အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )

Self-confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) ဟာ
ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘွဲ့တွေရာထူးတွေကလာတယ်ဆိုရင် မဟုတ်သေးဘူး။ နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။
ဥပမာ – Smart ကျကျဝတ်စားထားတဲ့နေ့ နဲ့
ဆံပင်ကဖြစ်ချင်တိုင်းဖြစ် အင်္ကျီကလည်းမီးပူတိုက်ဖို့အချိန်မရလို့တွန့်ကျေနေတဲ့နေ့နဲ့
လူတောတိုးတဲ့အချိန်မှာခံစားမှုမတူသလိုမျိုး။
iPhone ကိုင်နိုင်ရင်နေရထိုင်ရတာကောင်းနေသလိုမျိုး။
Mercedes စီးနိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး။
တပည့်တပန်းတွေကကိုယ့်ကို “မ” နေမှနေသာထိုင်သာရှိတာမျိုး။ 😃

ဒါပေမယ့် ဒါတွေကအပေါ်ယံကိစ္စတွေပဲဖြစ်နေတယ်။
ပြီးတော့ ကိုယ်ကဒါတွေအပေါ်မှာမှီခိုနေရတယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူး။
ဒါကြောင့် ပစ္စည်းဥစ္စာရာထူးစည်းစိမ်ရှိမှ self-confidence ရှိလို့ရနိုင်မယ်ဆိုတဲ့ equation က
လုံးဝ false ( မှားနေတယ် ) လို့တပ်အပ်ပြောလို့ရတယ်။

ဒါဆို ဘဝရဲ့အတက်အကျတွေကြားမှာ
အတွင်းကျကျတည်ငြိမ်တဲ့ self-confidence မျိုးဘယ်လိုရနိုင်မလဲ။

မတ်စေ့တစေ့မှာခေါင်းနဲ့ပန်းရှိသလိုပဲ လူတိုင်းမှာအဆိုးနဲ့အကောင်းရှိတယ်။
ကိုယ့်ရဲ့ဆိုးခြင်းရောကောင်းခြင်းရောကို ဆင်ခြေဆင်လက်ဘာမှမပေးတော့ပဲနဲ့
အပြည့်အဝလက်ခံနိုင်ပြီဆိုရင် self-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဖြစ်လာနိုင်တယ်။
လက်မခံနိုင်သေးသ၍ – တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ညာနေသေးသ၍ကတော့
သူတပါးရဲ့အပြောအမြင်တွေကြားမှာ လုံးချာလည်နေဦးမှာပဲ။ စိတ်မလုံမလဲဖြစ်နေဦးမှာပဲ။
ဂုဏ်တွေဒြပ်တွေပစ္စည်းဥစ္စာတွေကိုအားကိုးနေရဦးမှာပဲ။

ကိုယ့်ရဲ့ perfect မဖြစ်မှုကို လက်ခံနိုင်ပြီ၊
အလုံးစုံမပြည့်စုံမှုကိုလက်ခံလိုက်ပြီ (self-acceptanceရှိပြီ) ဆိုရင်
တပါးသူတွေရဲ့ flaw တွေ အပြစ်အနာအဆာတွေကိုလည်းနားလည်နိုင်လာပြီး
သူတို့ရဲ့ forte (အားသာချက်တွေ) ကိုလည်းပိုပြီးတော့ အထင်ကြီးလေးစားတတ်လာမယ်။
ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေကိုလည်းပိုသိလာမယ်။ ဒါကပထမအဆင့်။

နောက်တဆင့်က ကိုယ့်တန်ဖိုး (value) ကိုကိုယ်သိဖို့လိုတယ်။
ဒီလိုသိဖို့အတွက် ကိုယ့်ရဲ့တန်ဖိုးကဘာလဲသိဖို့လိုတယ်။
ကိုယ်ဟာလူ့အသိုင်းအဝိုင်းအတွက် ကိုယ့်မိသားစုအတွက် ကိုယ့်တိုင်းပြည်အတွက် ဘယ်လိုအကျိုးပြုနေသလဲ။ တနည်းအားဖြင့်ဆိုရရင် ကိုယ်ရဲ့ contribution ကဘာလဲပေါ့။
Self-worth လို့ခေါ်တဲ့ ကိုယ့်တန်ဖိုးကိုကိုယ်တိုင်သိမှ
ကိုယ့်ဂုဏ်သိက္ခာကိုကိုယ်ကာကွယ်ထိမ်းသိမ်းနိုင်မှာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားတဲ့သူကိုဘယ်သူကမှတန်ဖိုးထားမှာမဟုတ်ဘူး။
သနားကောင်းသနားလိမ့်မယ်။ ဒါပေမယ့် လေးစားတန်ဖိုးထားမှာမဟုတ်ဘူး။

ဥပမာ – ကိုယ်က Mall တခုမှာသန့်ရှင်းရေးသမားဆိုပါတော့။
ကိုယ့်အလုပ်မှာသိမ်ငယ်စိတ်ဖြစ်နေမယ်ဆိုရင် သေချာတာကကိုယ့်ကိုယ်ကိုယ်မလေးစားတော့ဘူး။
ကိုယ့်စားဝတ်နေရေးကိုအဆင်ပြေအောင်လုပ်ပေးနေတဲ့ ဒီအလုပ်ကိုလည်း မလေးစားနိုင်တော့ဘူး။
ပတ်ဝန်းကျင်ကလူတွေ shopping လာတဲ့လူတွေကိုလည်း ကြည်ကြည်လင်လင်မရှိတော့ဘူး။
ဒါဆိုရင် ကိုယ့်ရဲ့ self-worth လည်းမရှိတော့တဲ့အတွက် self-confidence ဆိုတာလည်းမရှိနိုင်တော့ဘူး။
ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေကလည်းကိုယ့်ကိုလေးစားမှာမဟုတ်တော့ဘူး။
တကယ်လို့ အဲလိုမဟုတ်ပဲနဲ့ ကိုယ့်ရဲ့ attitude ( စိတ်နေစိတ်ထား ၊ ခံယူချက် ) က
“ဒီသန့်ရှင်းရေးအလုပ်ဟာအရေးကြီးတယ်။
ငါတို့ mall မသန့်ရှင်းရင် ဈေးဝယ်သူတွေအဆင်မပြေဖြစ်မယ်။
အဆင်မပြေလို့ တခြားသန့်ရှင်းတဲ့ mall တွေကိုသွားရင်
ငါတို့ mall ကဆိုင်တွေစီးပွါးထိခိုက်မယ်…” စသည်ဖြင့် တွေးမယ်ဆိုရင်
ကိုယ့်ရဲ့အလုပ်ပေါ်မှာကိုယ်တိုင်လေးစားမှုရှိလာမယ်။
ကိုယ့်ကိုယ်ကိုယ်လည်းလေးစားမှုရှိလာမယ်။
ကိုယ့်ရဲ့ self-worth ကိုလည်းကိုယ်တိုင်သိတဲ့အတွက် သိမ်ငယ်မှုမရှိတော့ဘူး။
နှိမ်တဲ့သူရှိလာရင်တောင်ကိုယ့်ရဲ့ self-worth ကိုကိုယ်သိတဲ့အတွက်
ကိုယ့်ရဲ့ self-confidence ဟာ မယိုင်လဲသွားနိုင်တော့ဘူး။

Consumerism ခေတ်မှာ self-confidence ကိုအတွင်းကျကျမတည်ဆောက်ထားရင်
အပေါ်ယံလင်းလက်နေတဲ့ပြိုးပြိုးပြက်ပြက်တွေကိုပဲလိုက်ကြည့်ပြီး
စိတ်က အဝီစိထဲကိုပဲ ခုန်ချချင်နေလိမ့်မယ်။

Self-acceptance > Self-worth > Self-confidence


( ဖြည့်စွက်ချက် – ကို ဇင်ဇေ )

ကျန်တာတွေတော့ ဝင် နှမ်းမဖြူးချင်ပေမယ့်
Consumerism ဆိုတဲ့ အသုံးလေးကိုတော့
တစ်ချို့တွေ သေချာမရလိုက်မှာစိုးလို့ လိုရမယ်ရ ကူ ရှင်းပြချင်ပါတယ် ။

အလွယ်ဘာသာပြန်ရင်တော့
“ စားသုံးသူ ၊ စားသုံးမှု တိုးပွါးရေး အဓိက ဝါဒ” လို့
ပြောလို့ရနိုင်မယ် ထင်ပါတယ် ။

ကောင်းတဲ့ဘက်က ကြည့်ရင်
လူတွေကို ပစ္စည်း အသစ် အသစ်တွေ ဝယ်ချင် သုံးချင်စိတ်တွေ ပေါက်အောင်

နည်း အမျိုးမျိုးနဲ့ ဆွဲဆောင် ဖြားယောင်းမယ် ၊
အဲ့လို လုပ်လို့ ဝယ်လိုအားတွေ များလာရင်
သက်ဆိုင်ရာ ပစ္စည်း ထုတ်လုပ်သူတွေ တင်မက
အဲ့ဒီ က ဝန်ထမ်းတွေ ၊
ပြီးတော့ ကုန်ကြမ်း ထုတ်လုပ် – တင်သွင်းသူတွေ နဲ့ ဆက်စပ်သူတွေပါ
ဝင်ငွေတွေပိုရပြီး အဆင်တွေ ပိုပြေကြမယ် ၊
စီးပွါးရေး လည်ပတ်အားလည်း ပိုကောင်းလာမယ်ပေါ့ ။

ဆိုးတဲ့ဘက်က ကြည့်ရင်တော့
လူတွေဟာ ရုပ် ဝတ္ထု ပစ္စည်း အသစ်အသစ်တွေ နောက်ကိုပဲ
တစ်ကောက်ကောက်လိုက်မိကြရင်း ၊
ဒါတွေကို အချင်းချင်း အပြိုင်အဆိုင် ကြွားဝါနေကြရင်း
ဘဝရဲ့ တကယ့် အနှစ်သာရတွေ ၊
စိတ်နှလုံး ငြိမ်းချမ်းမှုတွေ နဲ့ ဝေးကွာသွားနိုင်တယ် ။
ထုတ်လုပ်မှုတွေ တိုး တိုးလုပ်နေရတာမို့
သဘာဝ အရင်းအမြစ်တွေရဲ့ ပြုန်းတီးနှုန်းကလည်း
မြင့်တက်လာနိုင်တယ်ပေါ့ ။
ဒီ စနစ် ကြီး တစ်ခုလုံးကို Consumerism လို့ ခေါ်တာပါ ။
ကို ဇဏ်ခီကတော့ ဒီစနစ်ရဲ့ ဆိုးကျိုးကို
သူ့ စာထဲမှာ ခပ်ပါးပါး ထောက်ပြ သတိပေးထားတဲ့ သဘောပေါ့ဗျာ ။


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

Link 3


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



22 responses to “အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )”

  1. အကျိုးရှိတဲ့စာ​တွေ ဖက်ရတဲ့တွက် ​ကျေးဇူးပါ

    Like

  2. အမြဲဝင်ဖတ်ပါတယ်ရှင့်
    သုတ၊ရသအစုံအလင်နဲ့ပိုပြီးအောင်မြင်ပါစေ
    နွေဦးဖတ်စာရေ😍😍

    Like

  3. တစ်ကယ်အကျိုးရှိတဲ့စာလေးတွေပါ။ကျေးဇူးပါ။

    Like

  4. ကျေးဇူးအများကြီးတင်ပါတယ် ကိုဇဏ်ခီနဲ့ ဆရာ ကိုဇင်ဇေ

    Like

  5. Reading & Clicking were done. But let me share of untimely loss of our young generation.

    Medic Unit – Demoso က ကလေးတွေကျဆုံးတယ်။ ကျဆုံးတဲ့ကလေးတွေနဲ့ ပတ်သက်ပြီး မျက်ရည်ချူ အလှူခံတာ မဟုတ်ပါဘူး။ ကျနော်က ထောက်ပို့လည်းမလုပ် အလှူလည်းမခံပါ။ တိုက်ရိုက်မြေပြင်ကို စိတ်ချစွာလှူနိုင်တာလေး share ချင်လို့ပါ။

    ဒါပေမယ့် ကလေးတွေ အကြောင်းသိချင်လို့ စုံစမ်းပြီး သူတို့ Facebook Pages လေးတွေ ဖတ်မိတယ်။ သတိထားမိတာတခုက သူတို့ Ambulance 🚑 ကားလေး accident ဖြစ်ပြီး သိပ်မကြာခင်က တော်တော်လေး ပျက်စီးသွားတယ်။ ကလေးတွေ တော်တော် စိတ်မကောင်းဖြစ်ပြီး အလှူရှင်တွေကိုတောင်းပန်၊ အလှူထပ်ခံရမှာလည်း အားနာနေတဲ့ပုံတွေ့ရတယ်။
    ကျဆုံးတဲ့တချို့ ကလေးတွေက Medic Unit – Demoso အတွက် ထောက်ပို့ တာဝန်လေးတွေသယူထားပြီး ထောက်ပို့အားကျတာ၊ Facebook reach ကျတာ ကြုံနေရလို့ အားငယ်နေကြတာ။ သူတို့လေးတွေ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ ကျဆုံးတာနဲ့ဆိုတေ့ာ မိတ်ဆွေတွေကို အကူအညီတောင်းချင်ပါတယ်။

    ငွေကြေး‌တတ်နိုင်တယ်၊ security secured ဖြစ်ရင် Medic Unit – Demoso မှာ တိုက်ရိုက်လှူပေးပါ။ ငွေကြေး လှူဖို့ အဆင်မပြေဘူး၊ Bank accountsတွေ risk ရှိရင် Medic Unit – Demoso Page မှာ အားပေးစကားပြော like, comment, share, reaction လေးတွေလုပ်ပေးပါနော်။ အနည်းဆုံး ကလစ် တနာရီစာ လှူပေးပါ။ Click to donate applications & founders တွေ page မှာကိုယ့်ကလစ်နာရီနဲ့ ရည်စူးအဖွဲ့အစည်း/ လူနာမည်လေး ရေးပေးပေါ့။

    ကျဆုံးတဲ့ ညီမလေး page ကိုလည်းဝင်ကြည့်ပြီး သူ့wall မှာ အမှတ်တရလေးတွေ ရေးပေးပါလား။
    မိသားစုတွေက ကြည့်နေမှာမို့ ပြည်သူတွေက ချစ်ခင်လေးစားကြောင်းလေးတေ့ာပြသင့်တယ်နော်။ မိသားစုကို အားပေးတဲ့သဘောပေါ့နော်။ လှူဖို့ posts တွေ မလှူနိုင်ရင် ကျော်မသွားဘဲ reaction ပေး share ပေးပါနော်။

    ကျဆုံးတဲ့ ကလေးတွေ အတွက် video linkလေး

    https://fb.watch/kS1qKWvb5T/?mibextid=Nif5oz

    https://m.facebook.com/story.php?story_fbid=295252459497716&id=100070388929356&mibextid=Nif5oz

    https://m.facebook.com/story.php?story_fbid=269544875631891&id=100077291420404&mibextid=Nif5oz

    https://m.facebook.com/story.php?story_fbid=268959255690453&id=100077291420404&mibextid=Nif5oz

    https://m.facebook.com/story.php?story_fbid=257698556913139&id=100080189903822&mibextid=Nif5oz

    ကလေးလေးတယောက်လို အပြစ်ကင်းတဲ့ ညီမလေးရေ၊ မြင့်မြတ်စွာ စွန့်လွတ် အနစ်နာခံမှုအတွက် လေးစားသလို အချိန်မတန်ဘဲ‌ ကြွေကျတဲ့ ကြယ်လေးတွေ အတွက်ငိုမိတယ်။

    စိတ်ထားကောင်း အနစ်နာခံ ကူညီတတ်သူတွေမို့ မြင့်မြတ်ရာနေရာမှာ ငြိမ်းချမ်းမှာပါ။

    ညီမလေးချစ်တဲ့ Medic Unit – Demoso ရဲ့ဆုမဲလေးတွေ အရောင်းအောင်မြင်ဖို့၊ ညီမလေး ညီလေးတို့ အရမ်းနှမြောတဲ့ အရေးပေါ်ကားလေးပြန်ပြုပြင်/ အသစ်ဝယ်ယူဖို့ တတ်နိုင်သလောက် ကြိုးစားပါ့မယ်။

    Like

Leave a reply to naan171071 Cancel reply