မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )

“မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။”

“ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်”

“ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ အထူအပါးမသိတဲ့တစ်ကောင် ဝင်ညှော်နေလို့။ cb မှာပြောမယ်။ hi လိုက်။ ဘာသိချင်လဲ မေးသာမေး ကလေး။”

“ဟောဗျာ။ ဗေဒင်ဟောရင်လည်း မှတ်ပုံတင်လုပ်ရမယ် ဟတ်လား။ ကြားကြားဖူးပေါင်။ နေစမ်းပါဦး။ နင်က ဦးမင်းကျော်တို့ ကိုယ်တော်ကြီးကိုယ်တော်လေးတို့ဆီကရော နတ်ခွန် ကောက်ချင်တာလား။ သွား ဟိုမယ်။ အမေဂျမ်းကြီးက နင့်ကိုစောင့်နေပြီ။ စကောနဲ့ ပွတ်မလို့တဲ့။ ငါတို့ live လွှင့်တာ ဈေးလည်းမရောင်းဘူး။ ဗေဒင်လည်း မဟောဘူး။ ဆဲမလို့ဟေ့။ ဆဲမလို့။ နင် သမီးဆိုး နဲ့ အဆဲခံချင်သလား အေသင်ကို နဲ့ အဆဲခံချင်သလား။ ကြိုက်ရာချန်နယ် ဝင် join လိုက်။ ပန်ဆယ်လိုဆီက အပျံကြီးနဲ့ဆို ဒရုံးစာပါမိသွားမယ်။”

“ဘလို ဘလို ပြောလိုက်တယ်။ ပြန်ပြောပါဦး။ ပြန်ပြောပါဦး။ မယ်အိမ်လုံးလို့ ဆဲရင် ဆဲခပေးရမယ်။ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ထားလို့။ အယ်မလေး။ ဖယား။”

“ဒါတော့ နင်လွန်ပြီနော်။ မအေးလို လည်း မရဘူး။ ငါတို့အမသား လည်း မရဘူး။ နင်မေးလို့ ကိုပါ နင့်အဘ က ကံထရိုက်ဆွဲထားလား ဟလား။ တယ် ဒီ ခွါးမသေး။”

“ဟဲ့ လုပ်ပြန်ပြီ။ ဒီ ခွေးဆိုတဲ့စကားလုံးကလည်း ပိုင်ရှင်ရှိပြန်သတဲ့။ အေး ခွေးအစစ်တွေတောင် နင်တို့လောက် မခွေးကြပဲကိုး။ ခွေး ကို ခွေး လို့ ခေါ်ရင် ခွေးထက်နာမယ့် အကောင်တွေ ရှိနေတယ်။”

“ကဲ။ ဈေးလည်း မရောင်းဘူး။ ဗေဒင်လည်း မဟောဘူး။ ဆဲလည်းမဆဲဘူး။ ပြန်တော့လေ။ ဘာခွန်ကောက်ချင်နေသေးတာလဲ။ လောလောဆယ် ငါ့ဆီက မဖြစ်မနေ အတင်းကောက်ချင် ရုပ်ချောခွန် ပဲ ကောက်လို့ရမယ်။ အဲ့ဒါလည်း စာရင်းမှတ်ထားဦး။ နှစ်သောင်းတန်ကြီး အမ်းစရာ မရှိသေးဘူး။ နောက်တစ်ခေါက်မှ ပြန်လာခဲ့။ အနုတ်လိုချင် ဟိုဘက်ရပ်ကွက်ထဲသွားပြီး ဖျင်ခံခွန် တို့ ဘောမခွန် တို့ သွားကောက်လာချေ။”

“ဪ နေဦး။ မသွားနဲ့ဦး။ မေးစရာလေး တစ်ခုရှိလို့။ ဖြေပေးသွားဦး။ တစ်ရာနဲ့ ဝယ်လာတဲ့ ပစ္စည်းကို တစ်ထောင်နဲ့ ပြန်ရောင်းလိုက်ရင် အမြတ် ၉၀၀ ကျန်တယ် လို့ အမြတ်ခွန်ပေးရမှာလား။ အဲ့ဒီပစ္စည်း ပြန်ဝယ် လို့ ၂၀၀၀ ပေးရရင် ၁၉၀၀ ရှုံးသွားတဲ့အပြင် ဟိုဘက်က ၉၀၀ အတွက် ဝင်ငွေခွန် ၁၈၀ ပါ ထပ်ပေးရတော့ ငါ့ပစ္စည်း ငါရောင်းတာ ၁၀၀ ရင်းရင် ၂၀၈၀ အိပ်ထဲကစိုက်ပြီး ပစ္စည်းပါ အလကားပေးလိုက်ရသလို ဖြစ်နေမှာပေါ့နော်။ အေးပါ။ ဒီကောင်တွေက မနှုတ်လောက် တစ်ဆယ်ခိုးနေတဲ့ကောင်တွေဆိုတော့ အပေါင်းအနှုတ်လည်း ဘယ်တတ်ပါ့မလဲ။ လိုချင်တာရှိ သူများဆီက လုမယ်။ အခြေအနေမကောင်းရင် ယတြာချေဖို့ ၉ ဂဏန်းတွေ မရအရ လျှောက်ရှာမယ်။ ဘယ်တပ်သွားသွား ၉ မေ့ ၉ လိုတွေ ချည့်ပဲ။ သွားတော့လေ။ သွားမလား မသွားဘူးလား။ ဟာ ဟိုမှာ ပီဒက်တွေ လာနေပြီ။ ဟဲ့ ဟဲ့။ အဲ့လိုကျတော့လည်း လစ်လိုက်တာ မှုန်လို့။”

“ကိုင်း မင်္ဂလာဘား။ ပရိသတ်ကြီး။ ပြန်စလိုက်ရအောင်။ အသည်းလေးတွေ ပေးသွားကြဘာအုန်းလို့စ်။”

Soe Min ( ဒေါက်တာ စိုးမင်း )



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


11 responses to “မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )”

  1. မင်္ဂလာပါ ဥဥစိုး
    လက်ခလယ်လေး တဝက်ထောင်လိုက်မိပါတယ် 😁😁😁

    Like

Leave a reply to D D Cancel reply