Tag: Movie Reviews – ရုပ်ရှင် ခံစားမှု ၊ ရုပ်ရှင် ဝေဖန်ရေး
-
လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ် ( ဉာဏဗလ )
“လူမှုအပြောင်းအလဲ ဆိုတာ အချိန်လိုပါတယ်” ◽️The Best of Enemies တဲ့။ သိပ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့သူတွေ၊ တကယ့်အဖြစ်အပျက်တွေကို အခြေတည်ပြီး ရိုက်ထားတဲ့ ကားတွေဆို သိပ်သဘောကျတယ်။ ဒီဇာတ်ကားက အဲဒီလိုပဲ။ လူဖြူ – လူမည်း ပြဿနာ ဖြစ်ကြရင်း နောက်ပိုင်းမှာ တစ်သက်တာ မိတ်ဆွေတွေ ဖြစ်သွားကြတဲ့ လူဖြူအမျိုးသားနဲ့ လူမည်းအမျိုးသမီးတို့ရဲ့ ဇာတ်လမ်း။ ◽️အမေရိကန် ပြည်တွင်းစစ်အကြောင်း သိကြမယ် ထင်တယ်။ ကျွန်စနစ်ကို ဖျက်သိမ်းချင်တဲ့ မြောက်ပိုင်းနဲ့ ဆက်ထားထားချင်တဲ့ တောင်ပိုင်းနဲ့ တိုက်ကြတာ။ မြောက်ပိုင်းက အနိုင်ရသွားတယ်။ ကျွန်စနစ်လည်း ချုပ်ငြိမ်းသွားတယ်။ သို့သော် ဒါမျိုးက Social change ဖြစ်တယ်။ ဥပဒေအရ ဖျက်သိမ်းလိုက်ပါပြီ ဆိုတိုင်း အကုန်လုံး…
-
ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့ ( ဉာဏဗလ )
“ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့” ခုပြောမဲ့ဇာတ်ကားက ကိုယ့်အရွယ်နဲ့ဆို မကြည့်သင့်တဲ့ကားလို့ တချို့က ပြောကြမယ်။ တကယ်တော့ ကလေးက သူ့အသက်နဲ့ မကိုက်သေးတဲ့ ဇာတ်လမ်းမျိုးသာ မကြည့်သင့်တာပါ။ အရွယ်ရောက်ပြီးသား လူကတော့ ကလေးတွေ ကြည့်တဲ့ဇာတ်ကားမျိုး မကြည့်ရဘူးလို့ မရှိပါဘူး။ တစ်ခါတလေတော့လည်း ဘဝက မွန်းကြပ်ပါတယ်။ လူအမျိုးမျိုးနဲ့ တွေ့ကြုံရ၊ ပတ်သက်ရတယ်။ လူယုတ်မာတွေ၊ လူလိမ်တွေဆို ကိုယ်တိုင် ကြုံတာ မပြောနဲ့၊ သူများပြန်ပြောတာ ကြားရုံနဲ့ကို စိတ်ကုန်တယ်။ အခု တစ်တိုင်းပြည်လုံး ဒုက္ခကြုံနေရတာလည်း လူယုတ်မာတွေ၊ တစ်ဖို့တည်းသမားတွေကြောင့်ပဲမို့လား။ သူတို့တင်လားဆိုတော့ မဟုတ်ဘူး။ ဒီလူတွေကို တော်လှန်နေပါတယ် ဆိုတဲ့သူတွေထဲမှာလည်း အရောင်ကိုယ်စီနဲ့။ တစ်ခါ တစ်ခါဆို လောကကြီးကိုတောင် စိတ်ကုန်လာမိတယ်။ လူတွေနဲ့ ဝေးဝေးမှာပဲ နေချင်တော့တယ်။ ဒီလို ခံစားချက်မျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။…
-
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ်။ပထမတပိုင်းကတော့ အနုပညာအပိုင်း။ နောက်တပိုင်းကတော့ နိုင်ငံရေး။ အနုပညာ..“Good art serves people. Great art inspires other artists to make more arts. ကောင်းသောအနုပညာတွေကလူတွေကိုအလုပ်ကျွေးပြုတယ်။ ကြီးမားတဲ့အနုပညာတွေက တခြားသောအနုပညာသည်တွေကို အနုပညာတွေဆင့်ပွါးဖန်တီးဖို့တွန်းအားပေးတယ်။”ဒါကျနော့်ရဲ့ယုံကြည်မှုပါ။ Oppenheimer ကတော့ကြီးမားတဲ့အနုပညာဖန်တီးမှုတခုပါ။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ရင်ထဲမှာဆို့တက်လာတယ်။ ပါဝင်သူတွေအကုန်လုံးအတွက်ပြီးတော့ ရုပ်ရှင်အနုပညာအတွက် ဂုဏ်ယူပီတိဖြစ်တဲ့စိတ်ကဖြစ်တယ်ထင်ပါတယ်။ သရုပ်ဆောင်တွေရဲ့သူတို့တာဝန်ယူထားတဲ့ character အတွက်အပြည့်အဝ commitment ပေးထားတာတွေ၊ ဇာတ်ညွှန်းကိုနက်နက်နဲနဲနားလည်တာတွေ၊ ဒါရိုက်တာရဲ့အံ့ဩစရာကောင်းတဲ့တင်ဆက်မှုတွေ၊သမိုင်းကိုပြတဲ့နေရာမှာ ဇာတ်ကောင်တွေကိုလူသားဆန်ဆန်ပြသနိုင်မှုတွေ စသည်ဖြင့်အကုန်လုံးပါပဲ။ ဒီ့ထက်ပိုမပြောတော့ပါဘူး။ကြည့်ရတာလွယ်တဲ့ရုပ်ရှင်ထဲမှာတော့မပါပေမယ့် အားလုံးကြည့်သင့်ပါတယ်။ နောက်တပိုင်းကတော့ နိုင်ငံရေး..ရုပ်ရှင်ကြည့်နေရင်းဘာသဘောပေါက်လာလဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးဟာရှုပ်ထွေးတယ်။ဘာကရှိတာထက်ပိုပြီးရှုပ်ထွေးစေလဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံ့အရေးဆိုတာထက် နိုင်ငံရေးထဲမှာပါနေတဲ့သူတွေဟာလူတွေဖြစ်တဲ့အလျောက် flaw တွေရှိကြတယ်။အဲဒီထဲမှာမှ ပါဝါရှိတဲ့သူတွေဟာ မနာလိုတတ်တာတို့ ကိုယ်ကျိုးကြည့်တာတို့ နိုင်ငံရေးလက်ဦးမှုလိုချင်တာတို့ရှိလာပြီဆိုရင် အသင်းတူခြေထိုးတတ်ကြတယ်။အဲလိုဖြစ်ပြီဆိုရင် နိုင်ငံရေးဟာလိုတာထက်အများကြီးပိုပြီးရှုပ်ထွေးသွားပါတယ်။…
-
အမေ့ဆီက အမုန်းများ ( ဉာဏဗလ )
“အမေ့ဆီက အမုန်းများ” ◾️ဒီတစ်ပတ် ပြောပြချင်တာကတော့ Qala ဆိုတဲ့ ဘောလီးဝုဒ် ရုပ်ရှင်ကား။ ဖိုဝါဒ၊ စိတ်ပညာနဲ့ မိဘအုပ်ထိန်းမှုတို့ကို ပေါင်းစပ်ဖော်ပြထားတဲ့ ဒရမ်မာဇာတ်ကား ဖြစ်တယ်။ Qala ဆိုတာ အဲဒီဇာတ်ကားထဲက မင်းသမီးရဲ့ နာမည်ပေါ့။ အမြွှာလေး မွေးလာတယ်။ ယောက်ျားလေးဖြစ်သူက ဆုံးသွားတယ်။ မိန်းကလေးဖြစ်တဲ့ Qala ကပဲ အသက်ရှင်တယ်။ အဲဒီလိုအမြွာတွေမှာ တစ်ယောက်က အာဟာရတွေကို အများကြီး ယူပစ်လိုက်ရင် နောက်တစ်ယောက်က အဲ့ဒီလို ဆုံးသွားတတ်တယ် ဆိုတဲ့ ဆရာဝန်ရဲ့ ပြီးစလွယ်မှတ်ချက်စကား ကြားအပြီးမှာ အမေဖြစ်သူရဲ့ သမီးအပေါ် အမုန်းတရားက စတော့တာပဲ။ ◾️သူတို့အဖေကလည်း နာမည်ကျော် အဆိုတော်။ ဆုံးသွားပြီ။ ဒီအခါ အမေက အဖေ့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းချင်တယ်။ ဖြစ်ချင်တော့ သားက သေသွားပြီး…
-
ဟန်ဆောင်ရယ်ပြနေကြရသူများ – ဉာဏဗလ
“ဟန်ဆောင်ရယ်ပြနေကြရသူများ” ◾️ဗြိတိန်စီးရီးတစ်ခုဖြစ်တဲ့ Black Mirror က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အတွေးတွေ အများကြီး ရစေတယ်။ စီးရီးဆိုပေမဲ့ တစ်ပိုင်းစီမှာ ဇာတ်လမ်းတစ်ခုစီ၊ ဇာတ်ကောင်စရိုက်တွေကလည်း သက်သက်စီနဲ့ ရိုက်ထားတဲ့ Anthology series မျိုး ဖြစ်ပါတယ်။ အဓိကကတော့ ဒီဘက်ခေတ် လူသားတွေအပေါ် နည်းပညာရဲ့ သက်ရောက်မှုတွေအကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတာပါ။ Sci-fi ဆိုတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစား မဟုတ်လို့ အစက ဒီလောက်ကြီး သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ အခန်းဆက်ထက်စာရင် အဲဒီလို တစ်ပိုင်းစီ ရိုက်တာမျိုးဆို ပိုသဘောကျတတ်တယ်။ Review တွေလည်း ကောင်းတာနဲ့ ကြည့်မိလိုက်တာ။ ပထမဆုံးအပိုင်းမှာတင် အတော်မိုက်တယ်။ အဲဒါနဲ့ပဲ ဆက်ကြည့်ဖြစ်သွားတာ။ စီးရီး ၆ ခုမှာ စုစုပေါင်း ၂၇…
-
သည်မော်ရတေးနီးယန်း (The Mauritanian) – ဉာဏဗလ
“သည်မော်ရတေးနီးယန်း (The Mauritanian)” ◾️Mauritania ဆိုတာ အာဖရိက အနောက်မြောက်ပိုင်းက လူဦးရေ ၄ သန်းကျော်သာ ရှိတဲ့ နိုင်ငံလေး။ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဒီဇာတ်ကားက အဲဒီက ဆလာဟီ (Mohamedou Slahi) ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်း။ ◾️9/11 ဆိုတာ ကမ္ဘာသိ ဖြစ်ရပ်ကြီးပဲ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်က World Trade Center ကို အယ်ခိုင်းဒါတွေ တိုက်ခိုက်ခဲ့တယ်။ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့တဲ့ ကိစ္စဖြစ်သလို၊ ခုထိလည်း နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိကြတုန်းပဲ။ အမေရိကန်တွေက အာဖဂန်ကို တိုက်ချင်လို့ ဒါကို တမင်လွှတ်ပေးခဲ့တာ ဆိုတာမျိုးတွေပေါ့။ အဲဒီနောက်ပိုင်း ကမ္ဘာ့အနှံမှာ…
-
“အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ
“အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။…