လုပ်စား Pages တွေ ရဲ့ အကွက်တွေ ( ကို ပဒေသာ )

သာမန်ဖြစ်ရိုးဖြစ်စဉ်များအတိုင်းပါပဲ

ဒီဘဲက သူ့ဟာသူတစ်တော့ဆော့တယ်
အဲ့ဒါကို ခွီချင်တဲ့သူက ‌Vdo ကို ဖေ့ဘုတ်မှာ
ပြန်တင်တယ်။မိတ်ဆွေတို့ကလည်း ခွီကြ Share ကြပေါ့။

အဲ့ဒါတွေရဲ့နောက်ဆက်တွဲကတော့ လုပ်စားမယ့်
ကောင်တွေက ခုလိုပေ့ခ်ျကောက်ထောင်လိုက်မယ်။
ပြီးရင် ခင်ဗျားတို့ခွီချင် ဆဲချင် Share ချင်အောင်
Caption အမျိုးမျိုးနဲ့တင်မယ်။

ကာယကံရှင်ကလည်း သူဒီလိုလုပ်ခံနေရမှန်း သိချင်မှသိမယ် ၊
ခင်ဗျားတို့ကတော့ လုပ်စားမယ့် ကောင်အလိုကျ ဆဲမယ် ၊ share မယ်။

အဲ့ဒီအခါကျ ပေ့ခ်ျက engagement လို့ခေါ်တဲ့
Reacts , Comments, Share တွေများလာမယ်။
ခင်ဗျားတို့ Newsfeed မှာ ဒီပေ့ခ်ျကပို့စ်တွေ မကြာခဏမြင်တွေ့ရမယ်။
အဲ့ပေ့ခ်ျကလည်း Like သောင်းချီသိန်းချီရသွားမယ် ၊
ပီးရင် အဲ့ပေ့ခ်ျကို နာမည်ပြောင်းပီး
လောင်းကစားပေ့ခ်ျ or စီးပွားရေး ပေ့ခ်ျတစ်ခုခုလုပ်မယ်။
ဒါမှမဟုတ် ရောင်းစားမယ်ပေ့ါဗျာ။

ပေ့ခ်ျတစ်ခုက Like သိန်းဂဏန်းဆို
အပြင်မှာပေါက်ဈေး ဘယ်လောက်ရှိမလဲတော့သေချာမသိပေမယ့်
၃ သိန်း အထက်ကနေ ဈေးအမျိုးမျိုးတော့ရှိနိုင်ပါတယ်။

အင်တာနက်ဖွင့်ပြီးဖေ့ဘုတ်သုံးတာချင်းတူတူပဲ။
ခင်ဗျားတို့ရဲ့ အကင်းမပါးမှု ၊ အညှီအဟောက် ကြိုက်နှစ်သက်မှုတွေကိုအသုံးချပြီး
လူများတွေကလုပ်စားသွားကြတယ်။
အဲ့ဒီအချိန် တလရပေ့ခ်ျတွေ
C2D တို့ P2D , သတင်း ပဒေသာပင်တို့လို
ကလစ်ပေ့ခ်ျတွေမှာ ပို့စ်တင်ရင်လူမမြင်လို့သောကရောက်နေကြရတယ်။

ပြောရတာလည်းမောလှပါပြီ ၊ ဒါပေမယ့်
တစ်ယောက်ပဲဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ်
အသိတရားလေးတွေ ကပ်သွားပါစေတော့ ဆိုတဲ့
စေတနာပဲ ရှိပါတယ် မိတ်ဆွေတို့ ခင်ဗျာ။



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။


3 responses to “လုပ်စား Pages တွေ ရဲ့ အကွက်တွေ ( ကို ပဒေသာ )”

Leave a reply to Phoe Pyae Cancel reply