“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – တယ်လီကျန်းမာ

“ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” ပြောပြချင်လို့ပါဗျာ….

မိုးလေးဖွဲဖွဲ ရွာနေတဲ့ ညနေခင်းတစ်ခုမှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့….

စိတ်ရှုပ်ထွေးပြီး အလိုမကျနေတဲ့ မျက်နှာလေးနဲ့ မိုးရွာထဲ ခပ်သုတ်သုတ် လမ်းလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ကို စပြီးသတိထားမိကတည်းက…. ဝန်ခံပါရစေ…..ကျွန်တော် စိတ်လှုပ်ရှားသွားခဲ့မိတာပါ။

ထီးပါမလာတဲ့အချိန် ရွာချလာတဲ့ မိုးစက်တွေကြောင့် သူ့မျက်နှာဟာ စိတ်တိုနေပုံကျပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်ဆိုးနေတဲ့ စူစူပုပ်ပုပ် မျက်နှာလေးက ချစ်စရာလေးဗျာ….

ထားပါတော့လေ…

ဒါနဲ့ပဲ သူ့နောက်ကို နောက်ယောင်ခံလိုက်…
သူ ဘယ်သူလဲ… ဘယ်မှာနေလဲဆိုတာ စုံစမ်း…
ယောင်္ကျားကြိုက်တော့ စိုက်စိုက်လိုက် ဆိုသလို သူ့အချစ်ကိုရဖို့ ပိုးပန်းရတော့တာပေါ့။

ပိုးရင်းပန်းရင်း ကျွန်တော်သိလာရတာကတော့ သူဟာ ရိုးသားပြီး စိတ်ဓာတ်မာကျောတယ်။ ချစ်ဖို့ကောင်းပြီး အရာရာကို လွယ်လွယ်အလျှော့မပေးတတ်ဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေအပေါ် ဂျီကျတတ်ပေမယ့် ဖြူစင်ရိုးသားသူတစ်ယောက်ဆိုတာရယ်…

နောက်ပြီး သူဟာ ဆေးကျောင်းသူလေးတစ်ဦး ဖြစ်နေတယ်ဆိုတာရောပေါ့ဗျာ…။

ဒီလိုနဲ့ အချိန်ကာလတစ်ခုအကြာမှာတော့ သူ့ဆီကအချစ်ကို ပြန်ရပြီး…. ကျွန်တော်တို့တွေ ချစ်သူ ဖြစ်ခဲ့ကြပါတယ်

ကြည်နူးစရာ နေ့ရက်လေးတွေ အတူတူဖြတ်သန်းကြတယ်။ ရင်ခုန်စရာ ညနေခင်းလေးတွေနဲ့ အနာဂတ်ကို မျှော်လင့်ချက်တွေ စီးဆင်းခဲ့ကြတာပေါ့…

ကော်ဖီမကြိုက်တဲ့ ကျွန်တော်ဟာ သူ့အကြိုက် ကော်ဖီခါးခါးကို လိုက်သောက်ပေးခဲ့သလို…

သူ့လက်လေး ကိုင်ထားပြီး စကားပြောခဲ့တာတွေ…
သူ့ဆီကရလာတဲ့ ရေမွှေးနံ့ သင်းသင်းလေးတွေ…
သူ့စကားပြောသံ ချိုချိုလေးတွေ…
ဒါတွေဟာ ဘဝရဲ့ အမှတ်တရတွေပါပဲ။

တစ်နေ့တာလုံး တွေ့ခဲ့ပြီးတာတောင် တစ်ခါတလေ ညဘက်တွေမှာ ဖုန်းတွေဆက်၊ မက်ဆေ့တွေပိုပြီး ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦး တွယ်တွယ်တာတာနဲ့ သံယောဇဥ်တွေ ပိုခဲ့ကြပါတယ်။

.
———————-။ ။———————-
.

လောကကြီးဟာ ထူးဆန်းလှပါတယ်…
မဖြစ်ချင်တာတွေ ဖြစ်လာရ၊ မကြုံချင်တာတွေ ကြုံလာရတတ်သလိုမျိုး…

လွန်ခဲ့တဲ့ ခြောက်လလောက်မှာတော့ သူဟာ ရုတ်တရက်ကြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပေါ့။
(ဘာအကြောင်းမှ အသိမပေးဘဲ ထွက်သွားခဲ့တာပါ….)

ဖုန်းနံပါတ်တွေ၊ အင်တာနက်အကောင့်တွေကအစ ဆက်သွယ်လို့မရသလို…

သူ နေခဲ့တဲ့ အဆောင်ကတစ်ဆင့် သူ့ရဲ့နယ်မြို့လေးအထိ ကျွန်တော် လိုက်စုံစမ်းခဲ့ပေမယ့် ဘာအစအနမှ မရခဲ့ပါဘူး….

ကျွန်တော့်အတွက်တော့ ကမ္ဘာပျက်တဲ့ နေ့ရက်များပါပဲ။

ဒီလိုနဲ့ မမေ့နိုင်စရာ အဖြစ်အပျက်လေးတွေ၊ စိတ်ထဲမှာပေါ်လာတဲ့ ဒဏ်ရာတွေကို အတတ်နိုင်ဆုံး ကုစားတဲ့အနေနဲ့ ကျွန်တော့်ရဲ့အာရုံတွေကို အလုပ်ထဲနှစ်ပြီး နေ့ရက်တွေကို ဖြတ်သန်းရတာပါပဲ….

အလုပ်ထဲမှာ ကြိုးစားရင်းနဲ့ပဲ အဆက်အသွယ်အချို့ရဲ့ အကူအညီနဲ့ အခုတော့ ကျွန်တော် ပြည်ပတစ်နေရာကို ရောက်နေပါပြီ…

စိတ်ထဲမှာတော့ သူ့ကို တစ်ရက်မှ မမေ့နိုင်သေးပါဘူး။

.
—————–။ ။—————-
.

အမှန်တော့ ပြည်ပရောက်နေသူတစ်ဦးအတွက် အရာရာဟာ မျှော်လင့်သလောက် မလွယ်ကူလှပါဘူး။

ဆွေမရှိ မျိုးမရှိ၊ သူငယ်ချင်းတွေနဲ့ ခွဲခွာပြီး တစ်ယောက်တည်း အားပြုရင်း အိမ်လွမ်းတဲ့စိတ်တွေအပြင်…. ဒီရက်ပိုင်း သူ့ကိုသတိရတဲ့စိတ်တွေ ပိုတိုးလာလို့ ရင်ထဲမှာ မွန်းကျပ်လို့သာ လာပါတယ်။

အသိတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့အတူ “တယ်လီကျန်းမာ” ဆိုတဲ့ အွန်လိုင်းဆေးခန်းလေးမှာ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို တိုင်ပင်ရင်ဖွင့်ခဲ့တာလည်း နှစ်ကြိမ်တောင် ရှိခဲ့ပါပြီ….

စိတ်ကျန်းမာရေးဆရာမက ပြန်လာပြဖို့ ပြောထားတဲ့အတွက် သုံးကြိမ်မြောက်ပြသဖို့ ဘိုကင်ယူနေဆဲအချိန်မှာတော့…

ရုတ်တရက် ကျွန်တော့် နှလုံးခုန်သံတွေ မြန်လာပါတော့တယ်…
..
..
သူနဲ့ကျွန်တော် စာတွေ ပို့ခဲ့စဥ်က

သူ သုံးနှုန်းလေ့ရှိတဲ့ လေယူလေသိမ်းတွေ…
သူ့စကားပြောဟန်တွေ…
နောက်ပြီး သူ အမြဲမှားလေ့ရှိတဲ့ စာလုံးပေါင်းအမှား…

ဒါတွေကို ဒီတစ်ခေါက် အကြောင်းပြန်လာတဲ့ တယ်လီကျန်းမာရဲ့ မတ်ဆေ့ထဲမှာ ကျွန်တော်တွေ့နေရပြီလေ…

သေချာတယ်… ဒါ သူမှသူ အစစ်ပဲ။

ရင်ထဲမှာ နွေးခနဲဖြစ်ပြီး ကျွန်တော်ခေါ်နေကျ သူ့အမည်လေးကို ရိုက်ပို့ပေးလိုက်ပါတယ်…


“မေ…”




ငါးမိနစ်လောက် ကြာတဲ့အထိ တစ်ဘက်က စာမပြန်တော့ပါဘူး။

ခဏအကြာမှာတော့ တစ်စုံတစ်ယောက်က တယ်လီကျန်းမာအနေနဲ့ စာပြန်လာပါတယ်… လေယူလေသိမ်းကတော့ ခုနကပြောနေသူ မဟုတ်တော့ပါဘူး။

ကျွန်တော်ကတော့ အရာအားလုံးကို နားလည်လိုက်ပါပြီ…

ခေါင်းမာပြီး ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးဟာ စစ်အာဏာရှင် ဆန့်ကျင်ဖို့အတွက် အရာရာကို အဆက်အသွယ်ဖြတ်ပြီး သူလုပ်ချင်ရာ လုပ်နေပြီလေ…

သူဟာ… နောက်ဆံမတင်းချင်ဘူး
တစ်ဘက်သားကို… ဒုက္ခမရောက်စေချင်ဘူး
အထူးသဖြင့် ချစ်ရတဲ့သူတွေကို သူ့ကြောင့် တစ်နွယ်ငင်တစ်စင်ပါ မပတ်သတ်စေချင်ဘူး

ဒီကြောင်းကို ကျွန်တော် နားအလည်ဆုံးပါ။

တယ်လီကျန်းမာမှာ သူ ရှိနေတယ်ဆိုတဲ့ ခံစားချက်နဲ့အတူ…

မကြာခင်မှာ သူနဲ့ကျွန်တော် ပြန်ဆက်သွယ်မိတော့မယ်ဆိုတာလည်း ရင်ထဲမှာ အလိုလို ခံစားသိရှိလာရပါတယ်

ကျွန်တော့်ခံစားချက် မှန်တယ်ဆိုတာ ထောက်ခံတဲ့အနေနဲ့….


ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ကော်ဖီခါးခါးတစ်ခွက်ကတောင် ပြုံးပြနေသလိုပဲ။

တစ်နေ့နေ့မှာ ပြန်ဆုံကြမယ် ချစ်သူရေ….။ ။

(တတိယမြောက် ဘိုကင်တောင် မလိုတော့သလိုပါပဲ)

မကြာခင်မှာ သူနဲ့ကျွန်တော် ပြန်ဆက်သွယ်မိတော့မယ်ဆိုတာလည်း ရင်ထဲမှာ အလိုလို ခံစားသိရှိလာရပါတယ်

ကျွန်တော့်ခံစားချက် မှန်တယ်ဆိုတာ ထောက်ခံတဲ့အနေနဲ့….


ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ကော်ဖီခါးခါးတစ်ခွက်ကတောင် ပြုံးပြနေသလိုပဲ။

တစ်နေ့နေ့မှာ ပြန်ဆုံကြမယ် ချစ်သူရေ….။ ။

(တတိယမြောက် ဘိုကင်တောင် မလိုတော့သလိုပါပဲ)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



10 responses to ““ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – တယ်လီကျန်းမာ”

  1. ပြန်လည်ဆုံဆည်းကြမှာ မလွဲပါဘူးဗျာ…

    ရောင်နီလာတဲ့နေ့ကိုစောင့်ရုံပါပဲ

    Like

Leave a reply to Snow Cancel reply