မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )

~ ဇော့်ရဲ့ရှေ့မှာ မြင်နေရတာ ~ မဲ .. တဲ့အရာလေးတစ်ခုကို ~ လှိုင်ကတော့ ဖြူတယ်ဆိုရင် ~ ဖြူလိုက်မယ် လှိုင့်အကြိုက်လိုက်ကာ ~ လှိုင့်ဘောပဲပေါ့ .. လှိုင်ရယ် လှိုင်ရယ် ~

မဲ့ရွဲ့ပြီး သီချင်းစာသားကို ညည်းလိုက်မိတယ်။
သူကလည်း တင်ခတုပ္ပတ္တိဉာဏ် ရွှင်တယ်လို့ တပ်ထဲမှာ နာမည်ကျော်သူ။
သူ့‌လောက်တောင် မဖြူ၊ မဲတူးနေတဲ့ ဆင်အလေအပေကို “ရဌနန္ဒ” ဆိုလား ဘွဲ့ပေးပြီး
ဆင်ဖြူတော်လို့ လိမ်ပြီး ဦးတော်လုပ်ခိုင်းတာကို သူမကြည်။
ဆင်ကြည့်တော့ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ယောင်ဘူး။
သူ့လောက် ဗလောင်းဗလဲ ပြောတတ်တဲ့ ကောင်တောင် ဒီဆင်အမဲကြီးကို ဆင်ဖြူလို့ ပြောမထွက်။

ဇော်မဲလုံးဆိုတာ အချာဘင်မဟုတ်။ ရင်ခွင်မှီ အရပ်ရှိတဲ့ မိန်းမကို ရထားတာ။
ရင်ခွင်မှီဆိုတာ မဲလုံးက မှီရတာ။
ဒေါင်ဟက်ဟက် မိန်းမကြီးကို ရထားတော့ မဲလုံးရဲ့ ကွန်ဖစ်ဒန့် လယ်ဗယ်က ဆိုးဟိုက်။
ဒါကြောင့် ပြောရဲဆိုရဲ ရပ်ကွက်သား မဲလုံးကို ပြန်ကြားရေးဝန်ကြီး ခန့်ထားရတာပဲ။
ဒါတောင် ခုနောက်ပိုင်း Press Conference မလုပ်ရဲတာကြာပြီ။
သူ့အောက်ဆွဲ မီဒီယာတွေကိုယ်တိုင်က ဂျောက်ပေါက်တွေ မေးကြလို့။

ဒီဆင်မဲ ကို အခြေပြုပြီး ၂ သောင်းတန် ထုတ်ဖို့ကြံတာကိုလည်း ဇော်မဲလုံးမကြိုက်။
ပြန်ကြားရေးက ဘာဂွင်မှ မရှိ။ ကြာတော့ ရေခါးလာပြီ။ အရင်ခေတ်ကဆိုရင် တံတားဖွင့်ပွဲ၊ ဆည်ဖွင့်ပွဲ သီချင်းတွေမှာ ဒွန့်ချင်တဲ့ မင်းသမီး ငယ်လေးတွေမှ တန်းစီလို့။
အဘ သာမီးကို CDMA တလုံးနော် ဆိုရင် လာထားအာဘွားပဲ။
ခုမျန်းတော့ ဆင်းကဒ်တွေက ချေးပေါသေးပေါ။
သိမ်းအေး လက်ထက်မှာ စစ်တိုက်ရင်း မွဲနေလို့ တံတား မဆောက်နိုင်။
ဆောက်ပြီးသား တံတား တစ်စင်းကို နာမည်ပြောင်းတာလောက်ပဲ။
“တော်ဇမ်းဘာ ကျော်ဆန်းရာ” ဆိုတဲ့ ဘိုဆော်ကြမ်း ခေတ်တုန်းကနဲ့ ကွာချင်တိုင်းကွာ။

သူ့လည်း ၂ ပြားမတန်တော့ဘူး။
ဟိုတလောက ဖွတ်စအိုနာ ဖြစ်လို့ ကုတင် ၁၀၀၀ က ဆေးဘို မတ်ခြောက်ကို ပြမိပါတယ်
ဖင်ကင်ဆာ ဆိုပြီးဖွခံရလို့ ဒင်းကို နားဂျောက်ပြေးအုပ်လိုက်ရသေး။
စစ်တပ်ရဲ့ သတင်းလုံခြုံမှုက အဲ့လို။ ဘိုလိုမှုတ်ရရင် “တောဇီးကွက် ဘော်တွန်အိုးပင်း”။

Press conference တွေ နားလိုက်ရကတည်းက သူ့အလုပ်က မရှိသလောက်။
အာမချောင်ရတော့ နေထိုင်မကောင်း။ သူ့လိုပဲ ထိပ်သီးတွေအကုန် အလုပ်မရှိပါဘူး။ အဘကြွက်ပျင်း ဆိုရင် သိမ်းအေး ချောင်ထိုးထားလို့ အစည်းအဝေးတောင် နပ်မှန်အောင် မတက်ရတော့ဘူး။ ကရင်နီစစ်မျက်နှာကို ကွပ်ကဲနေတယ် ဆိုဘေမက် လွိုင်ကော်ကို မေ့လောက်ရှိမှထသွား၊ ဖင်ပူအောင် မနေပဲ ပြန်ပြေးလာတာပါပဲလေ။ ဒီလိုလူကို ထက်တယ်၊ ပြတ်တယ်လို့ မုတ္တမတွေက မြှောက်ပင့်နေသေးတာ။ အံ့ သြ ဘ။

ဟိုကောင် .. ငြိမ်းချမ်းရေး သမားယောင်ယောင် ဘိုကျပ်မပြည့် ဆိုလည်း ဘာထူးလည်း။
ညီနောင်သုံးဖော်နဲ့ တွေ့တယ်အဘ စိုပြေတယ် ဆိုပြီး ၂ ရက်မကြာဘူး ပျက်တာပဲ။
တောင်ပိုင်းကို ပို့လိုက်တဲ့ သိမ်းအေးရဲ့လူယုံ ခုံဖိနပ်။ ဘာထူးလဲ။
ဆေးဖတီးရှူးကြီး ဝတ်ပြီး လမ်းလျှောက်ဖူးတာလေးကို သံဖိနပ်တဲ့။ ထွမ် ..။
ခု တောင်ပိုင်းမှာ ထိန်းမရတဲ့အပြင် PDF တွေက စစ်တောင်းမြစ် အနောက်ဖက်ကမ်းကိုတောင် ကျော်လာပြီ။
တပ်မ တစ်ခုစာလောက် ရောက်နေတာတဲ့။

မြောက်ပိုင်းက တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး တအုပ်ကြီးလည်း စိခံထားရသတဲ့။
အက်ကောင်တွေက သိမ်းအေး ဂဒက်တွေ။
တော်ရုံအမှုလောက်က “မားကြူ .. မားကြူ” ဆို ချွဲလိုက်ရင် ပျောက်သွားခဲ့တာ။
ကြားတာတော့ TNT တွေ တွဲကားလိုက်ကြီး လွှတ်ပေးလိုက်လို့ဆိုပဲ။ ဖရဲခင်းကြီး ဖြစ်သွားတယ် ထင်တယ်။ ဝေစုမကိုက်လို့ ဖော်ကြတယ်လို့လည်း ကြားတယ်။

ကဲ .. တော်မှ။ သူများ သောက်တင်းပြောရတာလည်း မဲလုံးတို့က သိပ်အာသီသ မရှိပါဘူး။ မိုးလည်း ချုပ်၊ မူးလည်းမူးပါပေါ့။ ကုပ်ချောင်းကုပ်ချောင်းနဲ့ ခေါက်ဆွဲကြော် ပါဆယ် ထွက်ဆွဲဦးမှ။
နို့တစ်စ် လေ .. နို့တစ်စ် .. ငှဲ ငှဲ။

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ဇော်မဲလုံးထံမှ အိုးပင်းလက်တာ ကဏ္ဍ)


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



ဒါကတော့
နေပြည်တော် ကို ဝိုင်းပတ်ပြီး ပွဲကမယ့်
မမ တွေက ထုတ်တဲ့ ဆင်ဖြူတော် 😂 ကို
အဆစ် ထည့်ပေးလိုက်တာပါ 😎

Campaign အတွက် ပန်ဆယ်လို ၊ နိုဗန်ထိုး ၊ လင်းထက်အောင် ၊ ခန့်ကို ၊ ပန်ကိတ်ဒါဒါ တို့
ဆွေးနွေး လှုံ့ဆော်ပေးထားတဲ့ Live Video ကို ဒီလင့် မှာ ကြည့်နိုင်ပါတယ် ။

https://fb.watch/m20Nzu8eKC/?mibextid=cr9u03 <


8 responses to “မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )”

Leave a reply to ဦးယဉ်အောင် ယဉ်အောင် Cancel reply