Category: Entertainment – ရသ
-
Post 87 – ဓားလွတ်ထက်ထက်ကပွဲသိမ်းကွက်တွေခုတ်နိုင်တယ် ( မင်းကိုနိုင် )
လူအရေအတွက်နဲ့ လက်နက်ဆိုတာကကာလတခုပဲ လူရှိန်မယ်တကယ်တိုးကြည့်မှ ပြိုနေမှန်းသိတာ ဓားအိမ်ကျောက်စီအသွားတုံးတုံးကိုဓားလွတ်ထက်ထက်ကပွဲသိမ်းကွက်တွေခုတ်နိုင်တယ် ကာလရှည် ကျင့်ဝတ်ပျက် အခွင့်ထူးခံခဲ့သမျှစွမ်းရည်မဲ့နေမတရားမှုနဲ့တွဲလျက်အမှားတွေလည်းဆက်တိုက်ကျူးလွန်ပြည်သူကလည်းအပြင်းအထန်ဆန့်ကျင်ဒီလိုစစ်တပ်စိတ်ဓာတ်ပြိုသွားတာက ဓားတုံးတာပဲ သံတမန်ရေး စွန့်ပယ်ခံရခိုက်ဘဏ္ဍာရေး သွက်ချာပါဒလိုက်ဒါတွေထည့်မပြောသေးပါဘူး “ဓားအိမ်ကျောက်စီအသွားတုံးတုံးကိုဓားလွတ်ထက်ထက်က ပွဲသိမ်းကွက်တွေခုတ်နိုင်တယ်” -မင်းကိုနိုင် ၈/၁၂/၂၃ Facebook ပေါ်မှာပါတော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီးR C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
-
စမတ်ကျကျ တွမ်ဖား နှင့် ဆိုဆိုက်မစ်ရှင် ကဏ္ဍ ( ကျူးလိပေါင် သတင်းစဉ် )
“Edge of Tomorrow” ရုပ်ရှင်ထဲမှာ မင်းသားက “တွမ်ခရုစ်”။ သူ့တာဝန်က ဆိုက်ဝါး တာဝန်ခံ။ ရှေ့တန်းမှာ ဂြိုလ်သားတွေကို ဘယ်လို လက်နက်တွေနဲ့ ဘယ်လိုနှံတာပေါ့လေ။ သူကိုယ်တိုင်လည်း စစ်ဝတ်စုံကို စမတ်ကျကျ အမြဲဝတ်တာပေါ့။ တကယ်တော့ သူတို့ တိုက်နေတဲ့ ပွဲက Suicide Mission၊ တဖြုန်ဖြုန်ကေး၊ ပြန်မလာလမ်း ဖြစ်နေတာ။ ရှေ့တန်းက စစ်သားတွေက အတုံးအရုံးဘေမက် သူက ပျော်ပျော်ပဲ။ ပျော်မှာပေါ့ နောက်ကနေ ဆိုင်းတီး အာချောင် အဆင့်ကိုး။ စစ်သားကုန်ခါနီးလာတော့ သူ့ကို ရှေ့တန်းလွှတ်ဖို့လုပ်တာကို ဇွတ်ငြင်း၊ ဖွပစ်မယ် ဘာညာလုပ်လို့ ဇွတ် ဖမ်းချုပ်၊ လက်ထိပ်ခတ် အပွင့်အခက်ဖြုတ် ပုခုံးတုံးလုံးနဲ့ ဒီမိုးရှင်း လုပ်ပစ်ပြီးမှ ရှေ့တန်းပို့ပစ်ရတာ။ အဆစ်တိုရဲ့ စစ်တပ်မှာလည်း လာပြီ။…
-
ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )
သင်္ခေပ နုမောဒနာတရားတော်မြတ်ဟူသည်ကား – (၁) မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့။ Not to do any sin or any evil. (၂) ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ To do good. (၃) မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ။ To purify one mind. လက်သုံးချောင်းဆရာတော် လို့ နာမည်ကြီးသွားတဲ့ “ကျောက်မဲဆရာတော်” ရဲ့ တရား။ ဖျာတန်းကို မီးဟုန်းဟုန်း ထစေသော တရား။ “ကုသိုလ်တော် ဘုရား” ကို ပုံတူကူးချပြီး “အကုသိုလ် ဘုရား” တည်လိုက်တဲ့ “အဆစ်တို” လက်အုပ်မချီနိုင်၊ သာဓုမခေါ်နိုင်ပဲ ကြက်လည်လိမ်သလို ဖြစ်သွားစေတဲ့ တရား။ အဆစ်တို ရဲ့ ဘုရားက ထူးခြားတယ်။ နိုင်ငံသားတွေ ကိုယ်တိုင်တောင် ဝင်ကြေးပေးပြီးမှ…
-
မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )
~ ဇော့်ရဲ့ရှေ့မှာ မြင်နေရတာ ~ မဲ .. တဲ့အရာလေးတစ်ခုကို ~ လှိုင်ကတော့ ဖြူတယ်ဆိုရင် ~ ဖြူလိုက်မယ် လှိုင့်အကြိုက်လိုက်ကာ ~ လှိုင့်ဘောပဲပေါ့ .. လှိုင်ရယ် လှိုင်ရယ် ~ မဲ့ရွဲ့ပြီး သီချင်းစာသားကို ညည်းလိုက်မိတယ်။သူကလည်း တင်ခတုပ္ပတ္တိဉာဏ် ရွှင်တယ်လို့ တပ်ထဲမှာ နာမည်ကျော်သူ။သူ့လောက်တောင် မဖြူ၊ မဲတူးနေတဲ့ ဆင်အလေအပေကို “ရဌနန္ဒ” ဆိုလား ဘွဲ့ပေးပြီးဆင်ဖြူတော်လို့ လိမ်ပြီး ဦးတော်လုပ်ခိုင်းတာကို သူမကြည်။ဆင်ကြည့်တော့ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ယောင်ဘူး။သူ့လောက် ဗလောင်းဗလဲ ပြောတတ်တဲ့ ကောင်တောင် ဒီဆင်အမဲကြီးကို ဆင်ဖြူလို့ ပြောမထွက်။ ဇော်မဲလုံးဆိုတာ အချာဘင်မဟုတ်။ ရင်ခွင်မှီ အရပ်ရှိတဲ့ မိန်းမကို ရထားတာ။ရင်ခွင်မှီဆိုတာ မဲလုံးက မှီရတာ။ဒေါင်ဟက်ဟက် မိန်းမကြီးကို ရထားတော့ မဲလုံးရဲ့…
-
မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )
“မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။” “ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်” “ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ…
-
မြစ် ( သင့်သူ )
– မြစ် –••••••••••••••••• ကန္တာရကိုဖြတ်ပြီးစီးခဲ့ကျောက်စိုင်ကျောက်သားတွေကို တိုက်စားပြီးစီးခဲ့စိမ်းညို့ညို့တောအုပ်တွေမြို့ပြရဲ့ စိမ်းကားမှုတွေကျေးရွာတွေရဲ့နွေးထွေးမှုတွေပျော့ပျော့မာမာ တိုက်စားပစ်ခဲ့ရမှုတွေ။ တစ်ခါတစ်လေ အထီးကျန်ပြီးတစ်ခါတစ်လေ အလိုက်သင့်တည်တည်ငြိမ်ငြိမ်တစ်ခါတစ်လေ အသုံးချခံရပြီးတစ်ခါတစ်လေ အားကိုးခံရတယ်။ အပြစ်ဖွဲ့ခံရတဲ့ အခါလည်းစီးရတာပဲနောက်ကျိ ရှုပ်ထွေးနေလည်းစီးရတာပဲကြည်လင်အေးမြနေတော့လည်း စီးဆင်းခဲ့ရကွေ့ကောက်နေလည်း စီးဆင်းခဲ့ရပြန်ဖြောင့်နေလည်း စီးဆင်းခဲ့ရပေါ့စီးမြဲ ဆင်းမြဲ ဦးတည်ရာကတစ်ခုတည်း။ မြတ်နိုးတတ်တယ်ရက်စက်တတ်တယ်။ အရောင်ပြောင်းရတယ်ကူညီရတယ်။ တိမ်တွေညိုရင် အရှိန်ပိုတင်ရတယ်နေသာရင် သာယာပြရတယ်လှိုင်းကြက်ခွပ်တွေကာထားတော့နှလုံးသားကို ဘယ်မြင်ရမလဲ။ ဒူးမထောက်ဘူးမကြောက်ဘူးကိုယ့်လမ်းကြောင်းနဲ့ကိုယ်ကိုယ့်အရှိန်နဲ့ကိုယ်မငိုဘူး မရယ်ဘူးပေါင်းရဲတယ် ခွဲထွက်ရဲတယ်လမ်းမပျောက်ဘူးကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လမ်းဆုံးမှာ ပင်လယ်ရှိကြောင်းယုံတယ်။ အကိုင်းခက်မရှိအတိုင်းအတာမရှိစည်းရှိတယ် ကမ်းရှိတယ်ဟုတ်တယ်ခင်ဗျားကျုပ်ကို ကြည့်ကျုပ်က မြစ်မြစ် ဆိုမှ မြစ်မြစ်မှ တကယ့်မြစ်။ ။ – သင့်သူ Facebook ပေါ်မှာပါတော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီးR…
-
နွေဦးဖတ်စာ – ၆ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၆ ဂူထဲကို ရေတွေ ဖြတ်စီးနေပြီ။ သို့သော် ရေအရှိန်က အားလျော့လာပြီး ရေလုံးက သေးလာသောကြောင့် ခြေမျက်စိမြုပ်ရုံ အနက်လောက်သာ ကျန်တော့သည်။ ဂူအပြင်ဘက်၌ မုန်တိုင်းစဲသွားဟန် တူ၏။ ယခုအခါ ဂူအတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးမှာ ရေလွတ်ရာသို့ ရွှေ့ပြောင်းရန် မကြိုးစားကြတော့ဘဲ ရေနှင့်အတူ ယှဉ်တွဲနေနိုင်ရန်သာ အားထုတ်နေကြရသည်။ “ဟေ့လူတွေ၊ သေချာကြည့်ကြဦး၊ ရေတွေက စီးနေတယ်နော်” ဆရာဖြိုးက ရုတ်တရက်ပြောလိုက်သဖြင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ ‘ရေပဲ၊ စီးမှာပေါ့၊ ရေစီးတာများ အဆန်းလုပ်နေသေးတယ်’ ဟူသော မျက်နှာပေးများဖြင့် ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း နှုတ်ကမူ အလိုက်သင့်ပင် “ဟုတ်တယ်နော်” ဟူ၍ စကားထောက်ပေးလိုက်ကြသည်။ “ဒီရေတွေ တစ်နေရာရာကို စီးသွားတာပဲ ဖြစ်ရမယ်၊ ကျနော်တို့ လိုက်ကြည့်ကြရအောင်၊ ခါတိုင်း…
-
နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၅ ============ အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။ ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။ ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည်…
-
“အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ
“အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။…
-
“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – တယ်လီကျန်းမာ
“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” ပြောပြချင်လို့ပါဗျာ…. မိုးလေးဖွဲဖွဲ ရွာနေတဲ့ ညနေခင်းတစ်ခုမှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့…. စိတ်ရှုပ်ထွေးပြီး အလိုမကျနေတဲ့ မျက်နှာလေးနဲ့ မိုးရွာထဲ ခပ်သုတ်သုတ် လမ်းလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ကို စပြီးသတိထားမိကတည်းက…. ဝန်ခံပါရစေ…..ကျွန်တော် စိတ်လှုပ်ရှားသွားခဲ့မိတာပါ။ ထီးပါမလာတဲ့အချိန် ရွာချလာတဲ့ မိုးစက်တွေကြောင့် သူ့မျက်နှာဟာ စိတ်တိုနေပုံကျပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်ဆိုးနေတဲ့ စူစူပုပ်ပုပ် မျက်နှာလေးက ချစ်စရာလေးဗျာ…. ထားပါတော့လေ… ဒါနဲ့ပဲ သူ့နောက်ကို နောက်ယောင်ခံလိုက်…သူ ဘယ်သူလဲ… ဘယ်မှာနေလဲဆိုတာ စုံစမ်း…ယောင်္ကျားကြိုက်တော့ စိုက်စိုက်လိုက် ဆိုသလို သူ့အချစ်ကိုရဖို့ ပိုးပန်းရတော့တာပေါ့။ ပိုးရင်းပန်းရင်း ကျွန်တော်သိလာရတာကတော့ သူဟာ ရိုးသားပြီး စိတ်ဓာတ်မာကျောတယ်။ ချစ်ဖို့ကောင်းပြီး အရာရာကို လွယ်လွယ်အလျှော့မပေးတတ်ဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေအပေါ် ဂျီကျတတ်ပေမယ့် ဖြူစင်ရိုးသားသူတစ်ယောက်ဆိုတာရယ်… နောက်ပြီး သူဟာ…