ချော့ ( Burmese Alphabet )

ချော့

“အားယူထပျံ အောက်ချင်းအားမာန်”
“အားယူထပျံ အောက်ချင်းအားမာန်”
“အားယူထပျံ အောက်ချင်းအားမာန်”

ကပ္ပတိန်ဇီးရိုးသည် အားမာန်အပြည့်ဖြင့် ထိုကဲ့သို့ သုံးကြိမ်တိတိအော်ပြီး လက်နှစ်ဖက်ကို တောင်ပံခတ်သကဲ့သို့ ပြုလုပ်လျက် ပွိုင့်ဖိုက်ပေါ်မှ ထပျံရန် ကြိုးစားနေ၏။

သို့သော် အောက်ချင်းငှက်မဟုတ်ဘဲ ကပ္ပတိန်ဇီးရိုး ဖြစ်နေသောကြောင့် ထမပျံနိုင်ဘဲ ပွိုင့်ဖိုက်ပေါ်၌ ပွစိပွစိပြောလျက် ထိုင်မြဲအတိုင်း ဆက်ထိုင်နေရလေသည်။

ထိုစဉ် စတစ်ကော်လာအဖြူနှင့် ယောပုဆိုး ဝတ်ဆင်ထားသော ကိုဝေယံအောင်သည် မယ်ဒလင်လေး တစ်လုံးပိုက်လျက် ပွိုင့်ဖိုက်အနီးသို့ လျှောက်လာလေသည်။ ထို့နောက် ပွိုက့်ဖိုက်အောက်၌ ကြွေကျလျက်ရှိသော ပန်းလေးတစ်ပွင့်ကို ကောက်ယူနမ်းရှိုက်လိုက်ရင်း ကိုဇီးရိုးကို ပြောလိုက်သည်။

“ကိုခန့် ပွိုင့်ဖိုက်ပေါ်မှာ ပျင်းနေမှာစိုးလို့ ကျနော် အဆို၊ အတီးလေးနဲ့ လာဖျော်ဖြေတာပါ”

ထိုသို့ပြောပြီးနောက် ကိုဝေယံအောင်က မယ်ဒလင်လေးကို တဒေါင်ဒေါင် တီးခတ်လိုက်သည်။

“ဖျင်ပင်နီချောရယ်နဲ့၊ ယောထမီ၊ ယောထမီ၊ မောင့်ချစ်သူလေးကိုလ ဆင်ပေးချင်သည် လှစေချင်သည် သည် သည်”

သီချင်း မဆုံးခင်မှာပင် ကိုဇီးရိုးက ပွိုင့်ဖိုက်ပေါ်မှ ရန်လှမ်းတွေ့သည်။

“ဟင် ကိုဝေယံ၊ ခင်ဗျားသီချင်းကလည်း ကျနော်ပဲ ယောထမီ ဝတ်ရတော့မလိုလို၊ ဘာလား”

“ဆောရီးပါ ကိုခန့်ရယ်၊ ကျနော်လည်း ဒီတစ်ပုဒ်ထဲ ရလို့ပါ”

ဟု ကိုဝေယံက လေပြေထိုးလျက် ပွိုင့်ဖိုက်အနီးမှ ခပ်သုတ်သုတ် ထွက်လာလေ၏။

“ပွိုင့်ဖိုက်ပေါ်က မဆင်းရနိုင်ပါဘူးဆိုမှ လာနောက်နေတယ်”

ကိုဇီးရိုး ပွိုင့်ဖိုက်ပေါ်ထိုင်ရင်း တစ်ယောက်ထဲ လောင်နေ၏။ ထိုစဉ်

“ရန်ကုန်အတွက် အလင်းစက်၊
ရန်ကုန်အတွက် အလင်းစက်”

ဟု ကြွေးကြော်ကာ မီးစက်ကြီးတစ်လုံး တွန်းလျက် ဒါရိုက်တာဏကြီး ရောက်လာ၏။

“မင်္ဂလာပါ ကိုခန့်ရေ၊ ကိုခန့် ပျင်းနေမှာစိုးလို့ အခုလောလောဆယ် နိုင်ငံတကာမှာ ပြနေတဲ့ ကျနော့်ကားလေးကို အထူးအစီအစဉ်အနေနဲ့ လာပြပေးတာပါ”

ကိုဏကြီးက ထိုသို့ပြောပြီးနောက် မီးစက်ကို ဝူးခနဲမောင်းကာ ‘မပြီးသေးဘူး၊ ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင်ကားကို ပရိုဂျက်တာနှင့် ထိုးပြလေသည်။

သို့သော် မအေးမြကနေသည့် ကောင်းခန်းမှာပင် မီးစက်ဆီကုန်သွားသောကြောင့် ပွိုင့်ဖိုက်ပေါ်မှ ကိုဇီးရိုးမှာ ဟတ်ကော့ကြီး ဖြစ်သွားရသည်။

“ဟာ သုသုကလည်း မီးစက်ဆီဖြည့်ထားပါဆို၊ ပီဒီအက်ဖ်ဂိမ်းပဲ ထိုင်ဆော့နေတယ်နဲ့တူတယ်၊ အားနာလိုက်တာ ကိုခန့်ရာ၊ ကျနော် ဆီသွားရှာလိုက်ဦးမယ်နော်”

ဒါရိုက်တာဏကြီးသည် ကိုဇီးရိုးကို တောင်းပန်ရင်း ဆီထွက်ရှာလေသည်။

ခဏကြာသော်

“ဗျို့ ကိုဇီးရိုး”

“ဟာ အာဠာဝက အဲ အကေဖုတ်”

“ဟာ ကိုဇီးရိုးက နောက်ပြီဗျာ၊ ဘယ်က အကေဖုတ်ရမှာလည်း၊ ခေအက်စ်တီပါဗျ”

“မသိဘူးဗျာ၊ အကေဖုတ်ပဲ စိတ်ထဲစွဲနေတော့တာ၊ ဘာလာလုပ်တာလဲ၊ ကျနော့်ပုံကို ကာတွန်းဆွဲပေးမလို့လား”

“ဟီး ဟီး၊ ထိုင်းထီလာရောင်းတာ၊ ထိုးသွားပါဦးလား”

“ရတာပေါ့၊ ပွိုင့်ဖိုက်ပေါ်က ဆင်းတဲ့နေ့ကျ အတွဲလိုက် ထိုးပေးမယ်နော်”

ကိုဇီးရိုးက ရွဲပြောလိုက်ရာ ဘကြီးခေလည်း အခြေအနေ မဟန်မှန်းသိသဖြင့် ကိုဇီးရိုးကို နှုတ်ဆက်ပြီး ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခဲ့လေသည်။

“ကိုဏကြီးကလည်း ကြာလိုက်တာ၊ ဆီသွားရှာမယ်ဆိုပြီး ပလစ်သွားပြီထင်တယ်”

ကိုဇီးရိုး ပွိုင့်ဖိုက်ပေါ်မှ လည်တဆန့်ဆန့်နှင့် မျှော်နေရှာ၏။ ထိုစဉ်မှာပင် ပွိုင့်ဖိုက်အနီးသို့ ယူနီဖောင်းဝတ်ထားသော အသားညိုညို လူတစ်ယောက် ရောက်လာသည်။ ထိုသူမှာ မန္တလေးမြို့ရိုးအတွင်းသို့ ပြည်တော်ဝင်မည့် ကိုမုန်တိုင်းပင် ဖြစ်သည်။

“ဟာ ကိုမုန်တိုင်း၊ အတော်ပဲ၊ ဘာသတင်းထူးလဲဗျ၊ ကျနော် ဒီအပေါ်ရောက်နေတော့ သတင်းတွေ အဆက်ပြတ်နေတာ”

ကိုဇီးရိုးက အားရဝမ်းသာ နှုတ်ဆက်လေသည်။

“ပြည်တော်ဝင်ဖို့ ကြိုးစားနေတယ်ဗျ”

“အဲ့ဒါတော့သိတယ်ဗျ၊ ရာသီဥတုအကြောင်းပြောတာ၊ မုန်တိုင်း ပြီးသွားပြီလား၊ မုန်တိုင်း ထန်နေတုန်းလားဗျ”

ကိုဇီးရိုး၏ မေးခွန်းကြောင့် ‘ကျနော် စကားသိပ်မပြောတတ်ပါဘူး’ ဟုဆိုကာ စကားပြောအလွန်ကောင်းလေ့ရှိသော ကိုမုန်တိုင်းသည်ပင် ဘာပြန်ဖြေရမှန်း မသိတော့သဖြင့် ဆွံ့အမှုတစ်သိန်းနှင့် ထိုနေရာမှ အမြန်ထွက်ခွါသွားသည်။

“ဟင် ကိုမုန်တိုင်း ဘာဖြစ်သွားတာပါလိမ့်”

ကိုဇီးရိုးလည်း သိချင်ဇောဖြင့် ပွိုင့်ဖိုက်ပေါ်မှ ဆင်းလိုက်မေးမည့်ဟန်ပြုရာ

“ဟိုးထား ကိုခန့်၊ မဆင်းနဲ့ဦး၊ ဟိုးထားနော် ဟိုးဆိုဟိုး”

ဟု အလန့်တကြားအော်လျက် ဒေါက်တာဖြိုးသီဟ အပြေးတစ်ပိုင်းနှင့် ရောက်လာလေသည်။ ထို့နောက်

“အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ”

ဟု ပွိုင့်ဖိုက်ပေါ်မှ ကပ္ပတိန်ဇီးရိုးကို လေအေးလေးဖြင့် နားချနေလေတော့သတည်း။

( Burmese Alphabet )


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


20 responses to “ချော့ ( Burmese Alphabet )”

  1. အွန်က့က အဖြစ်အပျက်တွေကို အချိန်သနဲ့တပြေးညီ သရုပ်ဖော်တာတကယ့်ဆရာကြီးပဲ ကြိုက်တယ် ။

    Like

  2. အွန့်အွန်တို့ပေ့ခ်ျမှာ ဖတ်ပြီးသားပေမယ့် ချစ်လို့ထပ်ဖတ်သွားတယ်❤️

    Like

  3. ကိုဇီးရိုးလေး ညောင်းနေပါပီ အမြန်ဆင်းရအောင် လုပ်ကေးပါဦးနော် ကို ဖြိုးသီဟ ကျေးဇူးပါ☺️

    Like

  4. ကိုဇီးရိုးလေးညောင်းနေပါပီ အမြန်ဆုံးဆင်းရအောင် ကိုဖြိုးသီဟ ကူညီပေးပါဦးနော် ☺️

    Like

Leave a reply to aye aye moe Cancel reply