Tag: Thoughts – အတွေးအခေါ်
-
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ
“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်…
-
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” ◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။ ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။ ◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊…
-
ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )
“ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ” ◾️မှတ်မိသလောက် ရေးရတာမို့ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ သဘောတရားကို ယူပါ။ တစ်ခါက ပင်စင်စား အဖိုးကြီးတစ်ယောက် ရှိသတဲ့။ သူ့ချွေးနဲစာလေးနဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကားကောင်းကောင်းတစ်စီး ဝယ်လိုက်တယ်။ ငွေပိုမရှိတော့လို့ အာမခံတော့ မထားရသေးဘူး။ တစ်ရက်တော့ သူ အဲဒီကားလေးကို မောင်းရင်း ရထားသံလမ်း (လမ်းလွှဲ) မှာ ရပ်ထားခဲ့ပြီး ရထားလမ်းတလျှောက် လမ်းလျှောက်ထွက် ရှုခင်းတွေ ကြည့်နေတယ်။ အဲဒီမှာ ရထားတစ်စီးက အရှိန်နဲ့ မောင်းလာတယ်။ ကြည့်လိုက်တော့ အဲဒီလမ်းပေါ်မှာ ကလေးလေးတစ်ယောက်က ဆော့ကစားလို့။ သူပြေးသွားလို့လည်း မမီသလို၊ လှမ်းအော်လို့လည်း ကလေးက မကြားနိုင်ဘူး။ ဒါပေမဲ့ သူ့အနားမှာက ဒီရထားကို လမ်းလွှဲလိုက်လို့ ရတဲ့ မောင်းတံတစ်ခု ရှိနေတယ်။ ဒါကို နှိပ်ချလိုက်ရင်…
-
အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )
“အကြပ်အတည်းကြားက ရှင်သန်ခြင်း” ◾️ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက “ငါ ဘာအတွက် လူလာဖြစ်တာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီမေးခွန်းအတွက် အရင်တုန်းက ရတဲ့ အဖြေက ‘အသိပညာ မျှဝေဖို့’၊ ‘လူတွေကို ကူညီဖို့’၊ ဒီလိုတွေ ဖြစ်တယ်။ ခုထိရော မှန်လားဆို မှန်ပါသေးတယ်။ သို့သော် ဒီဘက်နှစ်တွေမှာတော့ အတော်လေး ပြောင်းလဲသွားခဲ့တယ် ပြောရမယ်။ ◾️အခုဆို အသက်က ၃၄၊ အိမ်မှာ မရှိဘဲ ဖြတ်သန်းရတဲ့ မွေးနေ့အနေနဲ့ဆို ၃ နှစ်မြောက်။ ဘဝအပေါ် မြင်တဲ့အမြင်၊ ရေးတဲ့စာ၊ လုပ်တဲ့အလုပ်တွေက အရင်နှစ်တွေကထက် ပိုရင့်ကျက် ပြည့်ဝလာသလို ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဘယ်သူမဆို ပျော်ရွှင်၊ အဆင်ပြေ၊ လွယ်ကူချင်ကြတာချည်းပဲ ဆိုပေမဲ့ အခက်အခဲ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်လာစေတာမို့လား။ အတွေးအမြင်တွေကို…
-
လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )
လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။ ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။…
-
အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )
Self-confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) ဟာကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘွဲ့တွေရာထူးတွေကလာတယ်ဆိုရင် မဟုတ်သေးဘူး။ နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ဥပမာ – Smart ကျကျဝတ်စားထားတဲ့နေ့ နဲ့ဆံပင်ကဖြစ်ချင်တိုင်းဖြစ် အင်္ကျီကလည်းမီးပူတိုက်ဖို့အချိန်မရလို့တွန့်ကျေနေတဲ့နေ့နဲ့လူတောတိုးတဲ့အချိန်မှာခံစားမှုမတူသလိုမျိုး။iPhone ကိုင်နိုင်ရင်နေရထိုင်ရတာကောင်းနေသလိုမျိုး။Mercedes စီးနိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး။တပည့်တပန်းတွေကကိုယ့်ကို “မ” နေမှနေသာထိုင်သာရှိတာမျိုး။ 😃 ဒါပေမယ့် ဒါတွေကအပေါ်ယံကိစ္စတွေပဲဖြစ်နေတယ်။ပြီးတော့ ကိုယ်ကဒါတွေအပေါ်မှာမှီခိုနေရတယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူး။ဒါကြောင့် ပစ္စည်းဥစ္စာရာထူးစည်းစိမ်ရှိမှ self-confidence ရှိလို့ရနိုင်မယ်ဆိုတဲ့ equation ကလုံးဝ false ( မှားနေတယ် ) လို့တပ်အပ်ပြောလို့ရတယ်။ ဒါဆို ဘဝရဲ့အတက်အကျတွေကြားမှာအတွင်းကျကျတည်ငြိမ်တဲ့ self-confidence မျိုးဘယ်လိုရနိုင်မလဲ။ မတ်စေ့တစေ့မှာခေါင်းနဲ့ပန်းရှိသလိုပဲ လူတိုင်းမှာအဆိုးနဲ့အကောင်းရှိတယ်။ကိုယ့်ရဲ့ဆိုးခြင်းရောကောင်းခြင်းရောကို ဆင်ခြေဆင်လက်ဘာမှမပေးတော့ပဲနဲ့အပြည့်အဝလက်ခံနိုင်ပြီဆိုရင် self-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဖြစ်လာနိုင်တယ်။လက်မခံနိုင်သေးသ၍ – တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ညာနေသေးသ၍ကတော့သူတပါးရဲ့အပြောအမြင်တွေကြားမှာ လုံးချာလည်နေဦးမှာပဲ။ စိတ်မလုံမလဲဖြစ်နေဦးမှာပဲ။ဂုဏ်တွေဒြပ်တွေပစ္စည်းဥစ္စာတွေကိုအားကိုးနေရဦးမှာပဲ။ ကိုယ့်ရဲ့ perfect မဖြစ်မှုကို လက်ခံနိုင်ပြီ၊အလုံးစုံမပြည့်စုံမှုကိုလက်ခံလိုက်ပြီ (self-acceptanceရှိပြီ) ဆိုရင်တပါးသူတွေရဲ့ flaw တွေ အပြစ်အနာအဆာတွေကိုလည်းနားလည်နိုင်လာပြီးသူတို့ရဲ့ forte (အားသာချက်တွေ) ကိုလည်းပိုပြီးတော့…
-
ချန်ဂင်တို့စခန်း (၁၇၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၇၇)” ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ…
-
ဖြိုးသီဟ ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ( ဒေါက်တာ ဖြိုးသီဟ )
◾️ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေလို့ ပြောရင် ဘယ်သူတွေများ ဖြစ်မလဲ။ တခြားသော စာရေးဆရာတွေ၊ Trainer တွေ ဖြစ်မှာပေါ့။ ဒါတောင် အသေးစိတ် ခွဲလို့ ရသေးတယ်။ Fitness Trainer သည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ နိုင်ငံရေး စာရေးဆရာသည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ လိုင်းမှ မတူတာပဲကိုး။ သို့သော် ဒီခေတ်ကျ အဲ့ဒီလို စဉ်းစားလို့ မရတော့ဘူး။ ◾️လူတွေမှာ တစ်နေ့ကို ၂၄ နာရီ ရှိကြတဲ့အထဲ ပျမ်းမျှအားဖြင့် အိပ်ချိန် ၆ နာရီ၊ အလုပ်ချိန် ၈ နာရီ၊ လမ်းပေါ် အချိန်ကုန်တဲ့ ၂ နာရီ ဖယ်လိုက်ရင် ၈ နာရီ ကျန်မယ်။ ဂျက်မားရဲ့ စကားနဲ့ ပြောရရင်တော့ အဲဒီလက်ကျန် ၈…
-
လုပ်စား Pages တွေ ရဲ့ အကွက်တွေ ( ကို ပဒေသာ )
သာမန်ဖြစ်ရိုးဖြစ်စဉ်များအတိုင်းပါပဲ ဒီဘဲက သူ့ဟာသူတစ်တော့ဆော့တယ်အဲ့ဒါကို ခွီချင်တဲ့သူက Vdo ကို ဖေ့ဘုတ်မှာပြန်တင်တယ်။မိတ်ဆွေတို့ကလည်း ခွီကြ Share ကြပေါ့။ အဲ့ဒါတွေရဲ့နောက်ဆက်တွဲကတော့ လုပ်စားမယ့်ကောင်တွေက ခုလိုပေ့ခ်ျကောက်ထောင်လိုက်မယ်။ပြီးရင် ခင်ဗျားတို့ခွီချင် ဆဲချင် Share ချင်အောင်Caption အမျိုးမျိုးနဲ့တင်မယ်။ ကာယကံရှင်ကလည်း သူဒီလိုလုပ်ခံနေရမှန်း သိချင်မှသိမယ် ၊ခင်ဗျားတို့ကတော့ လုပ်စားမယ့် ကောင်အလိုကျ ဆဲမယ် ၊ share မယ်။ အဲ့ဒီအခါကျ ပေ့ခ်ျက engagement လို့ခေါ်တဲ့Reacts , Comments, Share တွေများလာမယ်။ခင်ဗျားတို့ Newsfeed မှာ ဒီပေ့ခ်ျကပို့စ်တွေ မကြာခဏမြင်တွေ့ရမယ်။အဲ့ပေ့ခ်ျကလည်း Like သောင်းချီသိန်းချီရသွားမယ် ၊ပီးရင် အဲ့ပေ့ခ်ျကို နာမည်ပြောင်းပီးလောင်းကစားပေ့ခ်ျ or စီးပွားရေး ပေ့ခ်ျတစ်ခုခုလုပ်မယ်။ဒါမှမဟုတ် ရောင်းစားမယ်ပေ့ါဗျာ။ ပေ့ခ်ျတစ်ခုက Like သိန်းဂဏန်းဆိုအပြင်မှာပေါက်ဈေး ဘယ်လောက်ရှိမလဲတော့သေချာမသိပေမယ့်၃ သိန်း အထက်ကနေ…
-
“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )
(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…