
“အဖြူကို အမည်းဆိုးကြသူများ”
◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။
ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။
တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံတွေမှာတော့ ထောင်ဆိုတာကို ပြုပြင်ပေးတဲ့ဘက်၊ လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် လုပ်ပေးတဲ့ဘက်ကို ချဉ်းကပ်လာကြတယ်။ ဒါမှ ထပ်ကျူးလွန်ဖို့ အခွင့်အရေးနည်းမယ်ပေါ့။ ကျွန်တော်တို့လို နိုင်ငံမျိုးကျတော့ ထောင်ထဲ ရောက်လာရင် နှိပ်စက်ပေးရမယ်။ သမပေးရမယ်။ အဆင်မပြေအောင် ထားရမယ်။ ဒါမှ ကြောက်ပြီး ထပ်မကျူးလွန်ရဲမှာ ဆိုတာမျိုး ယူဆတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာ ပြောတာ မဟုတ်ဘူးနော်။ သာမန်အကျဉ်းသားတွေကိုကအစ ဒီလိုပဲ သဘောထားတယ်။ တိုင်းပြည်ကိုက မတိုးတက်တာလည်း ပါတယ်။ အပြင်က လူတွေတောင် ငတ်နေမှတော့ ထောင်ထဲက လူတွေကို နိုင်ငံတော်စရိတ်နဲ့ ဘယ်လိုကောင်းကောင်းကျွေးမလဲ။ ထားတော့။ ဇာတ်လမ်းအကြောင်း ပြန်ဆက်မယ်။
◾️ဒီကားထဲမှာလည်း အဲဒီအယူအဆ ၂ ခုကို ထောင့်ပေါင်းစုံထဲကနေ ပြသွားတယ်လို့ မြင်မိပါတယ်။
တောင်ကိုရီးယားရဲ့ ဥပဒေအရ ၁၄ နှစ်အောက်ဆို Juvenile Act နဲ့ စီရင်တယ်။ ကလေးသူငယ်မှုခင်းအဖြစ်ပေါ့။ ထောင်မကျဘူး။ ပြုပြင်ရေးစခန်းတွေဆီ ပို့တယ်။ တချို့ကလေးတွေက အဲဒါကို လက်တစ်လုံးခြား လုပ်တယ်။ ထောင်မှ မကျတာပဲ ဆိုတာမျိုးနဲ့ ခပ်ပေါ့ပေါ့ သဘောထားတယ်။ ပြစ်မှုတွေ ကျူးလွန်တယ်။
ဒီအခါ ပြည်သူတချို့က ဒီဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုလာကြတယ်။ ပြင်းထန်တဲ့ အပြစ်ပေးမှ မှတ်မယ်ပေါ့လေ။
လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ အဲဒီပြဿနာ ရှိတယ်။ ပြောရရင် သူတို့ထောင်က မြန်မာပြည်က အိမ်တချို့ထက်တောင် သာသေးတယ်။ လူ့အခွင့်အရေးက အပြည့်အဝရတယ်။ ဒါပေမဲ့ သူတို့ သတ်လိုက်တဲ့သူကတော့ ပြန်မရှင်တော့ဘူး။ သက်ငယ်မုဒိမ်းဆို ကျူးလွန်ခံရတဲ့ ကလေးက တစ်ဘဝစာ ဒဏ်ရာတွေနဲ့။ ကျူးလွန်သူကကျ ထောင်ထဲမှာ အေးဆေးနေပြီး နှစ်ပြည့်တော့ ပြန်ထွက်လာတယ်။ ဒါဟာ ဘယ်လိုမှ မတရားဘူးလို့ တချို့က မြင်ကြတယ်။
မင်းသမီးက အဲဒီလို ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးဖို့ဘက်ကို စိတ်အားပိုထက်သန်တယ်။ (ဘာကြောင့်လဲဆိုတာတော့ ဇာတ်ကားထဲကျမှ ကြည့်။) အနည်းဆုံးတော့ ဒီကလေးတွေဟာ သူတို့လုပ်လိုက်လို့ ထိခိုက်သွားရတဲ့သူတွေရဲ့ နာကျင်မှုကို ကိုယ်ချင်းစာတတ်သွားမှ ဖြစ်မယ်လို့ မှတ်ယူတယ်ပေါ့။
◾️တရားသူကြီးတွေကြားထဲမှာကို ဒီအမြင် ၂ ခုက ကွဲနေတယ်။ အဓိကဇာတ်ဆောင် မင်းသားကတော့ မေတ္တာနဲ့ စောင့်ရှောက်တဲ့ဘက်က။
သုတေသနစစ်တမ်းတွေအရ အဲဒီလို ပြစ်ဒဏ်ကို တိုးမြှင့်လိုက်လို့ မှုခင်းလျော့ကျသွားတာထက် သူတို့ကို လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် လုပ်ပေးတာက ပိုထိရောက်တယ်လို့ ဆိုတယ်။
သူကိုယ်တိုင်သည်လည်း တစ်ချိန်က အဖေကို ပြန်သတ်ခဲ့တဲ့ ကလေးပြစ်မှုကျူးလွန်သူ ဖြစ်ခဲ့ဖူးတယ်။ အဲဒါကို ကိုင်တွယ်တဲ့ တရားသူကြီးကြောင့်သာ လမ်းမှန်ပေါ် ရောက်လာရင်း ခု သူကိုယ်တိုင်ပါ တရားသူကြီးတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ဒါကြောင့် သူကျ မေတ္တာတရားကို ယုံတယ်။
သူတို့ဆီက စနစ်က ကလေးပြစ်မှုကျူးလွန်သူတွေ ပြုပြင်ရေးစခန်းက ထွက်လာပြီးရင် တရားသူကြီးဆီကို ပုံမှန်ဆက်သွယ်ရတယ်။ တရားသူကြီးတစ်ယောက်ကို ကလေး ၄ ယောက်၊ ၅ ယောက် စသဖြင့် Assign ချထားတာပေါ့။ သူတို့က ကလေးတွေကို ပုံမှန် Monitor လုပ်တယ်။ အလုပ်ရပြီလား၊ ကျောင်းတက်နေပြီလား၊ ဘာအခက်အခဲတွေ ရှိလဲ စသဖြင့်ပေါ့။
သူငယ်ငယ်တုန်းက အဲဒီလို သူ့အတွက် Assign ချခံရတဲ့ တရားသူကြီးက တကယ့်ကို မေတ္တာနဲ့ စောင့်ရှောက်ပေးခဲ့တာကို သူ မမေ့ဘူး။ ဒါကြောင့် သူ့အလှည့်ကျတော့လည်း အဲဒီအတိုင်းပဲ ပြန်လုပ်ပေးတယ်။
ဒီလိုကလေးတွေဆိုတာက ၁၀၀ မှာ ၉၉.၉ ယောက်ဟာ ဆိုးရွားတဲ့ ငယ်ဘဝ၊ အဆင်မပြေတဲ့ မိသားစု အခြေအနေတွေ ရှိကြတယ်။ ဒီလိုပြစ်မှုကျူးလွန်သူဘဝကို ရောက်ချင်လို့ ရောက်ခဲ့ကြတာ မဟုတ်ဘူး။ မေတ္တာတရားတွေ၊ ဂရုစိုက်မှုတွေကို တစ်ခါလေးမှတောင် မခံခဲ့ရဖူးတဲ့သူတွေ ဖြစ်တယ်။ အရိုင်းဆန်တယ်။ လောကကြီးကို အမြင်စောင်းနေသူတွေ ဖြစ်တယ်။ ကိုယ်ရှင်သန်ဖို့သာ အဓိကလို့ ရိုက်သွင်းခံထားရတဲ့သူတွေ ဖြစ်တယ်။ ဒီတော့ မေတ္တာနဲ့ စောင့်ရှောက်ခြင်းကသာ အဖြေဖြစ်မယ်လို့ ယူဆတယ်ပေါ့။
ဒီချဉ်းကပ်မှုရဲ့ အားနည်းချက်ကတော့ အင်မတန် စိတ်ရှည်ရတယ်။ သည်းခံရတယ်။ နားလည်မှု ပေးရတယ်။ ကိုယ့်ပါ ပြန်လှည့်သွား၊ ပတ်သွားတာတွေ ကြုံရတယ်။
၂ ခုလုံးမှာ အကောင်းအဆိုး ရှိကြတာပဲ။ အဲဒါကို ဘက်ပေါင်းစုံက ပြသွားတာ အတော်မိုက်တယ်။
◾️နောက်တစ်ခါ။ ကျူးလွန်သူကလေးတွေရဲ့ ခံစားချက်ကိုလည်း ဖော်ပြတယ်။
ဒီကလေးတွေဟာ မေတ္တာသိပ်ငတ်တယ်။ ဒီတော့ တရားသူကြီးတွေဆီက မေတ္တာတရားနဲ့ ယုံကြည်မှုကို ရတဲ့အခါ ဒါကို အဆုံးရှုံးမခံနိုင်တော့ဘူး။ ကောင်းအောင်နေတယ်။ ပြစ်မှုထပ်မကျူးလွန်မိအောင် ကြိုးစားကြတယ်။
သို့သော် လူတွေကတော့ ခွဲခြားဆက်ဆံတယ်။ ပစ္စည်းတစ်ခုခု ပျောက်တာနဲ့ သူတို့ကို အရင်စစွပ်စွဲတာမျိုးတွေ လုပ်တယ်။
နောက်ပြီး ကလေးကလေးချင်း အနိုင်ကျင့်ကြတာ။ ဥပမာ ဒီကလေးက ရန်ပြန်ဖြစ်လို့ မရဘူး။ ဖြစ်တာနဲ့ တစ်ခါထောင်ကျထားဖူးတာမို့ သူ့ကို ပိုဆူမယ်။ ကျောင်းထုတ်မယ်။ ဒါဆို တရားသူကြီးက စိတ်ပျက်သွားမှာ စိုးတယ်။ ဒီတော့ ကြိတ်မှိတ်သည်းခံတယ်။ အဲဒီလို သည်းခံနေတာ သိတော့ တခြားကလေးတွေက ပိုအနိုင်ကျင့်ရော။
အဲဒီမှာ ဆင်းရဲချမ်းသာ ကွာဟမှုကိုလည်း ပြသွားတယ်။ တကယ်တော့ ဒီကလေးတွေပဲ ပြစ်ဒဏ်ကျူးလွန်နေတာတော့ မဟုတ်ဘူး။ ချမ်းသာတဲ့ ကလေးတွေလည်း လုပ်တာပဲ။ ဒါပေမဲ့ သူတို့ကျ ထောင်မကျဘူး။ ဘာမှလည်း မဖြစ်ကြဘူး။ ဆိုလိုတာက ထောင်ကျဖူးတယ်ဆိုပြီး ခွဲခြားဆက်ဆံနေကြပေမဲ့ မကျဖူးတဲ့သူတိုင်းကလည်း ကောင်းနေကြတာ မဟုတ်ဘူးပေါ့။
◾️အပေါ်မှာ ပြောခဲ့သလို၊ ဒီကလေးတွေမှာ မိဘက စွန့်ပစ်သွားတာ၊ ဂရုစိုက်မခံရတာ၊ အကြမ်းဖက်ခံရတာတွေ ရှိတယ်။ လူမှုအသိုင်းအဝိုင်းကလည်း ပစ်ပယ်ထားတယ်။ ဒီလိုနဲ့ ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာကြတယ်။
It takes a village to nurture a child ဆိုတဲ့ စကားလိုပဲ၊ ဒီကလေးတွေ ခုလို ပြစ်မှုကျူးလွန်နေတာ အားလုံးမှာ တာဝန်ရှိတယ်။ မင်းသမီးပြောတဲ့စကားအတိုင်းဆို တကယ်တမ်း အပြစ်ရှိတာ ကလေးတွေ မဟုတ်ဘူး။ “ဒီလူမှုအသိုင်းအဝိုင်းတစ်ခုလုံးက တရားခံပဲ” တဲ့။
ကိုယ့်နိုင်ငံအနေနဲ့ စဉ်းစားရင်လည်း ကလေးတွေ ကော်ရှုနေတာ၊ ပိုက်ဆံလာတောင်းလို့ မပေးရင် ကားတွေကို အချွန်နဲ့ ခြစ်သွားတာ၊ ဒီလိုကိစ္စလေးတွေကစလို့ ခိုးမှု၊ လုမှု၊ လူသတ်မှု၊ အားလုံးသော အမှုအခင်းတွေဟာ ကျွန်တော်တို့နဲ့ ဆိုင်တယ်။ နိုင်ငံက မတိုးတက်လို့၊ ဆင်းရဲနေလို့ ဖြစ်တဲ့ကိစ္စပဲ။ ကလေးတွေကိုပဲ အပြစ်ထိုင်တင်နေ၊ ထောင်ထဲပို့နေရုံနဲ့ မပြီးဘူး။
ဒါကြောင့်လည်း တော်လှန်ရေး အောင်မြင်ဖို့ လိုအပ်တယ် ပြောတာပါ။ တကယ်တော့ ဆင်းရဲမွဲတေမှုဟာ ကလေးသူငယ်အရေးမှ မဟုတ်ပါဘူး၊ အရာအားလုံးအတွက် တရားခံပဲလေ။
◾️ဒီဇာတ်ကားကြည့်ပြီးတော့ ဆရာမင်းကျော်ရေးတဲ့ “အဖြူကို မည်သူအနက်ဆိုးသနည်း” ဆိုတဲ့ စာအုပ်ကိုလည်း သတိရမိတယ်။ အဲဒီထဲမှာလည်း ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေရဲ့ ဘဝဇာတ်လမ်းတွေကို ရေးပြထားတယ်။ မဆလခေတ်ကပေါ့။ ကလေးထောင်အဖြစ် သတ်မှတ်တုန်းကဆို အထဲမှာ နှိပ်စက်တာတွေက ပိုဆိုးတယ်။ နောက်ပိုင်း ပြုပြင်ရေးစခန်းအနေနဲ့ ပြောင်းလဲတော့မှ နည်းနည်းသက်သာသွားတယ်။
ဒါတောင် ကလေးတွေဟာ အပြင်ပြန်ရောက်သွားလည်း မိသားစုက လက်မခံ၊ ပညာက မတတ်၊ စောင့်ရှောက်မဲ့သူက မရှိ၊ အလုပ်အကိုင်က ရှားတော့ ဒီအလုပ်တွေပဲ ပြန်ပြန်လုပ်ရင်း ဒီနေရာပဲ ပြန်ပြန်ရောက်လာကြရတာ များတယ်။ နှိပ်စက်တာတွေက ကြောက်သွားဖို့ မပြောနဲ့။ ဘဝကို မထူးဇာတ်ပါ ခင်းကြတော့တာ။ လက်ရဲဇက်ရဲတွေပါ ပိုဖြစ်လာကြတော့တာ။
ဒါကြောင့် ကျွန်တော်ကတော့ မေတ္တာတရားကို ယုံတယ်။ ပြုပြင်ရေးကို ယုံတယ်။ ဒီကလေးတွေကို လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့အောင် ကူညီပေးခြင်းအားဖြင့် ဒီလိုအမှုအခင်းတွေ လျော့နည်းသွားလိမ့်မယ်လို့ မြင်တယ်။ တိုင်းပြည်တိုးတက်လာတာနဲ့အမျှ၊ ချမ်းသာလာတာနဲ့အမျှ မီးပွိုင့်တွေမှာ စပယ်ပန်း ရောင်းနေရတဲ့ ကလေးတွေ၊ တောင်းစားနေတဲ့ ကလေးတွေ၊ ကော်ရှူနေတဲ့ ကလေးတွေလည်း တစ်စထက်တစ်စ ပိုနည်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
◾️တကယ်တော့ ကလေးတစ်ယောက် ပြစ်မှုကျူးလွန်တာဟာ အဲဒီကလေးရဲ့ အနီးဆုံးမိဘတွေကနေစလို့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတစ်ခုလုံးအလယ်၊ အုပ်ချုပ်သူအစိုးရအဆုံး အားလုံးမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။
ဉာဏဗလ
၃၀.၆.၂၀၂၃

လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။
တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။
( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။
-
“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )
(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…
-
ကလစ်အကြောင်းသိကောင်းစရာ – ကိုဇင်ဇေ
ကလစ်အကြောင်းသိကောင်းစရာ ( သူများတွေကို စည်းရုံး ၊ ပြန်သင်ပေးချင်သူတွေ အတွက်အကိုးအကားလေး တစ်ခု ရစေချင်လို့ တင်ပေးတာပါ ။ ) 📌 ( ၁ )ပထမဆုံး အဆင့်က ကလစ် ဖြစ်ဖို့ဗျ … အလွယ်ဆုံး တစ်နည်းနည်းသာ အရင် သင်ပေးလိုက် ။ Website ကြည့်တာ ၊ ယူကျု ကြည့်တာဆို တအားလွယ်တာပဲဟာ ။ Apps တွေ Games တွေမှာလည်း ကလစ်ရ လွယ်တာတွေ ရှိပါ့ ။ အဲ့ဒါတွေကို အများကြီး ပြုံ မိတ်ဆက်မပေးသေးပဲတစ်ခု လောက်ပဲ သေချာ မိတ်ဆက်ပေး – သင်ပေးလိုက်ပါ ။ အဲ့နည်းကနေ ဝင်ငွေတွေ ဘယ်လိုရပြီးဘယ်လောက်တောင် လှုပြီးသွားပြီဆိုတာသက်ဆိုင်ရာ Page…
-
Lesson 19 – Exploring Timepiece-inspired Shopping Expressions: “Devoted to Rolex”
Lesson 19 – Exploring Timepiece-inspired Shopping Expressions: “Devoted to Rolex” Welcome to our captivating timepiece-themed English lesson! Today, we delve into the world of horology enthusiasts with a deep devotion to the Rolex brand. Enter the realm of those “Devoted to Rolex,” where a passion for precision engineering, timeless design, and horological excellence takes center…
-
Lesson 18 – Embarking on Auto-inspired Shopping Expressions: “Loyal to Lexus”
Lesson 18 – Embarking on Auto-inspired Shopping Expressions: “Loyal to Lexus” Welcome to our captivating car-themed English lesson! Today, we venture into the world of automotive enthusiasts with a particular devotion to the Lexus brand. Enter the realm of those “Loyal to Lexus,” where a passion for luxury, performance, and craftsmanship drives their automotive preferences.…
-
Lesson 17 – Unraveling Tech-inspired Shopping Expressions: “Apple Enthusiast”
Lesson 17 – Unraveling Tech-inspired Shopping Expressions: “Apple Enthusiast” Welcome to our fascinating shopping-inspired English lesson! Today, we’re exploring the world of tech enthusiasts with a specific admiration for Apple products. Enter the realm of the “Apple Enthusiast,” where the love for Apple’s sleek designs and innovative technology runs deep. Join us as we unravel…
-
Lesson 16 – Unveiling Idiomatic Shopping Expressions: “Amazon Addict”
Lesson 16 – Unveiling Idiomatic Shopping Expressions: “Amazon Addict” Welcome to our captivating shopping-inspired English lesson! Today, we’re diving into the world of tech-savvy shoppers and exploring the expression “Amazon Addict.” Like a dedicated fan of a favorite brand, this phrase represents individuals who have a strong affinity for Amazon and find themselves irresistibly drawn…
-
Lesson 15 – Embracing Idiomatic Shopping Expressions: “Bargain Hunter”
Lesson 15 – Embracing Idiomatic Shopping Expressions: “Bargain Hunter” Welcome to our idiomatic and exciting shopping-inspired English lesson! Today, we’re on the hunt for bargains as we explore the expression “Bargain Hunter.” Like a skilled tracker seeking treasure, this phrase represents those savvy shoppers with a knack for finding great deals and discounts. Join us…
10 responses to ““အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ”
Thank you so much 😊.
LikeLike
ဆြာဖြို
း ဒုန်း…ဒုန်း ……ဒုန်း..😁
LikeLike
ဇာတ်လမ်းတွဲကိုတော့မကြည့်ရသေးပါဘူး🙂
Thank you ပါ🥰
LikeLike
Thanks..
LikeLike
Thanks
LikeLike
👍👍👍👍👍
LikeLike
Thanks for the highlight
LikeLike
ဇာတ်လမ်းတွဲလေးရှာကြည့်တာ ကောင်းတယ်တော့် ကျမလဲမေတ္တာနဲ့ပြုပြင်ပေးခြင်းကို သာ၍နှစ်သက်ပါတယ် မေတ္တာတရားကအနိူင်ရစမြဲပါ။ လူတွေ (ကြီးငယ်မဟူ)လိုနေတာချစ်ခြင်းမေတ္တာပါ။
LikeLike
Where we justice ?
LikeLike
Thank You So Much Admin 🌹
LikeLike