Category: Knowledge – သုတ
-
ဗုံးခိုကျင်း ( တော်လှန်ရေဘဲ )
ဗုံးခိုကျင်း… … … …(For Public Safety Knowledge Sharing)ခုတလော ဗုံးအရမ်းကျဲနေတာရော.. လိုင်းပေါ်မှာတင်တဲ့ဗုံးခိုကျင်းပုံတွေက လိုအပ်ချက်ရှိနေတာကြောင့်ရော ရေးပါတယ်.. လေကြောင်းရန်ကာကွယ်ရေးအတွက် Brief Report အသေးလေး အရင်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ…ပထမဆုံး ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲ ဆိုတာ အရင် ဆုံးဖြတ်ရပါမယ်.. ဗုံးဘေးမှာကျရင် မသေအောင်ဆိုရင်တော့ အမိုးအကာသိပ်အမာကြီးလုပ်ဖို့မလိုဘဲကျင်းသာပီပီပြင်ပြင်တူးဖို့ လိုပါတယ်…ကိုယ့်တစ်ရပ်လောက်ဆို လုံလောက်ပါတယ်… ဗုံးတည့်တည့်ကျတာကိုခံနိုင်အောင်အထိ ဆိုရင်တော့ သေချာလုပ်ရပါမယ်..အကောင်းဆုံးကတော့ သံကူကွန်ကရစ်ပါ..စက်အမြောက်ဒဏ်လောက်ဆို သံကူကွန်ကရစ် ၁ ပေ ထူဖို့လိုပါတယ်..မြေကျစ်ဆိုရင် ၄ ပေ ထူဖို့လိုပါတယ်…(လက်နက်ငယ်.. RPG.. ၄၀/၆၀ ဗုံးသီးတွေက အရည်အသွေးကောင်းတဲ့ကွန်ကရစ် ၁ ပေကို မဖောက်ပါ)ဒီအမျိုးအစားကိုပဲတတ်နိုင်ကြတာများပါတယ်..ဒီအမျိုးအစားဟာ အရည်အသွေးကောင်းအောင်လုပ်ပြီး မြေတွေ ကျောက်တွေ သစ်တွေ အပေါ်မှာထပ်ပိုးဖုံးထားရင် ဗုံးဒဏ်တောင် အထိုက်အလျောက် ခံနိုင်ပါတယ်…ဘန်ကာအနေနဲ့လဲ သုံးနိုင်ပါတယ်.. ပေါင်…
-
နေပူကျဲမှာ ရေခဲပန်းပု ထုသလို ( ဦးမင်းကိုနိုင် )
မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှု နေပူထဲတွင် ရေခဲပန်းပု ထုသလိုဖြစ်နေပြီး အရေးယူမည့် ယန္တရား မရှိ၍ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟု ဦးမင်းကိုနိုင်ပြော “လွယ်သလား ခက်သလားရာမ အာဏာလုသိမ်းပြီး ခုတော့ထင်သလိုလွယ်ရဲ့လား” ဟု မင်းအောင်လှိုင်နှင့်စစ်တပ်ကို မေးခွန်းထုတ် ရန်ကုန်၊ မေ ၁၀ မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှုသည် နေပူထဲတွင် ရေခဲ ပန်းပု ထု သကဲ့သို့ အရာမထင် ဖြစ်နေပြီး အရေးယူမည့် ယန္တရားမရှိ၍ မည်သည့် ထိရောက်မှုမှ မရှိနိုင်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ မေလ ၉ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပလျက်ရှိပြီး ယင်းအစည်းအဝေးများတွင် မြန်မာ့အရေး ဖြေရှင်းရန် အချက်က…
-
ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ ( ဦးမင်းကိုနိုင် )
“ပြည်သူလူထုရဲ့ ကြွေးကြော်သံက နောက်တစ်ခုကျန်သေးတယ်လေ။မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ ဒါလည်းသိပ်ပြီးတော့ မှန်တယ်။ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ။ ပုဂ္ဂိုလ်ကို ပြောတာမဟုတ်ဘူးဗျ။ တရားဗျ။ တရားစီရင်ဖို့ကျန်တယ်ဆိုတာကို ပြောတာ။ ပြည်သူဆီမှာ အဲဒီ အမှန်တရားကို စီရင်ခွင့်ရှိရမယ်။ ဒီအလှည့်ကျန်သေးတယ်” By ရန်ကုန်ခေတ်သစ်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ရာ ၂ နှစ်ကျော်ကာလတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စစ် တပ် က လေ ကြောင်း ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုး သမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကလေးငယ်များ ပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများ…
-
မိန်းမပျိုလေး ကနေပြီ— 🇨🇳 🇮🇳🇹🇭 ( မရွှေမိုး-ကိုရီးယား )
မိန်းမပျိုလေး ကနေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယက ကွန်ဂရက်ပါတီအကြောင်းနဲ့ စ ရပါမယ်—ကွန်ဂရက်ပါတီကို မြန်မာပြည်သူလူထုရဲ့မိတ်ဆွေလို့ ပြောနိုင်ပါတယ်။ ကွန်ဂရက်ပါတီ (Indian Congress party— INC) ဖြစ်လာဖို့ အစပျိုးခဲ့သူကတော့ ‘မဟတ္တမ ဂန္ဒီ’ပါ။ ဗိုလ်ချုပ်အောင်ဆန်း သေနတ်နဲ့ အလုပ်ကြံခံရပြီး နောက်တစ်နှစ် ၁၉၄၈ မှာ မဟတ္တမ ဂန္ဒီလည်း သေနတ်နဲ့ လုပ်ကြံခံရတယ်။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသူက ဂျဝါဟာလာနေရူး— သူက ‘မဟတ္တမ ဂန္ဒီ’ ကို အားကျလေးစားပြီး လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့သူ၊ သူကလည်း ကွန်ဂရက်ပါတီကပဲ..။ နေရူးက သခင်အောင်ဆန်း၊ သခင်နုတို့ နဲ့အလွန်ရင်းနှီးပါတယ်။ သူတို့ လွတ်လပ်ရေးအတူကြိုးပမ်းခဲ့တယ်၊ ဒီမိုကရေစီ တကယ်ယုံကြည်ကြတယ်။ 🇨🇳 🇮🇳🇹🇭…
-
❝ ခလုတ်တိုက်ကြသူများ ❞ – မရွှေမိုး-ကိုရီးယား
တော်လှန်ရေးမှာ ‘ခလုတ်တိုက်တယ်’ဆိုတာ အလုပ်တခုလား၊ ကဲ— ပြော…။ ‘ခလုတ်တိုက်တယ်’ ဆိုတာ ဘယ်သူမှမဖြစ်ချင်တဲ့ကိစ္စလို့ မှတ်သားခဲ့ဖူးတာ၊ အမှားကြီးမှားခဲ့ပေါ့။ 🪨 ဟုတ်တယ်— တချို့က မတော်တဆမဟုတ်ဘူး..။ တွေ့ရာမြင်ရာကို ‘အဲ့ဒါခလုတ်ပဲ’ ဆိုပြီး တမင်ကြီးဝင်တိုက်နေတာ။ အတိုက်ခံရသူက ဘလိုင်းကြီးခံရတာ။ ပြီးတော့ သူကပဲ နာတယ်လို့အော်ကြသေး၊ ပြီးရင် လဲကျပြ၊ ဘေးက ဝိုင်းထူပေးကြသနားကြ၊ အားပေးကြ..။ အံမယ်—သူကပဲအားတင်းပြီး ပြန်ထ၊ ခလုတ်ကို ထပ်ပြေးတိုက်၊ ခမျာ နေ့စဉ်နဲ့အမျှ ခလုတ်တိုက်နေရတာ အလုပ်တစ်ခု။ 🪨 ‘ခလုတ်တိုက်ကြသူများ’ပေါ်လာတဲ့အခါ ‘ခလုတ်ဖန်တီးပေးသူများ’ လည်းပေါ်လာတယ်။ Facebook အကောင့်အတုတွေနဲ့ရော အပြင်မှာလက်တွေ့ရော။ ‘ အမရေ ဟိုဘက်မှာခလုတ်ထင်တယ်ဗျ’ ‘ ဦးလေးရေ ဟိုနားက လူက ခလုတ်နဲ့တူလိုက်တာ၊ တိုက်ချင်စရာကြီးရှင့်’ ‘မောင်လေးရေ ဟိုကောင်မ ခလုတ်နော်၊…
-
သတိချပ်ပြီး ဒီပွဲလေးမှာ တူတူရုန်းကြရအောင် – ကိုပဒေသာ
ဒီဟာလေး လူပြောမများခင်နေ့ထဲက SS ရိုက်သိမ်းထားတာမုန်တိုင်းကိစ္စနဲ့ တခြားဘာမှမပြောချင်လို့ ထားလိုက်တာ ခုလည်း တခြားကိစ္စတွေက ပြောသင့်တဲ့သူတွေပြောပီးပီမို့Video တွေရိုက်ပြီး တော်လှန်ရေး ရံပုံငွေရှာတဲ့သူတစ်ယောက်အနေနဲ့ပဲပြောပါ့မယ်။ Views က ၂၃ နာရီအတွင်း 2.1 M နော်။ပို့စ်မဖျက်ခင် နောက်ဆုံး SS မှာဆို 3.3 Mရှိတယ်။ မီးတွေပျက်တယ် အင်တာနက်မကောင်းလို့ဘလာဘလာ… စာနာပါတယ် နားလည်ပါတယ်။ဒါပေမယ့် ဒီ SS ထဲက ကောင်တွေအပါအဝင်မန်းလေးက တစ်တော့ဆော့တဲ့စောက်ပေါကောင်တွေClick bait page တွေ ၊ အညှီအဟောက်ပို့စ်တွေဆိုကျနော်တို့ထက် ၁၀ ဆ မက လူစည်ပါတယ်။ ကျနော်တို့ ပဒေသာပင်ဆိုခုနောက်ပိုင်း ကြည့်တဲ့သူ နည်းလာလို့ ရပ်တော့မယ်တောင် တစ်ခါထုတ်ပြောပီးပီ။ C2D လည်း ခုကမ်ပိန်းမှာရုန်းကန်နေရတာပါပဲ။တခြားဟာတွေလည်း ထူးမခြားနားပါပဲ။ခုလက်ရှိအဆင်ပြေနေတဲ့ The PDF game…
-
ခင်ဗျားဟာ Facebook ပေါ်က ငပိန်း(ငပြိန်း) – လင်းနစ်
ခင်ဗျားကို ကျနော်ပြောမယ်….. ခင်ဗျားဟာ Facebook ပေါ်က ငပိန်းကျနော်လည်း ဒီလိုတော့မပြောချင်ပါဘူး။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ခင်ဗျားက သိပ်ပိန်းလွန်းနေတယ်။ခင်ဗျားကို ကျနော် G-mail ခေတ်ကတည်း မပြောချင်လို့ကြည့်နေတာ။ မီးလောင်ဒဏ်ရာနဲ့ကလေးပုံလေးတွေ ရုပ်ပျက်ဆင်းပျက်ဒဏ်ရာရနေတဲ့ပုံတွေ ကျနော့်ဆီ Forward လုပ်လုပ်နေတာ။ အဲ့လိုလုပ်ရင် Google က မေးတစ်စောင် 1$ လှုတယ်ဆိုပြီး ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သူတော်ကောင်းကြီးထင်နေတယ်။ ကျနော်တို့လို traumatophobia (ဒဏ်ရာအနာတရကြောက်ရွံ့တဲ့ရောဂါ) သမားတွေက ဒုက္ခတွေရောက်လို့ ။ နောက်ပြီး အဲ့လိုတွေ Forward လုပ်လို့ google ကပိုက်ဆံတစ်ပြားမှမပေးဘူးဆိုတာလည်း ခင်ဗျားက သိမယ့်ပုံမပေါ်ဘူး။ ဘယ်သိမလဲ ခင်ဗျားက ငပိန်းကိုး။ G-mail, G-talk ကနေ ဒီဘက်ခေတ် Facebook ရောက်လို့ ခင်ဗျားပိန်းတာလျော့သွားမလားမှတ်တယ် ပိုသာဆိုးလာတော့တာပဲ။ ခင်ဗျားက…
-
“တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan” – ဒေါက်တာ ဖြိုးသီဟ
“တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan” Paradox of choice ဆိုတာ ရှိတယ်။ ရွေးစရာတွေ များလွန်းတဲ့အတွက် ဘာရွေးရမှန်း မသိဘဲ စိတ်ရှုပ်စေတာမျိုး။ အခုကာလမှာလည်း အမျိုးမျိုးသော Click လုပ်စရာတွေ၊ ကြည့်စရာ YouTube Channel တွေ၊ ငွေကူစရာ Fundraising activities တွေ ရှိနေကြတယ်။ ခုပဲ တစ်နေရာမှာ မဲဝယ်ပြီးတယ်။ နောက်ဆယ်လီတစ်ယောက်က ပို့စ်တင်ပြန်ရော။ အဲ့တော့ ထပ်ဝယ်ချင်တယ်။ ဝယ်စရာကလည်း မရှိတော့ဘူးဆို အားမလို အားမရ ဖြစ်တယ်။ အဲ့လိုဖြစ်နေတယ်ဆို လအစမှာကတည်းက အစီအစဉ် ချထားလိုက်ပါ။ Budget plan ပေါ့။ ကိုယ်လစာ သို့မဟုတ် ဝင်ငွေ ဘယ်လောက်ရှိမယ်၊ ဘယ်လောက်ကို သုံး၊ ဘယ်လောက်ကို အရေးပေါ်အတွက် စုထားပြီး…
-
“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” – ဒေါက်တာ ဖြိုးသီဟ
“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” ◾️ပစ်တိုင်းထောင်ဆိုတာ ပစ်လိုက်တိုင်း ထောင်နေတယ်၊ ဘယ်တော့မှ လဲကျသွားတယ် မရှိဘူး။ ဒီလိုပဲ၊ လူတွေမှာလည်း တချို့ဟာ ဘယ်လိုအခက်အခဲပဲ ရှိရှိ၊ ဘယ်လောက်ပဲ ပြဿနာတွေနဲ့ ကြုံကြုံ၊ ရင်ဆိုင်နိုင်တယ်။ ကျော်ဖြတ်နိုင်တယ်။ လူဆိုတော့ ပြိုလဲတဲ့အခါ မရှိဘူး မဟုတ်ဘူး။ ရှိတာပေါ့။ သို့သော် ပြန်ထတယ်။ ရှေ့ဆက်တယ်။ အထူးသဖြင့် ခုလိုကာလမှာ ယုံကြည်ချက်ကြောင့် အလုပ်မရှိတော့တဲ့သူတွေ၊ တစ်ခါမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ အရပ်ဒေသမှာ သွားရောက်နေထိုင်ရသူတွေ ရှိတယ်။ ပုံမှန်အားဖြင့်လည်း ဝန်ထမ်းလျှော့တဲ့အထဲ ပါသွားတာတို့၊ ငွေလိမ်ခံလိုက်ရတာတို့၊ လုပ်ငန်းအရှုံးပေါ်တာ၊ စီးပွားပျက်သွားတာတို့၊ နေထိုင်မကောင်းဖြစ်လို့ ဆေးကုလိုက်တာ စုထားသမျှ အကုန်ကုန်သွားတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဘဝကို အစကနေ ပြန်စကြရတယ်။ တချို့ကတော့ စိတ်ဓါတ်ကျ၊…
-
ကျွန်တော်တို့ အဆင်သင့် ဖြစ်ကြပါရဲ့လား ( လူဆွယ်စာ ) – ကိုဇင်ဇေ
အချိန်ရမှ /နောင် ဖြစ်လာတော့မယ့် နိုင်ငံတော်သစ်ကြီးရဲ့လူ့ အဖွဲ့အစည်း အကျိုး အတွက်တစ်ခုခု လုပ်ပေးချင်စိတ် ရှိမှပဲ ဖတ်ပါ ။ စာ ရှည်ပါလိမ့်မယ် ။တစ်ချို့ဟာလေးတွေကကိုယ်ရေးကိုယ်တာ ဆန်နိုင်တော့ကျွန်တော့ကို ခင်မင်ရင်းစွဲ ( ဒါမှမဟုတ် )စိတ်ဝင်စားမှု တစ်ခုခုရှိမှပဲဖတ်တာ ကောင်းပါမယ်ဗျာ ။ စာ အဆုံးထိ ဖတ်ဖြစ်လို့ကျွန်တော့်ရဲ့ ရည်ရွယ်ချက် နံပါတ် ၃ နဲ့ ပတ်သက်ပြီးစိတ်ဝင်စား / တစ်ခုခု တွဲလုပ်ချင်ရင်ကျွန်တော့်ကို Message ပို့ထားနိုင်ပါတယ်ဗျာ ။ 📌ဒီစာကို ( ခုချိန် မှာ ) ရေးသင့်မရေးသင့်တော်တော်ကြီးကို စဉ်းစားဖြစ်ခဲ့ပါတယ် ။တခြား စာတွေ ဆိုလိုအပ်သလောက် အမုန်းခံ / အဆဲခံ /အရွဲ့ခံ ရေးလေ့ရှိပြီးတော့ဒီ စာ ကျမှ ဘာလို့ ဒီလောက်…