လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )

လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။

ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။ ကျနော်ကိုယ်တိုင်အပါအဝင်ပါ (ကောက်ချက်ချတဲ့အထဲမှာ😁)။ မချဉ်းကပ်ရဲတဲ့စိတ်ကြောင့်အလွယ်ပဲထင်ကြေးပေးပစ်လိုက်တယ်။ သူဟာတကယ်ပဲမာနကြီးတာလည်းဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ဒါကပေါင်းကြည့်မှသိနိုင်မယ်လေ။ အပေါင်းအသင်းမလုပ်ကြည့်ပဲနဲ့ တော့ ထင်မြင်ချက်လောက်ပဲပေးလို့ရမယ်။ အဲဒီ့ထင်မြင်ချက်ဟာ စွပ်စွဲချက်ပဲဖြစ်သလို ကိုယ့်ရဲ့အားနည်းချက်လို့လည်းပြောလို့ရနိုင်တယ်။

အပေါ်ကဥပမာကတော့ လူငယ်တွေလည်း relate လုပ်လို့ရအောင်ပေးလိုက်ပေမယ့် ဒီ unprejudiced ဆိုတဲ့အရည်အသွေးဟာ တကယ်တော့လူကြီးတွေအတွက်လည်း ကဏ္ဍတိုင်းမှာအရေးကြီးပါတယ်။ လူမှုရေးမှာပဲဖြစ်ဖြစ်၊ စီးပွါးရေးလောကမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်။ အခုလိုနိုင်ငံရေးအပြောင်းအလဲအကြီးကြီးဖြစ်နေတဲ့အချိန်မျိုးမှာပိုတောင်အရေးကြီးပါသေးတယ်။ Unprejudiced ဖြစ်ခြင်းဟာ Trust-building (ယုံကြည်မှုတည်ဆောက်ရေး)အတွက်၊ Consolidation (အင်အားစုတွေပေါင်းစည်းခြင်း)အတွက်၊ ပြန်လည်တည်ဆောက်ရေးအတွက် သိပ်ကိုအရေးကြီးပြီး ကျင့်သုံးရမယ့်အရည်အသွေးတခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ မဟုတ်ရင်တယောက်ကိုတယောက်မှန်းဆနေရင်းနဲ့ပဲ နှေးကွေးမှုတွေ သွေးအေးမှုတွေဖြစ်လာနိုင်ပါတယ်။

ဇဏ်ခီ

(Edit – အစကကျနော်သုံးထားတဲ့ “Unassuming” ဆိုတဲ့စာလုံးဟာ ပြောချင်တဲ့အဓိပ္ပါယ်နဲ့ထပ်တူမကျတဲ့အတွက် ထပ်တူကျတဲ့ “Unprejudiced” ကိုပြောင်းလိုက်ပါတယ်။ မှားယွင်းတဲ့အသုံးအနှူန်းအတွက် အနူးအညွတ်တောင်းပန်ပါတယ်။🙏)

Photo – Mauk Kham Wah


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2

Link 3


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


13 responses to “လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )”

  1. ကိုဇဏ်ရေးလိုက်ရင်အနှစ်တွေကြီးပါ😍😍😘

    Like

Leave a reply to Himva Fetela Cancel reply