“မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ

“မှန်လိုလူလား၊ ပန်းချီကားလိုလူလား”

သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။

ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။

ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။

လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်။ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေခံယူထားတဲ့ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။

ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေဟာ သူ့ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲဆိုတာနဲ့ မဆိုင်ဘူး၊ သူ့ကိုယ်ပိုင်မူအတိုင်းပဲ သူနေတယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ်၊ စိတ်ပျက်တယ်ဆိုတာမျိုးတွေ သူ့ရာဇဝင်မှာ မရှိဘူး၊ ဒါတွေအတွက်နဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿ အကုန်မခံဘူး။

လောကမှာ လူနှစ်မျိုးပဲ ရှိသတဲ့။ ကောင်းတာလုပ်တဲ့လူနဲ့ မကောင်းတာလုပ်တဲ့လူ တဲ့။

တကယ်တော့ ကောင်းတာလုပ်နေတဲ့ လူတွေမှာမှ နောက် ၂ မျိုး ထပ်ကွဲပါသေးတယ်။

‘မှန်လိုလူနဲ့ ပန်းချီကားလိုလူ’

ကျွန်တော်ကတော့ အဲဒီ ပန်းချီကားလိုလူ တွေကို ပိုလေးစားမိသလို၊ ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ် (role model) အနေနဲ့ဆိုလည်း အဲဒီလိုလူတွေကိုပဲ ထားတတ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


7 responses to ““မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ”

Leave a reply to Myo Htut Cancel reply