အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ ( တယ်လီကျန်းမာ )

“အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ”

ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင်းမျိုးစုံနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စွဲလန်းစွာ စားသုံးနေသူတွေ အများအပြားပါပဲ။

ညတိုင်း ဒရာမာလေးတွေကြည့်ရင်း ခေါက်ဆွဲပြုတ်လေးစားလိုက်ရမှ နေသာထိုင်သာရှိသူတွေ၊ မိုးလေးအေးလာတော့ ခေါက်ဆွဲပူပူလေးစားချင်ကြသူတွေ၊ ဘာရယ်မဟုတ် ခေါက်ဆွဲကြိုက်ကိုကြိုက်သူတွေ စသဖြင့် အစားတစ်လိုင်းတွေကလည်း နည်းနည်းနောနောမဟုတ်ပါလားနော်။
..
..

တကယ်တော့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေဟာ ရေရှည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တာကြောင့် စားဖို့ရာမသင့်တော်ပါဘူး။ အရင်ဆုံး ဘာကြောင့်မကောင်းဘူး ပြောရသလဲ‌ဆိုတာ ဖတ်ကြည့်ရအောင် !
.

(၁) ဆိုဒီယမ်ပမာဏများပြားခြင်း

ခေါက်ဆွဲခြောက် (၁၀၀) ဂရမ်မှာ ဆိုဒီယမ် (၃၉၇- ၃၆၇၈) မီလီဂရမ်အထိ ပါဝင်ပါတယ်။ အချို့ခေါက်ဆွဲတွေမှာ ဒီထက်တောင်များပါသေးတယ်။ ကိုယ်ဝယ်တဲ့ ခေါက်ဆွဲခြောက်ရဲ့အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ဆိုဒီယမ်ပမာဏကို ဂရုပြုကြည့်ရှုနိုင်ပါတယ်။

ဆိုဒီယမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးပါပဲ။ ဒါပေမယ့် ပမာဏများတဲ့အခါ အစာအိမ်ကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေကို တိုးစေပါတယ်။ အထူးသဖြင့် နှလုံးနဲ့ ကျောက်ကပ်ကို အလွန်အမင်းထိခိုက်စေပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ဆိုဒီယမ် (၂) ဂရမ်အထိပဲ စားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဆိုထားလေတော့ ခေါက်ဆွဲခြောက်တစ်ထုတ်စားမယ်ဆိုရင်တောင် ဆိုဒီယမ်က သိပ်ကိုများနေပါပြီ။
.

(၂) MSG (အချိုမှုန့်) ပါဝင်ခြင်း

MSG ဆိုတာ အသင့်စား အစားအစာအများအပြားမှာတွေ့ရပြီး အရသာပိုမိုပေါ်လွင်‌ကောင်းမွန်စေဖို့ ထည့်သွင်းတတ်ကြပါတယ်။ MSG ဟာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ သွေးတိုးခြင်း၊ ကြွက်သားတင်းခြင်း၊ အားနည်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်းနဲ့ အသားအရေနီမြန်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအရ ရေတိုအတွက်ရော၊ ရေရှည်အတွက်ရော မကောင်းတဲ့အပြင် အဝလွန်စေတဲ့အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါသေးတယ်။
.

(၃) အသားဓာတ်နဲ့အမျှင်ဓာတ်နည်းပါးခြင်း

အသားဓာတ်ဟာ ဗိုက်ပြည့်တဲ့ခံစားချက်ကိုပေးနိုင်ပြီး အမျှင်ဓာတ်ဟာလည်း အစာခြေလမ်းကြောင်းထဲ ဖြည်းဖြည်းချင်းရွေ့သွားရင်းနဲ့ ဗိုက်ဝတဲ့ တင်းတိမ်တဲ့ခံစားချက်ကို ပေးနိုင်တာဖြစ်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေမှာ အသားဓာတ်ရော၊ အမျှင်ဓာတ်ရော ပါဝင်မှုနည်းလွန်းတာကြောင့် ရေရှည်စားမယ်ဆို ဘယ်လောက်စားစား ဗိုက်မဝသလိုဖြစ်နိုင်ပါတယ်။ အမျှင်ဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်ပေါ်ပြီး အူထဲက ကျန်းမာရေးအကျိုးပြုဘက်တီးရီးယားလေးတွေကို နည်းသွားစေပါတယ်။
.

(၄) အာဟာရဓာတ်နည်းပါးခြင်း

အသင့်စားခေါက်ဆွဲခြောက်တွေမှာ ဆိုဒီယမ်နဲ့ ကယ်လိုရီကလွဲလို့ အာဟာရဖြည့်ပေးနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အဆီဓာတ်တွေ မပါဝင်ပါဘူး။ ဒါကြောင့် ဘယ်လောက်စားစား၊ ခဏဗိုက်ဝတာကလွဲရင် အားအင်ဖြစ်စေမှာမဟုတ်သလို တစ်နေ့တာ လိုအပ်တဲ့စွမ်းအင်များကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အသင့်စားခေါက်ဆွဲခြောက်တွေဟာ များများစားလေလေ၊ ကျန်းမာရေးမှာ ထိခိုက်မှုတွေ ဖြစ်လာလေလေပဲ ဖြစ်ပါတယ်။
..
..

ဘယ်လိုထိခိုက်မှုတွေလဲဆိုရင် ..

(၁) အဝလွန်ခြင်း

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့စစ်တမ်းများအရ အသင့်စားခေါက်ဆွဲခြောက်ကို တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီးစားသုံးသူတွေဟာ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း စတဲ့ ဇီဝဖြစ်စဉ်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေပိုများနေတာကို တွေ့ရှိရပါတယ်။ ခေါက်ဆွဲခြောက်တွေမှာပါဝင်တဲ့ ကစီဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပါတယ်။
.

(၂) ကင်ဆာ

Bisophenol A (BPA) လို့ခေါ်ပြီး အသင့်စားခေါက်ဆွဲခြောက်ကို ထုပ်ပိုးရာမှာအသုံးပြုထားတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို တိုးများစေပါတယ်။ BPA ပါဝင်မှု ဘယ်လောက်တောင်များလဲဆိုရင် အသင့်စားခေါက်ဆွဲခြောက်တွေမှာပါတဲ့ BPA ပမာဏက လတ်ဆတ်သန့်ရှင်းတဲ့ ‌‌သဘာဝခေါက်ဆွဲပြုတ်မှာ ပါဝင်တဲ့ပမာဏထက် အဆပေါင်း (၁၄၀) တောင်ပိုများနေတာပါ။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုစားတဲ့သူတွေဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ (၆၈%) ပိုများပါတယ်။
.

(၃) အစာခြေလမ်းကြောင်းပြဿနာများ

ဆိုဒီယမ်များလွန်းပြီး အမျှင်ဓာတ်နည်းတာကြောင့် လေပွခြင်း၊ လေအောင့်ခြင်း၊ အစာအိမ်အက်စစ်များခြင်း၊ အစာခြေလမ်းကြောင်းမူမမှန်ခြင်း စတဲ့ပြဿနာများစွာ ခံစားရနိုင်ပါတယ်။
.

(၄) စိတ်ကျန်းမာရေး

ဆိုဒီယမ်များပြီး ဦးနှောက်ထဲက ဓာတုပစ္စည်းတွေရဲ့ညီမျှမှုကို ဖျက်စီးပစ်တာကြောင့် စိတ်ဓာတ်ကျခြင်း၊ သောကများခြင်းနဲ့ အခြားစိတ်ကျန်းမာရေးထိခိုက်မှုတွေတောင် ဖြစ်စေနိုင်ပါတယ်။ ခေါက်ဆွဲခြောက်စားသုံးသူတွေဟာ ပုံမှန်လူတွေထက် စိတ်ထိခိုက်လွယ်၊ စိတ်အားငယ်လွယ်ပြီး စိတ်ကျန်းမာရေးအားနည်းတာကို တွေ့ရှိရပါတယ်။
..
..

ဒါ့ကြောင့် အန္တရာယ်များတဲ့ အသင့်စားခေါက်ဆွဲခြောက်တွေအစား သဘာဝအသီးအနှံ၊ ဟင်းရွက်တွေ၊ အသား၊ ငါး၊ နို့ ၊ ဂျုံစတာတွေကို အစားထိုးစားပေးနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါရစေ။

တစ်ခါတစ်ရံ စားချင်တယ်ဆိုရင် လတ်ဆတ်တဲ့ ဟင်းရွက်တွေ၊ အသား၊ ငါး၊ ကြက်ဥတွေ ထည့်ပြုတ်တာ၊ ဆိုဒီယမ်နည်းတဲ့ ခေါက်ဆွဲထုပ်ကို ရှာဝယ်တာတွေ လုပ်နိုင်ပါတယ်။

ရေရှည်ကျန်းမာရေးအတွက် စားချင်စိတ်ကို တတ်နိုင်သလောက်ထိန်းချုပ်ပြီး အလေ့အကျင့်လုပ်ကြဖို့ ပြောချင်ပါတယ်။

အသင့်စားခေါက်ဆွဲခြောက်တွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet လေးပြောင်းလဲစားချင်ပါတယ်၊ ခေါက်ဆွဲခြောက်တွေကြောင့် အဝလွန်ပြီး အဆီကျစေဖို့ Diet လေးဆွေးနွေးချင်ပါတယ်ဆိုရင် တယ်လီကျန်းမာမှာ အာဟာရဆိုင်ရာအထူးကုဆရာဝန်နဲ့ အခမဲ့ဆွေးနွေးဖို့ ဘိုကင်ယူနိုင်ကြောင်းကိုလည်း သတင်းပါးပါရစေ။

Reference : 📚
Processed Foods: Why Are Instant Noodles Unhealthy? (parkwayeast.com.sg)

https://mirchi.in/stories/lifestyle/6-negative-side-effects-of-eating-instant-noodles/98284630

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

  • ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

nugmoh #telehealth #telemedicine

#တယ်လီကျန်းမာ #Telekyanmar

instantnoodles #noodles #ခေါက်ဆွဲခြောက် #ခေါက်ဆွဲပြုတ် #ခေါက်ဆွဲ

Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

16 responses to “အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ ( တယ်လီကျန်းမာ )”

Leave a reply to Loyal Cancel reply