
“၇. ၇. ၆၂ မမေ့ကြနဲ့”
ဆဲဗင်းဂျူလိုင်လို့ ပြောလေ့ရှိကြတဲ့ ဒီနေ့ဟာလည်း မြန်မာပြည်ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရနေ့တစ်နေ့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို အထင်အရှားမြင်ခဲ့ရတဲ့နေ့ပါ။
လွန်ခဲ့တဲ့ ၆၁ နှစ်၊ ၁၉၆၂ ခုနှစ်မှာ နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ဒါကို ကျောင်းသားလူငယ်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ကြတယ်။ ဦးဆောင်တော်လှန်ခဲ့ကြတယ်။
(ဒီနေ့ခေတ် မအလနဲ့ Gen-Z တွေလိုပေါ့။ ဒီလိုဖြစ်ရပ်၊ ဒီလိုသမိုင်းတွေဟာ နှစ် ၆၀ ကျော်လာသည်ထိလည်း ပြန်ပြန်ဖြစ်နေတုန်းပဲ။ တွေးကြည့်ရင် ဘယ်လောက်နှမြောစရာကောင်းတဲ့ ကာလတွေလဲ။ လူတစ်စုရဲ့ အာဏာမက်မှုကြောင့် တိုင်းပြည်မှာ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးခဲ့ရလဲ။)
ဇူလိုင်လ ၇ ရက်နေ့ အရောက်မှာတော့ နေဝင်းရဲ့ စစ်တပ်ဟာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲထိ ဝင်ရောက်ပြီး တက္ကသိုလ်ကျောင်းသားတွေကို စက်သေနတ်တွေနဲ့
ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ်ခဲ့တာပါပဲ။
နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို စစ်တပ်သုံး ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲဖျက်ဆီးလိုက်ကြပြန်ပါတယ်။
ဒီ “ဆဲဗင်းဇူလိုင်” အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျောင်းသားအာဇာနည်ပေါင်း ရာဂဏန်းထိ ရှိခဲ့ပြီး ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးသွားသူတွေလည်း များစွာ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီကစပြီး ကျောင်းသားတွေဟာ စစ်အာဏာရှင် အဆက်ဆက်ရဲ့ ပစ်မှတ်ထား ချေမှုန်းခြင်းကို ခံကြရတော့တာပဲ။ နေဝင်းခေတ်မှာ ကျောင်းသားတွေ ခပ်လှုပ်လှုပ်ဖြစ်ပြီ၊ တစ်ခုခု စုဝေးကြပြီဆို ကျောင်းတွေပိတ်ပိတ်ပစ်ပြီး လူစုခွဲပစ်တဲ့ ဓလေ့ကနေ သန်းရွှေခေတ်ရောက်တော့ တက္ကသိုလ်တွေအကုန် မြို့ပြင်ထုတ်၊ နိုင်ငံရေးသင်းကွပ်ပစ်လိုက်တော့တာပဲ။
ဒါပေမဲ့လည်း ခေတ်အဆက်ဆက်မှာ ကျောင်းသားလူငယ်တွေဟာ တာဝန်ကျေခဲ့ကြတယ်။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဒီစိတ်ဓါတ်တွေကို သယ်ဆောင်လာခဲ့ကြတယ်။ ဘယ်လိုပဲ နိုင်ငံရေးနဲ့ မပတ်သက်ရဲအောင် အကြောက်တရားတွေ ရိုက်ထည့်ထည့်၊ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လုပ်၊ မရရအောင် ဖောက်ထွက်ခဲ့ကြတယ်ဆိုတာ လက်ရှိတော်လှန်ရေးက အကောင်းဆုံးသက်သေပဲ။
လွန်ခဲ့တဲ့နှစ် ၆၀ ကျော်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်တယ်ဆို တကယ်မလွယ်ပါဘူး။ ကျောင်းသားအချင်းချင်း သတင်းပေးဖို့၊ လက်ကမ်းစာစောင် ထုတ်ဖို့တောင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားရတာပါ။ ရန်ကုန်မှာ ဘာဖြစ်နေလဲဆိုတာ မန္တလေးက သိဖို့ကို မနည်းကြိုးပမ်းရပါတယ်။ ဒီလို အခြေအနေတွေကြားထဲက ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားအာဇာနည်တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြရပါလိမ့်မယ်။
တဆက်တည်းမှာပဲ ဒီလိုလက်နက်အားကိုးနဲ့ အာဏာသိမ်းမှုတွေ၊ အင်အားသုံး အကြမ်းဖက်တာတွေလည်း ကျနော်တို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ရအောင် ကျရာအခန်းကဏ္ဍကနေ ဆက်လက်ကြိုးစားသွားကြဖို့ လိုပါတယ်။
အနာဂတ်မှာ နောက်ထပ် ဘယ်ကျောင်းသားလူငယ် တစ်ယောက်တစ်လေမှ ဒီစစ်တပ်လက်ချက်နဲ့ အသက်မပေးရစေတော့ဖို့ ကျနော်တို့ခေတ်မှာ အမြစ်ဖြတ်ပစ်ကြရအောင်ပါ။
#7JulyMovement
ဒေါက်တာ ဖြိုးသီဟ
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ >
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
“နွေဦးဖတ်စာ” မှာ တင်ထားပြီး သမျှ စာတွေ ကို
ကဏ္ဍ အသီးသီး ၊ စာရေးသူ အသီးသီး အလိုက်
ရှာဖတ် ၊ ဝင်ဖတ်ရ လွယ်အောင် ဒီ Page မှာ စီပေးထားပါတယ် ။
5 responses to “၇. ၇. ၆၂ မမေ့ကြနဲ့ – ဒေါက်တာ ဖြိုးသီဟ”
Thanks for the reminder 📌💪🏼
LikeLike
Thank you so much.
LikeLike
အဆုံးထိ လုပ်နိုင်တာလေးတွေ လုပ်ရင်း ပါ၀င်သွားပါ့မယ်💪💪💪
LikeLike
Done
LikeLike
Never forget
LikeLike