
– မြစ် –
•••••••••••••••••
ကန္တာရကိုဖြတ်ပြီးစီးခဲ့
ကျောက်စိုင်ကျောက်သားတွေကို တိုက်စားပြီးစီးခဲ့
စိမ်းညို့ညို့တောအုပ်တွေ
မြို့ပြရဲ့ စိမ်းကားမှုတွေ
ကျေးရွာတွေရဲ့နွေးထွေးမှုတွေ
ပျော့ပျော့မာမာ တိုက်စားပစ်ခဲ့ရမှုတွေ။
တစ်ခါတစ်လေ အထီးကျန်ပြီး
တစ်ခါတစ်လေ အလိုက်သင့်တည်တည်ငြိမ်ငြိမ်
တစ်ခါတစ်လေ အသုံးချခံရပြီး
တစ်ခါတစ်လေ အားကိုးခံရတယ်။
အပြစ်ဖွဲ့ခံရတဲ့ အခါလည်းစီးရတာပဲ
နောက်ကျိ ရှုပ်ထွေးနေလည်းစီးရတာပဲ
ကြည်လင်အေးမြနေတော့လည်း စီးဆင်းခဲ့ရ
ကွေ့ကောက်နေလည်း စီးဆင်းခဲ့ရပြန်
ဖြောင့်နေလည်း စီးဆင်းခဲ့ရပေါ့
စီးမြဲ ဆင်းမြဲ ဦးတည်ရာကတစ်ခုတည်း။
မြတ်နိုးတတ်တယ်
ရက်စက်တတ်တယ်။
အရောင်ပြောင်းရတယ်
ကူညီရတယ်။
တိမ်တွေညိုရင် အရှိန်ပိုတင်ရတယ်
နေသာရင် သာယာပြရတယ်
လှိုင်းကြက်ခွပ်တွေကာထားတော့
နှလုံးသားကို ဘယ်မြင်ရမလဲ။
ဒူးမထောက်ဘူး
မကြောက်ဘူး
ကိုယ့်လမ်းကြောင်းနဲ့ကိုယ်
ကိုယ့်အရှိန်နဲ့ကိုယ်
မငိုဘူး မရယ်ဘူး
ပေါင်းရဲတယ် ခွဲထွက်ရဲတယ်
လမ်းမပျောက်ဘူး
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်
လမ်းဆုံးမှာ ပင်လယ်ရှိကြောင်းယုံတယ်။
အကိုင်းခက်မရှိ
အတိုင်းအတာမရှိ
စည်းရှိတယ် ကမ်းရှိတယ်
ဟုတ်တယ်
ခင်ဗျားကျုပ်ကို ကြည့်
ကျုပ်က မြစ်
မြစ် ဆိုမှ မြစ်
မြစ်မှ တကယ့်မြစ်။ ။
– သင့်သူ
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
- Announcement – ကြေညာချက် (2)
- PVTV (1)
- Authors – စာရေးသူ ၊ ဖန်တီးသူ (84)
- Burmese Alphabet – အွန့်အွန့် (8)
- Knowledge Warriors (3)
- Ko Fury (1)
- KyuLiPaung – ကျူးလိပေါင် (3)
- Linnith – လင်းနစ် (2)
- Min Ko Naing – ကို မင်းကိုနိုင် (7)
- Myoset Min (2)
- Nyarna Bala – ဉာဏ ဗလ (15)
- PaDayTharPin – ကို ပဒေသာ (2)
- Pencillo – ပန်ဆယ်လို (2)
- Phio Thiha – ဒေါက်တာ ဖြိုးသီဟ (17)
- Revo Seafarer – တော်လှန် ရေဘဲ (1)
- Shwe Moe – မရွှေမိုး-ကိုရီးယား (2)
- Soe Min – ဒေါက်တာ စိုးမင်း (4)
- Tay Zar San – ကို တေဇာဆန်း (5)
- Tele Health – တယ်လီ ကျန်းမာ (3)
- Thint Thu – သင့်သူ (2)
- Zenn Kyi – ဇဏ်ခီ (3)
- Zin Zae – ကိုဇင်ဇေ (4)
- Digital Strike – နည်းပညာဖြင့် တော်လှန်ခြင်း (4)
- Entertainment – ရသ (18)
- Funny – ဟာသ (7)
- Poems – ကဗျာ (3)
- Satire – သရော်စာ (4)
- Short Story – ဝတ္ထုတို (1)
- Knowledge – သုတ (50)
- Knowledgetainment – ရသ ၊ သုတ အရော (23)
- Songs – သီချင်းများ (1)
- Uncategorized (4)
8 responses to “မြစ် ( သင့်သူ )”
Nice article
LikeLike
သင့်သူ
LikeLike
သင့်သူ
🥳🥳🥳
LikeLike
Enjoy the poem🌊
LikeLike
Great!
LikeLike
👍👍👍
LikeLike
Likes
LikeLike
😁😁😁
LikeLike