တာဇံကား ကြည့်နေမလား ( ရန်ကုန် အတွက် အလင်းစက် )

၁၉၄၀ မှာ ပါရီ မြို့ဟာ နာဇီတွေလက်ထဲကျသွားတယ်။

ပြင်သစ်ကိုလိုနီဖြစ်တဲ့ ဗီယက်နမ်ကိုတော့ ဂျပန်တွေက တတိတိဝင်နေကြပြီ။ 

အမိနိုင်ငံကိုယ်၌ က သူများသိမ်းပိုက်တာခံလိုက်ရချိန်..ဗီယက်နမ်က ပြင်သစ်တပ်တွေဟာ ဂျပန်ကိုခုခံဖို့ပြင်ကြတယ်။ 

ဥရောပမှာလည်း ပြင်သစ်ဟာ ဂျာမန်လက်ကနေ လွတ်ဖို့မနည်းလုပ်ယူနေရတယ်။ 

၁၉၄၅ မတ်လ မှာ ဂျပန်တွေဟာ ဗီယက်နမ်ထဲ ပြင်သစ်တွေအများဆုံးနေတဲ့ “ဝေ”မြို့ကို ဝင်တိုက်ကြတယ်။ 

ကတုတ်ကျင်းလေးတခုထဲကနေ ပြင်သစ်တပ်စိတ်လေးတစိတ်ဟာ အသည်းအသန်ခုခံကြပါရဲ့။ ဒါပေမယ့် အင်အားချင်းက မမျှတော့ အကုန်သေတာပဲ။ 

ဂျပန်စစ််တပ်ဟာ အဲ့ဒီကတုတ်ကျင်းလေးကိုကျော်ပြီး မြို့ထဲဝင်လိုက်တဲ့အခါ…ရုပ်ရှင်ရုံတစ်ရုံကိုတွေ့လို့ ဝင်စီးလိုက်ကြတယ်။ 

ရုပ်ရှင်ရုံအထဲမှာ စုဝေးနေကြတဲ့ ပြင်သစ်လူမျိုးတစ်ရာနီးပါးဖမ်းမိပါတယ်။ 

သူတို့က..ဂျပန်ကိုခုခံဖို့လားဆိုတော့..မဟုတ်ပါဘူးတဲ့။ 

ဒါဆို စစ်ဖြစ်နေတာကြောက်လို့လာပုန်းနေကြတာလားဆိုတော့လည်း…မဟုတ်ပါဘူးတဲ့။ 

ဒါဆို ဘာလုပ်နေကြတာလဲဆိုတော့……..တာဇံရုပ်ရှင်ကားသစ်ရုံတင်လို့ လာကြည့်နေကြတာပါတဲ့။ 

ဒီသတင်းကြားလို့ စစ်ကူရောက်လာတဲ့ ပြင်သစ်ဗိုလ်ချုပ်ကြီး မိုဒန့် ရဲ့တပ်ဟာလည်း…ဂျပန်လက်ထဲက ရုပ်ရှင်ချစ်ပရိတ်သတ်ကို ငဲ့ပြီး တိုက်နေရတာနဲ့ မနိုင်တော့ပဲ…မိုဒန့်ပါ ဂျပန်တွေလက်ထဲ မာလကီးယားသွားရှာတယ်။ 

Justin F Corfield ရဲ့ The History of Vietnam စာအုပ်ထဲ အဲ့ဒီအဖြစ်အပျက်ကို ခပ်လှောင်လှောင်ရေးပြသွားတယ်။ 

အခုလည်း..ကတုတ်ကျင်းထဲက ခံချသူက..ချ…တာဇံကားကြည့်သူက ကြည့်..သမိုင်းတလျှောက်..ဒီလိုအဖြစ်အပျက်တွေကတော့ ရှိနေတာပါပဲ။ 

ဒါပေမယ့်…ကိုယ်ကိုယ်တိုင်ဟာ သမိုင်းရဲ့ အလှည့်အပြောင်းအတွက် ဆင့်ပိုးခြင်းခံလာရတဲ့အခါ..ကျွန်တော်တို့မှာ ရွေးချယ်စရာနှစ်ခုရှိလာတယ်။ 

တာဇံကားကြည့်နေမလား၊ ကတုတ်ကျင်းထဲကနေ ခံတိုက်နေတဲ့လူတွေကို ကူညီမလားဆိုတာပါပဲ။ 

ရန်ကုန်အတွက်တော့..ကတုတ်ကျင်းထဲကနေခံတိုက်ပေးရင်း အသက်ပေးသူတွေပေးသွားကြပါပြီ။ 

လွတ်လပ်မှုတွေနဲ့ တောက်ပနေတဲ့ တချိန်က ရန်ကုန်နေ့စွဲတွေကို သတိတရနဲ့ ပြန်လည်ရရှိချင်ရင်တော့ဖြင့်… ရန်ကုန်အတွက်အလင်းစက် တစက်အဖြစ် ပါဝင်ပေးကြပါစို့ဗျာ။

#5101 

#တပ်ရင်း၅၁၀၁ 

#ရန်ကုန်အတွက်အလင်းစက်

#ဗြိ

👇👇👇

ဆက်သွယ် လှုဒါန်းနိုင်သော အဖွဲ့ အစည်းများ

https://www.facebook.com/100092336918331/posts/140193982401832/ <


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



7 responses to “တာဇံကား ကြည့်နေမလား ( ရန်ကုန် အတွက် အလင်းစက် )”

  1. Comment မရေးဖြစ်ပေမယ့် spring reader က post တွေ ကို အမြဲ share ပေးပါတယ်ရှင့်

    Like

  2. တာဇံကားတွေလည်းမကြည့်ဘူး
    တတ်နိုင်သလောက်ပါ၀င်လျက်ပါ

    Like

  3. တာဇံကားလည်းမကြည့်ဘူး မြန်မာကားလည်းမကြည့်ဘူး အပျော်ခရီးလည်းမသွားဘူး။

    Like

Leave a reply to nne5862 Cancel reply