Category: Authors – စာရေးသူ ၊ ဖန်တီးသူ
-
ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖြစ်စေဖို့ ( ဉာဏဗလ )
“ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ ဖြစ်စေဖို့” 🔳 ဒီတစ်ခါလည်း Feel-good movie တစ်ခုအကြောင်း ထပ်ရေးချင်ပါတယ်။ နာမည်က “The Fundamentals of Caring” တဲ့။ Duchenne Muscular Dystrophy (DMD) လို့ ခေါ်တဲ့ ထူးဆန်းတဲ့ ကြွက်သားရောဂါတစ်ခု ခံစားနေရတဲ့ ကောင်လေးနဲ့၊ သူ့ကို ပြုစုပေးတဲ့ အမျိုးသားတစ်ယောက်ကြားထဲက ဇာတ်လမ်းလေး။ ရယ်လည်း ရယ်ရတယ်။ ကြည်နူးစရာလည်း ကောင်းတယ်။ 🔳 အရင်ဆုံး ဆေးပညာဗဟုသုတလေး စပြောမယ်။ ဇာတ်လမ်းများ ကြည့်ဖြစ်ရင် ပိုနားလည်တာပေါ့။ အဲဒီရောဂါက မျိုးဗီဇကြောင့် ဖြစ်တာပါ။ ယောက်ျားလေးတွေမှာပဲ အဖြစ်များတယ်။ X Chromosome မှာ ပြဿနာ ဖြစ်တာပေါ့။ မိန်းကလေးတွေမှာ ဖြစ်တာတော့ သိပ်ရှားတယ်။ ကြွက်သားဆဲလ်တွေအတွက် လိုအပ်တဲ့…
-
The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း ( BBC ဆောင်းပါး )
The PDF Game အကြောင်း BBC က ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဘာသာစကား အခက်အခဲ ရှိသူတွေလည်း ဖတ်နိုင်အောင်ရယ်၊ ဂိမ်းဆော့ရင်း တော်လှန်ကြတဲ့သူတွေလည်း အားတက်ကြရအောင် ရည်ရွယ်ပါတယ်။ ဘာသာပြန်သူ – ဒေါက်တာ ဖြိုးသီဟ ၂၉.၈.၂၀၂၃ 🔷 ️🔷️ 🔷 ️🔷️ 🔷️ 🔷️ 🔷️ “The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း” 🔳 ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် သူငယ်ချင်းဖြစ်သူနဲ့ သူ့အမျိုးသမီး ကိုယ်ဝန်သည်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီအချိန်ဟာ ကိုတွတ်အနေနဲ့ သူ့ရဲ့ နည်းပညာကျွမ်းကျင်မှုကို အသုံးချပြီး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့…
-
စစ်အတွင်းက အမျိုးသမီးများ ( ဉာဏဗလ )
“စစ်အတွင်းက အမျိုးသမီးများ” 🔳 Women at War ဆိုတဲ့ ပြင်သစ်ဇာတ်လမ်းတွဲကို ကြည့်ရင်း လက်ရှိ ကျွန်တော်တို့တော်လှန်ရေးထဲက အမျိုးသမီးတွေနဲ့လည်း ချိန်ထိုးပြီးတော့ စဉ်းစားကြည့်မိတယ်။ (Mini-series လို့ ပြောရမယ်။ အပိုင်း ၈ ပိုင်းပဲ ပါပါတယ်။) အဓိကဇာတ်ဆောင် အမျိုးသမီး ၄ ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာ။ ပထမကမ္ဘာစစ်တုန်းက ပြင်သစ်ပြည်မှာ မတူကွဲပြားတဲ့ ဘဝတွေနဲ့ ရှင်သန်ရပ်တည်ရင်း စစ်အတွင်းမှာ ပါဝင်ဖြစ်ခဲ့ကြတဲ့သူတွေပေါ့။ စစ်ရဲ့ အနိဌာရုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ၊ ဒီကြားထဲကမှ သူတို့ရဲ့ ရုန်းကန်မှုတွေကို ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ 🔳 ပထမတစ်ဦးက ပြည့်တန်ဆာ အမျိုးသမီး။ သူ့သားကလေးနဲ့ ဟိုးငယ်ငယ်ကတည်းက ကွဲသွားတယ်။ အခု ရှေ့တန်းမှာ စစ်သားအဖြစ် ရှိနေတာ သတင်းရလို့…
-
ငယ်ဘဝက ဆင်းရဲခဲ့ရင် ( ဒေါက်တာ ဖြိုးသီဟ )
“ငယ်ဘဝက ဆင်းရဲခဲ့ရင်” 🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။ 📌 ၁။ သိမ်ငယ်စိတ် အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။ အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက…
-
ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )
သင်္ခေပ နုမောဒနာတရားတော်မြတ်ဟူသည်ကား – (၁) မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့။ Not to do any sin or any evil. (၂) ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ To do good. (၃) မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ။ To purify one mind. လက်သုံးချောင်းဆရာတော် လို့ နာမည်ကြီးသွားတဲ့ “ကျောက်မဲဆရာတော်” ရဲ့ တရား။ ဖျာတန်းကို မီးဟုန်းဟုန်း ထစေသော တရား။ “ကုသိုလ်တော် ဘုရား” ကို ပုံတူကူးချပြီး “အကုသိုလ် ဘုရား” တည်လိုက်တဲ့ “အဆစ်တို” လက်အုပ်မချီနိုင်၊ သာဓုမခေါ်နိုင်ပဲ ကြက်လည်လိမ်သလို ဖြစ်သွားစေတဲ့ တရား။ အဆစ်တို ရဲ့ ဘုရားက ထူးခြားတယ်။ နိုင်ငံသားတွေ ကိုယ်တိုင်တောင် ဝင်ကြေးပေးပြီးမှ…
-
လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )
“လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ်” ◽️The Best of Enemies တဲ့။ သိပ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့သူတွေ၊ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ထားတဲ့ ကားတွေဆို သိပ်သဘောကျတယ်။ ဒီဇာတ်ကားက အဲဒီလိုပဲ။ လူဖြူ – လူမည်း ပြဿနာ ဖြစ်ကြရင်း နောက်ပိုင်းမှာ တစ်သက်တာ မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ လူဖြူအမျိုးသားနဲ့ လူမည်းအမျိုးသမီးတို့ရဲ့ ဇာတ်လမ်း။ ◽️အမေရိကန် ပြည်တွင်းစစ်အကြောင်း သိကြမယ် ထင်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ မြောက်ပိုင်းနဲ့ ဆက်ထားထားချင်တဲ့ တောင်ပိုင်းနဲ့ တိုက်ကြတာ။ မြောက်ပိုင်းက အနိုင်ရသွားတယ်။ ကျွန်စနစ်လည်း ချုပ်ငြိမ်းသွားတယ်။ သို့သော် ဒါမျိုးက Social change ဖြစ်တယ်။ ဥပဒေအရ ဖျက်သိမ်းလိုက်ပါပြီ ဆိုတိုင်း အကုန်လုံး…
-
သတင်းတို စုစည်းမှု ( ၈-၈-၂၀၂၃ )
Knowledge Warriors Page 👈 မှာတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီးည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။Page link 👉 https://www.facebook.com/knowledgewarriors.mm/ ၁။သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီး ညနေ ၃ နာရီ ဝန်းကျင်အထိ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိထားကြောင်း SSPP က ထုတ်ပြန်ထားသည်။(KhitThit) 8.8.2023 (Yesterday)Ref>https://www.facebook.com/100066528465996/posts/644733171087626/?mibextid=Nif5oz ၂။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဘက်သို့…
-
ခွေးတွေ ခွေးဖြစ်စေဖို့ လမ်းအားလုံး နေပြည်တော်သို့ ( ပန်ဆယ်လို )
ပြီးခဲ့တဲ့နှစ်က ရန်ကုန်ထဲမှာ ဒက်ဒက် ဒက်ဒက်တွေ အဖြစ်များနေတုန်းကUG မောင်လေး အချို့နဲ့ စကားပြောဖြစ်တယ်။ဒီလို ခွေးကင်းတွေကို ဝင်ဒက်ဒက်တာကပြည်သူတွေအတွက် မိုတီအနေနဲ့ကတော့ အရမ်းကောင်းတယ်။ အက်ရှင်ကား ကြိုက်ကြတဲ့ အချိန်ကိုး။ ဒါပေမယ့် ဒီလို ခွေးကင်းက လေးတန်းမအောင် ကုန်းတံတားနား ကော်ရှူနေရင်း ပေါ်တာမိလို့စစ်ထဲရောက်လာတဲ့ ကောင်စားမျိုးတွေကို ဝင်ဒက်ဒက်တာကခွေးကြီးတွေအတွက် ထမင်းစားတောင် မပျက်ဘူးလို့။ဒါမျိုးကောင်တွေ ဘယ်နှကောင်ယူမလဲ ပြန်မေးမှာလို့။ ဒီခွေးလောကရဲ့ ဥပဒေသက ရှင်းရှင်းလေးပဲ။သူတို့ထိုင်ခုံမလှုပ်သရွေ့ အောက်ခြေခွေးတွေ ဘာဖြစ်နေနေ အေးဆေးပဲ။ဒါကြောင့် ဒီကောင်တွေကို တုန်လှုပ်စေမယ့် ပစ်မှတ်တွေကို Target ထားရမယ်လို့။ ဒါဆိုရင်တော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ် အမရေတဲ့။ သူပြောတာလည်းမှန်တာကိုး။ နေပြည်တော်ဆိုတာက ခွေးလောကရဲ့ လွတ်မြောက်နယ်မြေ ဖြစ်နေတာကိုး။မနှစ်က ဒီအချိန်မှာတော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ်ဆိုတာ ရွဲ့တဲ့တဲ့စကား ဆန်တယ်။…
-
ပြည်သူတွေရဲ့ဓမ္မတေး ( မင်းကိုနိုင် )
ဘက်ပေါင်းစုံခွက်ခွက်လန်ရှုံးသူတွေက၂သောင်းတန်တွေ၊ကားဘယ်နှစီးတိုက်စက္ကူဘယ်လောက်ရိုက်ထုတ်မှန်းပြည်သူတွေမသိ ဒါ ၈၈ တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊ပြည်သူကို ဓားပြတိုက်တဲ့ပြစ်မှုမျိုးနောက်တနည်းနဲ့ကျူးလွန်တာပဲ အေး၈၈ တုန်းက လက်နက်မဲ့ပြည်သူကတောင်မဆလ အစိုးရကိုဖြုတ်ချနိုင်ခဲ့သေးတာ ခုက ဘက်ပေါင်းစုံလက်ထဲရှိလာသမိုင်းတလျှောက်အမြင့်ဆုံးအပြီးသတ်တိုက်ပွဲမှန်းသိ အောင်စိတ်အထွတ်ရောက်နေတဲ့ပြည်သူ့ ရေချိန်ခုဖက်ဆစ်ကောင်စီလည်း၈၈တုန်းက မဆလလိုဖြစ်ရစေ့မယ် ဒါဟာ ၃၅ နှစ်တိုင် ကမ္ဘာမကျေဘူးကိုနေ့တိုင်းဆိုခဲ့တဲ့ပြည်သူတွေရဲ့ဓမ္မတေးပဲ မင်းကိုနိုင် ( ၈.၈.၂၀၂၃ ) ဘဏ္ဍာရေးစစ်မျက်နှာအတွက် အောက်ပါအတိုင်းပါ အခု ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့်“ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။ ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာအုပ်စုနဲ့ စီးကရက်” တွေပဲ ဖြစ်ပါတယ်။ဒီအရက်၊ ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။…
-
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ( Video – ကိုတေဇာစန်း )
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေစီးပွားရေး မှန်သမျှကို ပြည်သူ့အားနဲ့ ဖြတ်တောက် ရိုက်ချိုးကြဖို့နဲ့ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းစွာ တည်ဆောက်ပုံဖော်ကြ ဖို့အတွက်ကိုတေဇာစန်းရဲ့ တိုက်တွန်းပြောကြားချက် ကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ “ဖြတ်တောက်” ရိုက်ချိုးကြ။ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းအောင် “တည်ဆောက်” ပုံဖော်ကြ။ ဘဏ္ဍာရေးတိုက်ပွဲ၊ လူထုတရပ်လုံး ဆင်နွှဲကြလော့ . . . #PVTV #financial_warfare #ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက် PVTV ရဲ့ Youtube Channel မှာတိုက်ရိုက် သွားကြည့် အားပေးဖို့လည်း တိုက်တွန်းလိုက်ပါရစေ ။Channel Link > https://www.youtube.com/@PVTVMyanmar <