဖျော်ထားပြီးပြီ” ထိုမိန်းမပျိုလေးက ခရာတာတာ ပြောလိုက်ပြန်သည်။ “ကိုယ် နိုးပါပြီ လီဆာရယ်” မိန်းမချောလေးက ခပ်ချွဲချွဲလေး ထပ်နှိုးနေသဖြင့် ကိုလင်းထက်အောင်က အဖြေပြန်ပေးပြီး ထလာလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာလေသည်။ ‘လီဆာ’ က စားပွဲတွင် အပြုံးလေးနှင့် အဆင်သင့်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကိုလင်းထက်အောင် အတော် ဘဝင်ကျသွားသည်။…
-
နွေဦးဖတ်စာ – အပိုင်း – ၁ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ “အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ” ဟု ပြောရင်း ဒေါက်တာဖြိုးသီဟက ဖုန်းမီးလေးထွန်းရင်း ရှေ့သို့ဆက်လျှောက်သွားလေသည်။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့လည်း နောက်ကနေ ငိုက်စိုက်ငိုက်စိုက်နှင့် ဆက်လက်လိုက်ပါလာကြသည်။ “အမှန်က အစကတည်းက ဝင်မလာခဲ့ရမှာ” ဟု ကိုဇင်ဇေက လျှောက်လာရင်း အတွေးထဲကနေ ပြောနေလေ၏။ နှုတ်မှထုတ်ပြောလိုက်လျှင် နပန်းလုံးနေရမည်ဖြစ်သဖြင့် အားအင်ချွေတာသည့်အနေဖြင့် ခတ်မဆိတ်လုပ်ရင်း အတူတူ ဆက်လျှောက်လာကြသည်။ ကိုလင်းထက်အောင်ကတော့ “ထာဝရ လက်ခလယ်ပဲနော်” ဟု မည်းမည်းမြင်ရာကို လှမ်းအော်ပြောနေလေ၏။ မှန်ပါသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးသည် ဆရာဖြိုး၏ ဖုန်းမှထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ ပိန်းပိတ်အောင် မဲမှောင်လျက်ရှိသည်။ မဲမည်ပေါ့။ မှောင်မည်ပေါ့။ သူတို့ ဝင်ရောက်လာကြသည်မှာ လူသူအရောက်အပေါက် မရှိသော ကျောက်လှိုဏ်ဂူကြီးတစ်ခု ဖြစ်နေသည်ကိုး။ ‘သိချင်ရင်ဝင်ကြည့်’ ဟူသည့် ဂူဝမှ…
-
ချော့ ( Burmese Alphabet )
ချော့ “အားယူထပျံ အောက်ချင်းအားမာန်”“အားယူထပျံ အောက်ချင်းအားမာန်”“အားယူထပျံ အောက်ချင်းအားမာန်” ကပ္ပတိန်ဇီးရိုးသည် အားမာန်အပြည့်ဖြင့် ထိုကဲ့သို့ သုံးကြိမ်တိတိအော်ပြီး လက်နှစ်ဖက်ကို တောင်ပံခတ်သကဲ့သို့ ပြုလုပ်လျက် ပွိုင့်ဖိုက်ပေါ်မှ ထပျံရန် ကြိုးစားနေ၏။ သို့သော် အောက်ချင်းငှက်မဟုတ်ဘဲ ကပ္ပတိန်ဇီးရိုး ဖြစ်နေသောကြောင့် ထမပျံနိုင်ဘဲ ပွိုင့်ဖိုက်ပေါ်၌ ပွစိပွစိပြောလျက် ထိုင်မြဲအတိုင်း ဆက်ထိုင်နေရလေသည်။ ထိုစဉ် စတစ်ကော်လာအဖြူနှင့် ယောပုဆိုး ဝတ်ဆင်ထားသော ကိုဝေယံအောင်သည် မယ်ဒလင်လေး တစ်လုံးပိုက်လျက် ပွိုင့်ဖိုက်အနီးသို့ လျှောက်လာလေသည်။ ထို့နောက် ပွိုက့်ဖိုက်အောက်၌ ကြွေကျလျက်ရှိသော ပန်းလေးတစ်ပွင့်ကို ကောက်ယူနမ်းရှိုက်လိုက်ရင်း ကိုဇီးရိုးကို ပြောလိုက်သည်။ “ကိုခန့် ပွိုင့်ဖိုက်ပေါ်မှာ ပျင်းနေမှာစိုးလို့ ကျနော် အဆို၊ အတီးလေးနဲ့ လာဖျော်ဖြေတာပါ” ထိုသို့ပြောပြီးနောက် ကိုဝေယံအောင်က မယ်ဒလင်လေးကို တဒေါင်ဒေါင် တီးခတ်လိုက်သည်။ “ဖျင်ပင်နီချောရယ်နဲ့၊ ယောထမီ၊ ယောထမီ၊…