နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )

နွေဦးဖတ်စာ – ၅

============

အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။

အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။

ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။

ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။

ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည် ဂူအတွင်းသို့သာ တသမတ်တည်း စီးဝင်လျက်ရှိလေရာ ဂူတွင်းမှလူများ အပြင်သို့ထွက်၍ မရနိုင်သော်လည်း အပြင်မှ ပစ္စည်းများမှာ ရေစီးကြောင်းနှင့်အတူ ဂူအတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလျက်ရှိနေကြသည်။ 

ယင်းအချက်ကို ထိထိရောက်ရောက် အသုံးချလိုက်နိုင်သူမှာ မမနုကြည်ဖြစ်၏။

ကျောက်ဂူကြီးအတွင်းမှ လူသားသုံးယောက် လိုအပ်နိုင်မည့် ရေ၊ ရိက္ခာ၊ ဆေးဝါး၊ လက်နှိပ်ဓာတ်မီး၊ ပါဝါဘန့်ခ်နှင့် အခြားမရှိမဖြစ် လိုအပ်နိုင်မည့် ပစ္စည်းများကို အရေးပေါ် ကယ်ဆယ်ရေး အထုပ်ငယ်လေးများအဖြစ် ခွဲခြားထုပ်ပိုးပြီး ရေစီးကြောင်းနှင့်အတူ ကျောက်ဂူကြီးအတွင်းသို့ အဆက်မပြတ် မျှောပါပို့ဆောင်ပေးလျက် ရှိလေသည်။ ထို့အတွက်ကြောင့် ကျောက်ဂူကြီးအတွင်း၌ နောက်ကြောင်းပြန်လှည့်ထွက်မရဘဲ ပိတ်မိလျက်ရှိကုန်ကြသော လူသားသုံးဦးမှာ ကနဦးခရီးအစကလောက် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိကြတော့ဘဲ ကြုံလာရမည့် ဘေးအန္တရာယ်ကို တည်ငြိမ်စွာ ရင်ဆိုင်လာနိုင်ကြလေသည်။

သဘာဝနှင့် လူသားတို့ ယှဉ်ပြိုင်ကြရသည့်အခါမျိုး၌ တစ်ခါတစ်ရံ သဘာဝတရားကြီးက အနိုင်ရတတ်လေ့ရှိပြီး တစ်ခါတစ်ရံ လူသားက တွန်းလှန် အနိုင်ရလေ့ရှိ၏။

သို့သော် လူသားသဘာဝနှင့် လူသားကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ကြရသော အခါ၌မူကား …။

**

“ဟိတ် ဆံပင်ရှည်ရှည်နဲ့ ရေသူမလေးရေ၊ မပြေးနဲ့၊ လာ ကိုရီးနားကိုလာ၊ ဟိတ် မပြေးနဲ့ဆိုကွာ”

ကိုဇင်ဇေသည် ကိုလင်းထက်အောင်နောက်သို့ မမနုကြည်ပို့ပေးသော လက်နှိပ်ဓာတ်မီးကြီးထိုးကာ ပြေးလိုက်နေ၏။ ကိုလင်းထက်အောင်သည် ထွက်မပြေးသော်လည်း ရှောင်ဖယ်ရှောင်ဖယ်လုပ်ကာ ကိုဇင်ဇေ့လက်မှလွတ်အောင် လဖျည့်ပတ်ကြိုးစားနေရရှာသည်။ နှုတ်မှလည်း

“ကိုဇင်ဇေကြီး၊ သတိထားဦးလေ၊ ဟေ့လူ၊ ကျနော်ပါဗျ၊ လင်းထက်အောင်လေ၊ ထာဝရ လက်ခလယ်ကြီးလေ” ဟု တတွတ်တွတ် ပြန်ပြောနေရှာ၏။

ဆရာဖြိုးသည်လည်း ကိုဇင်ဇေ့နောက်မှ မနည်းမီအောင် လိုက်ပြီးဖမ်းဆွဲကာ အခြေအနေကို ဝင်ထိန်းရန် ကြိုးစားနေ၏။ သို့သော်လည်း ကိုဇင်ဇေမှာ မမြင်နိုင်သော စွမ်းအားတစ်ခုက ဝင်ရောက်ထိန်းချုပ် မောင်းနှင်ထားခြင်း ခံရသကဲ့သို့ ‘ရေသူမလေးရေ၊ ရေသူမလေးရေ’ ဟု ထပ်ခါတလဲလဲ အော်ခေါ်လျက် ကိုလင်းထက်အောင်နောက်သို့ ဓာတ်မီးကြီးထိုးကာ ကမူးရှူးထိုး လိုက်နေလေတော့၏။

ဖြစ်စဉ်မှာ ဤသို့တည်း။

ရေငြိမ်နေသော တခဏ၌ ကိုလင်းထက်အောင်သည် စိတ်ကြည်လင်လန်းဆန်းသွားစေရန် ရေဆင်းချိုးလေ၏။ (မူရင်းဘာသာ၌ ရေဆင်းချိုးသည်ဟုသာ ဖော်ပြထားသဖြင့် ရေဆင်းချိုးသည်ဟုပင် တိုက်ရိုက်ပြန်ဆိုလိုက်ရပါသည်။ အဝတ်အစားကိစ္စ ဖော်ပြထားခြင်း အလျင်းမရှိပါ။ ဘာသာပြန်သူ)

ထို့နောက် ရေစိုနေသော ဆံပင်ရှည်ကြီးကို သပ်ချလျက် ရေချိုးရာမှ ပြန်တက်လာသော ကိုလင်းထက်အောင်ကို မြင်လိုက်ရသော အခိုက်အတန့်၌ ကိုဇင်ဇေမှာ မိမိမြင်ချင်ရာ မြင်မိသွားပြီး ထိုသို့ဖြစ်သွားရခြင်း ဖြစ်လေသည်။ 

ကိုလင်းထက်အောင် အော်သံကြားသဖြင့် လုံးဝအိပ်မငိုက်ဘဲ စူးစူးစိုက်စိုက် တရားထိုင်​နေသော ဆရာဖြိုးသည် ချက်ချင်းထပြီး လိုက်ဆွဲရလေ၏။

“ဟေ့လူ၊ ကိုဇင်ဇေ၊ စိတ်ထိန်းဦးဗျ၊ ဂူထဲရောက်လာတာဖြင့် ဘယ်လောက်မှ မကြာသေးဘူး၊ သတိကပ်ပါဦးဗျ၊ ရေသူမဆိုတာ တကယ်မရှိဘူးလေ၊ ဒဏ္ဍာရီတွေပါဗျ၊ အဲ့ဒါ ကိုလင်းထက်အောင်ကြီးလေဗျာ၊ သေချာကြည့်စမ်းပါဦး”

ဆရာဖြိုးသည် ဆွဲရင်းပြောရင်း၊ ကိုဇင်ဇေကလည်း ရုန်းရင်းကန်ရင်းဖြင့် နှစ်ယောက်သား လုံးထွေးလျက် ရှိနေ၏။ ထိုသို့ အခြေအနေ ရှုပ်ထွေးလျက်ရှိနေစဉ်တွင် ကိုလင်းထက်အောင်သည် အလွန်လျှင်မြန်သော အဟုန်ဖြင့် ကိုဇင်ဇေတို့အနားသို့ အလစ်ဝင်ရောက် ပူးကပ်လိုက်ပြီးနောက်  ကိုဇင်ဇေ၏ လည်ပင်းတစ်နေရာကို ဆတ်ခနဲ ဖိနှိပ်လိုက်ရာ စောစောက ထိန်းချုပ်ရ အလွန်ခက်ခဲနေသော ကိုဇင်ဇေမှာ အရုပ်ကြိုးပြတ် ခွေကျသွားလေတော့သည်။

“ဆရာဖြိုး ဒီကိစ္စ ဘယ်သူမှ မပြောနဲ့နော်”

မေ့မြောနေသော ကိုဇင်ဇေကို ထိုင်ကြည့်ရင်းမှ ကိုလင်းထက်အောင်က ပြောလိုက်သည်။

“ခင်ဗျား ကိုဇင်ဇေကို ဆော်ထည့်လိုက်တဲ့အကြောင်းလား”

“ဟာ ဘယ်ကလာ၊ ကျနော့်ကို ရေသူမဆိုပြီး လိုက်ဆွဲတဲ့ကိစ္စကိုပြောတာ၊ ဘယ်သူမှ မသိစေနဲ့နော်၊ ကျနော်ရှက်လို့”

“စိတ်ချစမ်းပါဗျာ၊ ဒီကိစ္စ ဒီလူကြီးကိုယ်တိုင်တောင် မသိစေရပါဘူး”

“သေချာတယ်နော်၊ ဒီဂူကြီးထဲက ထွက်သွားနိုင်ခဲ့ရင်တောင်မှ ဘယ်သူ့ကိုမှ ပြောမပြနဲ့နော်၊ ရှက်စရာကြီးဗျာ”

“ခင်ဗျား ကျနော့်ကို ယုံကြည်စမ်းပါဗျ၊ ကျနော်က နာမည်နှစ်လုံးနဲ့ နေတဲ့သူပါဗျ”

“ဟင် နာမည်တစ်လုံးနဲ့ လုပ်ပါ ဆရာဒိုးဖြောင်းရယ်”

“မဟုတ်ဘူးဗျ၊ တကယ်က ကျနော့်မှာ နာမည်နှစ်လုံးရှိတယ်ဗျ၊ လူနာမည်နဲ့ ဘုန်းကြီးနာမည်လေ၊ ကျနော် ပဇဉ်းတက်တုန်းက ဘွဲ့နာမည်က ‘ဥူးဉာဏဗလ’ တဲ့”

ထိုစဉ် ကိုဇင်ဇေ သတိပြန်ရလာသည်။ စောစောက ဝရုန်းသုန်းကား ဖြစ်ပျက်ခဲ့သမျှကို လုံးဝသတိမရဟန်ဖြင့် မေးလိုက်လေ၏။

“ဟင် ကျုပ် ကျုပ် ဘာဖြစ်သွားတာလဲဗျ”

“ခင်ဗျား အားနည်းပြီး သတိလစ်သွားတာ ကိုဇင်ဇေရ၊ ရော့ ရော့ ဒီမှာ မမနုကြည်ပို့ပေးထားတဲ့ ဖက်ဒရယ် အားဖြည့်အချိုရည်လေး သောက်လိုက်နော်”

ကိုလင်းထက်အောင်သည် ပြောပြောဆိုဆိုဖြင့် အချိုရည်တစ်ဘူးကို ဖောက်လိုက်ပြီး ကိုဇင်ဇေကို တိုက်လိုက်သည်။ ကိုဇင်ဇေသည် ဖက်ဒရယ်အားဖြည့်အချိုရည်ကို တစ်ဘူးလုံးကုန်အောင် တစ်ထိုင်တည်း မော့သောက်ပစ်လိုက်လေ၏။

“အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်၊ ကျေးဇူးပဲဗျာ”

“ဟာ ဒီလူနဲ့ ဒီလူတွေ ပြောနေစရာ မလိုဘူးလေ၊ အခက်အခဲ ကြုံနေကြရသူချင်း တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးရမှာပဲ၊ ဒါမှ ကျနော်တို့ဟာ တစ်ယောက်အတွက် တစ်ယောက် အသုံးဝင်နေရသလိုဖြစ်ပြီး စိတ်တွေ လေလွင့်မသွားကြမှာဗျ”

ကိုဇင်ဇေ၏ ကျေးဇူးတင်စကားကို ဆရာဖြိုးကတုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။ 

“ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်တဲ့”

ဆရာဖြိုးက ဆက်ပြောနေလေရာ ကိုဇင်ဇေမှာ မိမိအား စောင်းပြောနေလေသည်လားဟု ဆရာဖြိုးကို တစ်ချက် လှမ်းကြည့်လိုက်ရာ မိမိရှေ့မှ ဆရာဖြိုး၏ မျက်နှာကြီးကို တည့်တည့်ကြီး မြင်လိုက်ရသဖြင့် စောင်းပြောနေခြင်း မဟုတ်တန်ရာဟုပင် ဖြေတွေးပြန်တွေးရင်း အသာဆက်နားထောင်နေလိုက်၏။ 

ကိုလင်းထက်အောင်ကို လှမ်းကြည့်လိုက်ရာ မိမိနှင့် ခပ်လှမ်းလှမ်းမှာ ငုတ်တုတ်ထိုင်နေသည်ကို တွေ့ရသဖြင့် ‘ဘာဖြစ်နေတာလဲ’ ဟူသည့်သဘောဖြင့် မေးဆတ်ပြလိုက်၏။ ကိုလင်းထက်အောင်က ‘ဘာမှမဟုတ်ဘူး’ ဟူသည့်သဘောဖြင့် လက်ကာပြလိုက်ပြီး ‘ဆရာဖြိုးပြောတာ နားထောင်နေတယ်’ ဟူသည့်သဘောဖြင့် ဆရာဖြိုးကို မျက်စပစ်ပြလိုက်သည်။

“ကဲ အဲ့ဒီတော့ ကျနော်တို့သုံးယောက် က ကြမယ်ဗျာ”

ဆရာဖြိုး၏ ဆီဆိုင်လိုလို၊ မဆီမဆိုင်လိုလိုစကားကြောင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့ ခေါင်းမွေးထောင်သွားကြ၏။

“ဟင် ဘယ်လို”

“ဟုတ်တယ်ဗျ၊ ကျနော်တို့ က ကြမယ်၊ ဒါမှ ကျနော်တို့သုံးယောက်ကြားမှာ အကနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မှာ၊ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်နေမှ တစ်ယောက်လိုအပ်ချက် တစ်ယောက်မြင်ပြီး ဖြည့်ဆည်းပေးနိုင်မှာ၊ ဒါမှ ကျနော်တို့ဟာ တစ်ယောက်အတွက်တစ်ယောက် အသုံးဝင်နေကြမှာလေ၊ ဟုတ်တယ်မလား”

“……………..”

ပြန်ဖြေသံမကြားရသဖြင့် ဆရာဖြိုး အသံကိုမြှင့်ပြီး ထပ်မေးလိုက်၏။

“ဟုတ်တယ်မလားဗျ၊ ဖြေကြလေဗျာ”

ဆရာဖြိုး၏ မေးခွန်းမှာ ဟုတ်သည်ဟုဖြေလျှင်လည်း အမှန်တကယ် ထကကြရတော့မည်၊ မဟုတ်ဘူးဟု ဖြေပြန်လျှင်လည်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည်ဟု အစွပ်အစွဲခံရနိုင်သဖြင့် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေကြလေ၏။ ထို့ကြောင့် ဆရာဖြိုး၏ ဒုတိယအကြိမ်မြောက် အမေးကိုလည်း ပြန်မဖြေဘဲ အသာငြိမ်နေကြပြန်သည်။ 

“ကဲ အဲ့ဒါဆိုလည်း ဒီမိုကရေစီနည်းလမ်းကျကျ မဲခွဲကြမယ်၊ ကျနော်ပြောတာ သဘောတူတယ်ဆို လက်ထောင်ဗျာ”

ဆရာဖြိုးက လက်ထောင်ရင်း ဗုတ်တင်းခေါ်လိုက်ရာ ကိုလင်းထက်အောင်သည် ရေသူမကိစ္စအတွက် စိုးရိမ်မကင်းဖြစ်သွားပြီး ဆရာဖြိုးနှင့်အတူ လက်ထောင်လိုက်လေတော့သည်။ ကိုဇင်ဇေမှာ နားမလည်နိုင်သော အကြည့်ဖြင့်သာ ကိုလင်းထက်အောင်ကို စိန်းစိန်းကြီး စိုက်ကြည့်နေလေရာ ကိုလင်းထက်အောင်မှာ စောစောက ရေသူမကိစ္စကို ပြန်မြင်ယောင်လာပြီး ကျောချမ်းသွားသဖြင့်

“ကဲ ဆရာဖြိုးရေ၊ ကြာတယ်ဗျာ၊ အခုပဲ က ကြစို့”

ဟုပြောရင်း ထိုင်ရာမှ ထလာလေ၏။

“ကျနော် သွေးအားနည်းနေတယ်၊ က လို့ ဖြစ်ပါ့မလား ဆရာဒိုးဖြောင်း”

ကိုဇင်ဇေက စောဒက တက်၏။

“ဟာ ခင်ဗျား ဖက်ဒရယ်အချိုရည်ကြီး တစ်ဘူးလုံးတောင် ကုန်အောင်သောက်ထားတာ အေးဆေးပဲ၊ လာစမ်းပါဗျာ”

ဆရာဖြိုးပြောသည့်အတိုင်းပင် မိမိမှာ အားအင်ပြည့်ဖြိုး လန်းဆန်းလျက်ရှိနေသဖြင့် ဆက်ငြင်းနေရန် မတတ်သာသည့်အဆုံး ဆရာဖြိုးတို့နှင့်အတူ လိုက်ကရန် ထရပ်လိုက်လေတော့၏။ 

သို့သော် အကနှင့်ပတ်သက်ပြီး အတွေ့အကြုံ မရှိကြသူများ ဖြစ်လေရာ တစ်ယောက်တစ်ပေါက်နှင့် က ချင်သလို က ကုန်ကြ၏။ 

“ကျုပ်တို့က သုံးယောက်တွဲကြီး ကနေ လို့ မညီတာနေမှာ၊ နှစ်ယောက်တစ်တွဲစီ ပြန် က ကြည့်ကြစို့”

“ဖိုက် ဆစ် ဆဲဗင်း အိတ်ထ်”

ဆရာဖြိုးက ပြောရင်းဆိုရင်း တိုင်မင်ခေါ်လိုက်သဖြင့် နှစ်ယောက်တစ်တွဲ က ကြပြန်သည်။ ဆရာဖြိုးနှင့် ကိုဇင်ဇေ တွဲ က သည်။ မညီ။ ဆရာဖြိုးနှင့် ကိုလင်းထက်အောင် တွဲ က သည်။ ထိုနည်း၄င်း။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင် တွဲ က ပြန်သည်။ ရေသူမဇာတ်လမ်းအခံကြောင့် ကိုလင်းထက်အောင်က အနားသိပ်မကပ်ရဲသဖြင့် ပိုဆိုးကုန်၏။

“နေကြဦးဗျ၊ ကျနော်တို့ တစ်ကွက်လိုသွားတယ်၊ အကဆိုတာ အဆိုလေးနဲ့မှ ပိုလိုက်ဖက်တာ” 

ဟု ဆရာဖြိုးက တစ်ကွက်ထပ်ပြပြန်သည်။

သို့နှင့် သုံးယောက်သား ‘ဝမ်း တူး သရီး ဖိုး’ ဟု တိုင်မင်ခေါ်ပြန်ကာ ‘စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်’ ကို အတူတူသီဆိုရင်း က ကြပြန်သည်။ ထိုအခါကျပြန်တော့ အဆိုနှင့်အက တခြားစီ ကွဲထွက်သွားပြီး နှစ်ဆတိုးနှင့် သုံးမျိုးကွဲသွားပြန်၏။

သို့သော် မိုတီဗေးရှင်းစပီကာ ဆရာဖြိုးမှာ ဇွဲမလျှော့သေး။ 

“ဘာမှ စိတ်မပျက်ကြနဲ့၊ နိုင်ငံကျော် အကယ်ဒမီမင်းသမီးတွေတောင် အခုချိန်ထိ တော်တော်နဲ့ ညီအောင် မ ကတတ်ကြသေးတာ၊ ကျနော်တို့ မညီတာ အဆန်းမဟုတ်ဘူးဗျ၊ ဒီဂူကြီးထဲက မထွက်ခင်တစ်နေ့တော့ ညီကိုညီရမယ်ဗျာ၊ ဖိုက်တင်း”

ဆရာဖြိုး မည်သည့်မင်းသမီးများကို ရည်ညွှန်းပြောဆိုနေမှန်း မသိကြသော်လည်း ဆရာဖြိုး၏စကားကြောင့် မိုတီတက်လာသကဲ့သို့ ခံစားလိုက်ကြရသော ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ တစ်သက်နှင်တစ်ကိုယ် တစ်ခါမှ မကဖူးခဲ့သော ကကွက်များကို အမှောင်ထုကြီးအတွငး၌ အယ်အီးဒီ မီးအိမ်လေးများထွန်းညှိကာ ကြိုးစားပမ်းစား က နေကြလေတော့သည်။ 

(ဆက်ရန်)


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ ဒီ လင့် တွေ ကို ကလစ်ပေးနိုင်ပါတယ် ။

( ဒီလင့်တွေကို VPN သုံးပြီး ကလစ်ပေးနိုင်ပါတယ် ။ )
ရောက်သွားတဲ့ Website က တခြား Articles တွေကိုလည်း
စက္ကန့် ၂၀ စီလောက် ဝင်ဖတ်သွားနိုင်ပါတယ် ။

Link 1

Link 2


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )




  • “ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )

    (စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…

    ,
  • ကလစ်အကြောင်းသိကောင်းစရာ – ကိုဇင်ဇေ

    ကလစ်အကြောင်းသိကောင်းစရာ ( သူများတွေကို စည်းရုံး ၊ ပြန်သင်ပေးချင်သူတွေ အတွက်အကိုးအကားလေး တစ်ခု ရစေချင်လို့ တင်ပေးတာပါ ။ ) 📌 ( ၁ )ပထမဆုံး အဆင့်က ကလစ် ဖြစ်ဖို့ဗျ … အလွယ်ဆုံး တစ်နည်းနည်းသာ အရင် သင်ပေးလိုက် ။ Website ကြည့်တာ ၊ ယူကျု ကြည့်တာဆို တအားလွယ်တာပဲဟာ ။ Apps တွေ Games တွေမှာလည်း ကလစ်ရ လွယ်တာတွေ ရှိပါ့ ။ အဲ့ဒါတွေကို အများကြီး ပြုံ မိတ်ဆက်မပေးသေးပဲတစ်ခု လောက်ပဲ သေချာ မိတ်ဆက်ပေး – သင်ပေးလိုက်ပါ ။ အဲ့နည်းကနေ ဝင်ငွေတွေ ဘယ်လိုရပြီးဘယ်လောက်တောင် လှုပြီးသွားပြီဆိုတာသက်ဆိုင်ရာ Page…

    , ,
  • Lesson 33 – Book Summary 3 – Key ideas of “The Intelligent Investor” – Part 3

    Part 3 – The Difference Between Investing and Speculating Welcome back to our Spring Reader’s Reading Club series on “The Intelligent Investor” by Benjamin Graham! In this installment, we explore a critical distinction that Graham emphasizes – the difference between investing and speculating. Key Idea 5: Investing vs. Speculating In “The Intelligent Investor,” Graham draws…

  • Lesson 32 – Book Summary 2 – Key ideas of “The Intelligent Investor” – Part 2

    Part 2 – Mr. Market and Emotional Investing In the second installment of our Spring Reader’s Reading Club series on “The Intelligent Investor” by Benjamin Graham, we delve into a captivating concept presented by the author – the analogy of “Mr. Market” and its profound implications for emotional investing. Key Idea 3: Mr. Market Analogy…

  • Lesson 31 – Book Summary 1 – Key ideas of “The Intelligent Investor” – Part 1

    Welcome to the Spring Reader’s Reading Club! Are you eager to expand your financial knowledge and make more informed investment decisions? Look no further! In this compelling post series, we will be delving into the timeless wisdom of “The Intelligent Investor” by Benjamin Graham – a seminal work in the world of finance. Join us…

  • Lesson 30 – “Digital Citizenship: Navigating the Virtual World”

    Lesson 30 – “Digital Citizenship: Navigating the Virtual World” Welcome back to our enlightening digital-inspired English lesson! In today’s technology-driven era, being a responsible “Digital Citizen” is essential. Digital citizenship involves understanding the ethical, social, and safety aspects of using digital technology and the internet. Join us as we unravel the meaning, origins, and implications…

  • Lesson 29 – “Online Echo Chambers: Breaking Down Barriers”

    Lesson 29 –  “Online Echo Chambers: Breaking Down Barriers” Welcome back to our thought-provoking digital-inspired English lesson! In today’s interconnected world, online platforms have become a hub for ideas, opinions, and discussions. However, these platforms can sometimes unintentionally create “Online Echo Chambers,” where individuals are exposed only to like-minded views, reinforcing their existing beliefs. Join…

6 responses to “နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )”

  1. Thanks for post.
    ထာ၀ရလက်ခလယ်ကြီးနှင့်အတူကျန်းမာကြပါစေ။

    Like

Leave a comment