ဒီနေ့ဟာ … ( မင်းကိုနိုင် )

ဒီနေ့ဟာ နှစ်ပါတ်လည်နေ့တွေနဲ့
သတိရနေရုံမကဘူး
ဂုဏ်ပြုနေရုံမကဘူး
ပူဆွေးပြနေမှာလည်း မဟုတ်ဘူး
ငါတို့ပြည်သူတွေဟာ
ဖက်ဆစ်တပ်ပြုသမျှ နုရမှာမဟုတ်ဆိုတာပြမှာ။

တော်လှန်ရေးအားငယ်အောင် ဖက်ဆစ်တပ်က
ရက်စက်ရိုင်းစိုင်းပြတာ ၊
မင်းတို့ဘာတတ်နိုင်လဲ မေးပြီးလှောင်တာ။

ပြည်သူဘက်က
“ငါတို့သွေးမပျက်ဘူးကွ
မင်းတို့ဒီလို တရားလက်လွတ် ရက်စက်ရင်
ငါတို့ခုလိုတုန့်ပြန်လို့ရတယ်ကွ
မင်းတို့ကြေးစားတပ်တွေ ချိနဲ့သွားအောင်
ဘဏ္ဍာရေးတိုက်ပွဲ မှာ လူထုအားနဲ့
ဟောဒီလို ပြန်တိုက်တယ်ကွ”
ဆိုတာမျိုး ပြရမှာ ။

စစ်တပ်ထုတ်ကုန်တွေကိုသပိတ်မှောက်ရမယ်။
NUGpay account နဲ့ ငွေလွှဲကြပါ။
စက္ကူတွေရိုက်ထုတ် ပိုက်ဆံလို့ကြေငြာပြီး
ပြည်သူ့ချွေးနည်းစာ ထပ်အပါမခံပါနဲ့တော့
အခု Spring development bank လဲ စနေပါပြီ။
လူတိုင်း မဖြစ်မနေ account ဖွင့်ကြပါ။
သံဓိဌာန်တခုချပြီး တော်လှန်ရေးအတွက် ကလစ်ကြပါ။
သွေးစွန်းငွေလှုပ်ရှားမှုအပါအဝင်
စစ်ကောင်စီရဲ့ဝင်ငွေရလမ်းအမှန်သမျှဖြတ်တောက်တဲ့ Campaigns တွေမှာပါဝင်ကြပါ။

လူထုညီရင်
ဖက်ဆစ်တပ်ဘဏ္ဍာ လေဖြတ် ၊
သွက်ချာပါဒလိုက်သွားတဲ့အဆုံး၊
ဖက်ဆစ်အရှုံး ပြည်သူအနိုင်ပဲ ။

မင်းကိုနိုင်

၂၃/၇/၂၀၂၃

Facebook Video Link



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



9 responses to “ဒီနေ့ဟာ … ( မင်းကိုနိုင် )”

Leave a reply to Holyangelz Cancel reply