Tag: Announcement – ကြေညာချက်
-
နွေဦး ဖတ်စာ
ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ … နွေဦး အတွက် ရည်ရွယ်တာပါ ။နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေသယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။ နွေဦး ဖတ်စာမှာကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။ လာပါ …ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ…