Category: Knowledge – သုတ
-
လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )
လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။ ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။…
-
အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )
Self-confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) ဟာကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘွဲ့တွေရာထူးတွေကလာတယ်ဆိုရင် မဟုတ်သေးဘူး။ နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ဥပမာ – Smart ကျကျဝတ်စားထားတဲ့နေ့ နဲ့ဆံပင်ကဖြစ်ချင်တိုင်းဖြစ် အင်္ကျီကလည်းမီးပူတိုက်ဖို့အချိန်မရလို့တွန့်ကျေနေတဲ့နေ့နဲ့လူတောတိုးတဲ့အချိန်မှာခံစားမှုမတူသလိုမျိုး။iPhone ကိုင်နိုင်ရင်နေရထိုင်ရတာကောင်းနေသလိုမျိုး။Mercedes စီးနိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး။တပည့်တပန်းတွေကကိုယ့်ကို “မ” နေမှနေသာထိုင်သာရှိတာမျိုး။ 😃 ဒါပေမယ့် ဒါတွေကအပေါ်ယံကိစ္စတွေပဲဖြစ်နေတယ်။ပြီးတော့ ကိုယ်ကဒါတွေအပေါ်မှာမှီခိုနေရတယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူး။ဒါကြောင့် ပစ္စည်းဥစ္စာရာထူးစည်းစိမ်ရှိမှ self-confidence ရှိလို့ရနိုင်မယ်ဆိုတဲ့ equation ကလုံးဝ false ( မှားနေတယ် ) လို့တပ်အပ်ပြောလို့ရတယ်။ ဒါဆို ဘဝရဲ့အတက်အကျတွေကြားမှာအတွင်းကျကျတည်ငြိမ်တဲ့ self-confidence မျိုးဘယ်လိုရနိုင်မလဲ။ မတ်စေ့တစေ့မှာခေါင်းနဲ့ပန်းရှိသလိုပဲ လူတိုင်းမှာအဆိုးနဲ့အကောင်းရှိတယ်။ကိုယ့်ရဲ့ဆိုးခြင်းရောကောင်းခြင်းရောကို ဆင်ခြေဆင်လက်ဘာမှမပေးတော့ပဲနဲ့အပြည့်အဝလက်ခံနိုင်ပြီဆိုရင် self-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဖြစ်လာနိုင်တယ်။လက်မခံနိုင်သေးသ၍ – တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ညာနေသေးသ၍ကတော့သူတပါးရဲ့အပြောအမြင်တွေကြားမှာ လုံးချာလည်နေဦးမှာပဲ။ စိတ်မလုံမလဲဖြစ်နေဦးမှာပဲ။ဂုဏ်တွေဒြပ်တွေပစ္စည်းဥစ္စာတွေကိုအားကိုးနေရဦးမှာပဲ။ ကိုယ့်ရဲ့ perfect မဖြစ်မှုကို လက်ခံနိုင်ပြီ၊အလုံးစုံမပြည့်စုံမှုကိုလက်ခံလိုက်ပြီ (self-acceptanceရှိပြီ) ဆိုရင်တပါးသူတွေရဲ့ flaw တွေ အပြစ်အနာအဆာတွေကိုလည်းနားလည်နိုင်လာပြီးသူတို့ရဲ့ forte (အားသာချက်တွေ) ကိုလည်းပိုပြီးတော့…
-
ချန်ဂင်တို့စခန်း (၁၇၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၇၇)” ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ…
-
အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ ( တယ်လီကျန်းမာ )
“အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ” ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင်းမျိုးစုံနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စွဲလန်းစွာ စားသုံးနေသူတွေ အများအပြားပါပဲ။ ညတိုင်း ဒရာမာလေးတွေကြည့်ရင်း ခေါက်ဆွဲပြုတ်လေးစားလိုက်ရမှ နေသာထိုင်သာရှိသူတွေ၊ မိုးလေးအေးလာတော့ ခေါက်ဆွဲပူပူလေးစားချင်ကြသူတွေ၊ ဘာရယ်မဟုတ် ခေါက်ဆွဲကြိုက်ကိုကြိုက်သူတွေ စသဖြင့် အစားတစ်လိုင်းတွေကလည်း နည်းနည်းနောနောမဟုတ်ပါလားနော်။…. တကယ်တော့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေဟာ ရေရှည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တာကြောင့် စားဖို့ရာမသင့်တော်ပါဘူး။ အရင်ဆုံး ဘာကြောင့်မကောင်းဘူး ပြောရသလဲဆိုတာ ဖတ်ကြည့်ရအောင် !. (၁) ဆိုဒီယမ်ပမာဏများပြားခြင်း ခေါက်ဆွဲခြောက် (၁၀၀) ဂရမ်မှာ ဆိုဒီယမ် (၃၉၇- ၃၆၇၈) မီလီဂရမ်အထိ ပါဝင်ပါတယ်။ အချို့ခေါက်ဆွဲတွေမှာ ဒီထက်တောင်များပါသေးတယ်။ ကိုယ်ဝယ်တဲ့ ခေါက်ဆွဲခြောက်ရဲ့အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ဆိုဒီယမ်ပမာဏကို ဂရုပြုကြည့်ရှုနိုင်ပါတယ်။ ဆိုဒီယမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးပါပဲ။ ဒါပေမယ့် ပမာဏများတဲ့အခါ…
-
ဖြိုးသီဟ ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ( ဒေါက်တာ ဖြိုးသီဟ )
◾️ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေလို့ ပြောရင် ဘယ်သူတွေများ ဖြစ်မလဲ။ တခြားသော စာရေးဆရာတွေ၊ Trainer တွေ ဖြစ်မှာပေါ့။ ဒါတောင် အသေးစိတ် ခွဲလို့ ရသေးတယ်။ Fitness Trainer သည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ နိုင်ငံရေး စာရေးဆရာသည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ လိုင်းမှ မတူတာပဲကိုး။ သို့သော် ဒီခေတ်ကျ အဲ့ဒီလို စဉ်းစားလို့ မရတော့ဘူး။ ◾️လူတွေမှာ တစ်နေ့ကို ၂၄ နာရီ ရှိကြတဲ့အထဲ ပျမ်းမျှအားဖြင့် အိပ်ချိန် ၆ နာရီ၊ အလုပ်ချိန် ၈ နာရီ၊ လမ်းပေါ် အချိန်ကုန်တဲ့ ၂ နာရီ ဖယ်လိုက်ရင် ၈ နာရီ ကျန်မယ်။ ဂျက်မားရဲ့ စကားနဲ့ ပြောရရင်တော့ အဲဒီလက်ကျန် ၈…
-
Elon Musk က စက်ရုပ်ဇနီး တကယ် ထွင်နေလား ( ကိုဇင်ဇေ )
Elon Musk ကဘာ စက်ရုပ်ဇနီးမှ ထွင်မနေဘူး ။( ကြိတ်ထွင် နေရင်တော့ မသိဘူးပေါ့ ) AI နဲ့ လက်ဆော့ထားတဲ့ ပုံတွေကိုနိုင်ငံတကာ က လူတစ်ယောက် ကအတည်ပေါက်နဲ့ စာရေး ဖွတာကို မြန်မာနိုင်ငံက( အင်္ဂလိပ်လို ရေးထားတာနဲ့ကို အမှန် ထင်တတ်တဲ့ )ေ-ာက်ပေါ ဆရာကြီး တစ်ယောက်ယောက်ကစပြီး ဘာသာပြန် တင်လိုက်တာ … အဲ့ဒါကိုေ-ာက်ပျင်းတွေက မစိစစ်ပဲ ထပ်ဖြန့်နေတာ … လခွမ်းထဲမှပဲ … ပိန်းတာ ပိန်း …အဲ့လောက်တော့ မပိန်းကြနဲ့ … ~ ကိုဇင်ဇေ •••••• မပိန်းချင် ရင်“ နွေဦးဖတ်စာ” မှာ စာလာဖတ် …ဒါက Trendjacking လုပ်ပြီး အတင်း ကြော်ငြာဝင်တာ 😂😂😂…
-
လုပ်စား Pages တွေ ရဲ့ အကွက်တွေ ( ကို ပဒေသာ )
သာမန်ဖြစ်ရိုးဖြစ်စဉ်များအတိုင်းပါပဲ ဒီဘဲက သူ့ဟာသူတစ်တော့ဆော့တယ်အဲ့ဒါကို ခွီချင်တဲ့သူက Vdo ကို ဖေ့ဘုတ်မှာပြန်တင်တယ်။မိတ်ဆွေတို့ကလည်း ခွီကြ Share ကြပေါ့။ အဲ့ဒါတွေရဲ့နောက်ဆက်တွဲကတော့ လုပ်စားမယ့်ကောင်တွေက ခုလိုပေ့ခ်ျကောက်ထောင်လိုက်မယ်။ပြီးရင် ခင်ဗျားတို့ခွီချင် ဆဲချင် Share ချင်အောင်Caption အမျိုးမျိုးနဲ့တင်မယ်။ ကာယကံရှင်ကလည်း သူဒီလိုလုပ်ခံနေရမှန်း သိချင်မှသိမယ် ၊ခင်ဗျားတို့ကတော့ လုပ်စားမယ့် ကောင်အလိုကျ ဆဲမယ် ၊ share မယ်။ အဲ့ဒီအခါကျ ပေ့ခ်ျက engagement လို့ခေါ်တဲ့Reacts , Comments, Share တွေများလာမယ်။ခင်ဗျားတို့ Newsfeed မှာ ဒီပေ့ခ်ျကပို့စ်တွေ မကြာခဏမြင်တွေ့ရမယ်။အဲ့ပေ့ခ်ျကလည်း Like သောင်းချီသိန်းချီရသွားမယ် ၊ပီးရင် အဲ့ပေ့ခ်ျကို နာမည်ပြောင်းပီးလောင်းကစားပေ့ခ်ျ or စီးပွားရေး ပေ့ခ်ျတစ်ခုခုလုပ်မယ်။ဒါမှမဟုတ် ရောင်းစားမယ်ပေ့ါဗျာ။ ပေ့ခ်ျတစ်ခုက Like သိန်းဂဏန်းဆိုအပြင်မှာပေါက်ဈေး ဘယ်လောက်ရှိမလဲတော့သေချာမသိပေမယ့်၃ သိန်း အထက်ကနေ…
-
“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )
(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…
-
“တော်လှန်ခရီးသည်” ( ကို တေဇာဆန်း )
“တော်လှန်ခရီးသည်” အောင်စိတ်နဲ့ချီတက်တဲ့ ခရီးဟာ အောင်ဖို့ ခရီး၊ အောင်ပွဲခရီးပဲ။ ဒီမှာဆိုလိုတဲ့ အောင်စိတ်ဆိုတာကဒီတော်လှန်ခရီး ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ကြာမြင့်ပါစေ၊မဖြစ်မနေ အဆုံးထိ လျှောက်မယ်။အာဏာရှင်စနစ် ပျက်သုဉ်းသည်ထိ၊ ခရီးဆုံးပန်းတိုင် ရောက်သည်ထိ လျှောက်မယ်၊နိုင်သည်အထိ တိုက်မယ်၊ဒါ့အပြင် ဒီပွဲဟာ ငါတို့ မုချ နိုင်လည်း နိုင်မယ့်ပွဲဆိုတာကိုခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်တဲ့စိတ်ပဲ။ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။ အရေးတော်ပုံ အောင်ရမည်။
-
သို့ . . . တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် ( ကို တေဇာဆန်း )
အခုချိန်မှာ ကျနော်တို့ မြန်မာပြည်သူတွေအနေနဲ့အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကို အထူးတိုက်တွန်း၊ အသိပေးလိုတာ ရှိလာပါတယ်။ ဒါကတော့ တရုတ်အစိုးရအနေနဲ့မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အထူးအလေးထားဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို လုံးဝ ကိုယ်စားမပြုပါဘူး။ မင်းအောင်လှိုင်ဟာ မြန်မာ့ခေါင်းဆောင် လုံးဝ မဟုတ်ပါဘူး။ဒင်းတို့ဟာ စစ်ရာဇဝတ်ကောင်တွေ၊ ဖက်ဆစ်အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်သွားရမယ့်အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတွေခေတ်မှာပဲ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာအပြောမဟုတ်ဘဲ လက်တွေ့ကျကျ ကောင်းမွန်ခဲ့ကြတယ်။ အစိုးရချင်းသာမက နှစ်နိုင်ငံ ပြည်သူ-ပြည်သူချင်းပါအပြန်အလှန် ချစ်ကြည်ရင်းနှီးခဲ့ကြတဲ့ သာဓကကောင်းများစွာ ရှိပါတယ်။တရုတ်-မြန်မာ နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဆိုတာ ဒီအကြမ်းဖက် စစ်အုပ်စုနဲ့တော့ ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။…