Category: Phio Thiha – ဒေါက်တာ ဖြိုးသီဟ
-
Post 88 – မျှော်လင့်ချက် (သို့မဟုတ်) မမြင်ရတဲ့ အလင်းရောင် – ဒေါက်တာ ဖြိုးသီဟ
“မျှော်လင့်ချက် (သို့မဟုတ်) မမြင်ရတဲ့ အလင်းရောင်” အရင်ကတော့ စစ်ကားတွေက ကိုယ့်အကြိုက် မဟုတ်ခဲ့ဘူး။ ဒီကာလကျမှ ပိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်လာခဲ့တယ် ပြောရမယ်။ သူတို့တွေ ခက်ခဲတဲ့ကာလမှာ ဘယ်လိုကျော်ဖြတ်ခဲ့ကြတယ်၊ လူတွေရဲ့ စိတ်သဘော သဘာ၀ ဘယ်လိုရှိတယ်၊ အချင်းချင်း ဘယ်လိုရိုင်းပင်းကြတယ်၊ ရပ်တည်ကြတယ် စသဖြင့် ကြည့်မိရင်း ကိုယ်တိုင်လည်း အားယူ၊ သူများတွေကိုလည်း အားပေးရင်းပေါ့။ ခုတစ်ခါ ပြောပြချင်တဲ့ ဇာတ်ကားကတော့ All the light we cannot see ဆိုတဲ့ မီနီစီးရီးပါ။ အဲဒီနာမည်နဲ့ပဲ ထွက်ထားတဲ့ ဝတ္တုက ပူလစ်ဇာဆု ရခဲ့တဲ့အထိကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြင်သစ်ကို ဂျာမန်နာဇီတွေ သိမ်းပိုက်ထားတဲ့အချိန်။ စိန့်မယ်လို ဆိုတဲ့ မြို့ကလေးက မျက်မမြင်…
-
Post 81 – အတွင်းထဲက အလှတရား – Inner Beauty- ( ဒေါက်တာ ဖြိုးသီဟ )
“အတွင်းထဲက အလှတရား (Inner Beauty)” ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ ဘယ်တော့မဆို တစ်ပန်းသာလေ့ ရှိပါတယ်။ ဒါကို Pretty Privilege လို့ ခေါ်တယ်။ ဖျော်ဖြေရေး နယ်ပယ်တင်ကမဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး ဘာသာရေးအထိပါ ဒီအကျိုးကျေးဇူးကို ခံစားကြရတယ်။ ရုပ်ရည်က ကြည့်ကောင်းနေရင် ပိုယုံကြည်ခံရတယ်။ အထင်ကြီးလွယ်တယ်။ လုပ်တာ ကိုင်တာ တော်မယ်၊ သပ်ရပ်မယ်၊ စိတ်ကောင်းရှိမယ်၊ ရိုးသားမယ် စသဖြင့် အကောင်းတွေချည်း အထင်ခံရတယ်။ ဒီတော့ အလုပ်လျှောက်ရင် ပိုလွယ်တယ်။ အလုပ်လုပ်ရင် ပိုအဆင်ပြေတယ်။ (ဟိုရက်က ဒေးဗစ်ဘက်ခမ်းအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်တော့ အဲဒီတစ်ချက်ကို အထင်အရှား တွေ့ရတယ်။) တစ်ဖက်မှာလည်း အဲဒီအားသာချက်ကြောင့်ပဲ ပြဿနာတွေ ရှိလာတတ်တယ်။ ဥပမာ အလကားနေရင်း မျှော်လင့်ချက်…
-
Post 75 – ကိုယ့်ကိုယ်ကိုယ် လေးစားမှု ( ဒေါက်တာ ဖြိုးသီဟ )
🔳 တော်လှန်ရေးမှာ ပါဝင်ဖို့ဆိုတာ ရွေးချယ်ခွင့် မဟုတ်ဘူး။ တာဝန်ဖြစ်တယ်။ PRF ရဲ့ tagline အတိုင်း ပြောရရင်ပေါ့။ ဘာလို့ဆိုတော့ မနိုင်ရင်လည်း ဒုက္ခရောက်ကြမှာချင်း တူသလို၊ နိုင်သွားရင်လည်း ခု နေသာသလို နေနေတဲ့သူတွေက ဝင်မခံစားဘဲ နေမှာမဟုတ်ဘူး။ အဲဒီလိုလည်း နေလို့ မရသလို၊ နေလည်း မနေစေချင်ဘူး။ ဒီတိုင်းပြည်နယ်နိမိတ်အတွင်း ရှိနေပြီး ဒီနိုင်ငံသား ဖြစ်နေမှတော့ ကောင်းအတူ ဆိုးအတူပဲ။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတုန်းမှာ ပါဝင်ဖို့ဟာ တာဝန်ဖြစ်တယ်လို့ ပြောတာ။ 🔳 အဲဒီမှာမှ လူသိများ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ Social Influencer စတဲ့ Public Figure တွေကတော့ ပိုအရေးကြီးတယ်။ လူထုကလည်း ပိုမျှော်လင့်သလို၊ သူတို့ရဲ့…
-
The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း ( BBC ဆောင်းပါး )
The PDF Game အကြောင်း BBC က ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဘာသာစကား အခက်အခဲ ရှိသူတွေလည်း ဖတ်နိုင်အောင်ရယ်၊ ဂိမ်းဆော့ရင်း တော်လှန်ကြတဲ့သူတွေလည်း အားတက်ကြရအောင် ရည်ရွယ်ပါတယ်။ ဘာသာပြန်သူ – ဒေါက်တာ ဖြိုးသီဟ ၂၉.၈.၂၀၂၃ 🔷 ️🔷️ 🔷 ️🔷️ 🔷️ 🔷️ 🔷️ “The PDF Game သို့မဟုတ် ဆန်းသစ်တီထွင်စွာ တော်လှန်ခြင်း” 🔳 ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် သူငယ်ချင်းဖြစ်သူနဲ့ သူ့အမျိုးသမီး ကိုယ်ဝန်သည်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ အဲဒီအချိန်ဟာ ကိုတွတ်အနေနဲ့ သူ့ရဲ့ နည်းပညာကျွမ်းကျင်မှုကို အသုံးချပြီး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့…
-
ငယ်ဘဝက ဆင်းရဲခဲ့ရင် ( ဒေါက်တာ ဖြိုးသီဟ )
“ငယ်ဘဝက ဆင်းရဲခဲ့ရင်” 🔳 ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတာချင်း တူပေမဲ့ ဘဝဆိုတဲ့ ခရီးကို စတင်ရတဲ့ တာထွက်မှတ်ချင်းကတော့ မတူကြပါဘူး။ တချို့က ဆင်းဆင်းရဲရဲ၊ တချို့က ချမ်းချမ်းသာသာ၊ တချို့က ချို့ချို့တဲ့တဲ့၊ တချို့က ပြည့်ပြည့်စုံစုံ။ ရွေးချယ်လို့လည်း ရတဲ့ကိစ္စ မဟုတ်ဘူး။ အဲဒီလို ငယ်ဘဝက ဆင်းရဲခဲ့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ တွေ့ရတတ်တာလေးတွေ ရှိတယ်။ 📌 ၁။ သိမ်ငယ်စိတ် အတွေ့ရအများဆုံးပဲလို့တောင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက သူများသုံးသလို မသုံးရဘူး။ အတန်းတစ်တန်းတက်ရင် သူများတွေက ကျောပိုးအိတ်အသစ်ကလေးတွေ ကိုင်တယ်။ ကိုယ်ကတော့ မနှစ်ကဟာပဲ။ ကျောင်းကနေ ဘာဖိုးညာဖိုး တောင်းပြီဆိုလည်း အမြဲမျက်နှာငယ်ရတယ်။ ဆရာ၊ ဆရာမတွေကလည်း အပစားမပေးဘူး။ အဲဒီအရွယ်ကတည်းကနေ သိမ်ငယ်စိတ်က စတာပဲ။ အသက်ကြီးလာတော့ ပိုဆိုးတယ်။ သူများတွေက…
-
သည်မော်ရတေးနီးယန်း (The Mauritanian) – ဉာဏဗလ
“သည်မော်ရတေးနီးယန်း (The Mauritanian)” ◾️Mauritania ဆိုတာ အာဖရိက အနောက်မြောက်ပိုင်းက လူဦးရေ ၄ သန်းကျော်သာ ရှိတဲ့ နိုင်ငံလေး။ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဒီဇာတ်ကားက အဲဒီက ဆလာဟီ (Mohamedou Slahi) ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်း။ ◾️9/11 ဆိုတာ ကမ္ဘာသိ ဖြစ်ရပ်ကြီးပဲ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်က World Trade Center ကို အယ်ခိုင်းဒါတွေ တိုက်ခိုက်ခဲ့တယ်။ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့တဲ့ ကိစ္စဖြစ်သလို၊ ခုထိလည်း နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိကြတုန်းပဲ။ အမေရိကန်တွေက အာဖဂန်ကို တိုက်ချင်လို့ ဒါကို တမင်လွှတ်ပေးခဲ့တာ ဆိုတာမျိုးတွေပေါ့။ အဲဒီနောက်ပိုင်း ကမ္ဘာ့အနှံမှာ…
-
“အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ
“အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။…
-
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” ◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။ တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ယေဘုယျအားဖြင့် ယောက်ျားတွေနဲ့သာ သက်ဆိုင်တယ်လို့…
-
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။ ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။ ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။ လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။…
-
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်…