

အခုချိန်မှာ ကျနော်တို့ မြန်မာပြည်သူတွေအနေနဲ့
အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကို အထူးတိုက်တွန်း၊ အသိပေးလိုတာ ရှိလာပါတယ်။
ဒါကတော့ တရုတ်အစိုးရအနေနဲ့
မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို အထူးအလေးထားဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။
အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို လုံးဝ ကိုယ်စားမပြုပါဘူး။ မင်းအောင်လှိုင်ဟာ မြန်မာ့ခေါင်းဆောင် လုံးဝ မဟုတ်ပါဘူး။
ဒင်းတို့ဟာ စစ်ရာဇဝတ်ကောင်တွေ၊ ဖက်ဆစ်အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်သွားရမယ့်
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတွေခေတ်မှာပဲ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဟာ
အပြောမဟုတ်ဘဲ လက်တွေ့ကျကျ ကောင်းမွန်ခဲ့ကြတယ်။
အစိုးရချင်းသာမက နှစ်နိုင်ငံ ပြည်သူ-ပြည်သူချင်းပါ
အပြန်အလှန် ချစ်ကြည်ရင်းနှီးခဲ့ကြတဲ့ သာဓကကောင်းများစွာ ရှိပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံကြားက “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဆိုတာ ဒီ
အကြမ်းဖက် စစ်အုပ်စုနဲ့တော့ ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် တရုတ်ပြည်သူတွေကော၊ မြန်မာပြည်သူတွေပါ
ဖက်ဆစ်ဝါဒီ ဂျပန်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ခံစားကြုံတွေ့ဖူးကြတဲ့ ဘဝတူတွေ ဖြစ်ကြပါတယ်။ အ
ခု ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ လာရာဇာစ်မြစ်နဲ့ သူတို့ကိုင်စွဲထားတဲ့ ဝါဒဟာ “ဖက်ဆစ်ဝါဒ” ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီဖက်ဆစ်အုပ်စု တည်တံ့အာဏာရှိနေသရွေ့
မြန်မာ့အိမ်နီးချင်း ဘယ်နိုင်ငံကိုမှ ရေရှည်ကောင်းကျိုးပြုမှာ မဟုတ်ဘူးဆိုတာ
လွတ်လပ်ရေးရပြီး နောက်ပိုင်း (၇၅) နှစ်ကျော် သမိုင်းက သက်သေတည်ပြီးလည်း ဖြစ်ပါတယ်။
အခုလိုမျိုး တရုတ်အစိုးရအနေနဲ့ မြန်မာဖက်ဆစ်အုပ်စုကို ဆက်လက် ထောက်ခံအားပေးနေမယ်ဆိုရင်
တရုတ်ဟာ ကျနော်တို့ မြန်မာပြည်သူတရပ်လုံးရဲ့ “ဘုံရန်သူ” စာရင်း ဝင်သွားလိမ့်မယ်။
ဒါဆိုရင်တော့ အဲ့ဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကျနော်တို့ နှစ်နိုင်ငံလုံးမှာ မလွှဲမသွေ ဆက်လက် ကြုံတွေ့လာရလိမ့်မယ်လို့ လေးလေးနက်နက် သတင်းစကားပါးလိုက်ပါတယ်။
ဒီဓာတ်ပုံလေးတွေကတော့ ဒီပြည်သူ့နွေဦးတော်လှန်ရေးကြီးကို
လက်ရုံးရည် နှလုံးရည်အရပ်ရပ်မှာ ရှေ့တန်းကနေ ဦးစီးဦးဆောင် ပါဝင်ဆင်နွှဲနေတဲ့ လက်ပံတောင်းတောင်ဒေသက ယနေ့ လူထုသပိတ်တိုက်ပွဲ မြင်ကွင်းများ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီတို့က အခုနောက်ဆုံး လှမ်းလာတဲ့ မြန်မာ့အရေး ခြေလှမ်းတွေ၊ အကြမ်းဖက်စစ်အုပ်စုနဲ့ ပလူးပလဲ လုပ်လာတာတွေကို လုံးဝ ဆန့်ကျင် ကန့်ကွက်ကြောင်း
ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဒီနေ့ လူထုသပိတ်ကနေ ဖော်ထုတ်ပြသခဲ့ကြပါတယ်။
ကို တေဇာဆန်း
သို့ . . . တရုတ်အစိုးရ
ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်။
Hey . . . China: Stop Killing Myanmar People by Supporting Fascist Criminals
致 中国政府立 马停止 和缅甸军方合作屠杀 缅甸人民
China_StopYourHypocrisy
China_StopSupportingFascistCriminals
China_RespectMyanmarPeoplesVoice
အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
Photos Credit to လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု
၈ မေ ၂၀၂၃
10 responses to “သို့ . . . တရုတ်အစိုးရဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ် ( ကို တေဇာဆန်း )”
Dr Tay 🤗💪🙏🙏
LikeLike
👍✊✊
LikeLike
👍👍
LikeLike
ကိုတေဇာစန်းတို့အားလုံးဘေးကင်းကြပါစေ
အောင်ပွဲရတဲ့နေ့မှာအားလုံးဘေးကင်းကင်းပြန်တွေ့ကြပါစို့
✊✊✊✊✊💪💪💪🙏🙏🙏😍😍😍
LikeLike
အရေးတော်ပုံအောင်ရမည်။
LikeLike
👍👍👍👍👍
LikeLike
✊🏻✊🏻✊🏻✊🏻✊🏻
LikeLike
✊✊✊💪💪💪
LikeLike
💪💪💪💪
LikeLike
✊🏼
LikeLike