ဗုံးခိုကျင်း
… … … …
(For Public Safety Knowledge Sharing)
ခုတလော ဗုံးအရမ်းကျဲနေတာရော.. လိုင်းပေါ်မှာတင်တဲ့ဗုံးခိုကျင်းပုံတွေက လိုအပ်ချက်ရှိနေတာကြောင့်ရော ရေးပါတယ်..
လေကြောင်းရန်ကာကွယ်ရေးအတွက် Brief Report အသေးလေး အရင်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ…
ပထမဆုံး ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲ ဆိုတာ အရင် ဆုံးဖြတ်ရပါမယ်..
ဗုံးဘေးမှာကျရင် မသေအောင်ဆိုရင်တော့ အမိုးအကာသိပ်အမာကြီးလုပ်ဖို့မလိုဘဲ
ကျင်းသာပီပီပြင်ပြင်တူးဖို့ လိုပါတယ်…
ကိုယ့်တစ်ရပ်လောက်ဆို လုံလောက်ပါတယ်…
ဗုံးတည့်တည့်ကျတာကိုခံနိုင်အောင်အထိ ဆိုရင်တော့ သေချာလုပ်ရပါမယ်..
အကောင်းဆုံးကတော့ သံကူကွန်ကရစ်ပါ..
စက်အမြောက်ဒဏ်လောက်ဆို သံကူကွန်ကရစ် ၁ ပေ ထူဖို့လိုပါတယ်..
မြေကျစ်ဆိုရင် ၄ ပေ ထူဖို့လိုပါတယ်…
(လက်နက်ငယ်.. RPG.. ၄၀/၆၀ ဗုံးသီးတွေက အရည်အသွေးကောင်းတဲ့ကွန်ကရစ် ၁ ပေကို မဖောက်ပါ)
ဒီအမျိုးအစားကိုပဲတတ်နိုင်ကြတာများပါတယ်..
ဒီအမျိုးအစားဟာ အရည်အသွေးကောင်းအောင်လုပ်ပြီး မြေတွေ ကျောက်တွေ သစ်တွေ အပေါ်မှာထပ်ပိုးဖုံးထားရင် ဗုံးဒဏ်တောင် အထိုက်အလျောက် ခံနိုင်ပါတယ်…
ဘန်ကာအနေနဲ့လဲ သုံးနိုင်ပါတယ်..
ပေါင် ၅၀၀ ဗုံးအတွက်.. သံကူကွန်ကရစ် ၂.၅ ပေ
(မြေကျစ်ဆိုရင် တုံးမပါ ၁၀ ပေ.. ရိုးရိုးကွန်ကရစ်/အုတ်စီနံရံဆိုရင် ၃.၅ ပေ) လိုမှာပါ..
တွက်ဖို့က.. သံကူကွန်ကရစ်နဲ့ ရိုးရိုးကွန်ကရစ် ၁.၅ နဲ့မြှောက်ပြီး..
မြေကျစ်ဆိုရင် ၄..
မြေပွရင် ၆ နဲ့မြှောက်ပါ..
ပေါင် ၅၀၀ ဗုံးခိုကျင်းဟာ လက်နက်ကြီးဒဏ်ခံနိုင်ပါတယ်..
ပေါင် ၁၀၀၀ ဗုံးအတွက်တော့ ပေါင် ၅၀၀ ကအချက်အလက်ကို ၂ နဲ့မြှောက်လို့ရပါတယ်…
တစ်ချို့ဆို ခေါင်မိုးမှာ ခိုထားပြီး ဘေးတွေကိုအားဖြည့်ထားပါတယ်.. Bunker Type ပေါ့..
တစ်ချို့ကတော့ အမိုးကိုသေချာမိုးပြီးဘေးကို ဆင်ခြေလျှောပုံမြေအများကြီးဖို့ပါတယ်..
ဒါကြောင့် ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲလို့ အရင်ဆုံးစဉ်းစားဖို့လိုတာပေါ့..
ပေါင် ၁၀၀၀ ဗုံးကျင်းအတွက်မြေဖို့ဖို့ ပေ ၂၀ တောင်လိုတာပါလားလို့ မေးစရာရှိပါတယ်..
မြေသားချည်းဆို လိုပါတယ်.. ဒါပေမဲ့အဲ့လောက်မြေဖို့ဖို့ မဖြစ်နိုင်ပါ..
ဒါ့ကြောင့် ဗုံးကြီးတွေအတွက်ကတော့ ကွန်ကရစ် ၅ ပေထုကိုပဲ ရွေးချယ်ရမှာပါ..
ကွန်ကရစ်မဖြစ်နိုင်ရင် ကျောက် သဲ အရောကို ရွေးချယ်ရမှာပါ..
ကျောက်စီရာမှာ ကျောက်အကြီးတစ်ထပ်-သဲတစ်ထပ်.. ကျောက်အသေးတစ်ထပ်-သဲတစ်ထပ် စီရမှာပါ.. တွက်ရခက်ပေမဲ့ ကျောက်ကို သံကူကွန်ကရစ်x၂ နဲ့ပဲ တွက်စေချင်ပါတယ်..
ဒါပေမဲ့ ဒီအထူတွေဟာ သေချာအရည်အသွေးကောင်းမှဖြစ်မှာကို နားလည်ရပါမယ်..
အရည်အသွေးစိတ်မချရရင် လုပ်ဖို့က အထူကိုတိုးဖို့ပါပဲ…
မြေဖို့ရမဲ့ထုကို ကျောက်တွေရောရင် သို့မဟုတ် သစ်တုံးတစ်ထပ် ကျောက်တစ်ထပ်လုပ်ရင်တော့ အထိုက်အလျှောက် လျှော့ချလို့ရပါတယ်.. ဒါပေမဲ့ ရမ်းလုပ်တာမျိုး အားမပေးပါဘူး..
ဥပမာ ပထမအမျိုးအစားကို မြေသား ၄ ပေဖို့မဲ့အစား ၁.၅ ပေမြေသားဖို့..
ဝ.၅ ပေ သစ်လုံးထပ်တင်.. ဝ.၅ ပေ ကျောက်ခင်း.. ဝ.၅ ပေမြေထပ်ဖို့ရင်
စုစုပေါင်း ၃ ပေဖြစ်မှာမို့ မူလမြေသား ၄ ပေထက် ၁ ပေအထူလျော့နဲတဲ့အပြင်
အမာဖြစ်တဲ့ကျောက်နဲ့ အပျော့ဖြစ်တဲ့သစ်ပါလို့ ပိုလည်းခိုင်ပါတယ်…
👉 ဗုံးခိုကျင်းလုပ်ရင် ဒီအချက်တွေသတိပြုဖို့လိုပါတယ်..
၁… ကျင်းတူး အမိုးမိုးပြီး မြေဖို့ရင် ဘောင်သေချာခွေဖို့လိုပါတယ်.. မြေဝိတ်ကအရမ်းများမှာမို့ မြေမပြိုကျနိုင်တာသေချာတဲ့အထိ ဘောင်ခွေဖို့လိုသလို လိုအပ်ရင် ထောက်တိုင်တွေပါလုပ်ဖို့ လိုပါတယ်.. အင်္ဂတေဆိုလဲ သေချာအုတ်မြစ်ချပြီး ဘေးပတ်လည်နံရံလုပ်ပြီး ဆောက်ရပါမယ်..
သိဖို့က မြေဝိတ်တင်မက ဗုံးကွဲအားဒဏ်ပါခံနိုင်ဖို့အထိလိုပါတယ်..
၂…ဗုံးခိုကျင်းမှာ ဝင်ပေါက် ထွက်ပေါက် ထားရပါမယ်.. အပေါက်နားက လမ်းကိုကောက်ကွေ့ပြီး ဖောက်ထားရပါမယ်.. (တစ်ပေါက်တည်းလုံးဝ မလုပ်သင့်).. ဘေးပေါက်သာလုပ်ရမှာပါ.. ဖြစ်နိုင်ရင်အရေးပေါ်ခွေးတိုးပေါက်လုပ်ထားသင့်ပါတယ်..
၃.. သစ်ပင်လဲမှု မြေပြိုမှု တို့ကြောင့် ပိတ်ဆို့ခြင်း.. ပြိုကျခြင်း မရှိအောင် ဂရုစိုက်ရပါတယ်..
(အပင်အောက် ကမ်းပါးယံနား နုံး သဲ နေရာမျိုးမှာ မလုပ်နဲ့ပေါ့).. အဲ့တော့ နေရာရွေးရတာပေါ့..
၄.. မိုးရေစိမ့်ဝင်မှု ရေအိုင်မှုမရှိအောင် လုပ်ရပါမယ်.. ရေစီးဝင်လာရင် ရေပြန်ထွက်နိုင်ရပါမယ်..
ဗုံးခိုကျင်းကို ရေလှောင်ကန်မဖြစ်ပါစေနဲ့…
၅.. အသက်ရှုပေါက်ရှိရပါမယ်.. (၂ ခုလောက်ရှိသင့်ပါတယ်)
အချို့ဆို အောက်ဆီဂျင်ဗူးပါထားတတ်ပါတယ်…
၆… ပုံဖျက်ထားရပါမယ်..( တစ်ချို့ဆို အပင်တွေစိုက်ပါတယ်.. အချို့ကပိုက်အုပ်ပါတယ်..
၇… မြွေ ကင်းနဲ့ ပိုးမွှားဂရုပြုရပါမယ်.. အရင်ဆုံးမှိုင်းဝဝကြီးတိုက်ပါ..
အဝင်အထွက်လုပ်ရင် သတိထားပါ.. ကျင်းထဲက တွင်းပေါက်တွေ သေချာပိတ်ပါ..
၈… အမှိုက်လည်းရှင်းရမယ်.. ပတ်လည်နှင့်အတွင်းမှာ လောင်စာမရှိစေရ…
၉… မြေဖို့ရင် အဆင့်တိုင်းမှာ လေမခိုဖို့လိုပါတယ်.. ဖိလည်းဖိရထောင်းရပါမယ်..
မြေစစ်အောင် ရေလောင်းပါ…
၁၀… တာယာကွင်းတွေတင်ထားတာတွေက ပေါင်ချိန်များတဲ့ဗုံးတွေကို မကာကွယ်နိုင်ပါဘူး..
👉 ဗုံးခိုကျင်းထဲဝင်ပီးဗုံးခိုရင် ဒီအချက်တွေသတိပြုရပါမယ်..
၁… အလွတ်ရပ်မနေပါနဲ့ တစ်ခုခုကိုကိုင်ထားပါ.. တိုင်ကိုဖက်ကိုင်ထားရင်လဲ အန္တရာယ်ရှိပြန်ပါတယ်.. ဒါကြောင့်တိုင် ဒါမှမဟုတ် နံရံမှာ တာယာကွင်းတွေကပ်ချည်ပြီး ကိုင်ထားလို့ရပါတယ်..
(သိဖို့က ဗုံးကျရင် တုန်ခါချက်က ခုန်ပါထွက်ပါတယ်)
၂… နံရံနဲ့ရော အောက်ခြေနဲ့ရော မထိပါစေနဲ့ ထိလုနီးပါးလဲ မဖြစ်ပါစေနဲ့..
အထူးသဖြင့် ပြားကပ်အောင်မှောက်ဝပ်နေတာမျိုး
ဘေးနံရံကိုကပ်ပြီးထိုင်တာမျိုးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်..
အပေါ်မှာပြောခဲ့သလိုလုပ်နိုင်ရင် အကောင်းဆုံးပါ..
အဲ့လိုမရှိရင် နံရံကိုရဲစစ်ဆေးခံရသလို လက်နဲ့ ထောက်ထားရမှာပါ…
၃… အပေါက်ဝနဲ့တည့်တည့်မှာနေရာမယူပါနဲ့ ပြင်ပက Impact ရှိနိုင်ပါတယ်…
၄… ရုတ်တရက်မီးခိုးလုံးဝင်ပြီး မှောင်သွားရင် မှောက်ချလိုက်ပါ..
အော်ဆီဂျင်က အောက်ခြေနားမှာရှိပါတယ်…
၅.. လက်နက်ပါရင် လုံခြုံမှုခလုတ်ပိတ်ထားဖို့လိုပါတယ်..
👉 အထွေအထွေ
ဗုံးခိုကျင်းကိစ္စတော့မဟုတ်ပေမဲ့ ထုတ်နှုတ်ပြောသင့်လို့ပါ..
၁… လေယာဉ်ရန်ကြောက်လို့ နေရာအနှံ့အပြားဖြန့်ခွဲပုန်းခိုတာ မှားပါတယ်..
လုံခြုံတဲ့နေရာမှာ တစ်စုတည်းနေတာ ပိုကောင်းပါတယ်..
တစ်စုတည်းနေတာကိုတစ်လုံးတည့်တည့်ကျရင် ဘယ်လိုလုပ်မလဲ လို့ စကားလာကပ်ကြတာရှိပါတယ်.. အဲ့လိုကျဖို့ထက် ပြန့်ကျဲနေတဲ့ဧရိယာက တစ်ယောက်နှစ်ယောက်ကိုထိဖို့က ပိုဖြစ်နိုင်ချေများတယ်လို့ပဲ မှတ်ပါ…
တပ်တွေကျ ဝေဟင်မှမြင်နိုင်စွမ်းလျှော့ချခြင်း ဆိုတာပါသိရပါမယ်..
၂.. ဗုံးခိုကျင်းထဲ ဝင်လိုက်ထွက်လိုက်မလုပ်ပါနဲ့.. မလိုအပ်ရင် မလှုပ်ရှားဘဲ ငြိမ်ငြိမ်နေပါ..
အထူးသဖြင့် ဟယ်လီကော်ပတာဟာ Hovering (လေထဲမှငြိမ်ပြီးရပ်နေလို့ရတာ) လုပ်လို့ရတဲ့အတွက် မြေပြင်ပစ်မှတ်တွေကို စိန်ပြေနပြေရှာပ စ်လို့ရပါတယ်..
၃.. လေယာဉ်ပျက်ကျနိုင်တဲ့ဟာနဲ့မဟုတ်ဘဲ အချဉ်ပေါင်းစားပြီးထွက်မပ စ်ပါနဲ့..
(AD ကိစ္စကတော့ Post တင်မရပါဘူး သီးသန့်လာမေးနိုင်ပါတယ်)
၄… အကြောက်မလွန်ဖို့လိုပါတယ်..
ခုခေတ်က ဒုတိယကမ္ဘာစစ်တုန်းကလို အိတ်သွန်ဖာမှောက်ကျဲချတာမဟုတ်ဘဲ
တစ်စီးမှာ တစ်ခါ ၂ လုံးလောက်ကျဲတာမို့.. သေချာပြင်ဆင်ထားမယ်.. နေရာယူထားမယ်ဆိုရင် ကိုယ့်ကိုထိနိုင်ချေက ၁၀% အောက်သာရှိပြီး လွတ်ဖို့က ၉၀% တယ်ဆိုတာ သိရပါမယ်..
(ခံစစ်သေမှာတော့ အပြောင်းအလဲရှိပါတယ်.. ဒါကလဲ AD ကိစ္စမို့ ရေးမရပါဘူး)
သိလိုတာရှိလဲ လာမေးနိုင်ပါတယ်.. မသိရင် ထပ်ဆင့်မေးပြီးဖြေပေးပါ့မယ်..
ဘေးကင်းကြပါစေ..
များများရှယ်ကြပါ… Comment တွေလဲပေးကြပါ.. Reach တက်ပါတယ်..
ဘာမှမပေးရင်တောင် လက်မပုံကောမန့် ပေးခဲ့လဲရပါတယ်…
ဒီ လင့်က Facebook Post မှာ အဲ့လို သွားလုပ်ပေးနိုင်ပါတယ်


ပုံ… Bomb Shelter..
သူကတော့ နျူကလိယားဒဏ်အတွက် ၁ လလောက်အထိပုန်းဖို့လုပ်ထားတာပါ..
သံဖရိန် Beam တွေနဲ့ပါလုပ်လို့ အတော်ခိုင်ပါတယ်
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
5 responses to “ဗုံးခိုကျင်း ( တော်လှန်ရေဘဲ )”
huge thanks for this article! The tips are really useful for our people who are suffering by the military brutal airstrikes.
LikeLike
သေသေချာချာ အသေးစိတ်ပြောပြပေးသွားတာ ကျေးဇူးတင်ပါတယ်။
သိသင့်တဲ့သူတွေကို ပြန်မျှဝေသွားမှာပါ။
LikeLike
Thanks
LikeLike
done
LikeLike
Thanks for the detailed information
LikeLike