မိန်းမပျိုလေး ကနေပြီ— 🇨🇳 🇮🇳🇹🇭 ( မရွှေမိုး-ကိုရီးယား )

မိန်းမပျိုလေး ကနေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့။

🇨🇳 🇮🇳🇹🇭

အိန္ဒိယက ကွန်ဂရက်ပါတီအကြောင်းနဲ့ စ ရပါမယ်—ကွန်ဂရက်ပါတီကို မြန်မာပြည်သူလူထုရဲ့မိတ်ဆွေလို့ ပြောနိုင်ပါတယ်။

ကွန်ဂရက်ပါတီ (Indian Congress party— INC) ဖြစ်လာဖို့ အစပျိုးခဲ့သူကတော့ ‘မဟတ္တမ ဂန္ဒီ’ပါ။

ဗိုလ်ချုပ်အောင်ဆန်း သေနတ်နဲ့ အလုပ်ကြံခံရပြီး နောက်တစ်နှစ် ၁၉၄၈ မှာ မဟတ္တမ ဂန္ဒီလည်း သေနတ်နဲ့ လုပ်ကြံခံရတယ်။

🇨🇳 🇮🇳🇹🇭

အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး
ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသူက ဂျဝါဟာလာနေရူး— သူက ‘မဟတ္တမ ဂန္ဒီ’ ကို အားကျလေးစားပြီး လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့သူ၊ သူကလည်း ကွန်ဂရက်ပါတီကပဲ..။

နေရူးက သခင်အောင်ဆန်း၊ သခင်နုတို့ နဲ့အလွန်ရင်းနှီးပါတယ်။ သူတို့ လွတ်လပ်ရေးအတူကြိုးပမ်းခဲ့တယ်၊ ဒီမိုကရေစီ တကယ်ယုံကြည်ကြတယ်။

🇨🇳 🇮🇳🇹🇭

၁၉၅၁–
အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီးချိန်တွေမှာ နေရူးနှင့် ဦးနုတို့ ဆက်ဆံရေးက နွေးထွေးခဲ့တယ်။

🇨🇳 🇮🇳🇹🇭

၁၉၆၂–
မြန်မာနိုင်ငံကို နေဝင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အိန္ဒိယနဲ့ သိပ်အဆင်မပြေတော့ဘူး။

ကွန်ဂရက်ပါတီကဒီမိုကရေစီလိုလားသူလေ၊ နေဝင်းက ဆိုရှယ်လစ်ဆိုတော့ တရုတ်ဘက်ယိမ်းတာပေါ့။

အဲ့အချိန် တရုတ်က အိန္ဒိယကိုဝင်တိုက်တယ်၊ မြန်မာက ‘ကြားနေ’ တယ်ဆိုပြီး အိန္ဒိယကို မကူညီဘူး။

မြန်မာက အဲ့ဒီ့ကတည်းက တရုတ်ကို ဘောမတာ..။

🇨🇳 🇮🇳🇹🇭

၁၉၆၄–
နေရူး နှလုံးရောဂါနဲ့ကွယ်လွန်တယ်။ ချာရန် ဆင်းဂ်က အိန္ဒိယကို ၁၃ ရက် ဝန်ကြီးချုပ်ရာထူးယူ ပြီးခဏထိန်းထားတယ်။

ပြီးတော့ Lal Bahadur Shastri ဆိုသူက ဝန်ကြီးချုပ်ရာထူး..။ ကွန်ဂရက်ပါတီ ကပါ။

🇨🇳 🇮🇳🇹🇭

၁၉၆၅–

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်သဘောတူစာချုပ်ချုပ်ရုံချုပ်တယ်။ လက်မှတ်တော့ မထိုးခဲ့ကြဘူး။

🇨🇳 🇮🇳🇹🇭

၁၉၆၆–
Lal Bahadur Shastri လည်း တစ်နှစ်ကျော်လောက်ပဲ ဝန်ကြီးချုပ်ဖြစ်ပြီး အဆိပ်ခံ အသတ်ခံရတယ်။

အဲ့မှာ ချာရန် ဆင်းဂ်က အိန္ဒိယကို ၁၃ ရက် ဝန်ကြီးချုပ်ရာထူးယူပြီး ခဏထိန်းထားရပြန်တယ်။

🇨🇳 🇮🇳🇹🇭

၁၉၆၆–
နေရူးရဲ့ သမီး အင်ဒရာဂန္ဒီက ဝန်ကြီးချုပ်ဖြစ်တယ်။ အင်ဒီရာလည်း ကွန်ဂရက်ပါတီ ကပါ။

( နေရူးရဲ့ သမီး အင်ဒရာရဲ့ယောက်ျားနာမည်က ဖားရို့ဂန္ဒီမို့ အင်ဒရာဂန္ဒီ ဆိုပြီး ယောက်ျားရဲ့ နာမည်ကိုလိုက်တာဖြစ်ပါတယ်၊ မဟတ္တမ ဂန္ဒီနဲ့ သွေးသားမတော်စပ်ပါ)

အင်ဒရာက ပထမဆုံး အိန္ဒိယ အမျိုးသမီး ဝန်ကြီးချုပ်ပေါ့။

🇨🇳 🇮🇳🇹🇭

၁၉၆၇–

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်သဘောတူစာချုပ်ကို အဲ့ဒီကျမှနေဝင်းနဲ့ အင်ဒရာ လက်မှတ်ထိုးခဲ့ကြတယ်။

🇨🇳 🇮🇳🇹🇭

၁၉၆၉ —
အင်ဒီရာ က မြန်မာပြည်လာလည်တယ်။

🇨🇳 🇮🇳🇹🇭

၁၉၈၀–

နေဝင်းက အိန္ဒိယကို သွားလည်တယ်။ ဒါပေမဲ့ သူတို့ မိတ်မပျက်ရုံလောက်ပဲ၊ အဆင်ပြေလှတယ်တော့ မဟုတ်ဘူး။

🇨🇳 🇮🇳🇹🇭

၁၉၈၄–

အင်ဒရာရဲ့ သား ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ်ဖြစ်တယ်။ ရာဂျစ်ကလည်း ကွန်ဂရက်ပါတီကပါ။

🇨🇳 🇮🇳🇹🇭

၁၉၈၈–

မြန်မာ ၈၈၈၈ အရေးအခင်းတုန်းက အိန္ဒိယမှာ ရာဂျစ်ဂန္ဒီဦးဆောင်တဲ့အချိန်ပေါ့။ ရာဂျစ် စစ်တပ်သိအောင်ရော၊ မသိအောင်ရော မြန်မာပြည်သူလူထုကို ကူခဲ့ပါတယ်။

ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကိုလည်း လက်ခံပေးတယ်။ ဦးနုကို လည်းကူညီတယ်၊ ပြီးတော့ All India Radio ကိုမြန်မာဒီမိုကရေစီ အတွက်တင်ပေးခဲ့သေးတယ်။

🇨🇳 🇮🇳🇹🇭

၂၀၁၄ —

ကွန်ဂရက်ပါတီက ၂၀၁၄ အမျိုးသားရွေးကောက်ပွဲရောက်တော့မှ (Bharatiya Janata Party -BJP) ကိုရှုံးခဲ့တာပါ။

အဲဒီအချိန်ကနေစပြီး ဟိန္ဒူ လက်ယာစွန်းဘာ့ဂျ်ပါယီ ရဲ့BJP တက်လာပြီး အိန္ဒိယမှာ ‘ကိုယ်ကျိုးကြည့်ဝါဒ’ ခေတ်စားသွားတာ ဒီနေ့အထိပဲ။

အဲ့ဒါကြောင့် အခု အခြေအနေမှာ BJP ပါတီက လတ်တလောအကျိုးပဲကြည့်ပြီး စကစကိုဆက်ဆံရေး လုပ်နေတာပေါ့။

🇨🇳 🇮🇳🇹🇭

၂၀၂၃–မေလ

ပြီးခဲ့တဲ့စနေနေ့က ကွန်ဂရက်ပါတီ က လက်ရှိအာဏာရ (BJP) ပါတီကို Karnataka ပြည်နယ် ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်သွားတယ်။

ဒါဟာ ထူးခြားတဲ့ သတင်းပါ။ ဒီမိုကရေစီချစ်မြတ်နိုးသူတွေရဲ့ အောင်ပွဲပဲ..။

အဲ့ဒီ Karnataka ပြည်နယ်ဆိုတာ လူဦးရေ ၆၅ သန်းဝန်းကျင်လောက်ရှိတယ်။ ပြီးတော့ (BJP) ပါတီကို ထောက်ခံသူများလို့ BJP ရဲ့တံခါးပေါက်လို့တောင် အသတ်မှတ်ခံထားရတဲ့ပြည်နယ်ပါ။

အဲ့ဒီ့ပြည်နယ်က မဲတွေကြောင့်ပဲ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က အိန္ဒိယကို နောက်ထပ် ၅ နှစ်ဆက်အုပ်ချုပ်နိုင်ခဲ့တာ..။

အဲ့ဒီပြည်နယ်ကိုမှ ကွန်ဂရက်ပါတီကနိုင်ခဲ့ပါပြီ..။

ဒါကြောင့် ကွန်ဂရက်ပါတီက တောင်ပိုင်းပြည်နယ်လွှတ်တော်ရဲ့ အမတ်နေရာ ၂၂၄ နေရာမှာ ၁၃၅ နေရာ အနိုင်ရခဲ့ပြီ။ BJP က ၆၆ နေရာပဲ အနိုင်ရခဲ့တယ်။

ဒါဟာ လာမယ့်နှစ် ၂၀၂၄ အိန္ဒိယမှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီက ရှေ့ပြေးဖြစ်လာမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးနေတယ်။

🇮🇳

၂၀၂၃– မေလ

ပြီးခဲ့တဲ့ တနင်္ဂနွေက ထိုင်းရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီကို အလေးထားတဲ့ ပါတီကြီး ၂ ခုက နိုင်ခဲ့တယ်။

အိန္ဒိယနဲ့ ထိုင်းဟာ နွေဦးတော်လှန်ရေးမှာ ငါတို့တွေးမထားခဲ့တဲ့ ပြောင်းလဲမှုတွေဖြစ်လာနေတယ်။

အဲ့ဒါ ငါတို့ နွေဦးတော်လှန်ရေးကြီးအောင်မြင်ဖို့ အတွက် မိတ်ဆွေတွေတိုးလာတာပဲ။

🇮🇳

၂၀၂၃– မေလ
တရုတ်ကပဲကန့်လန့်တိုက်နေတာ။

မေ ၁၀- ၁၁ မှာ တရုတ်နဲ့ အမေရိကန်တွေ့တယ်၊ တရုတ်က အမေရိကန်ကို မြန်မာနဲ့ ပတ်သက်ပြီး ဝင်ရောက်မစွက်ဖက်ဖို့ အတိအလင်း ပြောလိုက်တယ်။ (အမေရိကန်က တရုတ်စကားနားထောင်မယ်များ ထင်နေလားမသိဘူး။)

ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံက မြန်မာပြည်သူတွေကို ယုတ်တာတော့ အမှန်ပဲ။

ဒါပေမဲ့ တရုတ်ကို ကိုယ်ချင်းစာတရားအကြောင်း ဟောပြောလို့မရဘူး၊ ငါတို့နိုင်နေပြီဆိုတာ သေချာပြမှ စီးပွါးရေးမလုပ်ရမှာစိုးလို့ ပြေးလာပြီး လက်ဆွဲနှုတ်ဆက်မှာဖြစ်တယ်။

🇮🇳

မြန်မာပြည်သူလူထုကို ကိုယ်စားပြုမိန်းမပျိုလေးက အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်တို့ အလယ်မှာ က နေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့။

🇮🇳🇮🇳🇮🇳

မရွှေမိုး-ကိုရီးယား
May 16th, 2023.

Reference
▪️ India’s Congress party defeats Narendra Modi’s BJP in Karnataka state elections
Victory deals blow to prime minister, who will seek third term in power at next year’s general election By Hannah Ellis-Petersen in Delhi
▪️ May 11th— Readout of National Security Advisor Jake Sullivan’s Meeting with Chinese Communist Party Politburo Member and Director of the Office of the Foreign Affairs Commission Wang Yi


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


One response to “မိန်းမပျိုလေး ကနေပြီ— 🇨🇳 🇮🇳🇹🇭 ( မရွှေမိုး-ကိုရီးယား )”

Leave a reply to Moe Cancel reply