
နွေဦးဖတ်စာ
“အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ”
ဟု ပြောရင်း ဒေါက်တာဖြိုးသီဟက ဖုန်းမီးလေးထွန်းရင်း ရှေ့သို့ဆက်လျှောက်သွားလေသည်။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့လည်း နောက်ကနေ ငိုက်စိုက်ငိုက်စိုက်နှင့် ဆက်လက်လိုက်ပါလာကြသည်။
“အမှန်က အစကတည်းက ဝင်မလာခဲ့ရမှာ”
ဟု ကိုဇင်ဇေက လျှောက်လာရင်း အတွေးထဲကနေ ပြောနေလေ၏။ နှုတ်မှထုတ်ပြောလိုက်လျှင် နပန်းလုံးနေရမည်ဖြစ်သဖြင့် အားအင်ချွေတာသည့်အနေဖြင့် ခတ်မဆိတ်လုပ်ရင်း အတူတူ ဆက်လျှောက်လာကြသည်။
ကိုလင်းထက်အောင်ကတော့ “ထာဝရ လက်ခလယ်ပဲနော်” ဟု မည်းမည်းမြင်ရာကို လှမ်းအော်ပြောနေလေ၏။
မှန်ပါသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးသည် ဆရာဖြိုး၏ ဖုန်းမှထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ ပိန်းပိတ်အောင် မဲမှောင်လျက်ရှိသည်။ မဲမည်ပေါ့။ မှောင်မည်ပေါ့။ သူတို့ ဝင်ရောက်လာကြသည်မှာ လူသူအရောက်အပေါက် မရှိသော ကျောက်လှိုဏ်ဂူကြီးတစ်ခု ဖြစ်နေသည်ကိုး။
‘သိချင်ရင်ဝင်ကြည့်’ ဟူသည့် ဂူဝမှ မည်သူလက်ဆော့သွားမှန်းမသိသော စာတန်းတစ်ခုကြောင့် သုံးယောက်သား ထိုလှိုဏ်ဂူကြီးအတွင်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
“သိချင်ရင် ဝင်ကြည့်တဲ့၊ လာ ဝင်ကြည့်ကြစိုး”
ဟုဆိုသော ဆရာဖြိုး၏ ဆော်ဩမှုဖြင့် သုံးယောက်သား ဂူကြီးထဲသို့ ရောက်လာခဲ့ကြ၏ ဖြစ်သည်။ လူသူအရောက်အပေါက်မရှိသော ထုံးကျောက်လှိုဏ်ဂူကြီးတစ်လုံး ဖြစ်လေးရာ အထဲ၌ လင်းနို့ချေးနံ့များဖြင့်သာ နံစော်လျက်ရှိ၏။
“အင်း လင်းနို့ချေးနဲ့လည်း ပြိုင်ရမှာပဲ”
ဟုဆိုက ဆရာဖြိုးက နှာခေါင်းပိတ်လျက် ကျန်နှစ်ယောက်ကို အားပေးရင်း ဆက်လျှောက်လာသည်။
“ဂူကြီးကလည်း မည်းနေတာပဲနော်”
ဟု ကိုလင်းထက်အောင်က ဆံပင်ရှည်ကြီးကို သပ်တင်ရင်း မှတ်ချက်ပေးပြန်သည်။
“ဂူကြီးပါဆိုမှ၊ မည်းမှာပေါ့ဟ၊ လျှပ်စစ်မီးမှ မရှိတာ”
ကိုဇင်ဇေက မျက်မှန်ကြီး ပင့်တင်ရင်း ကိုလင်းထက်အောင်ကို ထုံးစံအတိုင်း လှမ်းငေါက်လိုက်သဖြင့် ကိုလင်းထက်အောင် ငြိမ်ကျသွား၏။ စိတ်ထဲကတော့ မည်သို့ပြောနေလေမည် မသိ။
သူတို့သုံးဦးသား ကျောက်ဂူကြီးထဲ ရောက်နေကြသည်မှာ နေ့တစ်ဝက်ခန့်ရှိနေလေပြီ။ အခုချိန်အထိ ကျောက်ဂူကြီး၏ အဆုံးကို မမြင်ရသေး။ အတွင်းဘက်ကို ရောက်လာလေလေ လေထုအောက်စီဂျင် နည်းလာလေလေ၊ အေးစက်တိတ်ဆိတ်မှုက ပိုလာလေလေဖြစ်ရာ
“ပြန်ထွက်ကြရင် ကောင်းမယ်ထင်တယ်ဗျ ဆရာဒိုးဖြောင်းရေ”
ဟု ကိုဇင်ဇေက ဆရာဖြိုးအကြိုက် စကားလုံးသုံးလျက် အဆိုတင်သွင်းရှာသည်။
ဆရာဖြိုးက ထုံးစံအတိုင်း
“အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ”
ဟုသာ ပြန်ပြောရင်း ရှေ့သို့မီးထိုးလျက် ဆက်လျှောက်နေသည်။
ထိုစဉ်မှာပင် သူတို့၏ ခြေထောက်များ စိုစွတ်လာကြသည်ကို အားလုံး သတိပြုမိလိုက်ကြသည်။
“ဟာ ရေတွေ ဝင်လာပြီ”
ကိုလင်းထက်အောင်က ကြောက်လန့်တကြား ပြော၍ မဆုံးမီမှာပင် ရေလုံးကြီးများ ဂူအတွင်းသို့ လှိမ့်ဝင်လာသဖြင့် သုံးဦးသား ရေလွတ်ရာသို့ အမြန်ပြေးဝင်ကြရလေတော့သည်။
ကျောက်ဂူ အပြင်ဘက်၌ မိုခါမုန်တိုင်းကြီး တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိသဖြင့် ကျောက်ဂူကြီးအတွင်းသို့ ရေတွေ ဝင်လာခြင်း ဖြစ်၏။ သို့သော် ကျောက်လှိုဏ်ဂူကြီးအတွင်းမှ လမ်းမှာ တစ်ညီထဲမဟုတ်ဘဲ အနိမ့်အမြင့်၊ အတက်အဆင်းများဖြစ်လေရာ ဆရာဖြိုးတို့မှာ ပြေးရင်းပြေးရင်း အမြင့်ပိုင်း ရေလွတ်ရာတစ်နေရာသို့ရောက်သော် ဆက်မပြေးနိုင်တော့သဖြင့် ခဏထိုင်နားနေကြရသည်။
ထိုစဉ် ဆရာဖြိုးက ဘောင်းဘီအိတ်ထဲမှ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ဖွင့်ဖောက်ပြီး တကြွတ်ကြွတ် ထိုင်ဝါးနေသည်။
“ဟေ့လူ၊ ခေါက်ဆွဲခြောက်တွေကို ဒီအတိုင်း မစားနဲ့လေ၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ တယ်လီကျန်းမာက ပြောထားတာ မသိဘူးလား”
ကိုဇင်ဇေက ထုံးစံအတိုင်း ငေါက်ပြောပြောပြန်သည်။
“သိပါတယ်ဗျ၊ ဒီဘက်ခတ်မှာ ခေါက်ဆွဲခြောက်ကလည်း ကျနော့်ပြိုင်ဘက် ဖြစ်လာပြီလေ၊ လူတွေ ခေါက်ဆွဲပြုတ်ဖို့အတွက် သုံးမိနစ်တောင် အချိန်ပေးကြတာ ဘာကြောင့်များပါလိမ့်လို့ သိချင်တာနဲ့ ပြိုင်ဘက်ကို ကြေကြေညက်ညက်ဖြစ်အောင် လေ့လာနေတာဗျ”
ဟု ဆရာဖြိုးသီဟက ခေါက်ဆွဲခြောက်တွေ တကြွတ်ကြွတ်ဝါးရင်း ခပ်အေးအေး ပြန်ပြောလိုက်သည်။
“ဆရာဖြိုးရေ၊ ကျနော်လည်း အဲ့ဒီခေါက်ဆွဲခြောက်ကို ကြေကြေညက်ညက် လေ့လာချင်လို့ အဲ့ဒီအထုပ်လေး ကျနော်ဆီ လှမ်းလိုက်စမ်းပါဦးဗျ”
ကိုလင်းထက်အောင်က လက်လှမ်းပြီးတောင်းလိုက်ရာ
“ဟာ မဖြစ်ဘူးဗျ၊ ခြောက်ဆွဲခြောက်နဲ့ ဖရဲသီးနဲ့ တည့်မှာ မဟုတ်ဘူး”
ဟု ဆရာဖြိုးက လှည့်မကြည့်ဘဲပြောရင်း ခေါက်ဆွဲခြောက်ကိုသာ ဆက်ဝါးနေလေသည်။ ထို့ကြောင့် ကိုလင်းထက်အောင်လည်း အသင့်ပါလာသော ဖရဲသီးဘူးကို ထုတ်ပြီး ဖွင့်စားလိုက်ရတော့သည်။
“အား ရေဆာနေတာနဲ့ အတော်ပဲဗျာ၊ ဖရဲသီးဆိုတာ ကျန်းမာရေးနဲ့ညီညွတ်ကြောင်း တယ်လီကျန်းမာကို ရေးခိုင်းရဦးမယ်”
ဖရဲသီးများ ပလုပ်ပလောင်းစားရင်း ကိုလင်းထက်အောင်က ပြောနေလေသည်။
ထိုစဉ်မှာပင် ကိုဇင်ဇေကလည်း ပုဆိုးခါးပုံစထဲမှ တစ်စုံတစ်ခုကို ထုတ်ယူပြီး စုပ်စားနေလေရာ ကျန်နှစ်ယောက်မှာ မျက်နှာများရှုံ့မဲ့လျက် ကြည့်နေကြကုန်၏။ ထိုအကြည့်များ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားသော ကိုဇင်ဇေမှာ အထင်လွဲကုန်ကြမည်စိုးသဖြင့် အမြန်ပင် ပြန်ဖြေရှင်းလိုက်ရလေသည်။
“ဟေ့လူတွေ၊ ဘာဖြစ်နေကြတာလဲ၊ ဒါ ရိုးရိုးရေခဲချောင်းပါဗျ”
ဟူ၏။
(ဆက်ရန်)
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
32 responses to “နွေဦးဖတ်စာ – အပိုင်း – ၁ ( အွန့်အွန့် – Burmese Alphabet )”
Haha
LikeLike
good
LikeLike
ဆရာဖြိုး အတော်ဆိုးပဲ
LikeLike
အူတက်🤣
LikeLike
good
LikeLike
ချစ်တယ် အွန့် 😍
LikeLike
Good
LikeLike
Soooo lovely
LikeLike
Done
LikeLike
👍💪👏🤜🤛
LikeLike
Thanks🌺
LikeLike
Done 👍
LikeLike
Done
LikeLike
Nice article
LikeLike
3 times Done 👍
LikeLike
Done
LikeLike
👍
LikeLike
Done
LikeLike
❤️ ❤️ ❤️
LikeLike
ရေးပြီးသားလေးတွေကိုစုပြီးစာအုပ်ထုတ်ကြပါ။အားပေးပါတယ်ရှင်။တလရကြီးအမြန်ပြီးပါစေ။တတ်နိူင်တဲ့ဖက်လဲကူနေပါတယ်နော်။တကယ်တော်တတ်ပြီးလက်ဇောင်းထက် ပါးစပ်ဇောင်းထက်တဲ့အချစ်ကလေး❤️❤️တို့ ကျန်းမာရေးဂရုစိုက်ကြပါ။ပညာတတ်ပြီးပြည်သူကိုချစ်တဲ့ကလေးတွေ အားလုံးအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ🙏🙏🙏🙏
LikeLike
အထူးရေခဲချောင်းကဘာပါလိမ့်😊
LikeLike
🥰🥰🥰
LikeLike
သေဘာက်
LikeLike
ချစ်စရာကောင်းတဲ့ အွန့်စ်
LikeLike
ပေါက်ကရ အွန့်အွန့် 😂😂😂 (English လိုမရေးတတ်၍ မြန်မာလို ဝင်ရေးသွားသည်။😁)
LikeLike
ရေခဲချောင်းပါ🤣
LikeLike
❤️❤️❤️
LikeLike
အားပေးလျှက်ပါ။
LikeLike
ဖတ်လို့ကောင်း
LikeLike
ကွင်းကွင်းကွက်ကွက် မြင်မိ
ငယ်ပေမဲ့ လေးစားလျက်ပါ🫰
LikeLike
အေးလေ အေးလေ
LikeLike
Hehe :3
LikeLike