
“တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ” လို့ မနေ့က မေးကြည့်တော့ ဖြေလိုက်ကြတာမှ…..အဖြေတွေ အမျိုးမျိုးပဲနော်…
တကယ်လည်း ပါးလေးတွေနီ… နားရွက်ဖျားလေးတွေနီ… နှာထိပ်လေးတွေနီပြီး….မျက်နှာမှာ ပတ္တမြားရောင်လေးတွေ ဖြစ်နေကြတာဟာ အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်တဲ့။
..
..
ပထမဦးဆုံးကတော့ တောင်ပေါ်ဒေသကို ရောက်တဲ့အခါ လေထုဖိအား နည်းတာပေါ့နော်…
ဖိအားနည်းတော့ လေထဲက အောက်စီဂျင်ဟာ အဆုတ်ထဲ ကောင်းကောင်းမဝင်ဘဲ ပမာဏနည်းသွားပါသတဲ့…
အမြင့်ရောက်လေ အောက်စီဂျင်နည်းလေ မဟုတ်ဘူးနော်…🤗
(လေထုထဲမှာ O2 ပါဝင်တဲ့ရာခိုင်နှုန်းဟာ မြေပြန့်နဲ့ တောင်ပေါ် အတူတူပါပဲတဲ့။ မော်လီကျူးလေးတွေဟာ ပိုပျံ့ကျဲနေပြီး လေဖိအားလည်း နည်းတာကြောင့် ခန္ဓာကိုယ်ထဲ ရောက်တဲ့ပမာဏ နည်းသွားတာပါတဲ့)
အဲ့တော့ ဘာဖြစ်တုန်း ?
ဘာဖြစ်ရမှာတုန်း….
နည်းသွားတဲ့ အောက်စီဂျင်ကို စနစ်တကျနဲ့ လိုတဲ့နေရာတွေကို ပို့ပေးဖို့ ခန္ဓာကိုယ်က သွေးနီဥတွေ အများကြီး ထုတ်တော့တာပေါ့…
(သွေးနီဥဆိုတာ အောက်စီဂျင်ကို သယ်ပေးတဲ့…အောက်စီဂျင် Taxi လေ)
..
..
OK ပါ…
ဒါဆို…..သွေးနီဥတွေ များလာလို့ ပါးလေးတွေ နီလာတာလား ?
နိုး…နိုး…
ဟုတ်ဖူးနော် 🤗
အဲ့လိုကြေးသာဆိုလို့ကတော့ ဆေးလိပ်သောက်သူတွေအကုန် ပါးအို့နီလေးတွေနဲ့ ဖြစ်နေတာ ကြာရောပေါ့…
ဟုတ်တယ်လေ…
ဆေးလိပ်သောက်တော့ အဆုတ်ထဲမှာ လေပြွန်လေးတွေကျဥ်း…အောက်စီဂျင် ကောင်းကောင်းမရတော့…သူတို့လည်း သွေးနီဥတွေ များနေပါသတဲ့။
ဒါပေမယ့် စီးကရက်ကြီး ခဲထားပြီး ပါးအို့နီနေတဲ့သူ တွေ့ဖူးလို့လား 🤭
အာ့ကြောင့်ပြောတာပေါ့…
ပါးအို့နီလေး ပိုင်ဆိုင်ဖို့က ရှုပ်ထွေးပါတယ်လို့…
တော်ရုံနဲ့ မရဘူးနော် 😍
ဆက်ကြည့်ရအောင်ပါ
…
…
တောင်ပေါ်ဒေသရဲ့…
အေးမြတဲ့ ရာသီဥတုရယ်
ခြောက်သွေ့တဲ့ လေထုရယ်
Ultra Violet တွေ ပိုများနေတဲ့ နေရောင်ခြည်ရယ်…စတာတွေက သွေးကြောမျှင်အသစ်လေးတွေကို ပိုဖြစ်စေပါသတဲ့
ဪ…ဒါဆို
အရေပြားမှာ သွေးကြောမျှင်လေးတွေ ပိုများလာပြီး သွေးနီဥလည်း များနေလို့….ပါးလေးတွေ နီနေတာပေါ့နော် ?
မဟုတ်သေးပါဘူးတဲ့ 🤧
…
…
အလုပ်မရှိ အလုပ်ရှာ
ကပ်သီးကပ်ဖဲ့နဲ့…..ပါးအို့နီတဲ့သူတွေကို လေ့လာတဲ့ ရှာရှာဖွေဖွေ သုတေသနပညာရှင်တွေ ရှိနေပါတယ်…
သူတို့ရဲ့ တွေ့ရှိချက်အရ…
Vascular Endothelial Growth Factor (VEGF) ဆိုတဲ့ သွေးကြောနံရံတွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့ဓာတ်ပစ္စည်းတစ်မျိုးဟာ ပါးအို့နီတဲ့သူတွေမှာ ပိုများနေပါသတဲ့။
( ဘာကြီးမှန်းလည်း မသိ…ရှုပ်လက်ထှာ 🤧 )
အဲဒီ့ ဘာကြီးမှန်းမသိတဲ့ VEGF ဟာ ပါးပြင်၊ နှာသီးထိပ်နဲ့ နားရွက်ဖျားလေးတွေမှာ သွေးကြောသစ်လေးတွေ ပွားများလာရာမှာ အဓိက ပါဝင်ပါတယ်တဲ့
ဪ….ဒီလိုကိုး…
အောက်စီဂျင် နည်းတာရယ်…သွေးနီဥများတာရယ်…ဘာညာတွေရယ်….VEGF ရယ်….
အခုမှပဲ ရှင်းသလိုလိုနဲ့ ရှုပ်…(အဲလေ)
ရှုပ်သလိုလိုနဲ့ ရှင်းသွားတော့တယ်နော်
ဟူး….မောထှာ 🙃
…
…
အဲဒါကြောင့် အစကတည်းက ပြောတာပေါ့…
ပါးအို့နီတဲ့ကိစ္စက အကြောင်းတရားတွေ ပေါင်းစုံပါဝင်နေပါတယ်လို့….
စကားစပ်လို့ ပြောရရင်…
တောင်ပေါ်ဒေသမှာ အနေကြာရင် သွေးနီဥတွေ ပိုများလာတာကို အကျိုးရှိရှိ အသုံးချတဲ့သူတွေ ရှိသေးတယ် သိလား ?
ဘယ်သူတွေလဲဆိုတော့ အားကစားသမားတွေပေါ့…
ပြိုင်ပွဲမတိုင်ခင် လအနည်းငယ်လောက်အလိုမှာ တောင်ပေါ်ဒေသမှာ လေ့ကျင့်တယ်။ သွေးနီဥတွေ များလာမယ့်အချိန်နဲ့ ပြိုင်ပွဲကာလက ကွက်တိ….။
အဲ့ကျမှ တောင်အောက်ဆင်းပြီး ပြိုင်တော့ သူများတွေထက် တစ်ပန်းသာတာပေါ့….
(သွေးနီဥများတော့ အောက်စီဂျင်တွေ များများ ကြွက်သားတွေဆီ ပို့နိုင်တာပေါ့။ စွမ်းအင်တွေ ပိုရတာပေါ့)
ဒါကြောင့် တောင်ပေါ်သားတွေကို အထင်မသေးနဲ့နော်….
ဘောလုံးမှာ နာမည်ကြီးတဲ့ ဘရာဇီးလ်တို့ အာဂျင်တီးနားတို့တောင် အမြင့်ပေ တစ်သောင်းကျော်တဲ့ ဘိုလီဗီးယား ဘောလုံးကွင်းမှာ သွားကန်ရင် အိမ်ရှင်ကို တော်ရုံနဲ့ မနိုင်ဘူး….ဟုတ်တယ်မို့လား ?
နောက်ပြီး ဒို့တွေကိုလည်း အထင်မသေးပါနဲ့…
ဘောလုံးအကြောင်းလည်း နည်းနည်းပါးပါး တီးမိခေါက်မိ ရှိပါသေးတယ်…
ဥပမာ – ဒီနှစ်မှာ…..”မှော်ဝင်ဆန်းပြားတဲ့ တော်ဝင်ဂန်းနား” တို့ဟာ…ဆင်ပြောင်ကြီး အမြီးကျမှ “နှစ်” ဖြစ်သွားတာမျိုးဆို ဒို့တွေ သိပ်သိတာပေါ့…
အဲ…အဲ…
အာကြီးဖန်တွေ ပါးအို့နီလေးတွေနဲ့ ဖြစ်လာကြပြီ
အယ်…ဟုတ်ဖူးဟဲ့
မျက်နှာကြီးတွေ နီလာကြတာပဲ
ပြေးမှ ဖြစ်တော့မယ်ထင်တယ်နော်
ဘိုင့်…..ပါ
(နောက်ခါကျရင်လည်း ဆိုက်ကားဂိတ်၊ ငှက်သိုက်၊ ဗြူးတီးစလွန်း၊ နို့ဘူး….စတာတွေကို ကြုံရင်ကြုံသလို ခဲနဲ့ထုပါဦးမယ်လို့ နှုတ်ဆက်ပြောကြားရင်း….)
ပါးအို့နီလေးနဲ့….
❤️ ချစ်တဲ့…တယ်လီကျန်းမာ ❤️
(ကြင်စိုး မပါ)
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
7 responses to “တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ ( တယ်လီကျန်းမာ )”
done
LikeLike
မအိပုံနဲ့တယ်လီကျန်းမာရဲ့စာနဲ့
လိုက်ဖက်နေရော😍😍😍
LikeLike
ရေးလဲရေးတတ်ပါပေ့ 😄😄😄
ကိုယ်တို့တောင်ပေါ်သူတွေဒါကြောင့်
ပါးအို့နီရတာပေါ့လေ☺️☺️☺️
LikeLike
Thanks for sharing
LikeLike
Like,,,,
LikeLike
ယောက်ကျား ပါးနီတာတော့ သိပ်မတွေ့သလိုပဲနော်
LikeLike
ဟိဟိ ☺️
LikeLike