Tag: tayzar san
-
Post 77 – ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ( ကိုတေဇာစန်း )
ဖက်ဆစ်၀င်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ကလေးမြို့ ပင်မသပိတ်အင်အားစု ကလေးဒေသ လူထုတိုက်ပွဲရဲဘော်များဟာ ဘဏ္ဍာရေးစစ်မျက်နှာတိုက်ပွဲနဲ့ပတ်သတ်ပြီး ပြည်သူလူထုအကြား ပိုမို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိကြစေဖို့၊ ပူးပေါင်းပါဝင်ကြစေဖို့ စည်းရုံးဟောပြောမှုတွေကို ဆက်တိုက်ဆောင်ရွက်နေကြပါတယ်။ Photos Credit to Original Sources လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။ ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း…
-
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ( Video – ကိုတေဇာစန်း )
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ပြည်သူ့ဘဏ္ဍာ တည်ဆောက်” အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေစီးပွားရေး မှန်သမျှကို ပြည်သူ့အားနဲ့ ဖြတ်တောက် ရိုက်ချိုးကြဖို့နဲ့ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းစွာ တည်ဆောက်ပုံဖော်ကြ ဖို့အတွက်ကိုတေဇာစန်းရဲ့ တိုက်တွန်းပြောကြားချက် ကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ “ဖြတ်တောက်” ရိုက်ချိုးကြ။ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းအောင် “တည်ဆောက်” ပုံဖော်ကြ။ ဘဏ္ဍာရေးတိုက်ပွဲ၊ လူထုတရပ်လုံး ဆင်နွှဲကြလော့ . . . #PVTV #financial_warfare #ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက် PVTV ရဲ့ Youtube Channel မှာတိုက်ရိုက် သွားကြည့် အားပေးဖို့လည်း တိုက်တွန်းလိုက်ပါရစေ ။Channel Link > https://www.youtube.com/@PVTVMyanmar <
-
ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် _ ပြည်သူ့ဘဏ္ဍာတည်ဆောက် ( ကို တေဇာဆန်း )
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်”▬▬▬▬▬▬▬▬▬▬ ❐ ဘဏ္ဍာရေးတိုက်ပွဲ (သို့မဟုတ်) အရေးကြီးသော်လည်း အလေးထားမှု အားနည်းနေသေးတဲ့ တိုက်ပွဲ စစ်မျက်နှာစာကြီး လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။ ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း လိုအပ်နေပါသေးတယ်။ ဒါကတော့ “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲမျက်နှာစာ” (Financial and Economic Warfare) ကြီး ဖြစ်ပါတယ်။…
-
“တော်လှန်ခရီးသည်” ( ကို တေဇာဆန်း )
“တော်လှန်ခရီးသည်” အောင်စိတ်နဲ့ချီတက်တဲ့ ခရီးဟာ အောင်ဖို့ ခရီး၊ အောင်ပွဲခရီးပဲ။ ဒီမှာဆိုလိုတဲ့ အောင်စိတ်ဆိုတာကဒီတော်လှန်ခရီး ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ကြာမြင့်ပါစေ၊မဖြစ်မနေ အဆုံးထိ လျှောက်မယ်။အာဏာရှင်စနစ် ပျက်သုဉ်းသည်ထိ၊ ခရီးဆုံးပန်းတိုင် ရောက်သည်ထိ လျှောက်မယ်၊နိုင်သည်အထိ တိုက်မယ်၊ဒါ့အပြင် ဒီပွဲဟာ ငါတို့ မုချ နိုင်လည်း နိုင်မယ့်ပွဲဆိုတာကိုခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်တဲ့စိတ်ပဲ။ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။ အရေးတော်ပုံ အောင်ရမည်။
-
သို့ . . . တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် ( ကို တေဇာဆန်း )
အခုချိန်မှာ ကျနော်တို့ မြန်မာပြည်သူတွေအနေနဲ့အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကို အထူးတိုက်တွန်း၊ အသိပေးလိုတာ ရှိလာပါတယ်။ ဒါကတော့ တရုတ်အစိုးရအနေနဲ့မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အထူးအလေးထားဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို လုံးဝ ကိုယ်စားမပြုပါဘူး။ မင်းအောင်လှိုင်ဟာ မြန်မာ့ခေါင်းဆောင် လုံးဝ မဟုတ်ပါဘူး။ဒင်းတို့ဟာ စစ်ရာဇဝတ်ကောင်တွေ၊ ဖက်ဆစ်အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်သွားရမယ့်အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတွေခေတ်မှာပဲ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာအပြောမဟုတ်ဘဲ လက်တွေ့ကျကျ ကောင်းမွန်ခဲ့ကြတယ်။ အစိုးရချင်းသာမက နှစ်နိုင်ငံ ပြည်သူ-ပြည်သူချင်းပါအပြန်အလှန် ချစ်ကြည်ရင်းနှီးခဲ့ကြတဲ့ သာဓကကောင်းများစွာ ရှိပါတယ်။တရုတ်-မြန်မာ နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဆိုတာ ဒီအကြမ်းဖက် စစ်အုပ်စုနဲ့တော့ ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။…