“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ

Photo credit : ရန်ကုန်အတွက် အလင်းစက်

“တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ”

◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။

တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။

ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ​ယေဘုယျအားဖြင့် ​ယောက်ျား​တွေနဲ့သာ သက်ဆိုင်တယ်လို့ ရှုမြင်ကြ​ပေမဲ့ အမျိုးသမီးစစ်သည်​တွေလည်း အင်နဲ့အားနဲ့ ရှိ​နေတယ်။ (ကျွန်​​တော်တို့လို အမျိုးသား​တွေထက်​တောင် သတ္တိ​ရော၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပါ သာတယ် ​ပြောရမယ်။)

နည်းပညာခေတ် ဖြစ်လာ​တော့ Soft power တွေ၊ Soft skill တွေကို အသုံးချလို့ ရတဲ့​ဘောင်ကလည်း ကျယ်လာတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း အနီးဆုံးဖြစ်တဲ့ ၈၈ နဲ့​တောင် မတူတော့လောက်အောင်ကိုပဲ သိသိသာသာ ကြီးမားလာတာကို တွေ့ရတယ်။

  • နိုင်ငံရေး၊ အုပ်ချုပ်ရေး
  • လက်နက်ကိုင်တပ်ဖွဲ့
  • ထောက်ပို့
  • Fundraising
  • တက်ကြွလှုပ်ရှားသူ
  • မြေပြင်သပိတ်
  • CDMer
  • ဆေးတပ်ဖွဲ့
  • အနုပညာရှင်
  • သတင်း​​ထောက်၊ အစီအစဥ် တင်ဆက်သူ
  • Social Influencer/ Celebrity စတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတယ်။

◾️သူတို့တွေ ကြုံနေရတဲ့ အခက်အခဲတွေကို ပြောရရင် –

📌 ၁။ နေရာမပေးတာ

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ အမျိုးသမီးတွေ မရှိသလောက် ဖြစ်နေတာ ခဏထားလိုက်ဦး။ ခွန်အားသုံးစရာ မလိုတဲ့ နေရာတွေမှာလည်း အမျိုးသမီးတွေကို နေရာမပေးဘူး။ တော်လှန်ရေးထဲက ကြိုက်တဲ့ အဖွဲ့အစည်း၊ ကြိုက်တဲ့ ဌာနကို ဆွဲထုတ်လိုက်။ (အမျိုးသမီးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဖွဲ့/ဌာနကလွဲရင်) ကျန်တာတွေမှာ အမျိုးသမီး အရေအတွက်သာ များရင်များမယ်။ ထိပ်ပိုင်းရာထူးတွေကိုတော့ အမျိုးသားတွေပဲ ယူထားကြတာ တွေ့ရမယ်။ စကားဝိုင်းတွေမှာလည်း အမျိုးသား ကြီးစိုးတဲ့ Manel တွေ အများကြီး ဖြစ်နေသေးတယ်။

Women empowerment ဆိုရင် အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်ပေးတာလို့ တချို့က ဘာသာပြန်တယ်။ တကယ်က မဟုတ်ဘူး။ Decision making process (ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်) ရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အမျိုးသမီးတွေကို ဒီထဲမှာ ပါဝင်စေတာကို ဆိုလိုတာပါ။

📌 ၂။ အထင်သေးတာ

ဒါက နေရာမပေးရခြင်းရဲ့ အကြောင်းရင်းလို့ ပြောရမယ်။ အမျိုးသမီးတွေက မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး၊ သတ္တိမရှိဘူး၊ ဦးမဆောင်နိုင်ဘူး စတဲ့ တရားသေ အကြောင်းပြချက်တွေကို ကိုင်စွဲထားကြတယ်။

စကားဝိုင်းတစ်ခုမှာ အမျိုးသမီးရဲဘော်တစ်ယောက် ပြောသွားတာလေး မှတ်မိနေတယ်။ ဒိုက်ထိုးခိုင်းတဲ့အခါ “မိန်းကလေးတွေတောင် လုပ်နိုင်တယ်၊ မင်းတို့က ဒီလောက်တောင် မလုပ်နိုင်ဘူးလား” ဆိုတာမျိုး ပြောနေကြတာက သူတို့ကို အထင်သေးသလို ခံစားရတယ်တဲ့။

အစည်းအဝေးတွေမှာဆိုလည်း သူတို့ပြောတဲ့ စကား၊ သူတို့ပေးတဲ့ အကြံဉာဏ်ဟာ ဘယ်လောက်ကောင်းနေဦးတော့၊ မပေါက်ရောက်ဘူး၊ နားထောင်မခံရဘူး၊ လေးစားမခံရဘူး။ အဲဒါကိုပဲ အမျိုးသားတစ်ယောက်က ထပြောလိုက်မှ အကုန်ဝိုင်းပြီး ထောက်ခံလိုက်တာတွေလည်း ရှိတယ်။

📌 ၃။ အကာအကွယ် မပေးတာ

ဒါကိုတော့ အမျိုးသမီးများ နေရာမရခြင်းရဲ့ ပြဿနာလို့လည်း ပြောနိုင်တယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးနီးပါးက အမျိုးသားတွေပဲ ဖြစ်နေတဲ့အခါ အမျိုးသမီး အရေးကိစ္စဆို အရေးကြီးတယ်လို့ မထင်တော့ဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခု ဖြစ်ရင်တောင် ကျူးလွန်သူက သာမန်အရပ်သားဆို အရေးယူကောင်း ယူနိုင်ပေမဲ့ ရာထူးတစ်ခု ယူထားသူများ ဖြစ်နေခဲ့ရင်တော့ အဲဒီလူကို တော်လှန်ရေးထဲမှာ လိုအပ်နေသေးတဲ့အတွက် ဖုံးဖုံးဖိဖိပဲ ထားလိုက်တာမျိုးတွေ ဖြစ်တတ်တယ်။

လုံခြုံရေး အကာအကွယ်တွေ လုပ်မပေးနိုင်တဲ့အခါ ကျူးလွန်ခံရသူတွေဟာ တိုင်တန်းရမှာတောင် လန့်နေကြတယ်။ တိုင်တန်းပြီးရင်လည်း ထိထိရောက်ရောက် အရေးယူမခံရတော့ သူပဲ ရန်ရှာခံရတာ အဖတ်တင်တယ်။ ဒီအခါ ကျူးလွန်သူဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရော၊ ထပ်ကျူးလွန်ခွင့်ပါ ရသွားတတ်တယ်။

တကယ်လို့ ထိပ်ပိုင်းခေါင်းဆောင်တွေသာ အမျိုးသမီး ဖြစ်ခဲ့ရင်တော့ ဒီလိုပေါ့ပေါ့တန်တန် သဘောထားဖို့ အတော်လေး ခဲယဉ်းသွားပါလိမ့်မယ်။ (ဒါကြောင့်လည်း လိင်အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့မှာ၊ ထိပ်ပိုင်းနေရာ ယူထားတဲ့ အမျိုးသားတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ် ပြောတာပါ။)

📌 ၄။ သီးခြားလိုအင်တွေကို လျစ်လျူရှုထားတာ

ဓမ္မတာလာတဲ့ကိစ္စဆို အလုပ်ရှုပ်တယ်လို့ မြင်တယ်။ ရေချိုးဖို့ တာလဘတ်လေး ကာပေးရတာကို ဝန်ပိုတယ်လို့ ထင်တယ်။ ရှောင်ရ၊ တိမ်းရ၊ ပြေးရ၊ လွှားရပြီဆို နင်တို့ကို စောင့်ခေါ်နေရတာ အလုပ်တစ်လုပ်လို့ ပြောကြတယ်။ အသံမထုတ်နိုင်တဲ့ စစ်ရှောင်အမျိုးသမီးတွေအတွက်ဆို ပိုဆိုးတာပေါ့။

📌 ၅။ နားလည်မပေးတာ

Fundraiser တချို့ဆီက ကြားရတဲ့ ရင်ဖွင့်စကားပါ။ အသိအစ်မတစ်ယောက်ဆို ဒီတော်လှန်ရေးကျမှ အိမ်ထောင်တောင် ကွဲသွားရတယ်။ သူက အပြင်အလုပ်လည်း လုပ်ရတယ်။ မိသားစုကိုလည်း အချိန်ပေးရတယ်။ အဲဒီလို ရှားပါးလှတဲ့ကြားထဲကနေ တော်လှန်ရေးအတွက်ပါ အချိန်ဖဲ့ပေးလိုက်ရတော့ ယောက်ျားက မကြည်တော့ဘူး။ ယောက္ခမက ငြူစူလာတယ်။

ယောက်ျားတစ်ယောက်အတွက် အိမ်မှုကိစ္စဆိုတာ ကူရင်သာ ကျေးဇူးတင်ခံရတာ။ သူ့တာဝန်လို့ ဘယ်သူကမှ မမှတ်ယူဘူး။ ဒီတော့ အလုပ်ချိန်ပြင်ပမှာ သူ့အတွက် အချိန်တွေ အများကြီးရှိတယ်။ ဒါတွေကို တော်လှန်ရေးထဲ အသုံးချလို့ရတယ်။

မိန်းမတစ်ယောက်အတွက်ကတော့ ဒီလိုမဟုတ်ဘူး။ မိသားစုကိစ္စဟာ သူ့တာဝန်လို့ပဲ အကုန်လုံးက မှတ်ယူထားတယ်။ တော်လှန်ရေးထဲ ပါဝင်နေတဲ့သူဟာ မိသားစုကို၊ သားသမီးကို ဂရုမစိုက်တဲ့သူအဖြစ် မှတ်ယူခံနေရတယ်။

📌 ၆။ ခွဲခြားဆက်ဆံခံရတာ

ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ တော်လှန်ရေး ပြီးသွားလို့ တောထဲက လူငယ်တွေ ပြန်ရောက်လာတဲ့အခါ ယောက်ျားလေးရဲဘော်တွေကို လက်ဆက်ချင်တဲ့ မိန်းကလေးတွေ အများကြီး ရှိနေပါလိမ့်မယ်။ စောင့်မျှော်နေတဲ့ ချစ်သူရည်းစားတွေလည်း ရှိမယ်။ သဘောတူမဲ့ သမီးရှင်တွေရောပေါ့။ အမျိုးကောင်းသားလေးတွေ၊ တိုင်းပြည်ရဲ့ ရတနာလေးတွေ၊ လူ့အဖိုးတန်ကလေးတွေ စသဖြင့် ဂုဏ်ယူကြလိမ့်မယ်။

မိန်းကလေးတွေဆိုရင်ရော။ ညီမတစ်ယောက်က ရင်ဖွင့်တယ်။ သူ့မိဘတွေကိုယ်တိုင်ကတောင် ပြောသတဲ့။ ‘တောထဲမှာ ယောက်ျားလေးတွေ တရုန်းရုန်းနဲ့’ ဆိုတာမျိုး။

‘တောထဲမှာ ဘာတွေဖြစ်ခဲ့မှန်းက သိတာ မဟုတ်ဘူး’၊ ‘ဒီလောက်အကြာကြီး နေလာတာ’ စတဲ့ စကားတွေနဲ့ ထိုးနှက်ကြမဲ့လူတွေ၊ သားရှင်တွေ ရှိလာနိုင်တယ်။ အနောက်မှာ ကျန်နေခဲ့တဲ့ သူတို့ရည်းစားတွေ ကိုယ်တိုင်ရောပေါ့။ တကယ်​​တော့ ​မောင်နှမစိတ်၊ ရဲ​ဘော်ရဲဘက်စိတ်​တွေနဲ့ ဖြတ်သန်း​နေကြတာပါပဲ။ သို့​​သော် ​ရှေးရိုးစွဲအမြင်​တွေ ရှိ​နေကြဆဲဖြစ်​​တော့ ဒါကလည်း ပြဿနာ ​ပေးလာပြန်တယ်။

📌 ၇။ အနိုင်ကျင့်အကြမ်းဖက်မှုတွေ

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကြုံတွေ့နေရတယ်။ စစ်တပ်ထောက်ခံသူတွေကို ခဏထားလိုက်ဦးနော်။ ကိုယ့်အချင်းချင်းမှာကိုပဲ အမြင်မတူတာနဲ့ ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး လှောင်ပြောင်တာ၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေတာ၊ ထိပါးစော်ကားတာတွေ အများကြီးရှိတယ်။ အွန်လိုင်းမှာလည်း မမြင်ချင်မှ အဆုံးပါပဲ။

◾️ဒါတွေကတော့ တော်လှန်ရေးထဲက အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေထဲက တချို့ဖြစ်ပါတယ်။ စစ်ကြောရေးတွေမှာ၊ အကျဉ်းထောင်တွေမှာ၊ စစ်မြေပြင်မှာ၊ ရပ်ထဲရွာထဲတွေမှာ အကြမ်းဖက်စစ်တပ်က လုပ်နေတာတွေပါ ထည့်ပေါင်းလိုက်ရင် ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းနေရလဲဆိုတာ သဘောပေါက်နိုင်မယ် ထင်ပါတယ်။

◾️ဖိုဝါဒဆိုတာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ အတူရောပြီး တော်လှန်ပစ်ရမဲ့ အတွေးအခေါ်ဟောင်းတစ်ခု ဖြစ်ပါတယ်။ လူမှုအပြောင်းအလဲ ဖြစ်တာမို့ အချိန်လိုတယ်။ တစ်ရက် တစ်မနက်တည်းနဲ့တော့ မဖြစ်နိုင်ဘူး။ မျိုးဆက်နဲ့ချီပြီး ကြာတတ်တယ်။ သို့သော် ပြောင်းလဲနိုင်သလောက်တော့ ပြောင်းလဲယူကြရပါလိမ့်မယ်။ မဟုတ်ရင် ကျွန်တော်တို့ တော်လှန်ရေးက တစ်ခြမ်းပဲ့နေမယ်။ ခရီးတွင်သင့်သလောက်လည်း တွင်မှာမဟုတ်ဘူး။

ဒါကြောင့် တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးတွေကို အသိအမှတ်ပြုပေးပါ။ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေမှာ ပိုမိုပါဝင်စေဖို့ အားထုတ်ပါ။ တော်လှန်ရေးအလွန်ကာလအတွက် စဉ်းစားတဲ့အခါတိုင်းမှာလည်း ဒီကာလအတွင်း သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသမျှ အရာတိုင်းအတွက် ပြန်လည်ကုစားပေးဖို့ရော၊ တရားမျှတမှု ရှာဖွေပေးဖို့ကိုပါ မဖြစ်မနေ ထည့်သွင်းဖို့ လိုပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂၈.၆.၂၀၂၃


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



advice Announcement – ကြေညာချက် Burmese Alphabet Digital Strike – နည်းပညာဖြင့် တော်လှန်ခြင်း Entertainment – ရသ experience Fact-checking – သတင်းမှား စိစစ်ခြင်း Funny – ဟာသ Health – ကျန်းမာရေး Inspiration – စိတ် ခွန်အား interview Knowledge Warriors Ko Fury KyuLiPaung KyuLiPaung – ကျူးလိပေါင် linnith Mental Health min ko naing Movie Reviews – ရုပ်ရှင် ခံစားမှု ၊ ရုပ်ရှင် ဝေဖန်ရေး Myoset Min news news in brief News in Brief – သတင်းတို စုစည်းမှု nyarna bala padaythar pdf game Pencillo – ပန်ဆယ်လို phio thiha Poems – ကဗျာ PVTV satire Short Story – ဝတ္ထုတို shwe moe soe min Songs – သီချင်းများ tayzar san telehealthmm Thint Thu Thoughts – အတွေးအခေါ် zenn kyi zinzae တော်လှန်ရေဘဲ သရော်စာ


10 responses to ““တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ”

  1. အမျိုးသမီးတွေအတွက် ပြည့်စုံစွာရေးသားပေးတဲ့အတွက် အမျိုးသမီးထုကိုယ်စားကျေးဇူးတင်ပါတယ်
    ရှေးရိုးစွဲ အယူအဆတွေ
    မိန်းမ ဆိုတာနဲ့ အထင်သေးပြီးနှိမ်ချင်တာတွေ
    နေရာမပေးတာ
    မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးဆိုဘူး ဖယ်ကြဉ်ထါးတာတွေ
    မီးဖိုဆောင်ဝင် ချက်ပြုတ် လျှော်ဖွတ်လောက်ပဲထင်နေတာ
    ယခုအချိန်ထိပါ
    ဒါကြောင့် အခုခေတ်မှာဒါတွေမရှိဘူး
    တန်းတူ အခွင့်အရေးပဲ
    ကိုယ်နိူင်ရာကိုယ်ဝန်ထမ်းရမှာပဲ
    အဲ့ဒီ ခွဲခြားဆက်ဆံတဲ့စနစ်ကိုလဲတွန်းလှန်ရမယ်

    Liked by 1 person

  2. တော်လှန်အမျိုးသမီးလေးတွေအတွက်ခုလိုရေးပေးတာကျေးဇူးတင်ပါတယ်ဆရာ။

    Like

Leave a reply to Holyangelz Cancel reply