
ဒီဟာလေး လူပြောမများခင်နေ့ထဲက SS ရိုက်သိမ်းထားတာ
မုန်တိုင်းကိစ္စနဲ့ တခြားဘာမှမပြောချင်လို့ ထားလိုက်တာ
ခုလည်း တခြားကိစ္စတွေက ပြောသင့်တဲ့သူတွေပြောပီးပီမို့
Video တွေရိုက်ပြီး တော်လှန်ရေး ရံပုံငွေရှာတဲ့သူတစ်ယောက်အနေနဲ့ပဲပြောပါ့မယ်။
Views က ၂၃ နာရီအတွင်း 2.1 M နော်။
ပို့စ်မဖျက်ခင် နောက်ဆုံး SS မှာဆို 3.3 Mရှိတယ်။
မီးတွေပျက်တယ် အင်တာနက်မကောင်းလို့
ဘလာဘလာ… စာနာပါတယ် နားလည်ပါတယ်။
ဒါပေမယ့် ဒီ SS ထဲက ကောင်တွေအပါအဝင်
မန်းလေးက တစ်တော့ဆော့တဲ့စောက်ပေါကောင်တွေ
Click bait page တွေ ၊ အညှီအဟောက်ပို့စ်တွေဆို
ကျနော်တို့ထက် ၁၀ ဆ မက လူစည်ပါတယ်။
ကျနော်တို့ ပဒေသာပင်ဆို
ခုနောက်ပိုင်း ကြည့်တဲ့သူ နည်းလာလို့ ရပ်တော့မယ်တောင် တစ်ခါထုတ်ပြောပီးပီ။
C2D လည်း ခုကမ်ပိန်းမှာရုန်းကန်နေရတာပါပဲ။
တခြားဟာတွေလည်း ထူးမခြားနားပါပဲ။
ခုလက်ရှိအဆင်ပြေနေတဲ့ The PDF game တောင်
နေ့စဉ်ဝင်တဲ့သူ ၂ သောင်း ၂သောင်းခွဲပတ်ချာလည်ပါပဲ။
လူတွေရဲ့တွေးခေါ်နိုင်စွမ်းတွေ အသိဉာဏ်တွေ ဘာလို့နိမ့်ပါးနေရလဲဆိုရင်
နှစ်ပေါင်းများစွာ ဖျက်ဆီးခံလာရတဲ့စိတ်ဓာတ်တွေနဲ့ အောက်တန်းကျတဲ့ ပညာရေးစနစ်တွေရဲ့ဆိုးကျိုးပေါ့ ၊
ဒါတွေ ဘယ်သူတွေလုပ်ခဲ့လဲဆိုရင် ခုတိုင်းပြည်အာဏာလုထားတဲ့ မအေလိုးမျိုးတွေပါပဲ။
လူငယ်တွေက ဒီမအေလိုးတွေရော ဒီစနစ်ကြီးရောပျောက်သွားအောင်
ဘဝတွေ အသက်တွေ အနာဂတ်တွေရင်းပြီး နည်းမျိုးစုံနဲ့ အဘက်ဘက်ကကြိုးစားပေးနေကြတာပါ။
ကိုယ့်ကိုကိုယ် စောက်ပေါမဖြစ်အောင် သတိချပ်ပြီး ဒီပွဲလေးမှာ တူတူရုန်းကြရအောင်လားဗျာ။
ကိုပဒေသာ
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
3 responses to “သတိချပ်ပြီး ဒီပွဲလေးမှာ တူတူရုန်းကြရအောင် – ကိုပဒေသာ”
အမှန်ပါပဲ
ကလေးတွေ ခုတုံလုပ်ပြီး လုပ်စားနေကျတာ
လူတွေလည်း ကလစ်ဖို့ ကြည့်ဖို့ဆို မျက်စိမမြင်
လက်မကောင်းကြတော့ဘူးလေ
LikeLike
Let’s fight together.
LikeLike
Peace
LikeLike