Category: Thoughts – အတွေးအခေါ်
-
Post 85 – စကစ လော်ဘီတွေ အင်တိုက်အားတိုက် ဝိုင်းတွန်းခဲ့ကြတဲ့ မယ်ပြိုင်ပွဲ ( ကိုဇင်ဇေ )
အဲ့ဒီပွဲ အကြောင်း ရေးဖြစ် ၊ သတိပေးဖြစ်ခဲ့တဲ့ ကျွန်တော့် Posts တွေကို( နောက်ဆုံး က နေ စပြီး – အရင်ဆုံး တင်တဲ့ အထိ ) ပြန်စုပေးထားလိုက်တာပါ ။နောက်လည်း ဒါမျိုးတွေ ထပ်လုပ်လာကြဦးမှာ ။မြန်မာနိုင်ငံကြီး သာယာနေပါပြီ ၊ ပုံမှန် လည်ပတ်နေပါပြီ ၊နိုင်ငံသူ နိုင်ငံသားတွေ ပျော်ရွှင်နေကြပါပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့ပေါ့ ။ဒီတော့ အဲ့အခါကျရင်လည်း အခြေအနေနဲ့ ပွဲရဲ့ သက်ရောက်မှုပေါ် မူတည်ပြီးကျွန်တော်တို့ က ပြောစရာ ရှိတာ ထပ်ပြောဖြစ်ပါဦးမယ် ။အဲ့အတွက် အကိုးအကား ကျန်အောင် စုထားပေးလိုက်တာပါ ။ ပဉ္စမ Post တော်၊လှန်ရေး ဘက်က ရပ်တည်ပါတယ် ဆိုပြီးမယ် ပြိင်ပွဲ ကို သွားရွ…
-
Post 84 – မျိုးချစ်စိတ်ကို အခြေပြုပြီး နိုင်ငံရေး ကစားကွက်ဖော်တဲ့ အကြောင်း ( Ko Fury )
တချို့တွေ Miss ပွဲကို အားပေးနေတာတွေ့တော့တစ်ချိန်က အခရာကျတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ပြောခဲ့တာကို ကောင်းကောင်း သတိရမိတယ် သာမန် ဗိုလ်ချုပ်တော့မဟုတ်ဘူးရာထူးအားဖြင့် မကြီးလှပေမဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာအဓိက နေရာက ပါတယ်။အရေးပါ အရာရောက်တယ်ဆိုပါတော့…ဒီနေ့ သိထားတဲ့ (စကစ) စစ်တပ်မှာသူဖန်တီးခဲ့တဲ့ ခြေရာလက်ရာဟောင်းတွေကိစ္စအကြောင်းအရာတွေ များတယ် သူပြောခဲ့တာက ဒီလိုဗျ.. နိုင်ငံတစ်နိုင်ငံ နဲ့ စစ်တိုက်နေရသလိုမျိုးချစ်စိတ် ၊ အမျိုးသားစိတ် ပြင်းထန်စေတဲ့ပြိုင်ပွဲ နှစ်ခု ရှိတယ် ။ ဒီနှစ်ခု ကို လိုသလို အသုံးချပြီးအစိုးရတွေက လူထုစည်းရုံးရေး ၊ ကိုယ်ဘက်ပါရေးလုပ်ရတာပဲဗျ ။ ပြည်သူတွေသိပ်ကို Serious ဖြစ်စေတဲ့ ပြိုင်ပွဲနှစ်ခုပေါ့ အဲဒါက ဘောလုံးပွဲ နဲ့ မယ်ပြိုင်ပွဲ တနည်းအားဖြင့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ နဲ့မယ် စကြ၀ဠာ ပြိုင်ပွဲကိုပြောတာ ဒီပြိုင်ပွဲတွေက…
-
Post 83 – မဟာအင်အားကြီးတို့ယှဉ်ပြိုင်ခြင်း နှင့် မြန်မာ ( Myoset Min )
(၁) အဆက်အစပ်များ ဘာသာရေးကျမ်းပြုဆရာကြီး ဆရာဦးရွှေအောင်က တင်စားပြီးရေးတာရှိပါတယ်။ လောကမှာ လူတယောက်ယောက်လုပ်တဲ့ ကောင်းမှုတွေမှာ အဲ့ဒီလူတယောက်ထဲ အပေါ် သက်ရောက်တာမဟုတ်ဘဲ ပတ်ဝန်းကျင်တခုလုံး၊ တလောကလုံးကို သူ့နည်းသူ့ဟန်သက်ရောက်တယ်လို့တင်စားခဲ့ဖူးတယ်။ ကမ္ဘာကြီးမှာလဲ အင်အားကြီးနိုင်ငံကြီးတွေ လှုပ်ရှားတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး အပေါ် သက်ရောက်ပါတော့တယ်။ ၁၉ ရာစု နဲ့ ၂၀ရာစု အလယ်ပိုင်းအထိ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးတွေစတင်ရာဟာ ဥရောပတိုက်ဖြစ်ခဲ့တယ်။ ဥရောပဟာ Great Power လို့ခေါ်တဲ့ မဟာအင်အားကြီးနိုင်ငံတွေရှိခဲ့တယ်။ ဥရောပမှာဖြစ်တဲ့ စစ်ဟာ ကမ္ဘာကြီးကို အမြဲသက်ရောက်တယ်။ အင်အားကြီးနိုင်ငံတွေ စစ်ဖြစ်ပြီးသွားကြရင် နှစ်ဖက်လုံးအင်အားချည့်နဲ့ပြီး ကမ္ဘာ့အင်အားကြီးအဆင့်ကနေ လျော့ကျသွားလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ ဗြိတိသျှအင်ပါယာရဲ့ နေရာကို အမေရိကန်က ရယူလိုက်ပါတယ်။ တချိန်ထဲမှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ အပြိုင် မဟာအင်အားကြီး ဖြစ်လာပြီး အင်အား…
-
Post 81 – အတွင်းထဲက အလှတရား – Inner Beauty- ( ဒေါက်တာ ဖြိုးသီဟ )
“အတွင်းထဲက အလှတရား (Inner Beauty)” ရုပ်ရည်ချောမောလှပတဲ့သူတွေဟာ ဘယ်တော့မဆို တစ်ပန်းသာလေ့ ရှိပါတယ်။ ဒါကို Pretty Privilege လို့ ခေါ်တယ်။ ဖျော်ဖြေရေး နယ်ပယ်တင်ကမဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး ဘာသာရေးအထိပါ ဒီအကျိုးကျေးဇူးကို ခံစားကြရတယ်။ ရုပ်ရည်က ကြည့်ကောင်းနေရင် ပိုယုံကြည်ခံရတယ်။ အထင်ကြီးလွယ်တယ်။ လုပ်တာ ကိုင်တာ တော်မယ်၊ သပ်ရပ်မယ်၊ စိတ်ကောင်းရှိမယ်၊ ရိုးသားမယ် စသဖြင့် အကောင်းတွေချည်း အထင်ခံရတယ်။ ဒီတော့ အလုပ်လျှောက်ရင် ပိုလွယ်တယ်။ အလုပ်လုပ်ရင် ပိုအဆင်ပြေတယ်။ (ဟိုရက်က ဒေးဗစ်ဘက်ခမ်းအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင် ကြည့်ဖြစ်တော့ အဲဒီတစ်ချက်ကို အထင်အရှား တွေ့ရတယ်။) တစ်ဖက်မှာလည်း အဲဒီအားသာချက်ကြောင့်ပဲ ပြဿနာတွေ ရှိလာတတ်တယ်။ ဥပမာ အလကားနေရင်း မျှော်လင့်ချက်…
-
Post 75 – ကိုယ့်ကိုယ်ကိုယ် လေးစားမှု ( ဒေါက်တာ ဖြိုးသီဟ )
🔳 တော်လှန်ရေးမှာ ပါဝင်ဖို့ဆိုတာ ရွေးချယ်ခွင့် မဟုတ်ဘူး။ တာဝန်ဖြစ်တယ်။ PRF ရဲ့ tagline အတိုင်း ပြောရရင်ပေါ့။ ဘာလို့ဆိုတော့ မနိုင်ရင်လည်း ဒုက္ခရောက်ကြမှာချင်း တူသလို၊ နိုင်သွားရင်လည်း ခု နေသာသလို နေနေတဲ့သူတွေက ဝင်မခံစားဘဲ နေမှာမဟုတ်ဘူး။ အဲဒီလိုလည်း နေလို့ မရသလို၊ နေလည်း မနေစေချင်ဘူး။ ဒီတိုင်းပြည်နယ်နိမိတ်အတွင်း ရှိနေပြီး ဒီနိုင်ငံသား ဖြစ်နေမှတော့ ကောင်းအတူ ဆိုးအတူပဲ။ ဒါကြောင့် အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတုန်းမှာ ပါဝင်ဖို့ဟာ တာဝန်ဖြစ်တယ်လို့ ပြောတာ။ 🔳 အဲဒီမှာမှ လူသိများ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ Social Influencer စတဲ့ Public Figure တွေကတော့ ပိုအရေးကြီးတယ်။ လူထုကလည်း ပိုမျှော်လင့်သလို၊ သူတို့ရဲ့…
-
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ်။ပထမတပိုင်းကတော့ အနုပညာအပိုင်း။ နောက်တပိုင်းကတော့ နိုင်ငံရေး။ အနုပညာ..“Good art serves people. Great art inspires other artists to make more arts. ကောင်းသောအနုပညာတွေကလူတွေကိုအလုပ်ကျွေးပြုတယ်။ ကြီးမားတဲ့အနုပညာတွေက တခြားသောအနုပညာသည်တွေကို အနုပညာတွေဆင့်ပွါးဖန်တီးဖို့တွန်းအားပေးတယ်။”ဒါကျနော့်ရဲ့ယုံကြည်မှုပါ။ Oppenheimer ကတော့ကြီးမားတဲ့အနုပညာဖန်တီးမှုတခုပါ။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ရင်ထဲမှာဆို့တက်လာတယ်။ ပါဝင်သူတွေအကုန်လုံးအတွက်ပြီးတော့ ရုပ်ရှင်အနုပညာအတွက် ဂုဏ်ယူပီတိဖြစ်တဲ့စိတ်ကဖြစ်တယ်ထင်ပါတယ်။ သရုပ်ဆောင်တွေရဲ့သူတို့တာဝန်ယူထားတဲ့ character အတွက်အပြည့်အဝ commitment ပေးထားတာတွေ၊ ဇာတ်ညွှန်းကိုနက်နက်နဲနဲနားလည်တာတွေ၊ ဒါရိုက်တာရဲ့အံ့ဩစရာကောင်းတဲ့တင်ဆက်မှုတွေ၊သမိုင်းကိုပြတဲ့နေရာမှာ ဇာတ်ကောင်တွေကိုလူသားဆန်ဆန်ပြသနိုင်မှုတွေ စသည်ဖြင့်အကုန်လုံးပါပဲ။ ဒီ့ထက်ပိုမပြောတော့ပါဘူး။ကြည့်ရတာလွယ်တဲ့ရုပ်ရှင်ထဲမှာတော့မပါပေမယ့် အားလုံးကြည့်သင့်ပါတယ်။ နောက်တပိုင်းကတော့ နိုင်ငံရေး..ရုပ်ရှင်ကြည့်နေရင်းဘာသဘောပေါက်လာလဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးဟာရှုပ်ထွေးတယ်။ဘာကရှိတာထက်ပိုပြီးရှုပ်ထွေးစေလဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံ့အရေးဆိုတာထက် နိုင်ငံရေးထဲမှာပါနေတဲ့သူတွေဟာလူတွေဖြစ်တဲ့အလျောက် flaw တွေရှိကြတယ်။အဲဒီထဲမှာမှ ပါဝါရှိတဲ့သူတွေဟာ မနာလိုတတ်တာတို့ ကိုယ်ကျိုးကြည့်တာတို့ နိုင်ငံရေးလက်ဦးမှုလိုချင်တာတို့ရှိလာပြီဆိုရင် အသင်းတူခြေထိုးတတ်ကြတယ်။အဲလိုဖြစ်ပြီဆိုရင် နိုင်ငံရေးဟာလိုတာထက်အများကြီးပိုပြီးရှုပ်ထွေးသွားပါတယ်။…
-
တာဇံကား ကြည့်နေမလား ( ရန်ကုန် အတွက် အလင်းစက် )
၁၉၄၀ မှာ ပါရီ မြို့ဟာ နာဇီတွေလက်ထဲကျသွားတယ်။ ပြင်သစ်ကိုလိုနီဖြစ်တဲ့ ဗီယက်နမ်ကိုတော့ ဂျပန်တွေက တတိတိဝင်နေကြပြီ။ အမိနိုင်ငံကိုယ်၌ က သူများသိမ်းပိုက်တာခံလိုက်ရချိန်..ဗီယက်နမ်က ပြင်သစ်တပ်တွေဟာ ဂျပန်ကိုခုခံဖို့ပြင်ကြတယ်။ ဥရောပမှာလည်း ပြင်သစ်ဟာ ဂျာမန်လက်ကနေ လွတ်ဖို့မနည်းလုပ်ယူနေရတယ်။ ၁၉၄၅ မတ်လ မှာ ဂျပန်တွေဟာ ဗီယက်နမ်ထဲ ပြင်သစ်တွေအများဆုံးနေတဲ့ “ဝေ”မြို့ကို ဝင်တိုက်ကြတယ်။ ကတုတ်ကျင်းလေးတခုထဲကနေ ပြင်သစ်တပ်စိတ်လေးတစိတ်ဟာ အသည်းအသန်ခုခံကြပါရဲ့။ ဒါပေမယ့် အင်အားချင်းက မမျှတော့ အကုန်သေတာပဲ။ ဂျပန်စစ််တပ်ဟာ အဲ့ဒီကတုတ်ကျင်းလေးကိုကျော်ပြီး မြို့ထဲဝင်လိုက်တဲ့အခါ…ရုပ်ရှင်ရုံတစ်ရုံကိုတွေ့လို့ ဝင်စီးလိုက်ကြတယ်။ ရုပ်ရှင်ရုံအထဲမှာ စုဝေးနေကြတဲ့ ပြင်သစ်လူမျိုးတစ်ရာနီးပါးဖမ်းမိပါတယ်။ သူတို့က..ဂျပန်ကိုခုခံဖို့လားဆိုတော့..မဟုတ်ပါဘူးတဲ့။ ဒါဆို စစ်ဖြစ်နေတာကြောက်လို့လာပုန်းနေကြတာလားဆိုတော့လည်း…မဟုတ်ပါဘူးတဲ့။ ဒါဆို ဘာလုပ်နေကြတာလဲဆိုတော့……..တာဇံရုပ်ရှင်ကားသစ်ရုံတင်လို့ လာကြည့်နေကြတာပါတဲ့။ ဒီသတင်းကြားလို့ စစ်ကူရောက်လာတဲ့ ပြင်သစ်ဗိုလ်ချုပ်ကြီး မိုဒန့် ရဲ့တပ်ဟာလည်း…ဂျပန်လက်ထဲက ရုပ်ရှင်ချစ်ပရိတ်သတ်ကို ငဲ့ပြီး တိုက်နေရတာနဲ့ မနိုင်တော့ပဲ…မိုဒန့်ပါ…
-
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ
“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” ◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။ တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ယေဘုယျအားဖြင့် ယောက်ျားတွေနဲ့သာ သက်ဆိုင်တယ်လို့…
-
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ
“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။ ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။ ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။ လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။…
-
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်…